Friday, February 27, 2009

ဗြိတိန်နိုင်ငံမှ ၁၃နှစ်သားကလေးအဖေ (amazing news)





(၁၃)နှစ်အရွယ်နှင့် ကလေးအဖေ ဖြစ်လာခဲ့သူ အဲလ်ဖီးပက်တန်ကြောင့် ဗြိတိန်နိုင်ငံ၏ ကလေးသူငယ်များအား မိဘများက အုပ်ထိန်းနေသည့် ပုံစံစနစ်ကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ကြောင်း သိရှိရသည်။ အဲလ်ဖီးသည် အသက်(၁၅)နှစ်အရွယ်ရှိ ၎င်း၏ချစ်သူ ချန်တယ်လာစတိဒ်မန်းနှင့် သမီးလေးတစ်ဦးကို မွေးဖွားခဲ့ပြီဖြစ်သည်။ အဲလ်ဖီးက ၎င်းတို့နှစ်ဦးသည် ချန်တယ်လာတွင် ကိုယ်ဝန်ရှိနေကြောင်း သိရှိခဲ့ချိန်က ဖျက်ချပစ်ရန် ကြံစည်ခဲ့သေးကြောင်း ၀န်ခံခဲ့သည်။ သို့သော်လည်း ၎င်းတွင်မုန့်ဖိုးငွေ အလုံအလောက် မရှိသောကြောင့် ထိုကိစ္စ အထမမြောက်ခဲ့ကြောင်း အဲလ်ဖီးက ပြောကြားခဲ့သည်။ အဲလ်ဖီး၏ဖခင်သည် ၎င်းအား တခါတရံမှသာ (၁၀)ပေါင်ခန့် မုန့်ဖိုးပေးလေ့ရှိသည်။ အဲလ်ဖီးသည် အရပ်(၄)ပေသာရှိသေးသည့် ပီဘိကလေးငယ်တစ်ဦးဖြစ်ပြီး ၎င်း၏မိခင်သည် ၎င်းတို့၏ ကိုယ်ဝန်အကြောင်းကို သိရှိသွားမည်ကို အလွန်ကြောက်ရွံ့မိခဲ့ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

(အဲလ်ဖီးဇနီးမောင်နှံနှင့် ၎င်းတို့၏သမီးငယ်)

ကလေးငယ်ကို မွေးလိုခဲ့သော်လည်း ပတ်ဝန်းကျင်၏ တုန့်ပြန်မှုများကို ကြောက်ရွံ့ခဲ့မိပါသည်ဟု အဲလ်ဖီးကဆိုသည်။ အဲလ်ဖီး၏အကြောင်းကို ကြားသိခဲ့ပြီးနောက် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့ပြီး ဗြိတိန်ကလေးငယ်များ၏ အနာဂတ်အတွက် စိုးရိမ်မှုမှာ မြင့်တက်လာခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းကမူ အဆိုပါဖြစ်ရပ်အတွက် မှတ်ချက်ပြုရန် ငြင်းဆန်ခဲ့သည်။ ဖေဖော်ဝါရီလ (၉)ရက်နေ့က မွေးဖွားခဲ့သည့် အဲလ်ဖီး၏ သမီးလေးသည် မွေးဖွားချိန်တွင် (၇)ပေါင်၊ (၃)အောင်စမျှ အလေးချိန်ရှိပြီး မေဆီရော့ဆယ်နီဟု အမည်ပေးထားသည်။ မေဆီလေးအား ဆေးရုံတွင် သွားရောက်မွေးဖွားခဲ့ခြင်းဟုလည်း အဲလ်ဖီးက ပြောကြားခဲ့သည်။ အရှေ့ဆက်ဆက်စ်ရှိ အက်စဘော်နီဆေးရုံမှ တာဝန်ရှိသူများက ကလေးငယ်မှာ ကျန်းမာရေး ကောင်းမွန်နေပါသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ လက်ရှိအချိန်တွင် အဲလ်ဖီး၏ မိသားစုများက အဲလ်ဖီးကို ကျောင်းမှထုတ်ပယ်လိုက်မည်ကို စိုးရိမ်နေကြသည်။ ကလေးမွေးသည့်နေ့က အဲလ်ဖီးသည် တစ်ညလုံး ဆေးရုံတွင် နေခဲ့ပြီးမှ နောက်တစ်နေ့တွင် ကျောင်းဝတ်စုံကို လဲလှယ်ပြီး ကျောင်းသွားတက်ခဲ့သည်။


(ကလေးကိုနို့ဗူးတိုက်နေသည့် ၁၃နှစ်သားကလေးအဖေ အဲလ်ဖီး)


အဲလ်ဖီးသည် ကလေးအဖေ ဖြစ်လာခဲ့သည့်တိုင် ကွန်ပျူတာဂိမ်းကစားခြင်းကို စွဲလန်းနေသည့် ကလေးတစ်ဦးမျှသာ ရှိနေသေးကြောင်း အဲလ်ဖီး၏ဖခင် ဒင်းနစ်က ညည်းတွားပြောဆိုခဲ့သည်။ အဲလ်ဖီးကမူ ၎င်းအနေနှင့် ဖခင်ကောင်းတစ်ယောက် ဖြစ်လာချင်ပါကြောင်း ပြောကြားထားသည်။ ရဲတပ်ဖွဲ့က အသက်မပြည့်ဘဲ ကလေးရသည်အထိ ကျူးကျူးလွန်လွန် ဖြစ်ခဲ့သည့်တိုင် အဲလ်ဖီးတို့စုံတွဲကို အရေးယူမည် မဟုတ်ဟု ကြေငြာထားခဲ့သည်။ ဗြိတိန်နိုင်ငံ၏ အသက်အငယ်ဆုံး ကလေးအဖေအဖြစ် စံချိန်တင်ထားသူမှာ အသက်(၁၂)နှစ်အရွယ် ရှောင်စတီးဝပ်ဆိုသူဖြစ်ပြီး အသက်(၁၅)နှစ်ရှိ ချစ်သူမန်းကလေး အီမာဝက်ဘ်စတာနှင့် (၁၉၉၈)ခုနှစ်အတွင်းက ရှန်ဘရွတ်ခ်တွင် ကလေးတစ်ဦး ရခဲ့သော်လည်း (၆)လအကြာတွင် လမ်းခွဲခဲ့ကြသည်။

(ဂိမ်းဆော့ရင်းကလေးထိန်းနေသည့် အဲလ်ဖီးတို့ဇနီးမောင်နှံ)

အကယ်ဒမီ ထူးခြားဖြစ်စဉ် (ယတြာလားတော့မသိဘူး :D)

အမှတ်(၁) ဒီနှစ် အကယ်ဒမီပေးပွဲမှာ မေသန်းနု၊ မျိုးသန္တာထွန်း၊ စိုးမိုး ကြည်၊ ရတနာခင်၊ မျိုးစန္ဒီကျော်၊ ပုလဲဝင်း၊ အိဖြိုးချယ်ရီစတဲ့ အမျိုး သမီးအနုပညာရှင်များဟာ အစိမ်း ရောင်ဖက်ရှင်အများစုကို ဝတ်ဆင် ခဲ့တာ တွေ့ရပါတယ်။
အမှတ်(၂) ဒီနှစ်အတွက် အကယ်ဒမီဆု ပေးပွဲတွင် တေးဂီတဆု၊ ဒါရိုက်တာ ဆု၊ ဇာတ်ကားဆု သုံးဆုဆက်တိုက် ကြေညာရာတွင် မန္တလေးသားများ သာ သုံးဆုဆက်တိုက် ဆုရရှိခဲ့ပါ တယ်။
အမှတ်(၃) ဒီနှစ်မှာ အသံထူးချွန်ဆု၊ ဇာတ်ညွှန်းဆု၊ တည်းဖြတ်ဆု၊ ဓာတ် ပုံဆု၊ တေးဂီတဆု၊ အမျိုးသမီးဇာတ် ပို့ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ ဒါရိုက် တာဆု၊ ဇာတ်ကားဆု၊ အမျိုးသမီး ဇာတ်ဆောင်ဆုနဲ့ အမျိုးသားဇာတ် ဆောင်ဆု စုစုပေါင်း ၁၁ ဆု ပေးဖို့ လျာထားခဲ့ပေမယ့် အသံထူးချွန်ဆု၊ ဇာတ်ညွှန်းဆု၊ တည်းဖြတ်ဆု၊ အမျိုး သမီးဇာတ်ပို့ဆုနဲ့ အမျိုးသမီးဇာတ် ဆောင်ဆုတွေကိုမပေးခဲ့တာကြောင့် အကယ်ဒမီဆု ၆ ဆုသာ ဒီနှစ်မှာ ဆုပေးခဲ့ရတာပါ။
အမှတ်(၄) ဒီနှစ်မှာတော့ အကယ်ဒမီဆု ၆ ဆုပေးရာတွင် ထူးထူးခြားခြား အဖြစ် မန္တလေးမြင့်မာလာထုတ်လုပ် ရေးကစီစဉ်တဲ့ 'ကိုးဆယ်ဆသာလိမ့် မယ်'ဇာတ်ကားကြီးမှ အကယ်ဒမီဆု ၅ ဆုဆွတ်ခူးရရှိခဲ့ပါတယ်။
အမှတ်(၅) 'ဖိုးပြုံးချို'ကားနဲ့ အကယ်ဒမီရ မယ်လို့ တစ်ပြေးပြီး လွဲချော်ခဲ့ရဖူးတဲ့ မိုးဒီက ဒီနှစ်မှာတော့ တစ်ပြေးခဲ့တဲ့ အတိုင်း 'ကိုးဆယ်ဆသာလိမ့်မယ်' ကားနဲ့ အမျိုးသားဇာတ်ပို့ဆုရရှိခဲ့ ပါတယ်။
အမှတ်(၆) စိန်မွတ္တားက ၂ဝဝ၄ ခုနှစ်မှာ 'ပန်းဒဏ္ဍာရီ'ရုပ်ရှင်ကားကြီးနဲ့ သူ့ရဲ့ ပထမဆုံး ရုပ်ရှင်နောက်ခံတေးဂီတ ကိုစတင်တီးခတ်ခဲ့ပြီး အဲဒီနှစ်မှာပဲ အကယ်ဒမီဆုရရှိခဲ့ပါတယ်။ ဒုတိယ အကြိမ်မြောက်အဖြစ် 'ကိုးဆယ်ဆ သာလိမ့်မယ်'ကားကို နောက်ခံတေး ဂီတတီးရာမှာလည်း အကယ်ဒမီဆု ရရှိခဲ့ပြန်ရာ ရုပ်ရှင်ကားကြီးကို နှစ် ကြိမ်တီးပြီး အကယ်ဒမီဆု နှစ်ဆုရ ရှိခဲ့တာ ဖြစ်ပါတယ်။
အမှတ်(၇) ဒီနှစ်မှာ 'ငါ့ဓား၊ ငါ့သွေး၊ ငါ့ ဧရာဝတီ'၊ 'အမေနှင့်သမီးများ'၊ 'ရင်နင့်အောင်မွှေး'၊ 'ကိုးဆယ်ဆ သာလိမ့်မယ်'၊ 'မိုးပေါ်ခုန်တက်က လိုက်ချင်တယ်'၊ 'ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ'၊ 'ကျွန်တော့်ချစ်သူ ပြောသော သူ့ချစ်သူအကြောင်း'၊ 'ဒီ ကောင်ဘယ်သူတုံး'၊ 'ဝင်္ကပါအခြစ် နှင့်သူ၏ချစ်ကိုကိုချစ်'၊ 'ကက်ကင်း' ကားကြီး ၁ဝ ကားရှိခဲ့ပေမယ့် 'ကိုး ဆယ်ဆသာလိမ့်မယ်'ကားနဲ့ 'ငါ့ဓား၊ ငါ့ သွေး၊ ငါ့ဧရာဝတီ' နှစ်ကားသာ အကယ်ဒမီဆုများ ရရှိခဲ့ပါတယ်။

တေးရေးဆရာ အဆိုတော် အရိုးနှင့် တွေဆုံခြင်း (လူလည်အာရှသားအဆိုရှင်)


~အရိုးနဲ့ဆုံဖြစ်ခိုက် သီချင်းကိစ္စ၊ စာပေရေးရာ သဘောတရားများ အပေါ် အခြေခံပြီး ယခု လိုမေးဖြစ် ခဲ့ပါတယ်။ လူလည်အာရှသားဆိုတဲ့နာမည် ကိုဘယ်သူပေးခဲ့တာလဲ။ အရိုး ကိုယ် တိုင် ပေးတာလား။
~ကျွန်တော်ကိုယ်တိုင်ပေးတာ ပါ။ အထူး သဖြင့် အာရှတိုက်က ထွက်လာတဲ့ အခွေ တစ်ခွေပေါ့ဗျာ။ အရှေ့တောင်အာရှ ဂီတ တစ်ခုပေါ့ ဗျာ။ အရှေ့တောင် အာရှမှာ ဒီ လောက် အတိုင်းအတာအထိ လုပ် နိုင် တယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ ရိုးရာတူရိ ယာတွေနဲ့ ပေါင်းစပ်ရင် ဒါမျိုးဖြစ် တယ် ဆိုတာကို ပြချင်တာပါ။
~ကိုယ့်အခွေရဲ့ ဂီတအမျိုးအစား ပုံစံကို တံဆိပ်ကပ်ချင်သလား။
~လုံးဝမကပ်ချင်ဘူး။ ဂီတပုံစံ အသစ်လို့ပဲ ပြောချင်တယ်။ ခံစား ကြည့်ပေါ့ဗျာ။
~စာအုပ်အသစ်ထွက်ဦးမယ်ဆို။
~ဟုတ်ပါတယ်။ စာစုများက (၂) အုပ်ရှိသွားပြီ။ လုံးချင်းအနေနဲ့က တော့ တစ်အုပ်ပဲ ရှိပါသေးတယ်။ နောက်ထွက်မယ့်စာအုပ်ကတော့ စာစုတွေကို လုံးချင်းပုံစံပြန်ရေးထား တဲ့ ပုံစံပါ။ သိပ်မကြာခင် ထွက်လာ တော့မယ်။
~စာအုပ်တစ်အုပ်နဲ့တစ်အုပ် တင် ပြပုံ မထပ်ရအောင် တော်တော် လေး တွေးနေ၊ ဖတ်နေရတယ်နော်။
~သိပ်သေချာတာပေါ့။ ကျွန် တော်တို့ရဲ့ တင်ပြပုံတွေ အကောင်း ဆုံးဖြစ်နေ အောင် အများကြီးလေ့ လာရတယ်။ စာတွေလည်း အများ ကြီးဖတ်ရတယ်။ ရေးချင်ရေး၊ မရေး ချင်ရင်ဖတ်ပဲ။ ဒါပဲရှိတယ်။ Online လည်း မျက်ခြည် ပြတ် လို့ မရဘူး။ အိုဘားမားပြောသလိုပေါ့။ ငါတို့ လုပ်နိုင်တဲ့ခေတ် ရောက်ပြီပေါ့ဗျာ။ မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ စာရေး ရတဲ့ အရသာကို ငြိသွားပြီလား။ စာရေးရတာပျော်တယ်ဗျာ။ အက်ဆေးမရေးတတ်ခင်မှာ အဲဒီ ဆောင်းပါး လေးတွေ ရေးရတာ အရ သာပဲဗျ။ နောက်ပိုင်း စာပေရေးရာ ဘက်ကို ပိုသွားမယ်ထင်တယ်။ စာ ရေး၊ သီချင်းရေး၊ ကဗျာရေး ရေးသုံး ရေးဖြစ် လာနိုင်တယ်။

Monday, February 23, 2009

အမေရိကားမှာ ဆေးကျောင်းတက်ရန် ပြင်ဆင်ခြင်း - အပိုင်း (၁) ( for some1 who want to study MEdicine in USA)

တို့ဗမာနိုင်ငံမှာတော့ များသောအားဖြင့် ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ။ ကျောင်းသား၊ ကျောင်းသူ အများစု ဆယ်တန်းပြီးလို့ အမှတ်မီတာနဲ့ အိမ်က ဆေးကျောင်တန်းပို့ လိုက်ကော။ အဲ.. ဆေးကျောင်းလဲ စကော ၀ါသနာ မပါတဲ့သူနဲ့၊ မလိုက်နိုင်တဲ့ သူနဲ့၊ စာမေးပွဲနီးလို့ spot လိုက်တဲ့ ပညာရေးစနစ်ကို မကြိုက်လို့ ထွက်လိုက်တဲ့သူနဲ့ 06တုန်းက ကျောင်းသား ၁၀၀ ကျော် ဆေးကျောင်းကနေ ဆေးခွင့်(၂)နှစ်နဲ့ နားလိုက်တယ်လို့ ကြားရပါတယ်။ ပြီးတော့ စင်ကာပူ၊ အမေရိကား၊ သြစတျေးလျနဲ့ ဗြိတိန်ကို ကျောင်းတက်ဖို့ ထွက်ကုန်ကြကော။ ဗမာပြည်အတွက် နှမြောစရာဖြစ်သလို၊ တကယ် ဆရာဝန်ဖြစ်ချင်ပြီး ကိုယ့်တိုင်းပြည်ကို အကျိုးပြုချင်သူတွေ အတွက်တော့ ရင်နာစရာပါ။

ဒီအပါတ်မှာတော့ အများက စိတ်ဝင်စားနေတဲ့ အမေရိကားမှာ ဆေးကျောင်းဘယ်လိုတက်မလဲဆိုတာကို ရေးသွားမှာပါ။ ပိုပြီး စိတ်ဝင်စားတဲ့သူတွေ အတွက်တော့ Ask Me Corner မှာ ဆက်မေးသွားပါ။ ဒီတစ်ပါတ် ပေဖူးပြောမှာက ဗမာပြည်က MBBS ဘွဲ့ မရှိပဲ ထွက်လာတဲ့သူတွေ အတွက်ပါ။ M.B.B.S ရှိတဲ့သူတွေကတော့ စာမေးပွဲ ဖြေပြီး residency တန်းဆင်းလို့ ရတယ်လို့ ကြားဖူးပါတယ်။ အဲဒါကိုတော့ ဒေါက်တာရမ်းကုကို မေးပါ။ သူပိုသိပါလိမ့်မယ်။

General Info
America မှာတော့ ဆရာဝန်ဘွဲ့ကို MD လို့ လူသိများကြပါတယ်။ Doctor of Medicine ပေါ့။ ဒါပေမဲ့ ဆေးကျောင်းကို အထက်တန်းကျောင်းပြိးတာနဲ့ တန်းသွားလို့ မရပါဘူး။ အဲ…. သွားလို့တော့ ရတယ်။ ဒါပေမဲ့ အဲဒီ accelerated program တွေက အပြိုင်အဆိုင်များပြီး ၀င်ရအရမ်းကျပ်ပါတယ်။ စာတွေနဲ့ အရမ်းပိပြီး life မရှိလို့ များသောအားဖြင့် ကျောင်းသားတွေ သိပ်စိတ်မ၀င်စားကြပါဘူး။ ဆေးပညာဘွဲ့မှာ ဒီမှာတော့ မာစတာဒီဂရီဘွဲ့ပါ။ Undergraduate ကောလိပ်ကို ၄ နှစ်တက်ပြီး ဘွဲ့ရတော့မှာ ဆေးကျောင်းကို လျှောက်ရတာပါ။ ဒါလဲ အလွယ်လေးတော့ မဟုတ်ဘူးနော်။ ပေဖူးတို့ ကျောင်းက medical school ဆို နှစ်စဉ်လျှောက်တဲ့သူ ကျောင်းသား ၁၂၀၀ ကျော်ပါတယ်။ အဲဒီထဲကမှ အထပ်ထပ်စစ်ချပြီး ၁၀၃ ယောက်တိတိကိုပဲ လက်ခံတာပါ။ Undergraduate လေးနှစ်မှာတော့ ကိုယ်ကြိုက်တဲ့ Major ယူလို့ရပါတယ်။ Medical School က သတ်မှတ်ထားတဲ့ အတန်းတွေတော့ မှီအောင်တက်ပေါ့နော်။ များသောအားဖြင့် Biol ဆိုရင် General Biol, Cell Biology, Genetics, Physiology ပေါ့။ ပြီးတော့ ကိုယ့်ဒီဂရီပြီးအောင်လဲ တက်ပေါ့။ biol မေဂျာယူထားမှ ဆေးကျောင်းသွားရမယ် မရှိပါဘူး။ ပေဖူးသူငယ်ချင်းတွေထဲမှာဆို Photography, Psychology, Arts မေဂျာတွေလဲ ရှိပါတယ်။ ကျောင်းပြီးတော့မှ အရည်အချင်းစစ်စာမေးပွဲ MCAT ဖြေ၊ ပြီးတော့ ကိုယ်Undergrad လေးနှစ်မှာ လုပ်ထားတဲ့ performance တွေ (အဓိကအားဖြင့်တော့ Volunteer Service, Leadership Positions, Research Jobs အစရှိတာတွေ) ကို ကြည့်ပြီး အင်တာဗျူးခေါ်ပြီးမှ ၀င်ခွင့်ရတာပါ။ ဗမာပြည်က ဆေးကျောင်းတွေလို စာဖက်ပိုင်းတစ်ခုတည်း တော်ရုံနဲ့ လုံးဝလက်မခံပါဘူး။

ဘာလို့ ဒီလောက်နည်းနည်းလေးနဲ့ ခက်ခက်ခဲခဲပဲ လက်ခံတာလဲ ဆိုတော့ quantity ထက် quality ကို အလေးထားလို့ ပါပဲ။ အလေးထားရမယ်လေ။ ကိုယ်က america မှာ ဆရာဝန်လုပ်ချင်တာကိုး။ ဒီဘ၀ကို ရွေးလိုက်ပြီဆိုတာနဲ့ နောက်မှာ အရည်အချင်းစစ် စာမေးပွဲ ပေါင်း မြောက်မြားစွာ တန်းစီနေတာကိုး။ ဗမာပြည် ဆေးတက္ကသိုလ်လို ဘွဲ့ရပြီးတာနဲ့ စာမေးပွဲဘ၀က ကျွှတ်ပြီဆိုတာမျိုး မဟုတ်ဘူးလေ။ အဲဒါကြောင့်လဲ လူတော်တော်များက ဆေးလိုင်းမလိုက်ချင်ကြဘူး။ life-time Stress ကိုး။

Pros and Cons
ကဲ ဒီလောက် အခက်အခဲတွေ များနေတဲ့ကြားက ဘာလို့ ဆေးကျောင်းသွားချင်လဲ။ အများစုက ၀ါသနာပါလို့ပါ။ ပိုက်ဆံသောက်သောက်လဲ ရတာလဲ ပါတာပေါ့နော်။ ဒါပေမဲ့ တကယ်ကို စိတ်အားထက်သန်ပြီး “I deserve to be a doctor” ဆိုတဲ့ သူတွေပဲ ဒီလမ်းကို လိုက်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကားမှာ ဆရာဝန်မဟုတ်ပဲ လူမွှေးလူတောင် ပြောင်အောင် နေနိုင်လို့ ပါပဲ။
ဆိုးကျိုးတွေက ဘာတွေလဲဆိုတော့ နှစ်ရှည်တယ်။ ပိုက်ဆံ အကုန်အကျများပါတယ်။ ဆေးကျောင်းက ဘွဲ့ရပြီး ထွက်လာတဲ့ ပူပူနွေးနွေးကျောင်းသားဆိုရင် နိုင်ငံတစ်ဝှမ်းက ဘဏ်ပေါင်းစုံမှာ အကြွေးလည်ပင်းခိုက်အောင် ရှိပါတယ်။ နောက်ပိုက်ဆံရတော့လဲ ဖြည်းဖြည်းချင်းဆပ်ယူပေါ့နော်။ အဟိ…. များသောအားဖြင့် ကျောင်းပေါ်မူတည်ပြီး ဒေါ်လာနှစ်သိန်းကနေ ငါးသိန်းအထိ အကြွေးတင်ပါတယ်။

ဆရာဝန်ဖြစ်ဖို့ ဘယ်လောက်ကြာမှာလဲ။
ကျောင်းမှာ တင်ပဲ ရှစ်နှစ်တိတိ။ ဒါပေမဲ့ ဘိုင်ပြတ်သွားလို့ အလုပ်ထွက်လုပ်ရင် ကိုယ်ဆွဲရင် ဆွဲသလောက်ကြာမယ်။ ပြီးရင်တော့ house ဆင်းရမယ်။ ဒီမှာတော့ residency ဆင်းတယ်လို့ ခေါ်ပါတယ်။ ဒါက ကိုယ့် speciality ပေါ်မူတည်ပြီး ကြာတာပါ။
ရိုးရိုးအထွေထွေကုဆရာဝန် Physician – သုံးနှစ်
ခွဲစိတ်ကု ဆရာဝန် - ခုနှစ်နှစ်
ဒါက basic ပဲ ရှိသေးတယ်။ နောက် master လိုင်းလိုက်ချင်တယ်ဆိုရင် အလုပ်သင်ဘ၀မှာတင် တော်တော်ကြာပါတယ်။ နှလုံးဆို နောက်ထပ်သုံးနှစ်၊ Neuro လိုင်း (ဦးနှောက်နဲ့ အာရုံကြော) ဆို သုံးနှစ်ပါ။ အလုပ်သင်ဘ၀မှာ ပိုက်ဆံလဲ သိပ်မရပါဘူး။ အဖိအနှိပ်လဲ ခံရပါသေးတယ်။
ကဲ…အသက်နဲ့ ပြန်တွက်ပြမယ်နော်။
Age 18 - ကောလိပ်စပြီ ဆိုပါတော့။
Age 22 – bachelor ဘွဲ့ရပြီ။
Age 23 - ဆေးကျောင်း စတက်ပြီ။
Age 27 - ဆေးကျောင်းဘွဲ့ရပြီပဲ ဆိုကြပါစို့
Age 28 - အလုပ်သင်ဘ၀ အစ
Age 31 – Physician လုပ်မယ်ဆိုရင်တော့ ဒီမှာတင် ပြီးပါပြီ။
Age 34 - ခွဲစိတ် residency ပြီးပြီ။
Age 37 - နှလုံးခွဲစိတ်ဆရာဝန် ဖြစ်ပါပြီ။

P.S : THIS LINK IS COPIED FROM MYHOME16.COM AND THANKS FOR INFO....