Friday, September 25, 2009

Gtalk ကဲ့သို့အသုံးပြုနိုင်မည့် M-talk

မြန်မာနိုင်ငံ၏ ပထမဆုံးသော အွန်လိုင်းမှပြည်တွင်း၊ ပြည်ပဖုန်းခေါ်ဆိုခြင်း၊ အီးမေးလ်၊ ချက်တင်အသုံးပြုခြင်းများကို ၀န်ဆောင်မှုပေးမည့် Mtalk ဆားဗစ်ကို မကြာမီကာလအတွင်း အများပြည်သူသို့
စတင်သုံးစွဲခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဝန်ဆောင်မှုအား ပြည်တွင်းမှနည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Myanmar Technology Gateway မှဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ Mtalk ဆားဗစ်မှာ မြန်မာပြည်တွင်း၌လူသုံးများလျက်ရှိသော Gtalk နှင့် Pfingo ကဲ့သို့ ၀န်ဆောင်မှုများအတိုင်း ၀န်ဆောင်မှုပေးမည်ဖြစ်ကြောင်းသိရသည်။

“ Mtalk ဆားဗစ်ကို စပြီးအကောင်အထည်ဖော်ခဲ့တာကြာပါပြီ။ အဓိကရည်ရွယ်ချက်ကတော့ ပြည်တွင်းမှာရှိတဲ့သူတွေအနေနဲ့ နိုင်ငံတကာသို့ အွန်လိုင်းပေါ်ကနေဖုန်းခေါ်တာတို့၊ chatting လုပ်တာတွေကို ပြည်တွင်းကနေ ၀န်ဆောင်မှုပေးချင်တာကြောင့် ဖြစ်ပါတယ်။ နောက်ထပ် ၂လ၊ ၃လအတွင်းလောက်မှာ
Pfingo လိုမျိုးအကောင့်ရှိရုံနဲ့ ပြည်တွင်းရော၊ ပြည်ပရော အွန်လိုင်းကနေဖုန်းခေါ်ပြောဆိုနိုင်မဲ့ဝန်ဆောင်မှုကို
စတင်တော့မှာဖြစ်ပါတယ်” ဟု Myanmer Technology Gateway မှ တာဝန်ရှိသူ ဦးအောင်ကျော်စိုးဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။

လက်ရှိအချိန်တွင် Mtalk Application အားစတင်သုံးစွဲရန် Download လုပ်ခွင့်ပေးထားပြီး သုံးစွဲသူ၏အမည်နောက်တစ်ခုနှင့် email Chatting အသုံးပြုနိုင်ကြောင်းသိရသည်။ Mtalk ၏၀န်ဆောင်မှုတွင် ထူးခြားချက်မှာ Mtalk အသုံးပြု သူများသည် Gtalk အသုံးပြုသူများကိုပါဖိတ်ခေါ်၍ ပြောဆိုနိုင်ခြင်း၊ Mtalk မှတဆင့် နိုင်ငံတကာဖုန်းများကို တိုက်ရိုက်ခေါ်ဆိုနိုင်သည့်ဝန်ဆောင်မှုများကို
ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

“ လတ်တလောမှာ အီးမေးလ်နဲ့ chatting ကိုအခမဲ့သုံးခွင့်ပေးမယ်၊ VOIP ကိုစမ်းသုံးခွင့်ပေးမယ်၊ အွန်လိုင်းပေါ်ကနေ ဖုန်းခေါ်ဆိုတဲ့စနစ်အတွက်ကိုတော့ ငွေပေးသွင်းတဲ့စနစ်နဲ့ စီစဉ်ထားပါတယ်။
လောလောဆယ်ကတော့ ဘယ်လောက် ပေးသွင်းရမယ်ဆိုတာကို မသတ်မှတ်ရသေးပါဘူး”
ဟုတာဝန်ရှိသူ ဦးဇော်မင်းဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။

ယင်းကုမ္ပဏီ၏ Mtalk အတွက်အသုံးပြုသည့်ဆာဗာမှာ ပြည်တွင်း၌ပင်ရယူထားကြောင်းသိရသည်။ Mtalk ၀န်ဆောင်မှုအား အသေးစိတ်လေ့လာလိုသူများအနေဖြင့် http://www.myanmartalk.net/
တွင်ဝင်ရောက် လေ့လာနိုင်သလိုMtalk Application Software ကိုလည်း
http://http://www.myanmartalk.net/myanmarmtalkdownloads.html အခမဲ့ Downloadလုပ်ခွင့်ပေးထားကြောင်းသိရသည်။
http://www.zaunglay.co.cc/2009/03/gtalk-m-talk.html အင်တာနက်Speedကို၂၀%မြန်အောင်လုပ်နည်း..

Start Menu--->> Click Run (window+R)
Type gpedit.ms c , Enter
ဘယ်ဘက်ခြမ်းက Computer Configuration ကို Expand (+)
Administrative Templates ကို Expand
Network ကို Expand
Qos Packet Scheduler ကိုရွေးပါ။
ပြီးလျှင် ညာဘက်ခြမ်းက Limit Reservable Bandwidth ဆိုတဲ့စာကြောင်းပေါ်မှာ
double Click
Limit Reservable Bandwidth Properties box မှာ Enable option ကိုရွေးပါ။
Bandwidth Limit [%] box မှာ 0% ကို 20 % ပြောင်းပြီး ok နှိပ်ထွက်ပါ။
ပိုမြန်လာပါလိမ့်မယ်..။

window စတက်လာရင် မိမိကြိုက်တဲ့ သီချင်းသံလေးထည့်ကြည့်ရအောင်....
ပထမဆုံးအနေနဲ့ မိမိထည့်လိုတဲ့သီချင်း (သို့) အသံဖိုင်တစ်ခုရှာထားရပါမယ်..format ကတော့
*.wav ဖြစ်မှရမယ်နော်။။ကျန်တဲ့ format တွေကို window က မသိပါဘူး။ပြီးရင် task bar ပေါ်က speaker icon လေးပေါ်မှာ Right click လုပ်၊ Adjust Audio Properties ဆိုတာကို နှိပ်၊ ပေါ်လာတဲ့ box မှာ sound tab ကိုနှိပ်။ program event အောက်က start window ဆိုတာလေးကို select လုပ်( speakerပုံးလေးနဲ့)
အဲဒီအောက်မှာ Browse ကိုနှိပ်ပြီး ကိုယ်သိမ်းထားတဲ့ ဖိုင် ကို open လုပ်ပြီး apply လုပ်၊ok လုပ်လိုက်ပါ။
ဒါဆိုရင် Window ကို အစကနေ Restart ပြန်လုပ်ကြည့်လိုက်ပါက မိမိထည့်ထားတဲ့ အသံလေး ထွက်လာပါလိမ့်မယ်..
အဆင်ပြေပါစေ..........