ကံအကြောင်းတိုက်ဆိုင်စွာ မထင်မှတ်ပဲ "မွန်"လို့ခေါ်တဲ့ ညီမလေးတစ်ယောက်နဲ့ ခင်မိပြီး သူမရေးထားတဲ့ အနုအရွ အလှအပ အနုပညာ ခံစားချက်တွေနဲ့သီကုံး ရေးထားတဲ့ ကဗျာလေး ၊ စာလေးတွေ ဘာသာပြန်လေးတွေ တင်ဖို့ နှစ်ဦး သဘောတူ စိတ်ကူးရတာနဲ့ ဖြေးဖြေးချင်း တပုဒ်ချင်းတင်သွားမယ်လို့ ဆုံးဖြတ်ရင်း........
ပထမအနေနဲ "အချစ်ဆိုတာ"လေးကို ခံစားကြည့်ကြပါအုန်း...
သူမဟာ တက်တက်ကြွကြွ နဲ့ အရင်က ငါးသုံးဘလောက်မှာ ရေးသားသူတယောက်ပါ။ အခုတော့ ကိုယ့်သဘော ကိုယ့်ဆနနဲ အငြိမ်းစားယူသွားကြောင်း...:D
"အချစ်ဆိုတာ"
လမ်းမတစ်ခုပေါ်မှာ တစ်နာရီ မိုင် ၁၀၀ ကျော်နှုန်းနဲ့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ဆိုင်ကယ်စီးလာတယ်။
ကောင်မလေး။ ။ အရှိန်လျှော့ပါဦး.. ငါကြောက်တယ်..
ကောင်လေး ။ ။ မလျှော့ပါဘူး.. ပျော်စရာကောင်းတယ်ဟ..
ကောင်မလေး။ ။ ဟင့်အင်း.. ပျော်စရာမကောင်းဘူးဟာ.. ငါအရမ်းကြောက်နေပြီ..
ကောင်လေး ။ ။ ဒါဆို နင်ငါ့ကိုချစ်တယ်လို့ ပြော..
ကောင်မလေး။ ။ အေး..ဟုတ်ပြီ.. ငါနင့်ကိုချစ်တယ်.. အရှိန်လျှော့ပါတော့နော်..
ကောင်လေး ။ ။ ငါ့ကို အခု တအားဖက်ထားပေးဟာ..
(ကောင်မလေးက တင်းတင်းလေး ဖက်ထားလိုက်တယ်..)
ကောင်လေး ။ ။ ငါ့ ဆိုင်ကယ်ဦးထုပ်ကို ချွတ်ပြီး နင်ဆောင်းထားပေးပါလား.. ခေါင်းတွေ ရှုပ်လို့..
~~~၊၊၊၊၊၊၊၊၊၊၊~~~
နောက်တစ်နေ့ထုတ် သတင်းစာမှာ ဆိုင်ကယ်တစ်စီးက အဆောက်အအုံတစ်ခုကို ဝင်တိုက်မိပြီး မှောက်သွားတယ်ဆိုတဲ့ သတင်း ပါလာခဲ့တယ်။
ဘာလို့မှောက်ရတာလဲဆိုတော့.. ဆိုင်ကယ်ရဲ့ ဘရိတ် လုံးဝပျက်စီးသွားခဲ့တယ်။
ဆိုင်ကယ်စီးတာကတော့နှစ်ယောက်..ဒါပေမယ့်တစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ခဲ့တယ်။ အဖြစ်မှန်ကတော့ .. ဆိုင်ကယ်စီးရင်း လမ်းတစ်ဝက်လောက်မှာ ဘရိတ်ပျက်စီးသွားမှန်း ကောင်လေးသိသွားတယ်။ဒါပေမယ့် ကောင်မလေးကို ကြောက်သွားမှာစိုးလို့ အသိမပေးခဲ့ဘူး။ ကောင်မလေးဆီက ချစ်တယ်ဆိုတဲ့ စကားလေးကို ကြားသွားနိုင်ခဲ့တယ်။
နောက်ဆုံးအနေနဲ့ ကောင်မလေး သူ့ကို နွေးနွေးထွေးထွေးနဲ့ ဖက်ထားတာကို ကြည်နူးသွားခဲ့တယ်။
ပြီးတော့..... သူ့ ဦးထုပ်ကို ပေးဆောင်းသွားခဲ့တယ်။ သူ့အသက်သေဆုံးသွားစေတာတောင် သူချစ်တဲ့ ကောင်မလေးကို အသက်ရှင်စေခဲ့တယ်။
(တကယ်ချစ်ကြရင် တစ်ယောက်ကို တစ်ယောက် ဘယ်လောက်ပဲဖြစ်ဖြစ် ပေးဆပ်ဝံ့ကြတယ် ဆိုတာ.....။ :D)
1 comment:
"""တကယ်ချစ်ကြရင် တစ်ယောက်ကို တစ်ယောက် ဘယ်လောက်ပဲဖြစ်ဖြစ် ပေးဆပ်ဝံ့ကြတယ်""" Agree!
Post a Comment