တခါတရံ…..
ဘ၀ရဲ့ ခက်ခဲမှုတွေကို
အလွယ်တကူ ညစ်ညူးလိုက်
အလွယ်တကူ ယစ်မှူးလိုက်…….
တခါတရံ…..
ဘ၀ရဲ့ နာကြည်းမှုတွေကို
ကျိတ်မှိတ်ဖြေသိမ့်ရင်း
ပျော်ရွင်မှုတွေက ၀ိုးတ၀ါး………
တခါတရံ…..
ဘ၀ရဲ့ ကြမ်းတမ်းမှုတွေကို
အလွယ်တကူ မေ့ပစ်ချင်ပေမဲ့
ကြည်နူးမှုက ကပိုကရို…..
တခါတရံ…..
ဘ၀ရဲ့မုန်တိုင်းအောက်မှာ…
အတုံးအရုံး…
ဘ၀ရဲ့အချိုးအကွေ့မှာ
နိမ့်ချီ မြင့်ချီ…
ဘ၀ရဲ့ လှိုင်းတံပိုးအောက်မှာ
မြုပ်လိုက်ပေါ်လိုက်နဲ့….
လာ….
လောကဒဏ်ကို
ရင်ဆိုင်မယ်….
အခု…………..
3 comments:
မင်း ရဲ့ သတ္တိ နဲ့ ကြံ့ခိုင် မှုကို နောက်ဆုံးအပိုဒ်မှာ မြင်ရတယ်။ ယုံကြည်မှုတွေ ယိုင်နဲ့ အားငယ်လာတဲ့ အခါတိုင်း သူငယ်ချင်းရဲ့ ဒီကဗျာလေးကို လာဖတ်မယ်။
ကျေးဇူးပါသူငယ်ချင်း....
ကဗျာဖတ်ရင်းနဲ့အားတွေ ရသွားပြီအမရေ.. သိုင့်ကျု.. သိုင့်ကျု.. :D
Post a Comment