
(အကယ်ဒမီဆုပေးပွဲအခမ်းအနားကျင်းမြင်ကွင်း)
ယခုနှစ် အကယ်ဒမီ ဆုပေးပွဲတွင် ထူးခြားမှုအဖြစ် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုနှင့် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုတို့ကို ပေးအပ်ချီးမြှင့်ခြင်း မရှိခဲ့ချေ။ အကယ်ဒမီဆု အရေအတွက်အနေဖြင့်လည်း ယမန်နှစ်ကထက် လျော့နည်းခဲ့ပြီး ဇာတ်ညွှန်းဆု၊ တည်းဖြတ်ဆု၊ အသံပိုင်းဆိုင်ရာဆုများလည်း ရွေးချယ်ပေးအပ်ခဲ့ခြင်း မရှိကြောင်း သိရသည်။

၂၀၀၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ)ရရှိသူများမှာ အောက်ပါအတိုင်းဖြစ်သည်။
ဇာတ်ကားဆု - ကိုးဆယ်ဆသာလိမ့်မယ် (မြင့်မာလာ ရုပ်ရှင်ထုတ်လုပ်ရေး)
ဒါရိုက်တာဆု - မြိုတော်မောင်ယဉ်အောင် (ကိုးဆယ်ဆသာလိမ့်မယ်)
အမျိုးသားသရုပ်ဆောင်ဆု - ကျော်ရဲအောင် (ကိုးဆယ်ဆသာလိမ့်မယ်)
အမျိုးသားဇာတ်ပို့ဆု - မိုးဒီ (ကိုးဆယ်ဆသာလိမ့်မယ်)
ရုပ်ရှင်ဓါတ်ပုံဆု - ကျောက်ဖြူ (ပဒေသာ) (ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီ)
ရုပ်ရှင်တေးဂီတဆု - စိန်မွတ်တား (ကိုးဆယ်ဆသာလိမ့်မယ်)
.jpg)
မှတ်ချက်။ ။ ၂၀၀၇ ခုနှစ် အကယ်ဒမီဆုပေးပွဲ ပုံရိပ်များကို ပလန်းနတ်ဝက်ဘ်ဆိုက်၏ 2007 Myanmar Academy Award အထူးကဏ္ဍတွင် တင်ဆက်ပေးထားပါသည်။
No comments:
Post a Comment