Wednesday, May 20, 2009

သုံးပြီးသားအိမ်သုံးပစ္စည်းများ ၀ယ်ရအောင်

အိမ်သုံးပစ္စည်းများဝယ်ရာတွင် လူတကိုယ် စိတ်တမျိုး အသစ်ဝယ်ရမှ ကျေနပ်သူတွေ ရှိသလို အခြေအနေအရ အဟောင်းလေးဝယ်လိုသူများအတွက် ရည်ရွယ်ပါတယ်. အခြေအနေအရဆိုတာ ပိုက်ပိုက်မရှိတာကိုပြောတာမဟုတ်ပါဘူး။ တချိုက အိမ်ခဏခဏပြောင်းတဲ့သူများ၊ အိမ်ငှားနေသောသူများ၊ အိမ်သူကြီးလုပ်သူများကို ဆိုလိုတာပါရှင်..
အိမ်ထောင်ရှင်မများအတွက်သာမက ယောင်္ကျားလေး မိန်းခလေးအချင်းချင်းနေတဲ့သူတွေအတွက်ပါ အသုံးဝင်မှာပါ.
အိမ်ထောင်ပစ္စည်းရောင်းတဲ့သူနဲ့ အမျိုးမတော်ပါဘူး ကိုယ့်အတွက်လဲ အသုံးဝင်တော့ အများအတွက်လဲ အသုံးဝင်မလားလို့
နေရာ (၂)နေရာ မှာ ကြိုက်ရာမှာဝယ်လို့ရပါတယ်
အောက်မှာလိပ်စာပါ။ လိုက်ပို့ရန်အတွက် သက်သာသောဈေးနှူန်းနဲ့ ၀န်ဆောင်မှုပေးထားပါတယ်.
ရောင်းတဲ့သူက မြန်မာပါ.
တခြား MOCCA website နှင့် InSIng.com မှာလဲရှာလို့ရပါတယ်...

ဆက်သွယ်ရန်
Contact : Jack You JW ( U Kyaw Soe/ ဦးကျော်စိုး)
HP No. : 91599146

Location 1 :
195 Jalan Pelikat, Pelikat Mension,
Near Kovan MRT, Hougang Ave1, Lor Ah Soo,

Location 2 :
No.30 Marsiling Industrial Estate Road 5, #04-06D Widefield Industrial Building, Singapore 739211
(Very near to Republic Polytechnic, and Woodlands MRT)
















အံဆွဲပါသောစားပွဲ - S$ 60

အကြမ်းဖျင်းဈေးနှုန်းများမှာ...
Single Bed frame Metal - S$40
Single Bed frame Wood - S$50
Double decker ( Metal ) - S$80
Single Mattress (thick 6-8") - S$60
Single Mattress (thick 3-4") - S$40
Single Matress ( thick foam ) - S$25
Single Mattress (thin foam) - S$10
Queen mattress - S$80
Queen bed frame (metal) - S$80
Queen bed frame (Wood with head board) - S$100
2Door Wardrobe - S$60
3Door Wardrobe - S$90
29" TV (CRT) - S$60
21" TV (CRT) - S$50
Study Table (Wood) - S$40
Coffee table - S$35
Washing Machine - S$80
Refrigerator - S$100
Table/Stand/wall Fan - S$20
Water heater (tank type) - S$50
Air-cooler - S$30
LCD monitor 15" Philip - S$80
Floor Standing Speaker set(new) - S$250
Shoe Rack with door - S$35
Plywood for bed - S$15
Used Leather Sofa - 3 + 1 + 1 - S$100
Computer table (Strong)- S$45
Dinning table w/ 4 chair - S$100
Bookshelf (3' x 6") - S$40
Wheel Chair (good 2nd hand) - S$80
Walking Stick ( U Shape ) - S$40
Drawer for under Table - S$40
Chest drawer (4 level) - S$60
Metal Locker Cabinet (6 compartments) - S$90
Metal File Drawer (3 Tiers) - S$50
Baby stroller ( 2 folds ) - S$60
Fold-able Table - S$20
Dinning Chair - S$15/pcs
Typing Chair ( roller chair ) - S$25
SITOCA computer table ( 2 tiers ) - S$35
Power Rider exercise machine - S$80 စသဖြင့်.....












ကွန်ပျုတာစားပွဲ (သံတိုင်နှင့် သစ်သားပြား) S$ 35

အသေးစိတ်ကြည့်ရန်။



Friday, May 15, 2009

ဖတ်ဖူးသမျှဟာသများ (၃)

(၁)ဆုရသွားသော ၀တ္တုတို
English စာ ဌာနတွင်း ၀တ္တုတိုပြိုင်ပွဲတစ်ခု ကျင်းပသည် ။
ဝတ္တုတို တွင် အောက်ပါ အချက်များ ပါဝင်ရမည် ၊ ထိထိမိမိနှင့်
အတိုဆုံးသီကုံးနိုင်သူဖြစ်ရမည် ဟုပါရှိသည် ။
- ဘာသာတရား ကိုင်းရှိုင်း မှုရှိ ရမည် ။
- တော်ဝင်ဆန်ရမည် ။
- လိင် သဘောသဘာဝ ပါရှိရမည်
- လျို့ဝှက်ဆန်းကြယ်ရမည် ။
ဆုရသွားသော ၀တ္တုတိုမှာ အောက်ပါအတိုင်းဖြစ်သည် ။
“အို ဘုရားရေ” ဟု ဘုရင်မက ပြောသည် ။
“ငါ ကိုယ်ဝန်ရှိနေပြီ” ၊ “ဘယ်သူနဲ့ရတာပါလိမ့်” ဟု ငြီးတွားသည် ။

(၂) မျှော်လင့်ချက်
တခါကမီးရထားတစ်စီးပေါ်မှာပေါ့ နို့ မပျက်သေးတဲ့ ကလေးတယောက်နဲ့ အမေ နဲ့  ပါလာတယ်။
သူတို့ ရှေ့ မှာတော့ ယောကျာ်းတယောက်ပါလာတယ်။ ဒီလိုနဲ့  စီးလာလိုက်တာ ကလေးကငို ရော
အမေ ကနို့ ဆာတယ် ထင် ပြီးကလေးကိုနို့ တိုက်ပါတယ်။ကလေးကမသောက်ဘူး။ အဲဒီတော့ သားမသောက် ယင် ဟိုရှေ့ ကလူကြီးကိုတိုက်လိုက်မယ်နော်။ ဒီလိုနဲ့ ကလေးကငိုလိုက်အမေ ကပြောလိုက်နဲ့ ဘူတာတွေ အများကြီးဖြတ်လာတော့ ရှေ့ ကလူကမနေနိုင်တော့ ဘူး ။ အဲ့ဒါနဲ့  အမရယ် ကျွန်တော်စောင့် နေရတာဆင်းရမယ်ဘူတာကို လွန်လာတာ ၃ ဘူတာလောက်ရှိပြီ...... တဲ့။

(၃)သွက်လက် ချက်ချာသူလေး
အိမ်ရှင် ။ ။ “ ဟဲ့ ကောင်မလေး၊ အိမ်မှာ ဧည့်သည်တွေ ရှိနေရင် နင့်ကိုငါ “ အက်စတာ ” လို့
ခေါ်မယ် မှတ်ထား ”
အိမ်ဖော် ။ ။ “ ဟုတ်ကဲ့ မေမေကြီး၊ ဒါထက် အိမ်မှာ ဧည့်သည်တွေရှိနေရင် ကျွန်မကရော မေမေကြီးကို
ဘယ်လိုခေါ်ရမှာလဲ ”
အိမ်ရှင် အမျိုးသမီးကြီး ။ ။ “ ဟယ်...ခွေးမ ”
အိမ်ဖော် ။ ။ “ ကောင်းပါပြီ............မေမေကြီး ”
.......... သိပ်တော်..

(၄)ယူမိသည့် တာဝန်..
“ အဝတ်အစားတွေကို လျှော်ဖို့ အမျိုးသမီးလေး တစ်ယောက်ကို ခင်ဗျား ငှားထားတယ် မဟုတ်လား။ ဘာ့ကြောင့် ကိုယ်တိုင် လျှော်နေရတာလဲ ဗျာ။ ” ဟု အသိတစ်ယောက်က မေးသည်..။
ထိုအခါ မေးခံရသည့် ယောင်္ကျားက မသာမယာ မျက်နှာဖြင့်.....“ သူ့ကို ကျွန်တော် ယူလိုက်ပြီလေဗျာ ” ဟု ဖြေလေသည်။ သြော်...ယူမိသည့် တာဝန်များနော်............ ...
................ .................

(၅)သူ့ထက်သူ
လူတစ်ဦးသည် ညစာစားပွဲတစ်ခုမှသောက်စားပျော်ပါး၍ အိမ်သို့ပြန်လာရာ အိမ်ပေါ်အရောက်၌ အမူးလွန်ကာ ခလုတ်တိုက်ပြီး မေ့လဲသွားလေသည်။ ထိုအခါ မိန်းမဖြစ်သူက ဆရာဝန်ဆီ ဖုန်းဆက်ရန် ဖုန်းနံပါတ်ရှာရာ မတွေ့သဖြင့် သူ၏သားဖြစ်သူအားခေါ်၍.....
မိန်းမ။ ။ သားလေး...သွား အပေါ်ထပ်မှာအိပ်နေတဲ့ မင်းဦးလေးကိုသွားနှိုးပြီး ဒေါက်တာ့ဖုန်းနံပါတ်မေးကြည့်စမ်း
သားဖြစ်သူ။ ။ ဟာ...မေမေကလည်း ဒါများ ဆရာဝန်ဆီဖုန်းဆက်ပြီး ဖုန်းနံပါတ်ဘယ်လောက်လဲ မေးလိုက်ပေါ့။
မိန်းမ။ ။ ဟဲ့...နင်တော်တော်တုံးပါလား.... .......ဖုန်းနံပါတ်မသိပါဘူးဆိုမှ ဘယ်လိုဖုန်းဆက်မလဲ...ကဲ..ကဲ
ဆရာဝန်ဆီသွားပြီး ဖုန်းနံပါတ်ဘယ်လောက်လဲမေးပြီး ပြန်လာခဲ့..ဟဲ့..မြန်မြန်ပြန်လာ ခဲ့နော်

(၆)လက်ထပ်ပြီးစီးခြင်း
....ငွေချူမြို့၊ ခါးပိုက်နှိုက်ရပ်၊ အကြွေးထူလမ်း၊ အမှတ်(၁၅၀၀) နေ......
(ဦးငွေမက်+ ဒေါ်ချူစား)၊ ဦးငွေကြွယ်+ ဒေါ်မာယာမြူတို့၏ မြေး...
ဦးလောဘ ( နယ်လှည့်လိမ်စား ကုမ္ပဏီ ) + ဒေါ်ဓနရှင် တို့၏
ဒသမမြောက်သား......မောင် ဂျလေဘီထောင်ထွက် ( လယ်ရာလယ်စားရေး ကုမ္ပဏီ ) နှင့်
.....မစိန်မြို့၊ ပတ္တမြားမြို့နယ်၊ ကျောက်စိမ်းလမ်း၊ အမှတ် ( ၅၂၈ ) နေ......
ဦး မဟူရာ မဲနက်ကျော် (ရွှေပေါင်ကုမ္ပဏီ) + ဒေါ်နီလာဝင်းဝင့်ကြွယ် တို့၏
ဒါဇင်ကျော်မြောက် သမီးလတ်.........မကြွားဝါဝါမဲနီ လာဝင်းဝင့်ကြွယ် (တီကောင်ရောင်းဝယ်ရေး ပွဲစားကုမ္ပဏီ)
တို့သည် ၀၈-၂၁-၀၈၊ ကလေးမြို့ပြင် သုသာန်ဇရပ်၌ ဂုဏ်သရေရှိ ဂျလေဘီများ၊ ထောင်ထွက်လူကြီးမင်းများ၊ ဝရမ်းပြေးများနှင့် လောင်းကစားသမားများ ရှေ့မှောက်၌ လက်မှတ်ရေးထိုး လက်ထပ်ပြီးစီးကြောင်း။
( နှစ်ဖက်သော မိဘများနှင့်
မောင်ဂျလေဘီထောင်ထွက် + မကြွားဝါဝါမဲနီလာဝင်းဝင့်ြ ကွယ်)

(ရ) လင်ကွန်းမိန်းမ နာမည်က
အတန်းတတန်းတွင်ဆရာမက ကျောင်းသာများကိုမေရိကန်ပြည်တွင်းစစ်အကြောင်း မေးနေသည်။ ဆရာမက ကျောင်းသားတစ်ဦးအား ......."ဟဲ့...အမေရိကန်ပြည်တွင် စစ်မှာနာမည်ကြီးတဲ့သမ္မတကိုပြောစ မ်း" ကျောင်းသားက......."လင်ကွန်းပါဆ ရာမ"........အေးဒါဆိုသူ့မိန်းမနာမည်ကဘာလဲ'"...... "မယားကွန်းပါဆရာမ"
....... ..... လွယ်လွယ်လေး နှော....။

Thursday, May 14, 2009

ပဌာန်း (၂၄) ပစ္စည်း၏ အဓိပါယ်ဖွင့်ဆိုချက်


ဒါကတော့ ၂၄ပဌာန်းပစ္စည်းပါ.. ရွတ်လို့ရှိရင်လည်းလေးလေးစားစားရွတ်ပါတဲ့..အကျိုးထူးပါလိမ့်မယ်တဲ့..
၂၄ပဌာန်းဆိုတာကမြတ်စွာဘုရားကိုယ်တော်တိုင်ဟောကြားတော်မူထားတာပါ...
အခုနောက်ပိုင်းဂါထာတွေအများကြီးထွက်တာတွေ.ရပါတယ်..တချို.ကတော့ မြတ်စွာဘုရားဟောထားတာကိုမှီငြမ်းပြီးပြန်ပြင်ထားတာပါ..ဒါကတော့ အော်ရီဂျင်နယ်ပေါ့..... ပါဠိရော..မြန်မာလိုရော ၂မျိုးဆိုတော့ နဲ၂တော့ပိုရှင်းတာပေါ့နော်..
ဒါပေမယ် တချို.စာလုံးတွေတောင် ကျမလည်းသိပ်နားမလည်ပါ အမှန်အတိုင်းဝန်ခံရရင်.. ဒါကတော့ထဲထဲဝင်ဝင်လေ့လာရင်တော့ ဘာကဘာဆိုတာသိမယ်ထင်ပါတယ်.....ဂါထာတော်တွေဆိုတာအများကြီးပါပဲ..... သဘောတရားကတော့တူတူပါပဲ...လူတိုင်းမှာကိုယ့်စတိုင်နဲ့ဆိုတာကိုယ်ရှိကြမှာပါ... စာရေးဆရာတောင်သူ.စတိုင်နဲ့သူ.ရေးနည်းရေးဟန်သူပေါ့....ဘုန်းဘုန်းတွေလည်းသူ.နည်းသူ.ဟန်ရှိကြပါတယ်....ဘုရားရှိခိုးလည်းအမျိုးမျိုးရှိတာပဲ.....သချာင်္ပုစ္ဆာ၁ပုဒ်ကို ဖော်မြူလာအမျိုးနဲ့တွက်လို့ရပါတယ်..နောက်ဆုံးအဖြေမှန်ရင်ပြီးတာပဲ...ဒါပေမယ့် နောက်ဆုံးသဘောတရားကဒါပါပဲလေ......ယုံယုံကြည်ကြည်နဲ့ရွတ်ဆိုပူဇော်ကြပါ.....
ပြီးရင် ရ၇က်သားသမီးကို အမျှအတန်းဝေပါ.အမြဲတမ်းရွတ်ပါလို့မပြောလိုပါဘူး...အားမှာလည်းမဟုတ်ဘူးဆိုတာသိပါတယ်....
ဥပမာ မြန်မာအခါကြီးရက်ကြီးတွေပေါ့..လပြည့်နေ့လိုအခါမျိုးပေါ့....ဒီဖိုရမ်ကိုလာရင်းနဲ့မြင်ခဲ့သည်ရှိသော်ရွတ်လို့ရတာပေါ့နော်.....ကုသိုလ်တွေဘာတွေအသာထားပါ ကောင်းတာလုပ်မှ ကောင်းတာရမှာ(ဒါကအများပြော)....ကောင်းတာလုပ်တိုင်းလည်းကောင်းတာကြီးပဲပြန်ရ ရမယ် ရယ်လို့တော့မရှိပါဘူး...
ဘာပဲဖြစ်ဖြစ်ပါ..မကောင်းတာလုပ်တာထက်စာရင် ကောင်းတဲ့အရာတွေပိုလုပ်ရင် ပိုမကောင်းဘူးလား.... ..ဘာပဲလုပ်လုပ်ကိုယ့်အတွက်ကအရင်ရတာပါ..သူများအတွက်ကိုကလုပ်တယ်ဆိုပေမယ့်လည်း ကိုယ်ကစိတ်ချမ်းသာမှုရတာ ကိုယ်အရင်ရတာပါ

ဟေတုပစ္စယော - အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။
အာရမ္မဏပစ္စယော - မျက်စိနှင့်နားသည် နိဗ္ဗာန်သို့မျက်မှောက်ပြူရပါစေသား။
အဓိပတိပစ္စယော - ရုပ်၊ နာမ်နှစ်ပါးတို့ကို စောင့်ရှောက်ထိန်းသိမ်းနိုင်ရပါစေသား။
အနန္တရပစ္စယော - များစွာသော ကုသိုလ်တရားတို့ကို မျက်မှောက်ပြူရပါစေသား။
သမနန္တရပစ္စယော - ရုပ်နှင့်နာမ် အတူရှိသောတရားတို့ကို မျက်မှောက်ပြူရပါစေသား။
သဟဇာတပစ္စယော - ရုပ်,ရုပ်ချင်း၊ နာမ်,နာမ်ချင်း ထင်ရှားစွာ သိရပါစေသား။
အညမညပစ္စယော - ရုပ်မှနာမ်သို့၊ နာမ်မှရုပ်သို့ပြောင်းလဲ၍ သိရပါစေသား။
နိဿယပစ္စယော - ရုပ်နာမ်နှစ်ပါးတို့၏ တည်နေရာကိုသိရပါစေသား။
ဥပနိဿယပစ္စယော - ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။
ပုရေဇာတပစ္စယော - ရှေးကဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
ပစ္ဆာဇာတပစ္စယော - နောက်မှဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
အာသေ၀နပစ္စယော - လိုရာဆန္ဒမရှိအောင် ပြည့်စုံရပါစေသား။
ကမ္မပစ္စယော - ကံသုံးပါးကို ထိန်းသိမ်းနိုင်ရပါစေသား။
ဝိပါကပစ္စယော - ၀ဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။
အာဟာရပစ္စယော - လိုရာဆန္ဒကို ပြည့်စုံစွာ ထောက်ပံ့ နိုင်ရပါစေသား။
ဣန္ဒြိယပစ္စယော - နာမ်ရုပ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။
ဈာနပစ္စယော - သူတော်ကောင်းတရား (ရ)ပါး၊ ဉာဏ်စဉ် (၅)ပါးနှင့် ပြည့်စုံရပါစေသား။
မဂ္ဂပစ္စယော - ဘာဝနာ (၂)ပါး အပေါင်းကို အာရုံပြု၍ အထွဋ်အထိပ် ပညာကိုရ, ရပါစေသား။
သမ္ပယုတ္တပစ္စယော - သူတော်ကောင်းတို့နှင့်ပေါင်း၍ (ရ)ဖြာသော တရားနှင့် ယှဉ်တွဲရပါစေသား။
ဝိပယုတ္တပစ္စယော - သူယုတ်မာနှင့်ဝေး၍ အကုသိုလ် ကင်းရှင်းရပါစေသား။
အတ္တိပစ္စယော - သမုတိနယ်၏ အရှိကို ဟုတ်မှန်စွာ သိရပါစေသား။
နတ္တိပစ္စယော - ပရမတ္တမရှိတရား၏ အသိကို မျက်မှောက်ပြုရပါစေသား။
ဝိဂတပစ္စယော - ရှေး၌ ပွင့်ပြီးကုန်သောဘုရားတို့ကို ရှိခိုးရပါစေသား။
အ၀ိဂတပစ္စယော - ပွင့်လတ္တံ.သော ဘုရားတို့ကို ရှိခိုးရပါစေသား။

၂၄ ပစ္စည်းဆုတောင်း ဆိုသည့်အတိုင်းပင် ၂၄ပစ္စည်း၏ အနက်အဓိပ္ပာယ်ကို မြန်မာဘာသာဖြင့် အနှစ်ချုပ် နားလည်နိုင်သလို နားလည်ထားသည့် အတိုင်း အကျိုးရလဒ်များ ထင်ရှားဖြစ်ထွန်းလာအောင် စီစဉ်ထားရကား ယင်း၂၄ပစ္စည်းဆုတောင်းဖြင့် ကောင်းကျိုးသုခများ ရရှိလာကြမည်မှာ မုချဧကန်ဖြစ်ပါ၏။ အလုပ်ကိစ္စတွေ အဘယ်မျှ များပြားနေပါစေ။ ယုတ်စွအဆုံး တစ်ရက်တစ်ပစ္စည်း နှုတ်တက်ကျက်မှတ်ပါက ၂၄ ရက်တွင် ၂၄ ပစ္စည်းလုံး နုတ်တက်ရရှိမည်ဖြစ်ပြီး ဆက်လက်၍နေ့စဉ် ဘုးရားဝတ်ပြုပြီးတိုင်း ပဌာန်း ၂၄ ပစ္စည်းဆုတောင်းကို ရွတ်ဆိုဆုပန်ပါလျှင် အမှန်ပင် ရုပ်ပိုင်းရော စိတ်ပိုင်းမှာပါ ကောင်းကျိုးတရားတွေ တိုးပွားလာပါမည်။

ဣတိဝုတ် ပါဠိတော်၌ မြတ်ဗုဒ္ဓ ညွှန်ပြတော်မူ သည့်အတိုင်း ဆုတောင်းပတ္ထနာသည် တဏှာပတ္ထနာနှင့် ဆန္ဒပတ္ထနာ ဟု နှစ်မျိုးရှိသည့်အနက် ဆန္ဒပတ္ထနာ (ကုသိုလ်ဆန္ဒ)နှင့် ဆုတောင်းကြရပါမည်။ ဆုမတောင်းမီ ဘုရားရှိခိုးခြင်း စသည့် ကုသိုလ်ကံတစ်ခုခု ပြုပြီးမှသာ ဆုတောင်းကြရပါမည်။ ပဌာန်း ၂၄ ပစ္စည်းသည် ဗဟုဝုစ် (အများဆိုင်) ဖြစ်သဖြင့် ဆန္ဒပတ္ထနာ မည်ပါသည်။

သို့ဖြင့် ပဌာန်း ၂၄ ပစ္စည်းဆုတောင်းအပေါ် ယုံကြည်မြတ်နိုးသော သဒ္ဓါဗလကို အရင်းထားလျက် အဆက်မပြတ်ဆုတောင်းခြင်း ၀ီရိယဗလ၊ မမေ့မလျော့ခြင်း သတိဗလ၊ တစိုက်မတ်မတ် တည်ခြင်း သမာဓိဗလ၊ အဓိပ္ပါယ်ကို ပို၍ ပို၍ ထိုးထွင်းသိမြင်ခြင်း ပညာဗလ ဟူသည့် ဗလ ငါးမျိုး တိုးထက်တိုး ကောင်းကျိုး ပြည့်ဝကြမည် ဖြစ်ပါသတည်း။

Tuesday, May 12, 2009

ငါးပိ နှင့် ပတ်သက်၍ အများပြည်သူ သိရှိနိုင်ရန် အသိပေး ကြေညာချက်

မေလ ၁ ရက်နေ့  မှာ မြန်မာ့အလင်း နဲ့ ကြေးမုံ သတင်းစာများမှာ ကျန်းမာရေးဝန်ကြီး ဌာနက ငါးပိ နှင့် ပတ်သက်ပြီး အများပြည်သူ တွေကို အသိပေး ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ကင်ဆာဖြစ်စေနိုင်သော အနီရောင် ဆိုးဆေးများ သုံးထားတဲ့ စိမ်းစားငါးပိ နှင့် အခြား ငါးပိများပါဝင်ပါတယ်။
မေလ ၁ ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၁၀ နဲ့ ကြေးမုံ သတင်းစာ စာမျက်နှာ ၇ ပါကြေညာချက် အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ငါးပိ နှင့် ပတ်သက်၍ အများပြည်သူ သိရှိနိုင်ရန် အသိပေးကြေညာချက်

နေပြည်တော် ဧပြီ ၃၀
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိသည်။
ငါးပိရောင်းဝယ်ရေးလုပ်ငန်းများနှင့် ဈေးကွက်များရှိ ငါးပိနှင့် ငါးပိထောင်းများကို ဓာတ်ခွဲစစ်ဆေးရာ အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော အနီရောင်ဆိုးဆေး (Rhodamine B ) ပါဝင်မှုကို တွေ့ရှိသည်။

စားသုံးရန် မသင့်
Rhodamine B သည် ချည်၊ သိုးမွေး၊ ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင်ဆိုးသော ဓာတုပစ္စည်းဖြစ်ပြီး ရောဂါပိုးရှာဖွေရာတွင် အသုံးပြုသည့် ဓာတ်ခွဲခန်းသုံး ဆိုးဆေးလည်း ဖြစ်သည်။ ငါးပိများကို ဆေးဆိုးရခြင်းမှာ အညိုရောင်ငါးပိကို ပန်းရောင် အဖြစ် အမြင်လှစေရန်ဖြစ်သည်။ Rhodamine B ကို စားသုံးမိပါက အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်း စသော လတ်တလော ဆိုးကျိုးများကို ဖြစ်ပေါ်စေပြီး ရေရှည်တွင် ကင်ဆာရောဂါ ဖြစ်စေ ခြင်းကြောင့်၊ Rhodamine B ပါဝင်သော ငါးပိများသည် စားသုံးရန် မသင့်ကြောင်း နှိုးဆော်အပ်ပါသည်။

အရေးယူမည်
ငါးပိ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဓာတုဆိုးဆေးများကို လုံးဝ အသုံးမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက အမျိုးသား အစားအသောက် ဥပဒေ ပုဒ်မ၂၈(က)အရ တရားစွဲဆို အရေးယူမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

အစားအသောက်တွင် သုံးရန်ခွင့်မပြုသည့် ဆိုးဆေး Rhodamine B ပါဝင်သော စိမ်းစားငါးပိနှင့် ငါးပိထောင်း အမှတ်တံဆိပ်များ

၁။ အောင်သူဇ မြိတ်ငါးပိ ပါဝင်မှုရှိ
၂။ ပြည့်ပြည့် မြိတ်ငါးပိ ပါဝင်မှုရှိ
၃။ ဒေါ်အေးမြ(မြိတ်) မြိတ်စိမ်းစားငါးပိ ပါဝင်မှုရှိ /မြိတ်ငါးပိကင် ပါဝင်မှုရှိ /မြိတ်ငါးပိထောင်းချဉ်စပ် ပါဝင်မှုရှိ
၎။ စွမ်း မြိတ်ပုစွန်ငါးပိ ပါဝင်မှုရှိ
၅။ ကင်းမွန် အဆင့်မြင့်စိမ်းစားငါးပိ ပါဝင်မှုရှိ
၆။ အောင်စိုးမိုး မြိတ်စိမ်းစားပုစွန်ငါးပိ ပါဝင်မှုရှိ
၇။ ရွှေပုစွန် ငါးပိ ပါဝင်မှုရှိ
၈။ ကောင်းမှကောင်း မြိတ်ငါးပိ ပါဝင်မှုရှိ
၉။ ဒေါ်သိန်းခင် မြိတ်ငါးပိ ပါဝင်မှုရှိ
၁၀။ ပွင့်ဦး ရခိုင်ငါးပိထောင်း ပါဝင်မှုရှိ
၁၁။ သိင်္ဂီ မြိတ်ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
၁၂။ မရွှေမိုး ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
၁၃။ အမေ့လက်ရာ ရွှေမြိတ်ငါးပိဖျော် ပါဝင်မှုရှိ /ရွှေမြိတ်ငါးပိထောင်း ပါဝင်မှုရှိ /ငါးပိထောင်း ပါဝင်မှုရှိ
၁၄။ စိုး မြိတ်ငါးပိထောင်း ပါဝင်မှုရှိ
၁၅။ ပင်ပျိုရွက်နု ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ /မရန်းသီးငါးပိထောင်း ပါဝင်မှုရှိ /ရခိုင်ငါးပိထောင်း ပါဝင်မှုရှိ /ရွှေငါးပိထောင်း ပါဝင်မှုရှိ
၁၆။ တုံတုံ ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
၁၇။ ကျော်ခန့် ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
၁၈။ ပိုင်ပိုင် ပုစွန်ငါးပိထောင်း ပါဝင်မှုရှိ
၁၉။ ဖိုးခွားလေး ငါးပိထောင်း ပါဝင်မှုရှိ
၂၀။ အရီးတောင်း ငါးပိထောင်း ပါဝင်မှုရှိ
၂၁။ မီဆိုရာ မြိတ်မျှင်ငါးပိရှယ် ပါဝင်မှုရှိ
၂၂။ ရွှေမြိတ်သူ မြိတ်မျှင်ငါးပိ ပါဝင်မှုရှိ
၂၃။ မိ ရခိုင်ငါးပိထောင်း ပါဝင်မှုရှိ
၂၄။ ရွှေပုလဲ ကြက်သားငါးပိထောင်း ပါဝင်မှုရှိ
၂၅။ စိုးပွဲရုံ အောင်မျှင်သန့် စိမ်းစားငါးပိ ပါဝင်မှုရှိ /၀င်းမျှင် စိမ်းစားငါးပိ ပါဝင်မှုရှိ
၂၆။ ဦးမောင်ငယ်ပွဲရုံ လင်း/၆၈၈ စိမ်းစားငါးပိ ပါဝင်မှုရှိ /K-L ၆၇၇ စိမ်းစားငါးပိ ပါဝင်မှုရှိ /၀င်းချို ၅၅၁ စိမ်းစားငါးပိ ပါဝင်မှုရှိ /Top ၆၈၃/စိမ်းစားငါးပိ ပါဝင်မှုရှိ /PK ၆၈၇ စိမ်းစားငါးပိ ပါဝင်မှုရှိ /ပိုင် ၆၈၀ စိမ်းစားငါးပိ ပါဝင်မှုရှိ /T လင်း ၆၈၅ စိမ်းစားငါးပိ ပါဝင်မှုရှိ /လင်းချို ၅၅၄ စိမ်းစားငါးပိ ပါဝင်မှုရှိ
၂၇။ စိန် မေတ္တာပွဲရုံ ဘိုမစိမ်းစားငါးပိ ပါဝင်မှုရှိ /လင်းစိမ်းစားငါးပိ ပါဝင်မှုရှိ /T စိမ်းစားငါးပိ ပါဝင်မှုရှိ /Top စိမ်းစားငါးပိ - ပါဝင်မှုမရှိ
Super စိမ်းစားငါးပိ - ပါဝင်မှုမရှိ
၂၈။ တိုးပွား ပွဲရုံ မြင့်စိမ်းစားငါပိ ပါဝင်မှုရှိ /လင်းချို အောက်စစိမ်းစားငါးပိ ပါဝင်မှုရှိ /Super စိမ်းစားငါးပိ ပါဝင်မှုရှိ /လင်းချို စိမ်းစားငါးပိ ပါဝင်မှုရှိ /ညီချိုထိုးမြိတ် စိမ်းစားငါးပိ ပါဝင်မှုရှိ /တိုးဇင် စိမ်းစားငါးပိ ပါဝင်မှုရှိ /A1 (မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ /မာချောင်းသား (မြိတ်)စိမ်းစားငါးပိ ပါဝင်မှုရှိ /ဇင်ဝင်း(မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ /WA (မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ /ချိုရှယ်(မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ
ဇင်မွှေးချို(မြိတ်) စိမ်းစားငါးပိ ပါဝင်မှုရှိ /KKK စိမ်းစားငါးပိ ပါဝင်မှုရှိ /AAA စိမ်းစားငါးပိ ပါဝင်မှုရှိ /ကောင်းကောင်းမျှင်သန့် စိမ်းစားငါးပိ ပါဝင်မှုရှိ /ကောင်းထက်စိမ်းစားငါးပိ ပါဝင်မှုရှိ /ဟိန်းရှယ်စိမ်းစားငါးပိ ပါဝင်မှုရှိ /ထိုက်စိမ်းစားငါးပိ ပါဝင်မှုရှိ /ပီတိ စိမ်းစားငါးပိ ပါဝင်မှုရှိ
ချောစိမ်းစားငါးပိ ပါဝင်မှုရှိ /ရွှေဝါစိမ်းစားငါးပိ ပါဝင်မှုရှိ /နှင်းရှယ်စိမ်းစားငါးပိ ပါဝင်မှုရှိ /ထွန်းတောက် စိမ်းစားငါးပိ ပါဝင်မှုရှိ /နေလ စိမ်းစားငါးပိ ပါဝင်မှုရှိ /ခိုင်ဂါး စိမ်းစားငါးပိ ပါဝင်မှုရှိ /နီလာ စိမ်းစားငါးပိ ပါဝင်မှုရှိ /နုချိုမွေး စိမ်းစားငါးပိ ပါဝင်မှုရှိ /အေတောင်း စိမ်းစားငါးပိ ပါဝင်မှုရှိ /ချိုမွှေး စိမ်းစားငါးပိ - ပါဝင်မှုမရှိ/မြတ် စိမ်းစားငါးပိ - ပါဝင်မှုမရှိ/2K ချို စိမ်းစားငါးပိ - ပါဝင်မှုမရှိ/ဖြူရှယ် စိမ်းစားငါးပိ - ပါဝင်မှုမရှိ/မျိုး စိမ်းစားငါးပိ - ပါဝင်မှုမရှိ
၂၉။ ကောင်းမှကောင်း(ဒေါ်ဝင်းမြင့် ပွဲရုံ) စိမ်းစားငါးပိ ပါဝင်မှုရှိ /အောင်လှိုင်ရွာ(စိမ်းစားငါးပိ - ပါဝင်မှုမရှိ
၃၀။ မြိတ်ပတ္တမြားပွဲရုံ စိန်နှင့်ရှေ့ဖျားစိမ်းစားငါးပိ ပါဝင်မှုရှိ /ဖြိုးနောက်မီး စိမ်းစားငါးပိ ပါဝင်မှုရှိ /မျိုးစားချို နောက်မီးစိမ်းစားငါးပိ ပါဝင်မှုရှိ
၂၂ မျှင်သန်ချိုနောက်မီးစိမ်းစားငါးပိ - ပါဝင်မှုမရှိ
၃၁။ ရွှေပြည်သစ် ပွဲရုံ ငွေယမုံ စိမ်းစားငါးပိ ပါဝင်မှုရှိ
ဇော်ဂါး စိမ်းစားငါးပိ ပါဝင်မှုရှိ
မာန် စိမ်းစားငါးပိ - ပါဝင်မှုမရှိ
သန့်ဇော် စိမ်းစားငါးပိ - ပါဝင်မှုမရှိ
ခင် စိမ်းစားငါးပိ - ပါဝင်မှုမရှိ
S မသခ စိမ်းစားငါးပိ - ပါဝင်မှုမရှိ
၃၂။ နဒီ ဧရာပွဲရုံ တနင်္သာရီတိုင်း TYW စိမ်းစားငါးပိ ပါဝင်မှုရှိ
ဧရာဝတီသိန်း စိမ်းစားငါးပိ - ပါဝင်မှုမရှိ
ဧရာဝတီတိုင်းကြယ်သုံးလုံးစိမ်းစားငါးပိ - ပါဝင်မှုမရှိ
ဧရာဝတီတိုင်းအင်တာ စိမ်းစားငါးပိ - ပါဝင်မှုမရှိ
ဧရာဝတီတိုင်းမြောင် စိမ်းစားငါးပိ - ပါဝင်မှုမရှိ
၃၃။ ထိုက်ထိုက် ငါးပိထောင်း - ပါဝင်မှုမရှိ
၃၄။ ရှင်းသန့် ငါးပိထောင်း - ပါဝင်မှုမရှိ
၃၅။ ရွှေနဂါး မြိတ်ပုစွန်ငါးပိ - ပါဝင်မှုမရှိ
၃၆။ ဇီးချိုင် လက်ထောင်းရခိုင်မျှင်ငါးပိ - ပါဝင်မှုမရှိ
၃၇။ အင်ကြင်း ပုစွန်ငါးပိထောင်း - ပါဝင်မှုမရှိ
ကျန်းမာရေး ၀န်ကြီးဌာန

Friday, May 8, 2009

Singapore's JI leader Mas Selamat arrested in Malaysia


ယမန်နှစ် ဖေဖော်ဝါရီလက စင်္ကာပူ အကျဉ်းထောင်တစ်ခုမှ ထွက်ပြေးလွတ်မြောက်သွားသော JI ဘာသာရေးအစွန်းရောက် အဖွဲ့ခေါင်းဆောင် Mas Selamat ကို မလေးရှားနိုင်ငံတွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း ဒေသမီဒီယာများက ယနေ့ဖော်ပြကြသည်။

ဖမ်းဆီးရရှိသူကို စင်ကာပူဒေါ်လာ ၁ သန်းချီးမြှင့်မည်ဟု ဆုငွေထုတ်ထားခြင်းခံရသူ Mas Selamat သည် လေယာဉ်ကို ပြန်ပေးဆွဲကာ စင်ကာပူ နိုင်ငံတကာလေဆိပ်ဖြစ်သည့် ချန်ဂီလေဆိပ်သို့ ထိုးဝင်ဆိုက်ဆင်းပြီး အကြမ်းဖက် ဖျက်ဆီးရန် ကြံစည်မှုဖြင့် အဖမ်းခံထားရစဉ် Whitley လမ်း အကျဉ်းစခန်းမှ လွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။ ၄င်းလွတ်မြောက်သွားမှုသည် စင်္ကာပူနိုင်ငံ၏ လုံခြုံရေးကို အကြီးအကျယ် လှုပ်ခတ်သွားစေခဲ့ပြီး ရဲနှင့် စစ်တပ်များကို စင်္ကာပူကျွန်းအနှံ့ ပိုက်စိတ်တိုက် ရှာဖွေခဲ့သော်လည်း အချည်းနှီးဖြစ်ခဲ့ရသည်။ Mas Selamat ၏ ဓါတ်ပုံပါသော သတိပေးစာများကို နေရာအနှံ့တွင် ဖြန့်ကပ်ခဲ့ပြီး တွေ့ရှိပါက ချက်ချင်းအကြောင်းရန် နှိုးဆော်ခဲ့သည်။ ပြည်သူများကိုလည်း Mobile ဖုံးများမှတဆင့် အသိပေးခဲ့သည်။

ယနေ့ရရှိသော သတင်းများအရ Mas Selamat ကို မလေးရှားနိုင်ငံတွင် ၂ နိုင်ငံပူးပေါင်းရှာဖွေရေးအဖွဲ့များက လွန်ခဲ့သော တစ်လခန့်ကတည်းက ဖမ်းမိထားခြင်းဖြစ်သည်ဟု သိရပြီး ယနေ့မှသာ မီဒီယာနှင့် ပြည်သူများကို အသိပေးအတည်ပြုခဲ့ခြင်းဖြစ်သည်။ ၄င်းလွတ်မြောက်သွားစဉ်က JI အဖွဲ့ဝင်များ အခြေစိုက်သည်ဟု ယူဆရသော အင်ဒိုနီးရှားသို့ ထွက်ပြေးသွားနိုင်ဖွယ်ရှိသည်ဟု လေ့လာသူများကို ယူဆခဲ့ကြသဖြင့် ယခုလို မလေးရှားနိုင်ငံတွင် ဖမ်းမိခြင်းမှာ အံ့သြဖွယ်ရာပင်ဖြစ်သည်။ နယ်စပ်အဝင်အထွက် ဂိတ်များတွင် အသေးစိတ် စစ်ဆေးလေ့ရှိသည့်တိုင်အောင် ယခုကဲ့သို့ နိုင်ငံကူးသွားနိုင်ခြင်းမှာ မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက “ခုတော့သူက ကျွန်တော်တို့ကို နောက်ကောက်ချထားနိုင်သေးတာပေါ့။ ဒါပေမယ့် ပြိုင်ပွဲက မပြီးသေးဘူးလေ။ တစ်နေ့နေ့မှာ ရအောင်ဖမ်းပြမယ်” ဟု ပြီးခဲ့သော ဒီဇင်ဘာလက ပြောဆိုခဲ့သေးသည်။

အင်္ဂလိပ်လိုဖတ်ရန်.........
SINGAPORE: Mas Selamat Kastari, Singapore's Jemaah Islamiyah (JI) leader who escaped from Whitley Road Detention Centre on February 27 last year, has been arrested.
The terrorist, who once plotted to hijack a plane and crash it into Changi Airport, was arrested in Malaysia in a joint intelligence operation involving the internal security agencies of the two countries.
It is understood that Mas Selamat was actually arrested over a month ago but had been under interrogation in Malaysia.
It is believed that the fugitive will soon be brought back to Singapore.
Last December, Prime Minister Lee Hsien Loong had said: "He is one up on us, but the game is not over. One day we will catch him."

Most security experts had expected the fugitive to head for Indonesia, where other JI members are believed to be based. So, it came as a surprise to some that he was arrested in Malaysia.
Mas Selamat gave his guards the slip while he was being taken to the toilet at the detention centre.
The escape sparked the largest manhunt in Singapore's history. Thousands of police and military personnel were roped in to comb the island for the fugitive. Checks at the borders were stepped up, road blocks were set up, officers went house to house, and forested areas were swept.
There were also offers of a million dollar reward by two businessmen for his capture.
Mas Selamat, however, remained elusive although dozens of illegal immigrants were flushed out. Posters bearing his face and description were put up everywhere and every mobile phone here was sent either a text description or a picture of him.
Mas Selamat's escape also resulted in the dismissal of the detention centre's superintendent over security lapses. The superintendent's deputy was demoted.
The two were the most senior officers in charge of the ground management of the detention centre, and were among six Internal Security Department (ISD) officers charged over the escape.
Mas Selamat fled Singapore in December 2001 following an Internal Security Department operation against the terrorist organisation.
The militant leader had been on the run after Singapore authorities discovered plans to crash seven trucks filled with bombs at various locations around the island.
Investigations also revealed that he was the mastermind behind a plan to hijack an airplane and crash it into Changi airport.
Mas Selamat was arrested by the Indonesian police on Bintan island in January 2006. He was detained for using a fake identity card.
When he was arrested, officers found literature on bomb-making on him. Based on investigations then, Indonesia's elite anti-terror police then discovered he was the leader of the Singapore Jemaah Islamiyah network.
They then deported him to Singapore, where he was detained at Whitley Road Detention Centre under the Internal Security Act.
The 48-year-old father of four was said to be involved in JI's plans to mount attacks against foreign and local establishments in Singapore.
These included the US Embassy and American Club, the Defence Ministry headquarters at Bukit Gombak and the Education Ministry building at North Buona Vista Drive. - CNA/TODAY/de

Wednesday, May 6, 2009

"ပြည်ပခရီးသည်-ငါ"

"ပြည်ပခရီးသည်-ငါ" ဆိုတဲ့ကဗျာလေးပါ။ ဗန်းမော် ကျော်ဝင်း ရေးစပ်ထားတာပါရှင်။ ဗန်းမော် ကျော်ဝင်း ဆိုလို့ နံမည်ပဲကြားဖူးနေပြီး ကိုယ်သူငယ်ချင်းရဲ့ယောက်က္ခထီးဖြစ်နေမှ မြင်ဘူးတာ...သြော် ဗန်းမော် ကျော်ဝင်း ဆိုတာ ဦးလားလို့...
မွေးရပ်မြေနှင့်ဝေးရာမှာ မပျော်ပိုက်... မရောက်ဖူး၍ရောက်ဖူးချင်လှ သော စင်္ကာပူဆိုသော ကျွှန်မတို့ရဲ့ ခြင်္သေ့ တိုင်းပြည်ကြီးမှာ သူမပျော်ပိုက်ကြောင်း၊ ယဉ်ကျေးမှူမတူတာကို အထူးသတိထားမိတဲ့အပြင်.....ရုပ်ဝထ္ထုပစည်းတွေ ဘယ်လိုပဲတိုးတက် ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာ၊ စကားကိုယ်ပိုင်ဟန်ရှိပြီး ယဉ်ကျေးမှုမြင့်မှားလှသော အမိမြေ မြန်မာပြည်ကိုလွမ်းလွန်းလို့ အတောင်များရှိရင် ပြန်ချင်စမ်းပါဘိရယ် လို့ ရေးဖွဲ့ထားတာပါ။ ခံစားကြည့်ကြပါအုန်းလို့

မရောက်ဖူး၍
ရောက်ဖူးချင်လှ ၊သွားလိုလှသည်
ပြည်ပဆိုသော ထိုခရီး။ ။

တကယ်ရောက်တော့ ၊ရောက်ခါစမှာ
ပျော်စရာလို ၊ဘာလိုလို
ဟိုသည်သွားလိုက် ၊လည်ပတ်လိုက်
စားလိုက်ထွေထူး ၊အရူးမူး
ထူးတာဝယ်လိုက် ၊တစ်ဎွေ့ပိုက်
နှစ်ခြိုက်အားရ ၊ရွှင်ပျပျ
ပြည်ပခရီးသည် သဘာဝ။ ။

အနေကြာတော့
မြန်မာပီပီ ၊ကိုယ့်အနီကို
ပြန်လည်တမ်းတ ၊လွမ်းပါရ၏
မြန်မာ့အစာ ၊မြန်မာအဝတ်
တို့ဝတ်စားသည် ၊စည်းလုံးညီ၏
ကြည်ညိုရိုးရာ ၊ကိုယ့်ဘာသာနှင့်
စာပေမြင့်မား ၊ကိုယ့်စကားနှင့်
ထွေပြားစုစု ၊ယဉ်ကျေးမှုနှင့်
ဥတုသုံးလီ ၊သာမျိုးစည်နှင့်
ရေကြည်မြစ်ချောင်း ၊သီးနှံကောင်းနှင့်
တောပေါင်းစိမ်းစို ၊တောင်ရိပ်ညိုနှင့်
လှကို လှသည် ၊ငါတို့ပြည်ဟု
ငါသည်တမ်းတ ၊လွမ်းဆွတ်ရသည်
ပြည်ပခရီးသည် ငါမြန်မာ ။ ။

သူတို့ဌာနီ ၊ဖွင့်ဖြိုးစည်လည်း
ရှည်ကြာနှစ်ခြိုက် ၊မပျော်ပိုက်
ယဉ်ကျေးမှူလည်း
သူ့ဟန်သူ့မူ ၊သွင်မတူ၍
အူလှိုက်သည်းလှိုက် ၊မနှစ်ခြိုက် ။

ငါသည်မြန်မာ- မြန်မာငါပဲ
စွဲမြဲရင်မှာ ၊ဂုဏ်ယူစွာမို့
ပြည်ရွာကိုပဲ ၊တမ်းတစွဲသည်
ခွဲခွာခဲ့ရ ၊ကြာပြီကိုး ။ ။

ပြန်မည့်ရက်ကို
လက်ချိုးတွက်ရည် ၊လွမ်းလှသည်လေ
တို့ပြည်သာစွ ၊တို့ဋ္ဌာနကို
ငါ့မှာလျင်လျင် ၊ပြန်ရောက်ချင်ပြီ
"ငှက်သွင်ပျံကြွမတတ်သော် " ပါတကား ။ ။


29/10/2008
(ဗန်းမော် ကျော်ဝင်း)

ပညာရှင်တစ်ယောက်ဖြစ်ဖို့အတွက် လိုအပ်သော 5G

ဘလော့ပေါင်းများစွာကို နေ့စဉ်နဲ့အမျှ မိမိအားလပ်သည့် အချိန်မှာ ဖတ်ရတာဟာ ကျောင်းတွင် သင်ယူရသော ပညာများထက် တန်ဖိုးများစွာရှိသည်ဟု ယူဆမိပါသည်။ ယခုလည်းတန်ဖိုးရှိသော အသိပညာ ဗဟုသုတလေးတစ်ခု မောင်ငယ်တစ်ယောက်၏ ဘလော့ မှရရှိလာခဲ့သည်။ ထိုအသိပညာလေးများကို အားလုံးသော မိတ်ဆွေများအတွက် မောင်လေးညီလင်းဆက်၏ ဘလော့မှ ကူးယူလာကာ မျှဝေခံစားခြင်းဖြစ်သည်။ ထိုမောင်လေးလည်း သဘောတူခွင့်ပြုမည်ဟု ထင်ပါသည်။ ပို့စ်ကိုတစ်လုံးတစ်ပါဒမျှ မပြင်ပဲ မောင်လေး ညီလင်းဆက်၏ မူရင်းအတိုင်း မျှဝေလိုက်ပါသည်။ မိတ်ဆွေအားလုံး အသိပညာများ တိုးပွားကြပါစေ...


ဒါလေးက Web2.0 ပြောင်းလဲမှုနဲ့အတူ ပေါ်ပေါက်လာတဲ့ သဘောတရားလေးကို ကျွန်တော် လေ့လာမိတဲ့အတိုင်း ဆွဲထားတာပါ။ 5G လို့ နာမည်ပေးထားတယ်။ တကယ်တော့ ဒါကို ကြည့်လိုက်ရင် လူတိုင်း ဒီအထဲက အဆင့်တွေ အားလုံးနဲ့ ရင်းနှီးပြီးသား ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ဟိုးအရင်ကတော့ ပုံစံတစ်မျိုးနဲ့ စီးဆင်းနေခဲ့တယ်။ အခုနောက်ပိုင်း Web2 ပြောင်းလဲမှုမှာတော့ အစီအစဉ်က ပိုကျလာတဲ့ သဘောပါပဲ။ ကျွန်တော့် အယူအဆအရ ဒါဟာ ၂၁ရာစုကို ဆန်းသစ်စေခဲ့တဲ့ ဖြစ်စဉ် တစ်ခုလို့ ယုံကြည်ပါတယ်။

* Give = ပေးတယ်၊ ဝေမျှတယ်။
* Get = ရယူတယ်။
* Gather = စုဆောင်းတယ်၊ ပေါင်းစပ်တယ်။
* Generate = ထုတ်လုပ်တယ်၊ ဖန်တီးတယ်။
* Geek = ပညာရှင်

အထက်က ဖြစ်စဉ်လေးထဲမှာ သင်ဟာ ဘယ်အနေအထားမှာ ရှိလဲ ဆိုတာကို ကိုယ့်ကိုကိုယ် မေးကြည့်ပါ။ ဥပမာ ကိုယ်က သူများ ပေးတာတွေပဲ ယူနေရတဲ့ (GET) အနေအထားမှာ ရှိနေသေးတယ် ဆိုရင် အဲဒီနေရာကနေ စပြီး ကျန် စက်ဝိုင်း လှည့်လည်တဲ့ ပုံစံအတိုင်း သွားရပါမယ်။ သင်ဟာ သူများ ပေးထားတဲ့ နည်းပညာတွေ၊ အရင်းအမြစ်တွေကို ယူမယ်။ ပြီးရင် ဒုတိယအဆင့် စုဆောင်းမယ်။ (Gather) စုဆောင်းမယ် ဆိုရာမှာ တစ်ဦးတစ်ယောက်ထဲ ဆီကနေ မဟုတ်ဘဲ ရနိုင်သမျှ နေရာအားလုံး လူအားလုံး ဆီကနေ စုဆောင်းရပါမယ်။ ဒီလိုနဲ့ တဖြည်းဖြည်း များပြားလာတဲ့အခါ ကိုယ့်ဆီမှာ နည်းပညာနဲ့ အရင်းအမြစ်တွေ အလုံအလောက် ရှိလာတဲ့အခါ အဲဒါတွေကို ပေါင်းစပ်ပြီး အခြား ရလာဒ်တစ်ခု ဖြစ်လာအောင် ဖန်တီးရပါမယ်။ ဒါကို ကျွန်တော်က ဒီနေရာမှာ Generate လို့ပဲ သုံးနှုန်းထားပါတယ်။ ဒီလို အနေအထားမျိုး ရောက်အောင် ဖန်တီးလာနိုင်ပြီ ဆိုတာနဲ့ သင်ဟာ Geek တစ်ယောက် ဖြစ်လို့ လာပါပြီ။ အဲဒီလို ဖြစ်လာချိန်မှာ သင့်တုန်းက Get ဆိုတဲ့ အနေအထားလေးကို သတိတရနဲ့ သင် Geek ဖြစ်လာချိန်မှာ Give လုပ်ဖို့ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဒီစက်ဝန်းဟာ ထပ်ခါထပ်ခါ လည်ပတ်သွားပါမယ်။ ပညာရှင် ဆိုတာကို အမြင့်ဆုံး အဆင့်လို့ သတ်မှတ်ရင် သင်ဟာ ဒီအဆင့်ထဲမှာ အခြားသော နည်းပညာတွေ အားလုံးကို ပေါင်းစပ်၊ အသစ်ဖန်တီးပြီး ပညာရှင် အခါခါ ဖြစ်နိုင်ပါသေးတယ်။
တကယ်လို့များ သင်ဟာ အခုကတည်းက နည်းပညာ တစ်ခုမှာ Geek ဖြစ်နေပြီ ဆိုပါစို့။ ဒါဆိုရင်လည်း အခုန စက်ဝိုင်း အတိုင်းပါပဲ သင့်ရဲ့ နည်းပညာတွေ၊ အရင်းအမြစ်တွေ၊ အတွေးအမြင်တွေကို မျှဝေပါ။ ဒီလို မျှဝေရင်း အခြားသူတွေရဲ့ အတွေးအမြင် နည်းပညာတွေကိုလည်း ရယူပါ။ အားလုံးကို စုပေါင်းပြီး ကိုယ့်ပညာစွမ်းနဲ့ နောက်တစ်ခုကို တီထွင်ပါ။ ဒါဆို သင်ဟာ နောက်ထပ် နည်းပညာ တစ်ခုမှာ ပညာရှင်ဖြစ်ခွင့် ကြုံလာပြန်ပြီပေါ့။

ပေးခြင်း ဝေမျှခြင်း
ဒီလောကကြီးရဲ့ အရာတော်တော်များများဟာ Give & Take နဲ့ အများကြီး သက်ဆိုင်တယ်။ အပေးအယူပေါ့။ ဒီတော့ သူများဆီက ကိုယ်ယူချင်ရင် ကိုယ်တိုင်ကလည်း သူများကို ပေးရဲရပါမယ်။ ပညာလျှိုတယ်ဆိုတဲ့ ခေတ်ဟာ ကုန်နေပါပြီ။ ပညာအစွမ်း ဘယ်လောက် ရှိတယ်လို့ အသုံးချရတဲ့ခေတ်၊ သူများနဲ့ ယှဉ်ပြိုင်ရတဲ့ခေတ် ဖြစ်နေပါပြီ။ ကိုယ့်ဆီမှာ ကောင်းတာလေး တစ်ခုရှိရင် သူငယ်ချင်း မိတ်ဆွေများကို ဝေမျှပေးပါ။ အဲဒီအခါ သူတို့မှာ ကောင်းတာလေး တစ်ခု တွေ့လာတဲ့ အချိန်ကျရင် သင့်ကိုလည်း သတိရပါလိမ့်မယ်။

ရယူခြင်း
ရယူခြင်း ဆိုရာမှာ ဘယ်က ဆိုတဲ့ စကားက အရေးကြီးပါတယ်။ ကိုယ်ရယူတဲ့ နေရာဟာ မှန်ကန်တိကျတဲ့ နေရာလား။ ယုံကြည် စိတ်ချရတဲ့ နေရာကလည်း ဆိုတာတွေကို သတိထားရပါမယ်။ သတင်းစာ ဂျာနယ်တွေမှာ အခုနောက်ပိုင်း ကိုးကား အင်တာနက် ဆိုတဲ့ စကားလေးကို တွေ့ရတယ်။ ဘယ်အင်တာနက် စာမျက်နှာက ကိုးကားတာလဲ။ အင်တာနက်ပေါ်မှာ လေးငါးနှစ်သားလောက်က စပြီး ရေးနေကြတာ အားလုံးကို အမှန်ယူလို့ မရပါဘူး။ ဒါကြောင့် ရယူခြင်း ဆိုရာမှာလည်း ကိုယ်လိုချင်တဲ့ဟာကို တိတိကျကျ ပေးနိုင်တဲ့ နေရာတွေက ဖြစ်ဖို့ အရေးကြီးပါတယ်။ ပေးတာကိုလည်း ယူတတ်ရပါတယ်။

စုဆောင်းခြင်း
ရယူထားတဲ့ အရာတွေကို ဒီအတိုင်း ဖြစ်သလိုထားလို့ မရပါဘူး။ သူ့သက်ဆိုင်ရာ အမျိုးအစားအလိုက် ခွဲခြား သိမ်းဆည်း ထားရမယ်။ ဘယ်အရာအတွက် ဘာတွေ စုနေတယ်ဆိုတာက ကိုယ့်ကိုကိုယ် သိနေရမယ်။ ဟိုဟာတွေ့လည်းစု ဒီဟာတွေ့လည်းစု ဆိုတာမျိုးက မကောင်းပါဘူး။ ကိုယ်ဘာလိုချင်တာလဲ ဆိုတာကို ပိုင်းခြား ထားရပါမယ်။ ဓာတ်ပုံ လိုချင်တယ် ဆိုရင်လည်း ဘာဓာတ်ပုံ၊ ဘယ်ဆိုဒ် စတာတွေကို အရင် ဆုံးဖြတ်ပြီး အဲဒါကိုပဲ တစိုက်မတ်မတ် ရှာဖွေ စုဆောင်းသင့်တယ်။ နည်းပညာ ဆိုရင်လည်း သူများတွေရဲ့ နည်းပညာကို သေချာလေ့လာ စုဆောင်းထားသင့်တယ်။

ထုတ်လုပ် ဖန်တီး
ကိုယ့်မှာ စုဆောင်းထားတာတွေ လုံလောက်ပြီ ဆိုတဲ့အခါ၊ အဲဒီဟာတွေကနေ ကိုယ့်ပညာကို အသုံးပြုပြီး အသစ်တစ်ခု ဖန်တီးရပါမယ်။ သူတစ်ပါးရဲ့ နည်းပညာတွေကနေလည်း ဉာဏ်ကွန့်မြူးပြီး ကိုယ့်အသစ်ကို ထုတ်နိုင်သေးတယ်။ ဥပမာ ပြင်သစ် ရူပဗေဒ သမားတစ်ယောက်က အင်္ဂလိပ် သင်္ချာသမား တစ်ယောက်ရဲ့ တွေ့ရှိချက် ဖော်မြူလာ တစ်ခုကို အသုံးချပြီး ရူပဗေဒအတွက် အသစ်တွေ့ရှိချက်တစ်ခု ဖြစ်အောင် လုပ်နိုင်တယ်။ ဒါကြောင့် နိုင်ငံတကာမှာ နည်းပညာ အသစ်တွေ နေ့တိုင်းနေ့တိုင်း ပေါ်နေတယ်။ အနည်းဆုံး ကိုယ်က ဓာတ်ပုံတွေ စုဆောင်းထားတယ် ဆိုရင်တောင် အဲဒီဓာတ်ပုံတွေကို ကဏ္ဍတွေခွဲပြီး ဓာတ်ပုံ ဂယ်လာရီကြီး လုပ်လို့ ရသေးတယ်။

ပညာရှင်
သင်ဟာ စုဆောင်းရင်း၊ မျှဝေရင်း၊ ပေါင်းစပ်တီထွင်ရင်းနဲ့ တဖြေးဖြေး ပညာတွေ တိုးတက်လာပြီးတဲ့နောက် ကိုယ်တိုင် ထုတ်လုပ်ဖန်တီး လာနိုင်တဲ့ အချိန်ကျတဲ့အခါ ပညာရှင် တစ်ယောက်အဖြစ် အများက အသိအမှတ် ပြုလာကြပါလိမ့်မယ်။ ဒါပေမယ့် အဲဒီနေရာမှာ ရပ်တန့်နေမယ်ဆိုရင် သင်ဟာ အဲဒါ တစ်ခုတည်းနဲ့ ပြီးဆုံး သွားပါလိမ့်မယ်။ ဒါကြောင့် ဟိုးအရင်က သင်စလျှောက်လှမ်းခဲ့တဲ့ လမ်းကလေးကို သတိတရနဲ့ သင်တွေ့ရှိတာ သင်ပေးနိုင်တာတွေကို အခြားသူတွေကို ပြန်လည် မျှဝေဖို့၊ အခြားသူတွေ ပေးထားတာတွေကိုလည်း စနစ်တကျ စုဆောင်း ရယူဖို့ အမြဲ လိုအပ်နေတယ် ဆိုတာကိုတော့ မမေ့ပါနဲ့။

အချုပ်ဆိုရရင် သင်ဟာ အခုအချိန်မှာ ဘာပဲ ဖြစ်နေနေ တချိန်ချိန်မှာ Geek တစ်ယောက် ဖြစ်နိုင်သေးတာပါပဲ။ ကိုယ်ဘယ်နေရာမှာလဲ ဆိုတာ အရင် သုံးသပ်ပြီး အဲဒီ နေရာကစလို့ စက်ဝန်းထဲကိုသာ ခုန်ချလိုက်ရုံပါပဲ

Tuesday, May 5, 2009

ဖတ်ဖူးသမျှဟာသများ (၂)

(၁) ကျွန်တော့်ဆန္ဒ
အထူးစည်းကမ်းတင်းကြပ်သည်ဟု နာမည်ကြီးသော လန်ဒန်မြို့ရှိ
ကျောင်းအိပ်ကျောင်းစားကျောင်း တစ်ခုသို့ တွမ်.. ဆိုသူ
ကျောင်းသားအသစ်တစ်ယောက်ရောက်ရှိလာသည်။
ဤကျောင်းသည် စည်းကမ်းကြီးလှကြောင်း မိဘများသို့ စာရေးလျှင် မလိုအပ်သည်များကို
မရေးသင့်ကြောင်း ကျောင်းသားကြီးများက တွမ် ကိုသတိပေးသည်။
အချိန်အနည်းငယ်အကြာတွင် တွမ်.. ထံမှ ပထမဆုံးစာကို တွမ်၏ မိဘများ
လက်ခံရရှိကြသည်။
စာမှာတိုတိုလေးဖြစ်သည်။
"ဖေဖေ.. မေမေတို့ခင်ဗျား... ကျွန်တော်တို့၏ ကျောင်းတွင် ကျောင်းသားပေါင်း ၃၈၇
ယောက်ရှိပါသည်။ ကျောင်းသားဦးရေ ၃၈၆ ယောက်သာဖြစ်စေလိုသော ဆန္ဒ ကျွန်တော့တွင်
ပြင်းပြလျက်ရှိပါသည်"

ချစ်တဲ့သား.. တွမ်"

၂) တော်တဲ့လူသတ်သမား
နာမည်ကြီး စုံစမ်းထောက်လှမ်းရေးအဖွဲ့ တစ်ခုက အလွန်အင်မတန်မှ ကို ရက်စက်သော
လူသတ်သမားတစ်ယောက်ကို အလိုရှိနေတဲ့အတွက် လူရွေးချယ်ကြပါတယ် ။
နောက်ဆုံး ဆန်ခါတင် အနေနဲ့ ယောင်္ကျား ၂ ယောက်နဲ့ မိန်းမ ၁ ယောက်
ကိုရွေးချယ်လို့ရကြတာပေါ့လေ ။
အဲဒီတော့ နောက်ဆုံး စမ်းသပ်မှု အနေနဲ့ သူတို့ ၃ ယောက်ကို စစ်ဆေးကြတာပေါ့ ။
ပထမဆုံး ယောင်္ကျားကို ဗလာကျည်ဆန်တွေ ပါတဲ့ သေနတ် တစ်လက်ပေးပြီး တစ်ဖက်အခန်းမှာ
ရှိတဲ့ သူ့မိန်းမကို သွားသတ်ခိုင်းပါတယ် ။
အဲဒီ လူက ခါးခါးသီးသီးကို ငြင်းပါတယ် .. သူ့မိန်းမကို သူ မသတ်ရက်ပါဘူးတဲ့ ...။
ဒုတိယ တစ်ယောက်ကလဲ ဒီလိုပဲ ကိုယ့်မိန်းမတော့ ကိုယ် မသတ်နိုင်ပါဘူးလို့ပဲ
ငြင်းပါတယ် ..။
အဲဒါနဲ့ နောက်ဆုံး အမျိုးသမီး အလှည့်ရောက်လာတာပေါ့
အမျိုးသမီးကိုပြောတယ် .. ဒီသေနတ်ကို ယူသွားပြီး ခင်ဗျား ယောင်္ကျားကို
ပစ်သတ်လာခဲ့ပါပေါ့ ..
အမျိုးသမီးက အခန်းထဲ ၀င်သွားတယ်
အခန်းထဲက ဆူဆူညံညံ အသံတွေ ကြားရပြီး အမျိုးသမီးက မောမောပန်းပန်းနဲပ
ပြန်ထွက်လာတယ်

အပြင်က အရာရှိတွေကို စိတ်ဆိုးဆိုးနဲ့ ပြောလိုက်တယ်

*ရှင်တို့က ဗလာကျည်ဆန်တွေ ဘာလို့ထည့်ထားတာလဲ .. အမလေး မနဲကို ရိုက်သတ်ခဲ့ရတယ်*

(၃) ဆိတ်ငြိမ်ရပ်ကွက်*

အိမ်ဝယ်မည့်သူက ပွဲစားကိုပြောသည်။
"အခုခင်ဗျားပြတဲ့ အိမ်ကိုတော့ ကြိုက်ပြီ..၊ ဒါနဲ့ ဒီရပ်ကွက်က..
တိတ်တိတ်ဆိတ်ဆိတ်ရှိရဲ့လားဗျ"

"အင်မတန်တိတ်ဆိတ်တာပေါ့.. ဒီနှစ်ထဲမှာ အိမ်ငါးအိမ် အနုကြမ်းစီးခံရတယ်..
လမ်းသွားလမ်းလာ သုံးယောက် အသတ်ခံရတယ်.. ဘယ်သူမှ ဘာအသံမှ မကြားဘူး.."

(၄)အတွေးကိုယ်စီ*

အိပ်ခန်းထဲတွင်ဖြစ်သည်။ အိပ်ပျော်စပြုရင်း.. မိန်းမ၏မျက်နှာတွင်
အပြုံးရိပ်ပေါ်လာသည်။
"မနက်ဖြန် ငါတို့လက်ထက်တဲ့ ၁၅ နှစ်မြောက်နှစ်ပတ်လည်နေ့ပဲ.. မနက်ကျရင်
ယောက်ျားဆီက လက်ဆောင်တစ်ခုခု ရတော့မှာပဲ.." ဟုတွေးသည်။
ဘေးတွေလှဲနေသော ယောက်ျားကလည်း သူ့အတွေးနှင့်သူဖြစ်သည်။
"လွန်ခဲ့သော ၁၅ နှစ်ကသာ ဒီမိန်းမကို ငါလည်ပင်းညှစ်သတ်ခဲ့ရင် မနက်ဖြန်ဆို
လွတ်ပြီ။"

(၅) ကောက်ချက်*

"မှုခင်းသတင်း"
အပိုင်းပိုင်း ခုတ်ဖြတ်ထားသော သေသူ၏အလောင်းကို ဂုန်နီအိတ်ထဲတွင်
ထည့်ချုပ်ထားသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် မိမိကိုယ်မိမိ သတ်သေသည့်
အမှုမဟုတ်ဟု ယူဆသည်။

(၆) ဖိနပ်စီးနေတာ

တစ်ခါက မြွေ၊ ပုရွက်ဆိတ်၊ ပင့်ကူနဲ့ ကင်းခြေများတို့ဟာ ဖဲအတူရိုက်ကြသတဲ့။
ဖဲရိုက်ရင်း တအောင့်ကြာတော့ ဆေးလိပ်ကုန်သွားလို့ သွားဝယ်ဖို့ တိုင်ပင်ကြတယ်။
မြွေ...... ငါ့မှာ ခြေမရှိဘူး။ ပုရွတ်ဆိတ်ကို သွားဝယ်ခိုင်းလိုက်
ပုရွတ်ဆိတ်...... ပင့်ကူမှာ ခြေ၈ချောင်းရှိတယ်။ ငါ့ထက်များတယ်..
သူ့ကိုသွားခိုင်းလိုက်...
ပင့်ကူ..... ငါ့မှာ ခြေများတယ်ဆိုပေမယ့် အကိုကြီးကင်းလောက်တော့ မများဘူး။
သူ့ကိုသွားခိုင်းလိုက်..
တစ်ယောက်တစ်ပေါက် ပြောဆိုကြတော့ ကင်းခြေက စိတ်မသက်မသာနဲ့....
"မတတ်နိုင်ဘူး။ ငါက ခြေထောက်ပိုများတော့ ငါပဲသွားပါ့မယ်ကွာ... " ဆိုပြီး
ဆေးလိပ်ဝယ်ဖို့ ထွက်သွားခဲ့တယ်။
ကျန်တဲ့အကောင်တွေက စောင့်ရင်း တစ်နာရီကြာတဲ့အထိ ကင်းက ပြန်မလာသေးဘူး။
ဆက်စောင့်ကြရင်း နှစ်နာရီကြာတဲ့အထိ ပြန်မလာတော့ ကျန်အကောင်တွေက စိတ်ပူပြီး
ပင့်ကူကို လိုက်ကြည့်ခိုင်းလိုက်တယ်။ လိုက်ကြည့်ဖို့ ပင့်ကူတံခါးဖွင့်လိုက်တော့
တံခါးဝမှာ ထိုင်နေတဲ့ ကင်းခြေကို တွေ့လိုက်တယ်။
ပင့်ကူက ဒေါသတကြီး
"မင်း ကြာလှချည်လား? "အားလုံး မင်းကို စောင့်နေတာ မင်းက
ဒီမှာဘာထိုင်လုပ်နေတာလဲ" လို့ အော်တော့
ကင်းခြေ ပြန်ဖြေလိုက်တာက
*"ဆေးလိပ်သွားဝယ်ဖို့ ငါဖိနပ်စီးနေတာ မပြီးသေးဘူးကွ"*

(၇) လိမ်ပြောခြင်း မဟုတ်

"ရထားဖြတ်သွားတိုင်း ကျွန်မတို့ အိမ်က ကုတင်က လှုပ်နေတတ်တယ်" ဟု
အမျိုးသမီး တစ်ဦးက အိပ်ရာကုတင်
ရောင်းသော လူကိုဖုန်းဆက်သည်။ ထိုလူလာရောက် စစ်ဆေးသောအခါ ထိုလူအား
ကုတင်ပေါ်တွင် လှဲလှောင်းစေ
ပြီး ရထားလာချိန်တွင် ကုတင်လှုပ် မလှုပ် ကိုယ်တွေစမ်းသပ်ခိုင်းသည်။
ထိုလူကုတင်ပေါ်လှဲအချတွင် အမျိုးသမီး၏
ယောက်ကျားပြန်အလာနှင့် တိုးသည်။
"ကျုပ်မိန်းမ ကုတင်ပေါ်မှာ ခင်ဗျားဘာလုပ်နေသလဲ" ဟု မေးရာ ထိုလူက
"ကျွန်တော် ရထားစောင့်နေတယ်လို့ ပြောရင် ခင်ဗျားယုံမလား" ဟု ပြန်ဖြေသည်။

အမှန်ပြောသော စကားအချို့သည် လိမ်နေသည်နှင့် တူပြီး လိမ်ပြောသော
စကားအချို့သည် သံသယမရှိ ယုံကြည်
စေတတ်သည်။

(၈)သတင်းကောင်း

ယောကျာ်းဖြစ်သူ အလုပ်က ပြန်လာသည်။ မိန်းမဖြစ်သူရဲ့ ညိုးငယ်သော မျက်နှာကို ကြည့်ကာ အိမ်တွင် တစ်ခုခုဖြစ်ပြီဟု သိလိုက်သည်..
ယောကျာ်း ။ ။"မကောင်းတဲ့ သတင်းနဲ့ ငါ့ကို မကြိုနဲ့ကွာ၊ ရုံးမှာ စိတ်ညစ်ရတာနဲ့ကိုပဲ ငါ့မှာ လုံလောက်နေပြီ"
မိန်းမ။ ။ကောင်းပြီ ရှင်ကို သတင်းကောင်းနဲ့ အရင်ပြောမယ်၊ ကျွန်မတို့ဆီမှာ ကလေးငါးယောက် ရှိတယ်နော်။
အဲ - လေးယောက်ဟာ ဒီနေ့မှာ ခြေထောက်ရော လက်ရော မကျိုးဘူး"

(၉) စိုးရိမ်လို့ပါ..

ရောဂါကြီးသဖြင့် လုံးဝ မျှော်လင့်ချက်မရှိတော့သော လူနာအဖြစ် ဆရာဝန်များ လက်လျှော့ထားကြသော ကိုမေတ္တာက
ဇနီးသည်ကို ပြောသည်။
ယောက်ျား။ ။"မင်း ငါ့အပေါ် တစ်သက်လုံး သစ္စာစောင့်ခဲ့တဲ့ မိန်းမ ဖြစ်ကောင်းဖြစ်မယ်။ သစ္စာဖောက်ခဲ့တာလည်း
ဖြစ်ချင်ဖြစ်နိုင်တယ်။ ဘယ်လိုလိုပဲဖြစ်ဖြစ် ငါမသေခင် အမှန်ကို သိသွားချင်တယ်ကွာ.. ငါ့ကို
မှန်မှန်ပြောပါ။ ငါ့ကိုမင်း သစ္စာ ဖောက်ခဲ့ဖူးသလား"
မိန်းမ။ ။"မတော်တဆ ရှင်မသေရင် ဘယ့်နှယ် လုပ်မလဲ"

(၁၀) ကိုယ်ချင်းစာကြည့်ပေါ့

ဆရာမသည် အတန်းသားများကိုခေါ်ကာ တိရစ္ဆာန်ရုံသို့သွားသည်၊ တိရစ္ဆာန်ရုံသို့ ရောက်သောအခါ ကလေးများသည် မျောက်များရှိရာဘက်သို့ ပြေးသွားကြသည်၊ သို့သော် မျောက်တစ်ကောင်ကိုမှ မတွေ့ချေ၊ သို့နှင့် ဆရာမက တိရစ္ဆာန်ရုံဝန်ထမ်းအား အကြောင်းရင်းကို မေးရာ ဌင်းက ပြောသည်။
"ဒီလိုပါ အခုချိန်ဟာ မျောက်တွေ မိတ်လိုက်တဲ့ အချိန်ပါ။ အခုလူတွေ မမြင်အောင် သူတို့ လှောင်အိမ်ထဲ ၀င်နေကြပါတယ်"
ဆရာမသည် ရှက်သွေးဖြာသွားသည်၊ သို့သော် က္ကုနြေ္ဒကို ဆယ်လိုက်ပြီး ၀န်ထမ်းကိုပြောသည်။
"ဟုတ်ကဲ့ ကျမနားလည်ပါတယ်၊ ဒါပေမယ့်ရှင်၊ ကလေးတွေက သနားပါတယ်၊ သူတို့ခမျာ မျောက်ကို တွေ့ဖူးချင်ကြလွန်းလို့ခဏခဏပူဆာနေတာနဲ့ ကျွန်မအခု ခေါ်လာတာရှင့်၊ ဌက်ပျောသီးတွေ ပစ်ပေးပြီး မျှားခေါ်ရင်ကော သူတို့ ထွက်လာမယ်ထင်သလားဟင်"
တိရစ္ဆာန်ရုံဝန်းထမ်းက ပြန်ပြောသည်။
"ကျနော်တော့ သိပ်မထင်ဘူးဗျ။ ကိုယ်ချင်းစာကြည့်ပေါ့ဆရာမရယ်"