တခါတရံ…..
ဘ၀ရဲ့ ခက်ခဲမှုတွေကို
အလွယ်တကူ ညစ်ညူးလိုက်
အလွယ်တကူ ယစ်မှူးလိုက်…….
တခါတရံ…..
ဘ၀ရဲ့ နာကြည်းမှုတွေကို
ကျိတ်မှိတ်ဖြေသိမ့်ရင်း
ပျော်ရွင်မှုတွေက ၀ိုးတ၀ါး………
တခါတရံ…..
ဘ၀ရဲ့ ကြမ်းတမ်းမှုတွေကို
အလွယ်တကူ မေ့ပစ်ချင်ပေမဲ့
ကြည်နူးမှုက ကပိုကရို…..
တခါတရံ…..
ဘ၀ရဲ့မုန်တိုင်းအောက်မှာ…
အတုံးအရုံး…
ဘ၀ရဲ့အချိုးအကွေ့မှာ
နိမ့်ချီ မြင့်ချီ…
ဘ၀ရဲ့ လှိုင်းတံပိုးအောက်မှာ
မြုပ်လိုက်ပေါ်လိုက်နဲ့….
လာ….
လောကဒဏ်ကို
ရင်ဆိုင်မယ်….
အခု…………..
Showing posts with label ရသကဗျာ. Show all posts
Showing posts with label ရသကဗျာ. Show all posts
Thursday, March 18, 2010
Wednesday, May 6, 2009
"ပြည်ပခရီးသည်-ငါ"
"ပြည်ပခရီးသည်-ငါ" ဆိုတဲ့ကဗျာလေးပါ။ ဗန်းမော် ကျော်ဝင်း ရေးစပ်ထားတာပါရှင်။ ဗန်းမော် ကျော်ဝင်း ဆိုလို့ နံမည်ပဲကြားဖူးနေပြီး ကိုယ်သူငယ်ချင်းရဲ့ယောက်က္ခထီးဖြစ်နေမှ မြင်ဘူးတာ...သြော် ဗန်းမော် ကျော်ဝင်း ဆိုတာ ဦးလားလို့...
မွေးရပ်မြေနှင့်ဝေးရာမှာ မပျော်ပိုက်... မရောက်ဖူး၍ရောက်ဖူးချင်လှ သော စင်္ကာပူဆိုသော ကျွှန်မတို့ရဲ့ ခြင်္သေ့ တိုင်းပြည်ကြီးမှာ သူမပျော်ပိုက်ကြောင်း၊ ယဉ်ကျေးမှူမတူတာကို အထူးသတိထားမိတဲ့အပြင်.....ရုပ်ဝထ္ထုပစည်းတွေ ဘယ်လိုပဲတိုးတက် ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာ၊ စကားကိုယ်ပိုင်ဟန်ရှိပြီး ယဉ်ကျေးမှုမြင့်မှားလှသော အမိမြေ မြန်မာပြည်ကိုလွမ်းလွန်းလို့ အတောင်များရှိရင် ပြန်ချင်စမ်းပါဘိရယ် လို့ ရေးဖွဲ့ထားတာပါ။ ခံစားကြည့်ကြပါအုန်းလို့
မရောက်ဖူး၍
ရောက်ဖူးချင်လှ ၊သွားလိုလှသည်
ပြည်ပဆိုသော ထိုခရီး။ ။
တကယ်ရောက်တော့ ၊ရောက်ခါစမှာ
ပျော်စရာလို ၊ဘာလိုလို
ဟိုသည်သွားလိုက် ၊လည်ပတ်လိုက်
စားလိုက်ထွေထူး ၊အရူးမူး
ထူးတာဝယ်လိုက် ၊တစ်ဎွေ့ပိုက်
နှစ်ခြိုက်အားရ ၊ရွှင်ပျပျ
ပြည်ပခရီးသည် သဘာဝ။ ။
အနေကြာတော့
မြန်မာပီပီ ၊ကိုယ့်အနီကို
ပြန်လည်တမ်းတ ၊လွမ်းပါရ၏
မြန်မာ့အစာ ၊မြန်မာအဝတ်
တို့ဝတ်စားသည် ၊စည်းလုံးညီ၏
ကြည်ညိုရိုးရာ ၊ကိုယ့်ဘာသာနှင့်
စာပေမြင့်မား ၊ကိုယ့်စကားနှင့်
ထွေပြားစုစု ၊ယဉ်ကျေးမှုနှင့်
ဥတုသုံးလီ ၊သာမျိုးစည်နှင့်
ရေကြည်မြစ်ချောင်း ၊သီးနှံကောင်းနှင့်
တောပေါင်းစိမ်းစို ၊တောင်ရိပ်ညိုနှင့်
လှကို လှသည် ၊ငါတို့ပြည်ဟု
ငါသည်တမ်းတ ၊လွမ်းဆွတ်ရသည်
ပြည်ပခရီးသည် ငါမြန်မာ ။ ။
သူတို့ဌာနီ ၊ဖွင့်ဖြိုးစည်လည်း
ရှည်ကြာနှစ်ခြိုက် ၊မပျော်ပိုက်
ယဉ်ကျေးမှူလည်း
သူ့ဟန်သူ့မူ ၊သွင်မတူ၍
အူလှိုက်သည်းလှိုက် ၊မနှစ်ခြိုက် ။
ငါသည်မြန်မာ- မြန်မာငါပဲ
စွဲမြဲရင်မှာ ၊ဂုဏ်ယူစွာမို့
ပြည်ရွာကိုပဲ ၊တမ်းတစွဲသည်
ခွဲခွာခဲ့ရ ၊ကြာပြီကိုး ။ ။
ပြန်မည့်ရက်ကို
လက်ချိုးတွက်ရည် ၊လွမ်းလှသည်လေ
တို့ပြည်သာစွ ၊တို့ဋ္ဌာနကို
ငါ့မှာလျင်လျင် ၊ပြန်ရောက်ချင်ပြီ
"ငှက်သွင်ပျံကြွမတတ်သော် " ပါတကား ။ ။
29/10/2008
(ဗန်းမော် ကျော်ဝင်း)
မွေးရပ်မြေနှင့်ဝေးရာမှာ မပျော်ပိုက်... မရောက်ဖူး၍ရောက်ဖူးချင်လှ သော စင်္ကာပူဆိုသော ကျွှန်မတို့ရဲ့ ခြင်္သေ့ တိုင်းပြည်ကြီးမှာ သူမပျော်ပိုက်ကြောင်း၊ ယဉ်ကျေးမှူမတူတာကို အထူးသတိထားမိတဲ့အပြင်.....ရုပ်ဝထ္ထုပစည်းတွေ ဘယ်လိုပဲတိုးတက် ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာ၊ စကားကိုယ်ပိုင်ဟန်ရှိပြီး ယဉ်ကျေးမှုမြင့်မှားလှသော အမိမြေ မြန်မာပြည်ကိုလွမ်းလွန်းလို့ အတောင်များရှိရင် ပြန်ချင်စမ်းပါဘိရယ် လို့ ရေးဖွဲ့ထားတာပါ။ ခံစားကြည့်ကြပါအုန်းလို့
မရောက်ဖူး၍
ရောက်ဖူးချင်လှ ၊သွားလိုလှသည်
ပြည်ပဆိုသော ထိုခရီး။ ။
တကယ်ရောက်တော့ ၊ရောက်ခါစမှာ
ပျော်စရာလို ၊ဘာလိုလို
ဟိုသည်သွားလိုက် ၊လည်ပတ်လိုက်
စားလိုက်ထွေထူး ၊အရူးမူး
ထူးတာဝယ်လိုက် ၊တစ်ဎွေ့ပိုက်
နှစ်ခြိုက်အားရ ၊ရွှင်ပျပျ
ပြည်ပခရီးသည် သဘာဝ။ ။
အနေကြာတော့
မြန်မာပီပီ ၊ကိုယ့်အနီကို
ပြန်လည်တမ်းတ ၊လွမ်းပါရ၏
မြန်မာ့အစာ ၊မြန်မာအဝတ်
တို့ဝတ်စားသည် ၊စည်းလုံးညီ၏
ကြည်ညိုရိုးရာ ၊ကိုယ့်ဘာသာနှင့်
စာပေမြင့်မား ၊ကိုယ့်စကားနှင့်
ထွေပြားစုစု ၊ယဉ်ကျေးမှုနှင့်
ဥတုသုံးလီ ၊သာမျိုးစည်နှင့်
ရေကြည်မြစ်ချောင်း ၊သီးနှံကောင်းနှင့်
တောပေါင်းစိမ်းစို ၊တောင်ရိပ်ညိုနှင့်
လှကို လှသည် ၊ငါတို့ပြည်ဟု
ငါသည်တမ်းတ ၊လွမ်းဆွတ်ရသည်
ပြည်ပခရီးသည် ငါမြန်မာ ။ ။
သူတို့ဌာနီ ၊ဖွင့်ဖြိုးစည်လည်း
ရှည်ကြာနှစ်ခြိုက် ၊မပျော်ပိုက်
ယဉ်ကျေးမှူလည်း
သူ့ဟန်သူ့မူ ၊သွင်မတူ၍
အူလှိုက်သည်းလှိုက် ၊မနှစ်ခြိုက် ။
ငါသည်မြန်မာ- မြန်မာငါပဲ
စွဲမြဲရင်မှာ ၊ဂုဏ်ယူစွာမို့
ပြည်ရွာကိုပဲ ၊တမ်းတစွဲသည်
ခွဲခွာခဲ့ရ ၊ကြာပြီကိုး ။ ။
ပြန်မည့်ရက်ကို
လက်ချိုးတွက်ရည် ၊လွမ်းလှသည်လေ
တို့ပြည်သာစွ ၊တို့ဋ္ဌာနကို
ငါ့မှာလျင်လျင် ၊ပြန်ရောက်ချင်ပြီ
"ငှက်သွင်ပျံကြွမတတ်သော် " ပါတကား ။ ။
29/10/2008
(ဗန်းမော် ကျော်ဝင်း)
Wednesday, April 8, 2009
~တန်ဖိုးရှိသော ငါ~
ငါပိုင်သမျှ ငါ့စေရာသည်..
ခဏဖြစ်ပြီး ခဏပျက်၏။
ငါ့ခြေငါ့လက် ငါ့စိတ်သည်လည်း….
ယုတ်ရော်ပျက်ဆီး သွေဖယ်ခြင်းဖြင့်..
အလျင်းရှောင်မရ ပျက်ဆီးရ၏။
ငါ၏ဘ၀ ထိုထိုများလည်း…
ခဏဖြစ်ခဲ့ တည်သည်ရှိသော်..
နှစ်သက်ခြင်းရာ ပိုမပါခဲ့..…
သဘာဝအား ထိုတရားကြောင့်…..
အလွှဲရှောင်မရ ပျက်ဆီးရ၏။
ငါ၏စကား ငါ့တရားလည်း….
မုသားသိုင်းခြုံ နှောင်ဖွဲ့မြဲမို့….
တန်ဖိုးရှိသော ငါ့အဖို့ဘ၀၏ဒဏ်ရာ..
မှောင်သောညတို့ ရှည်လွန်းလှပါတကား။ ။
ဖန်နေ၀န်း( ဗန်းမော် )
Sunday, April 5, 2009
*မနေတတ်ဘူး*
~မနေတတ်ဘူး~
- ဧပြီရယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ….
- နင်ရယ်၊ငါရယ်။
- ပြီးတော့ပိတောက်တွေရယ်….
- ခုတော့…
- လွှမ်းဆွတ်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာ….
- သင်္ကြန်ရယ်၊ငါရယ်။
- ပြီးတော့ပိတောက်တွေရယ်…..
- နင်သိရဲ့လား.......
- ငါ့ရဲ့ရင်ဘတ်ထဲက ဇယားကွက်ထဲမှာ…
- ဧပြီဆိုတာ သေဆုံးသွားပြီ။......
- နင့်ကိုခေါ်သွားတဲ့ အဝေးဆုံးဆိုတာက....
- ငါလည်းတစ်ရက်ရောက်လာမှာပါဟာ…
- ဒါပေမယ့်..
- ခုချိန်မှာတော့ ဧပြီရောက်တိုင်း……..
- ငါ……….မနေတတ်ဘူး။
Subscribe to:
Posts (Atom)