ဒီနေ့ မြောက်ဒဂုံမြို့သစ်က Hero Cyber Cafe မှာ အခမဲ့ အင်တာနက် အသုံးပြုနည်း သင်တန်းကို ဖွင့်လှစ်သင်ကြား ပေးခဲ့ပါတယ်။ ဒီသင်တန်းကို ကိုဇော်ဇော်နဲ့ isme group ကနေ အခမဲ့ ဖွင့်လှစ်သင်ကြားပေးတာ ဖြစ်ပါတယ်။ သင်တန်းရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ယနေ့ လူငယ်တွေဟာ အင်တာနက်ကို အသုံးပြုနေကြ ပေမယ့် အများအားဖြင့် သေချာ မသုံးတတ်ကြသေး သူတွေများပါတယ်။ ဒီတော့ သူတို့ကို အင်တာနက်မှာ Search Engine ကို နိုင်နင်းစွာ အသုံးပြုနည်းတွေ၊ အင်တာနက် ၀က်ဘ်ဆိုက်တွေ ပေါ်ကနေ ဒါမှမဟုတ် ၀ီကီတွေကနေ မိမိလိုချင်တဲ့ အချက်အလက်တွေကို ဘယ်လို တူးဆွ ရမလဲ ဆိုတာတွေ် တတ်သလောက် သင်ပေးသွားမှာပါ။ သင်တန်းက ၅ရက်သင်တန်းပါ..။ ငါးရက်ထဲနဲ့ ပြည့်စုံမယ်လို့တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့ သင်ပေးလိုက်တဲ့ သင်တန်းသားတွေထဲက ရာခိုင်နှုန်းအနည်း အားဖြင့် သူတို့ ခေါင်းထဲမှာ အော် အင်တာနက်မှာ ဒီလို အဖိုးတန်အကြောင်း အရာတွေကို ရယူနိုင်ပါသေးလား၊ ဒီလို အခွင့်အလမ်းတွေကို ရှာဖွေနိုင်ပါလား ဆိုတာ သိသွားရင် သူတို့ကနေ တဆင့် ပြီးတဆင့် လက်ဆင့်ကမ်းပေး နိုင်မယ် ဆိုရင် (အနည်းဆုံး သူ့သူငယ်ချင်းတွေကို ပြန်လမ်းညွှန်ပြ ပေးနိုင်မယ် ဆိုရင်) ကျွန်တော်တို့ အခမဲ့ သင်ရကျိုး နပ်ပါပြီ။ နောက်များမှာလဲ အလျင်းသင့်သလို ဖွင့်သွားဖို့ ရှိပါတယ်။ ကိုယ်တိုင် ဆရာလုပ်ကြည့်မှ ပီတိကို စား အားရှိတယ် ဆိုတဲ့ စကားရဲ့ အနှစ်သာရ ကို သိတော့တယ်ဗျာ။ ကိုယ့်လူတို့လဲ မိမိပတ်ဝန်းကျင်လေး တိုးတက်အောင် အုပ်တချပ် သဲတပွင့် ပါဝင် ကူညီနိုင်ကြပါစေ ရှင်။
source by My TLMS....
No comments:
Post a Comment