Thursday, July 1, 2010

DV lottery 2011 ကို Online ကနေစစ်ရအောင်...

ဂျုလိုင်လ ၁ရက်နေ့ဆို အမေရိကန် အစိမ်းကဒ်နေခွင့်ကံစမ်းမဲ (Electronic Diversity Visa Lottery) လက်ခံတာကို ရပ်ပြီး မဲ ၅၀,၀၀၀ဖောက်ပေးတဲ့ အဖြေတွေကို ကြေငြာပါပြီ။ အမေရိကန် အစိမ်းကဒ်နေခွင့်ကံစမ်းမဲတွေကို အွန်လိုင်းကနေ အခမဲ့လျှောက်လို့ရသလို အေးဂျန့်တွေကနေ အဖိုးအခပေးပြီးလျှောက်လို့ရပါတယ်။ အခမဲ့လျှောက်မယ်ဆိုရင်တော့ အောက်တိုဘာမှနိုဝင်ဘာလထိသာလျင် လက်ခံပြီး အေးဂျန့်တွေကနေဆိုရင်တော့ တစ်နှစ်ပတ်လုံး၊ ဂျုလိုင်လ ၁ရက်နေ့မတိုင်မှီ လျောက်လို့ရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအပါအ၀င် ဆင်းရဲတဲ့တိုင်းပြည်တွေအတွက် ဖောက်ပေးတာ ဖြစ်ပြီး နှစ်တိုင်း မြန်မာနိုင်ငံက တော်တော်များများ ပေါက်ကြပါတယ်....

အနည်းဆုံးလိုအပ်ချက်ကတော့
(၁)လျောက်ထားတဲ့သူဟာ လျှောက်ခွင့်ရတဲ့တိုင်းပြည်မှာ မွေးဖွားသူဖြစ်ရပါမယ်
(၂)လျောက်ထားတဲ့သူဟာ အခြေခံ အထက်တန်းအောင်ပြီး (သို့မဟုတ်) DOL ကလက်ခံတဲ့ အတွေ့အကြုံ၂နှစ်နဲ့အထက်ရှိရပါမယ်။
(၃) ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံနဲ့သာ လျှောက်ခွင့်ရှိပါတယ်၊
(၄) ပင်ပလျှောက်သူအနေနဲ့ တစ်နှစ်မှာ တစ်ကြိမ်သာ လျှောက်ခွင့်ရှိပါတယ်၊ အိမ်ထောင်ဖက်က ထပ်မံလျှောက်ခဲ့ရင်တော့ ထည့်သွင်းလျောက်ရမှာဖြစ်ပါတယ်။
(၅) အမည်၊မွေးသက္ကရာဇ်၊ အီးမေးလ် လိပ်စာတို့ကိုထည့်သွင်းဖော်ပြရပါမယ်။...
အသေးစိတ်သိချင်ရင်တော့ အသေးစိတ် ကိုဖတ်ပါရှင်။

၂၀၁၁နှစ်အတွက် အဖြေသိချင်ရင်တော့ အသေးစိတ် ကိုဖတ်ပါရှင်။ ကံထူးနိုင်ကြပါစေ။.....

Friday, June 25, 2010

ဆရာကြီးပီမိုးနင်း၏အချစ်ရေးသာဒနများ

အချစ်ရေးသာဒနများ


( ၁) ယခုကာလ လင်နှင့်မယား အကွဲမြန်ကြခြင်းသည် အချစ်ချင်း မတူကြသောကြောင့်ပင်ဖြစ်၏။

အကြောင်းမူကား မိန်းမကလည်း နည်းနည်းချစ်၏ ယောက်ျားကလည်း နည်းနည်းချစ်၏။

( ၂) အဖိုးတန်သော မယားကို အ၀တ်ကြောင့်မရပေ၊ အသုံးအစားကြီးကာ ပလွှားသော မယားကိုသာ အ၀တ်နှင့် မြူ ရပေမည်။

( ၃) အချစ်ဆိုသည်မှာ ချစ်ခိုက်သာလျှင်ချစ်၏ မုန်းလျှင်ပစ်၏ တကယ်ရှိသောအရာမဟုတ် ခေတåမျှ ကောင်းကင်၌ ပေါ်သောတိမ်ရုပ်နှင့်တူ၏/

( ၄) အချစ်ကြောင့် သောကမီးတောက်ခြင်းသည် အပို ရူးမိုက်ခြင်း ဖြစ်လေသည်။

( ၅) အမြဲတုံးလျက်မသွေးဘဲထက်သောဓါးသည် လင်ကိုနိုင်သော မိန်းမ၏လျှာဖြစ်လေသည်။

( ၆) မိန်းမပီသသော မိန်းကလေးသည် အ၀တ်၌လည်းကောင်း အပြောအဆို၌လည်းကောင်း အကြံအစည်၌လည်းကောင်း ပလွှားဝင့်ဝါခြင်း မရှိအပ်ပေ။

( ၇) ယောက်ျားတစ်ယောက် ချွဲချွဲပစ်ပစ် ပြောသည့်အခါ ယုံလွယ်ကြသည်မှာ မိမိတို့ကိုယ်ကို အထင်ကြီးကြခြင်း ကြောင့်ဖြစ်လေသည်။

( ၈) မိန်းမတို့၏ အဖိုးတန်ခြင်းသည် အကျင့်ကောင်းခြင်း စိတ်ကောင်းခြင်း၌သာ တည်သည်။

( ၉) မိန်းမများ၌ အကြီးဆုံးသောရန်သူသည် ယုံတတ်သောစိတ်ဖြစ်သည်။

(၁၀) အချစ်သည် ဆိတ်ကွယ်ရာ၌ ကိလေသာဘက်ကို သာလွန်နီးကပ်တတ်လေသည်။

(၁၁) ချစ်သာချစ်စေ မနစ်စေနှင့်။

မှတ်ချက်။  ။GTU online မှကူးယူဖော်ပြသည်။

Tuesday, May 25, 2010

မေမေ့ မေးခွန်း

မေမေ ကျွန်မကို မေးနေကြ စကားလေးတစ်ခွန်းရှိပါတယ်။

"လူ့ခန္ဓာကိုယ်မှာ ဘယ်အစိတ်အပိုင်းဟာ အရေးအကြီးဆုံးလဲတဲ့။"

အဲ့ဒီမေးခွန်းရဲ့ အဖြေမှန်ကို ကျွန်မသိရဖို့အတွက် နှစ်တွေတော်တော်ကြီးကို ကြာခဲ့ပါတယ်။

ကျွန်မ ကလေးအရွယ်တုန်းကတော့ အသံဟာအရေးအကြီးဆုံးလို့ ထင်ပြီး
“သမီးရဲ့ နားတွေပေါ့ မေမေ..” လို့ဖြေခဲ့ပါတယ်။

မေမေက ပြုံးပြီးကျွန်မကိုကြည့်တယ်။ ပြီးတော့
“မဟုတ်ဘူးသမီး.. လူတော်တော်များများက နားမကြားလည်း ဘဝကိုဆက်နေသွားနိုင်သေးတယ်လေ.. ဒါပေမယ့် သမီးဆက်စဉ်းစားပါဦး.. မေမေ နောက်တော့မှ ထပ်မေးမယ်..”။

အဲ့ဒီမေးခွန်းလေးကို နှစ်တွေအများကြီးကြာမှ မေမေ ကျွန်မကို ထပ်မေးခဲ့တယ်။ ပထမတစ်ကြိမ် ကြိုးစားဖြေခဲ့ပြီးကတည်းက ကျွန်မ လေးလေးနက်နက် ထပ်ပြီးအဖြေကို စဉ်းစားထားပြီးပါပြီ။ ဒါနဲ့ ဒီတစ်ခေါက် မေမေ့မေးခွန်းကို ချက်ချင်းပဲ ဖြေလိုက်တယ်။
“မြင်ရတာဟာ လူတိုင်းအတွက် အရမ်းကို အရေးကြီးပါတယ် မေမေ.. အဲ့ဒါကြောင့် အဖြေက သမီးတို့ရဲ့ မျက်စိတွေပဲပေါ့..”။

မေမေ ကျွန်မကို အရင်တစ်ခါကလိုပဲ ပြုံးပြီး ကြည့်တယ်။
“သမီးက သင်ယူတာမြန်သားပဲ.. ဒါပေမယ့် အဖြေက မမှန်သေးဘူး သမီးရဲ့.. လောကကြီးမှာ မျက်စိမမြင်တဲ့ သူတွေအများကြီးလေ.. သမီးလေး..”။

နှစ်တွေထပ်ကြာတဲ့တိုင်အောင် စိတ်မလျှော့သေးဘဲ ကျွန်မထပ်စဉ်းစားလိုက် မေမေမေးခဲ့ရင် ဖြေလိုက်နဲ့ အကြိမ်ကြိမ် မှားနေခဲ့တယ်။ မေမေကတော့ “မမှန်သေးဘူးသမီး.. ဒါပေမယ့် မေမေ့သမီးလေးက ပိုပိုပြီး တစ်နှစ်ထက် တစ်နှစ် ရင့်ကျက်လာတာ မေမေခံစားရတယ်” လို့ပဲ အမြဲတမ်း ဖြေပေးခဲ့တယ်။

ဒီလိုနဲ့....... ပြီးခဲ့တဲ့နှစ်က ကျွန်မ အဖွားဆုံးသွားခဲ့တယ်။
လူတိုင်း ရင်ထဲမှာဆို့နင့် နာကျင်နေခဲ့တယ်။ လူတိုင်းလည်း ငိုခဲ့တယ်။ တစ်သက်နဲ့တကိုယ် ဖေဖေငိုတာ မတွေ့ခဲ့ဖူးပေမယ့် အဖွားဆုံးတော့ ဖေဖေဝမ်းပန်းတနည်းငိုတာ ကျွန်မမြင်ခဲ့ရတယ်။ အဖွားရုပ်ကလပ်ကို နောက်ဆုံးအနေနဲ့အနီးကပ် ကြည့်ဖို့ ကျွန်မနဲ့မေမေ ရုပ်ကလပ်တင်ထားတဲ့ နေရာလေးမှာ သွားရပ်ကြတယ်။

အဲ့ဒီအချိန်မှာ မေမေက
“လူ့ခန္ဓာကိုယ်မှာ ဘာအရေးကြီးဆုံးလဲ သမီးသိပြီလား..”
ဆိုပြီး ရုတ်တရက် မေးတော့ ကျွန်မ တော်တော်အံ့သြသွားတယ်။
ဒီအချိန်မျိုးမှာမှ ဘာလို့မေမေ ဒီမေးခွန်းကို မေးရတာလဲ.. ဒီမေးခွန်းဟာ ကျွန်မနဲ့မေမေ ကြား ကစားနည်းသက်သက်တစ်ခု ပဲလို့ ကျွန်မယူဆထားတာလေ..။ ကျွန်မရဲ့ နားမလည်နိုင်ဘဲ စိတ်ရှုပ်သွားတဲ့ မျက်နှာကို မြင်ပြီး မေမေက..
“ဒီမေးခွန်းဟာ အရမ်းကို အရေးကြီးတယ် သမီး.. သမီးဘဝမှာ ဘယ်လိုမျိုး နေထိုင်ခဲ့တယ်ဆိုတာ မေးခွန်းက ပြနေတယ်.. ကိုယ်ခန္ဓာအစိတ်အပိုင်း တော်တော် များများတွေကို အဖြေထင်ပြီး သမီးဖြေခဲ့တိုင်း သမီးမှားတယ်လို့ မေမေပြောတယ်.. ဘာကြောင့်ဆိုတာကို ဥပမာတွေ မေမေ ပြောခဲ့တယ်နော်.. ဒါပေမယ့် ဒီနေ့က ဒီသင်ခန်းစာကို သမီးသင်ယူရမယ့် နေ့ဖြစ်နေပြီ..”။

မေမေ့မျက်လုံးနှစ်ဖက်လုံး ငိုထားလွန်းလို့ ဖူးရောင်နေတာ ကျွန်မမြင်နေရတယ်။ မျက်ရည်တွေလဲ စိုနေတုန်းပါပဲ။ မေမေက..
“သမီးလေး.. လူ့ကိုယ်ခန္ဓာမှာ အရေးအကြီးဆုံးက ပုခုံးတွေပေါ့..”
လို့ နွေးနွေးထွေးထွေးကြည့်ပြီး ကျွန်မကိုပြောတယ်။ ကျွန်မ ပြန်မေးမိတယ်..
“ပုခုံးက သမီးရဲ့ခေါင်းကို ထိန်းထားရလို့လား..မေမေ..”။

မေမေပြန်ဖြေတဲ့စကားဟာ ကျွန်မတသက်အကြီးမားဆုံး တန်ဖိုးအရှိဆုံး သင်ခန်းစာပါပဲ..။
“မဟုတ်ဘူးသမီး.. ဘာလို့ဆိုတော့ သူက ချစ်တဲ့သူတွေ..သူငယ်ချင်းတွေ..ရဲ့ ဦးခေါင်းတွေကို ထိန်းပေးထားလို့ပဲ..လူတိုင်းက ဘဝမှာ သူတို့ရဲ့ ဝမ်းနည်းအားငယ်မှု..နာကျင်မှုတွေခံစားမိရင် ငိုဖို့ တချိန်ချိန်တော့ ပုခုံးတစ်ဖက်လိုချင်ကြတယ်.. မေမေအမျှော်လင့်ဆုံးက သမီးဘဝမှာ ချစ်ခြင်းမေတ္တာ နဲ့ပြည့်စုံနေပြီး..သမီးလိုအပ်တဲ့အချိန်မှာ သူတို့ရဲ့ ပုခုံးတစ်ဖက်ကို ပေးချင်ကြတဲ့ သူငယ်ချင်းကောင်း..မိတ်ဆွေကောင်းတွေ ရှိနေဖို့ပါပဲ..သမီးလေး..”။

အဲ့ဒီနောက်မှာတော့ ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာမှာ အရေးကြီးဆုံးအစိတ်အပိုင်းက တစ်ကိုယ်ကောင်းမဆန်တဲ့နှလုံးသာ ဆိုတာ ကျွန်မ ကောင်းကောင်းသဘောပေါက်သွားပါတယ်။ အဲ့ဒါဟာ တစ်ယောက်ရဲ့ ဝေဒနာတွေကို တစ်ယောက်က နားလည်စာနာမှုပေးတယ်လို့ ပြောလည်းရတယ်။

လူတွေဟာ သင်ဘာပြောခဲ့သလဲ.. ဘာတွေလုပ်ခဲ့လဲ ဆိုတာ မေ့ချင်မေ့သွားနိုင်ပေမယ့် သူတို့ကို သင်ဘယ်လိုခံစားရအောင်လုပ်ပေးခဲ့လဲ ဆိုတာ ဘယ်တော့မှ မေ့ကြမှာ မဟုတ်ပါဘူး။

အားလုံး အချင်းအချင်း ချစ်ခြင်းမေတ္တာလေးတွေနဲ့ ကိုယ်ချင်းစာ နားလည်ဖေးမနိုင်ကြပါစေ..း )

(copied from Mon's second post from 53blog....)

Friday, May 21, 2010

အချစ်ဆိုတာ


ကံအကြောင်းတိုက်ဆိုင်စွာ မထင်မှတ်ပဲ "မွန်"လို့ခေါ်တဲ့ ညီမလေးတစ်ယောက်နဲ့ ခင်မိပြီး သူမရေးထားတဲ့ အနုအရွ အလှအပ အနုပညာ ခံစားချက်တွေနဲ့သီကုံး ရေးထားတဲ့ ကဗျာလေး ၊ စာလေးတွေ ဘာသာပြန်လေးတွေ တင်ဖို့ နှစ်ဦး သဘောတူ စိတ်ကူးရတာနဲ့ ဖြေးဖြေးချင်း တပုဒ်ချင်းတင်သွားမယ်လို့ ဆုံးဖြတ်ရင်း........
ပထမအနေနဲ "အချစ်ဆိုတာ"လေးကို ခံစားကြည့်ကြပါအုန်း...

သူမဟာ တက်တက်ကြွကြွ နဲ့ အရင်က ငါးသုံးဘလောက်မှာ ရေးသားသူတယောက်ပါ။ အခုတော့ ကိုယ့်သဘော ကိုယ့်ဆနနဲ အငြိမ်းစားယူသွားကြောင်း...:D

"အချစ်ဆိုတာ"

လမ်းမတစ်ခုပေါ်မှာ တစ်နာရီ မိုင် ၁၀၀ ကျော်နှုန်းနဲ့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ဆိုင်ကယ်စီးလာတယ်။

ကောင်မလေး။ ။ အရှိန်လျှော့ပါဦး.. ငါကြောက်တယ်..

ကောင်လေး ။ ။ မလျှော့ပါဘူး.. ပျော်စရာကောင်းတယ်ဟ..

ကောင်မလေး။ ။ ဟင့်အင်း.. ပျော်စရာမကောင်းဘူးဟာ.. ငါအရမ်းကြောက်နေပြီ..

ကောင်လေး ။ ။ ဒါဆို နင်ငါ့ကိုချစ်တယ်လို့ ပြော..

ကောင်မလေး။ ။ အေး..ဟုတ်ပြီ.. ငါနင့်ကိုချစ်တယ်.. အရှိန်လျှော့ပါတော့နော်..

ကောင်လေး ။ ။ ငါ့ကို အခု တအားဖက်ထားပေးဟာ..

(ကောင်မလေးက တင်းတင်းလေး ဖက်ထားလိုက်တယ်..)

ကောင်လေး ။ ။ ငါ့ ဆိုင်ကယ်ဦးထုပ်ကို ချွတ်ပြီး နင်ဆောင်းထားပေးပါလား.. ခေါင်းတွေ ရှုပ်လို့..

~~~၊၊၊၊၊၊၊၊၊၊၊~~~

နောက်တစ်နေ့ထုတ် သတင်းစာမှာ ဆိုင်ကယ်တစ်စီးက အဆောက်အအုံတစ်ခုကို ဝင်တိုက်မိပြီး မှောက်သွားတယ်ဆိုတဲ့ သတင်း ပါလာခဲ့တယ်။

ဘာလို့မှောက်ရတာလဲဆိုတော့.. ဆိုင်ကယ်ရဲ့ ဘရိတ် လုံးဝပျက်စီးသွားခဲ့တယ်။

ဆိုင်ကယ်စီးတာကတော့နှစ်ယောက်..ဒါပေမယ့်တစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ခဲ့တယ်။ အဖြစ်မှန်ကတော့ .. ဆိုင်ကယ်စီးရင်း လမ်းတစ်ဝက်လောက်မှာ ဘရိတ်ပျက်စီးသွားမှန်း ကောင်လေးသိသွားတယ်။ဒါပေမယ့် ကောင်မလေးကို ကြောက်သွားမှာစိုးလို့ အသိမပေးခဲ့ဘူး။ ကောင်မလေးဆီက ချစ်တယ်ဆိုတဲ့ စကားလေးကို ကြားသွားနိုင်ခဲ့တယ်။

နောက်ဆုံးအနေနဲ့ ကောင်မလေး သူ့ကို နွေးနွေးထွေးထွေးနဲ့ ဖက်ထားတာကို ကြည်နူးသွားခဲ့တယ်။

ပြီးတော့..... သူ့ ဦးထုပ်ကို ပေးဆောင်းသွားခဲ့တယ်။ သူ့အသက်သေဆုံးသွားစေတာတောင် သူချစ်တဲ့ ကောင်မလေးကို အသက်ရှင်စေခဲ့တယ်။

(တကယ်ချစ်ကြရင် တစ်ယောက်ကို တစ်ယောက် ဘယ်လောက်ပဲဖြစ်ဖြစ် ပေးဆပ်ဝံ့ကြတယ် ဆိုတာ.....။ :D)

Saturday, April 24, 2010

မြန်မာပြည်ပြန်စဉ် ဖူးဖြစ်သောဘုရားများ

မြန်မာပြည်ပြန်တဲ့အခါတိုင်း ဖူးဖြစ်တဲ့ဘုရားများကို အမှတ်တရ မှတ်တမ်းတင်ထားချင်လို့ပါ။ တကြိမ်ထဲနဲ့ ဘုရားအကုန် မဖူးနိုင်ပါဘူး။ ပထမအကြိမ်က ပုဂံဘုရားတွေ သွားဖူးဖြစ်တယ်. ဒုတိယအကြိမ်တော့ မန္တလေးဘက်ကဘုရားတွေ သွားဖူးဖြစ်တယ်။ တတိယအကြိမ်တော့ ကျိုက်ထီးရိုးပဲ သွားဖြစ်တယ်။ အားလုံးပေါင်းပြီး တင်ထားပါတယ်။ မြန်မာပြည်မှာ ဖူးဖြစ်သော ဘုရားများရှိသလို မရောက်ဖူး မဖူးရသေးသောဘုရားများ အများကြီးရှိပါသေးတယ်။ မရောက်ဖူးသေးသော ဘုရားများထဲမှာ အလွန်ရောက်ဖူးချင်သောဘုရားများမှာ......
(၁) ရခိုင်မြောက်ဦးဘုရားများ
(၂) အင်းလေး ဖောင်တော်ဦးဘုရား
(၃) မန်းရွေဆက်တော်ဘုရား
(၄) အင်းတော်ကြီးအိုင်ဘုရား
(၅) အလောင်းတော် ကဿဖဘုရား များဖြစ်ပါတယ်။ ကံအကြောင်းတိုက်ဆိုင်ရင်တော့ တနေ့နေ့ ရောက်အောင် သွားဖြစ်မယ်လို့မျော်လင့်ရင်း......

ပဲခူးရွေမောတောဘုရား

ရွေတိဂုံဘုရား

မကွေးမြသလွန်ဘုရား

ဥမင်သုံးဆယ်ဘုရား



မန္တလေးမဟာမြတ်မုနိဘုရား



ဆူးလေဘုရား



ကျိုက်ပေါလေမျက်ရှင်ဘုရား

ဆံတော်ရှင်ကျိုက်ထီးရိုးဘုရား
မင်းကွန်းခေါင်းလောင်း
မြသိန်းတန်ဘုရား
မင်းကွန်းပုထိုးတော်ကြီးဘုရား
စစ်ကိုင်းကောင်းမုတော်ဘုရား
စစ်ကိုင်းကောင်းမုတော်ဘုရား
မိုးညင်းသဗ္ဓုတေဘုရား
ပဲခူးလျောင်းတော်မူဘုရား
ပုဂံဘုရားများ
ပုဂံဘုရားများ ပုဂံပုပ္ပါး
ပုဂံဘုရားများ

Thursday, March 18, 2010

ကျိန်စာ သင့်သူ

တခါတရံ…..
ဘ၀ရဲ့ ခက်ခဲမှုတွေကို
အလွယ်တကူ ညစ်ညူးလိုက်
အလွယ်တကူ ယစ်မှူးလိုက်…….

တခါတရံ…..
ဘ၀ရဲ့ နာကြည်းမှုတွေကို
ကျိတ်မှိတ်ဖြေသိမ့်ရင်း
ပျော်ရွင်မှုတွေက ၀ိုးတ၀ါး………

တခါတရံ…..
ဘ၀ရဲ့ ကြမ်းတမ်းမှုတွေကို
အလွယ်တကူ မေ့ပစ်ချင်ပေမဲ့
ကြည်နူးမှုက ကပိုကရို…..

တခါတရံ…..
ဘ၀ရဲ့မုန်တိုင်းအောက်မှာ…
အတုံးအရုံး…
ဘ၀ရဲ့အချိုးအကွေ့မှာ
နိမ့်ချီ မြင့်ချီ…
ဘ၀ရဲ့ လှိုင်းတံပိုးအောက်မှာ
မြုပ်လိုက်ပေါ်လိုက်နဲ့….

လာ….
လောကဒဏ်ကို
ရင်ဆိုင်မယ်….
အခု…………..

Wednesday, March 17, 2010

RWS Sentosa Soft Opening


Universal Studios Singapore will open its doors to the public on 18 March 2010 at 8:28 am.

How to Buy

You may do so online at http://www.rwsentosa.com/, via the Resorts World Sentosa Call Centre (+65 6577 8899), or on-site at a Universal Studios ticket booth. Please take note of peak period and blackout dates when purchasing your tickets. Click here for seasonal chart.


Extra Cost to visit the attractions in the Universal Studios Singapore?
Once inside Universal Studios, all attractions are included in your admission, except the Amber Rock Climb, which costs an additional $10 per climb. You may also wish to purchase Universal Express, for $30-68 (depending on the type of day- refer to our seasonal chart) at any ticket window or Guest Services location, which eases your queue frustration at the various attractions.

Bring in food and drinks into the Park?
We offer a variety of fresh and delicious food for our guests to enjoy at our restaurants and concession stands throughout the Park. However, we do understand that guests may need to bring in food bought from outside the Park.

Please note the following guidelines:

Acceptable items:
Bottled water
Small snacks that do not require heating
Any food required for medical purposes and medically–indicated nutritional supplements
Any food required for special dietary needs
Baby food/baby formula
Soft-sided insulated bags no larger than 8.5” wide x 6” high x 6” deep (216mm x 152mm x 152mm)

Prohibited items:
- Picnic lunches
Food that requires heating or refrigeration
Alcohol
Hard-sided coolers and glass containers
Soft-sided coolers larger than 8.5” wide x 6” high x 6” deep.

For Detail, please visit http://www.rwsentosa.com/

Tickets

Ticket TypeAdult *(Ages 13 to 64)Child*(Ages 4 to 12)Senior*(Age 65 and above)
One Day Weekday1 Pass664832
One Day Weekend2 Pass 725236
Two Day Pass1888858
Annual Pass-Fun Pass6318238188
Annual Pass-Superstar Pass1098828738


Ticket TypeOff- Peak3 Peak4 Super Peak5
Universal Express*
(In addition to your admission ticket)
304868

Weekday1 refers to Monday to Fridays, excluding Black-Out Dates

Weekend2 refers to Saturdays, Sundays and Black-Out Dates

Off Peak3 refers to Weekdays

Peak4 refers to Weekdays on School Holidays

Super Peak5 refers to Weekends and Black-Out DatesRefer to this seasonal chart for Weekends, school holidays and black-out dates.

For Fun Pass, check out the black-out dates here.

Fun Pass6: For Guests who purchase their Fun Pass during the soft opening period (18 March till 1 April), they will be given the opportunity to visit the park ONE (1) time prior to 5 April, at which time their annual membership will begin.

* As the park may not be crowded at all times, we recommend that you purchase the express pass only after you have arrived at the park

Tuesday, March 2, 2010

Claim spouse relief for Working Women

05:55 AM Mar 02, 2010SINGAPORE - It is the tax filing season again, and the Inland Revenue Authority of Singapore (Iras) would like to remind all taxpayers to e-File their tax returns by April 18, or send in their paper returns by April 15.

About 1.57 million taxpayers are required to file their returns for the Year of Assessment 2010.

Among them, 1.12 million need not provide their employment income information, as their employers will do so directly to Iras.

About 653,000 taxpayers do not have to file the tax return at all, unless they have other income - such as from rental - not auto-included, or have changes to make to their tax relief claims.

As announced in the Budget Speech 2010, there are significant changes to the income tax reliefs this year. Female taxpayers can now claim spouse relief - and they can do so by sending an email to spouserelief@iras.gov.sg, giving their name, their husband's name, and both their NRIC or tax reference numbers.

Or, they may provide Iras with the details via a helpline (1800 356 8300), fax (6351 3636) or post (The Comptroller of Income Tax, Iras, 55 Newton Road, Revenue House, Singapore 307987).

Taxpayers eligible to claim other dependant and handicapped dependant reliefs may do so when filing their returns.

In order for a taxpayer to claim spouse, qualifying child, working mother's child or parent relief, the dependant must not have been earning more than $4,000 in 2009.

This ceiling is up from $2,000 previously. There is also no more income threshold for handicapped dependant relief.

For e-Filing assistance, go to any e-Filing Service Centres including all CPF Service Centres, from March 15 to April 17. For e-Filing queries: Call 1800-252-5011 during operating hours. For general enquiries: Call 1800-356-8300 or email taxqueries@iras.gov.sg.

Saturday, February 6, 2010

Universal Studios Singapore

Ticket prices for Universal Studios theme park start from S$32
SINGAPORE : Visitors are one step closer to visiting Southeast Asia
s first and only Universal Studios theme park opening at Sentosas Resorts World, now that ticket prices have been revealed.
Sale of tickets should not be too far on the horizon, with Resorts World Sentosa announcing on Wednesday its one
day, twoday and express pass ticket prices that range from S$32 to S$118 to access all attractions.
"We have pegged ticket prices for Universal Studios Singapore at an incredible value compared to major theme parks worldwide," said Shirly Chen, Vice President (Sales Development), Resorts World Sentosa.
The Universal Studios
oneday pass on a weekday will cost S$66 for an adult and S$48 for a child, with seniors enjoying a special rate of S$32.
The pass will cost S$72, S$52 and S$36 respectively for visits on weekends and public holidays.
And if you want to avoid the long queues, you can buy an express pa ss costing between S$30 and S$68
on top of an admission pass.
The price is also attractive for tickets to visit the theme park over two consecutive days, with the highest tag being S$118 for an adult two
day pass.
"As Singapore
s IR, a place for every Singaporean, it is also our aim to reach out to everyone, not forgetting grandmas and grandpas," said Chen.
Resorts World Sentosa will open early 2010 (February 10 before Chinese New Year), with four hotels, a casino and a host of shopping, dining and entertainment offerings, along with the Universal Studios Singapore theme park.
Ticket sales and room reservations will be launched at a later date, in conjunction with exclusive packages for a charity auction.
Universal Studios Singapore will feature 24 attractions, including the world
s biggest single collection of DreamWorks Animation attractions such as the worlds first Far Far Away Castle from the world of Shrek , Madagascar theme park ride and the worlds tallest dueling roller coaster.




THE MAP





MADAGASCAR

SHREK 4D ADVENTURE



TRANSFORMER



MUMMYS TOMB







REVENGE OF THE MUMMY RIDE


WATERWORLD

DUEL ROLLER COASTER


JURASSIC PARK

Thursday, January 14, 2010

"ဆာလောင်မွတ်သိပ်ပါ... အရူးထပါ..."


၂၀၀၅ ခုနှစ် ဇွန်လ ၁၂ရက် နေ့တွင် ကျင်းပခဲ့သော Stanford တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနား တွင် Apple Computer နှင့် Pixar Animation Studio တို့ကို စတင်တည်ထောင်ခဲ့သူ Steve Jobs ပြောကြားခဲ့ သည့် မိန့်ခွန်း


http://www.youtube.com/watch?v=UF8uR6Z6KLc&feature=player_embedded

ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ်ကြီးတစ်ခု ရဲ့ ဘွဲ့ရ မောင်မယ်များ ကို တွေ့ဆုံစကားပြော ခွင့် ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ပြောပါရစေ။ ကျွန်တော်ဟာ တက္ကသိုလ်ဘွဲ့ရ တစ်ယောက်မဟုတ်ပါ။ အမှန်အတိုင်း ပြောရရင် ဘွဲ့နှင်းသဘင် အခမ်း အနား ဆိုတာ ဒီနေ့မှ တက်ဖူးတာပါ။ ဒီ ဘွဲ့နှင်း သဘင် အခမ်းအနား မှာ ကျွန်တော့ဘဝ ဇာတ်လမ်းလေး သုံးပုဒ် ပြောပါရစေ။ မိန့်ခွန်း အရှည်ကြီး မဟုတ် ပါ။ ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေ မဟုတ်ပါ။ ဇာတ်လမ်း သုံးပုဒ် ထဲပါ။
ပထမဆုံးဇာတ်လမ်းကတော့ ဆက်စပ်ပုံဖော်ခြင်း အကြောင်းပါ။
ကျွန်တော် Reed College မှာ ခြောက်လပဲ တက်ပြီး ကျောင်းထွက် ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းက မခွါနိုင်သေးပဲ နောက် ၁၈ လလောက် အတန်းတွေ ဆက်တက်ခဲ့ ပါတယ်။ ကျွန်တော် ဘာကြောင့် ကျောင်းထွက် ခဲ့ရတယ်ထင်ပါသလဲ။
ဒီ ဇာတ်လမ်းက ကျွန်တော် မမွေးခင် အချိန်က စပြီး ပြောပြရမှာပါ။ ကျွန်တော့ကို ကိုယ်ဝန် ရှိတဲ့အချိန်မှာ အမေဟာ အိမ်ထောင် မရှိသေးတဲ့ ဘွဲ့လွန်ကျောင်းသူ တစ်ယောက်ပါ။ အဲဒါကြောင့်လည်း ကျွန်တော့ကို မွေးစားဖို့ ပေးလိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော့ကို မွေးစားမဲ့ မိဘများဟာ ဘွဲ့ရပညာတတ်တွေသာ ဖြစ်သင့်တယ်လို့ အမေ့ စိတ်ထဲမှာ အကြီးအကျယ် စွဲနေခဲ့ ပါတယ်။ ဒါကြောင့်လဲ ဥပဒေပညာရှင် တစ်ယောက်နဲ့ သူ့ဇနီးတို့က ကျွန်တော့ကို မွေးပြီးပြီးချင်း လွှဲယူလိုက်ဖို့ ကြိုတင်စီစဉ် ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ ကျွန်တော် ကို "အူဝဲ" ဆိုပြီး မွေးလိုက် တဲ့ အချိန်မှာ သူတို့က မိန်းကလေးမှ လိုချင်ပါတယ်လို့ စိတ်ပြောင်း သွားခဲ့ပါတယ်။ ဒါကြောင့်မို့ အချိန်မတော် ညကြီးသန်းခေါင် မှာ မွေးစား မိဘ လောင်း တန်းစီစာရင်းထဲက ကျွန်တော့မိဘ များကို ဖုံး ဆက်ခဲ့ပါတယ်။ "ဒီမှာ မမျှော်လင့်ဘဲ ယောကျာင်္းလေး တစ်ယောက် ရထားတယ်။ ယူမလား..." တဲ့။ မိဘများ ကလဲ "သိပ်ယူတာပေါ့..." တဲ့။ အဲဒီလို ပေးလိုက်ပြီးမှ ကျွန်တော့ ရဲ့ အမေဟာ ဘွဲ့ရပညာ တတ်မဟုတ်တာ၊ ကျွန်တော့ရဲ့ အဖေ ဟာလဲ အထက် တန်းကျောင်းတောင်မှ မအောင်တာကို ကျွန်တော့ မွေးမိခင်က သိသွား တာပါ။ မွေးမိခင်ဟာ မွေးစားစာချုပ်မှာ သဘောတူကြောင်း လက်မှတ်ထိုးမပေးခဲ့ပါဘူး။ နောင်လပေါင်း အတော်ကြာပြီး ကျွန်တော့ရဲ့ မိဘတွေက ကျွန်တော့ကို "တက္ကသိုလ် ထားပေးပါ့မယ်..." လို့ ကတိပေးမှ မွေးမိခင်က စိတ်လျော့ပြီး လက်မှတ်ထိုးပေးခဲ့တာပါ။
နောက် ၁၇နှစ် အကြာမှာတော့ ကျွန်တော် တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ အဆင်အခြင်ကင်းမဲ့စွာ နဲ့ Stanford တက္ကသိုလ်နီးပါး စားရိတ်ကြီးတဲ့ တက္ကသိုလ်ကို ရွေးခဲ့ပါတယ်။ ကျွန်တော့ရဲ့ တတ္ကသိုလ်ပညာရေး အတွက် အခြေခံလူတန်းစား မိဘများရဲ့ စုငွေတွေအားလုံးကို ကျွန်တော်သုံးမိရက်သား ဖြစ်သွားပါတယ်။ နောက်ခြောက်လ အကြာမှာတော့ ဒီပညာရေးဟာ တကယ်ပေးရ တာနဲ့တန်တယ်လို့ ကျွန်တော်မထင်တော့ပါဘူး။ အဲဒီအချိန်က ကျွန်တော့မှာ ဘဝရည် မှန်းချက်ဆိုတာ မရှိခဲ့ပါဘူး။ တတ္ကသိုလ်ပညာရေးကနေပြီး ကျွန်တော့ရဲ့ ဘဝရည်မှန်းချက်ကို ဘယ်လိုလုပ်ပြီး အဖြေထုတ် ပေးနိုင်မယ် ဆိုတာလဲ စဉ်းစားလို့မရခဲ့ပါ။ ဒီတော့ ကျွန်တော်ဟာ မိဘတွေရဲ့ တစ်သက်စာစုငွေ ကို တက္ကသိုလ်မှာလာ ပြီး ဖြုံးနေတာပါဘဲ။
ဒါနဲ့ကျွန်တော်လဲ တက္ကသိုလ်ကထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အချိန်ကျရင်အားလုံး အဆင် ပြေ သွားမှာပါလို့ မျက်စိစုံမှိတ်ပြီးလုပ်ခဲ့တာပါ။ အဲဒီတုန်းကတော့ ကြောက်ကြောက် နဲ့ လုပ်ခဲ့တာပါ။ ခု ပြန်စဉ်းစား ကြည့်တဲ့အခါမှာတော့ ဒီဆုံးဖြတ်ချက်ဟာ ကျွန်တော့ရဲ့ အ ကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုပါ။ ကျောင်းကထွက်လိုက်တာနဲ့ချက်ချင်းဘဲ မတက်ချင်ဘဲ တက်နေရတဲ့ အတန်းတွေကို တက်စရာမလိုတော့တာကြောင့် တက်ချင် စရာကောင်းတဲ့ အတန်းတွေထဲမှာ ဝင်ထိုင် ကျောင်းသားလုပ်ခဲ့ပါတယ်။
ဒီဇာတ်လမ်းမှာ ကဗျာမဆန်တာ တွေလဲပါပါတယ်။ ကျွန်တော့မှာ နေစရာ အခန်း မရှိ တော့ပါဘူး။ ဒီတော့ကျွန်တော့သူငယ်ချင်းတွေရဲ့ အခန်း ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရပါတယ်။ Coke ပုလင်းတွေကိုလိုက်စုပြီး ပြန်အပ်လို့ရတဲ့ တစ်ပုလင်း ၅ဆင့် ဆိုတဲ့ ပိုက်ဆံ နဲ့ ဗိုက်ဖြည့် ရပါတယ်။ တနင်္ဂနွေနေ့ညတိုင်း ခုနှစ်မိုင် လမ်းလျှောက်ပြီး Hare Krishna ဟိန္ဒူ ဘုရားကျောင်းမှာ ထမင်းတနပ် အဝသွားစားရပါတယ်။ စားလို့အင်မတန်ကောင်းပါတယ်။ စူးစမ်းလိုစိတ် နောက်လိုက်ရင်း၊ စိတ်ထဲမှာ ပေါ်လာတာတွေကို လိုက်လုပ်ရင်း ကြုံကြိုက်ခဲ့တာ အတော်များများဟာ နောက်ပိုင်းမှာ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ ဖြစ်လာခဲ့ပါတယ်။ ဥပမာလေး တစ်ခုပေးပါရစေ။
အဲဒီအချိန်က Reed College မှာ ရှိတဲ့ စာလုံးအလှရေးနည်းသင်တန်းဟာ တစ်နိုင်ငံလုံး မှာ အကောင်းဆုံးသင်တန်းပါ။ တက္ကသိုလ်နယ်မြေ တစ်ခုလုံးမှာ ရှိသမျှ ပိုစတာတွေ၊ စာတန်းတွေ၊ နာမည်တွေဟာ အင်မတန်လှပတဲ့ လက်ရေးစာလုံးတွေနဲ့ ချယ်သထားပါတယ်။ ကျောင်းက ထွက်လိုက်ပြီ ဆိုတော့ ပုံမှန်သင်တန်းတွေ တက်စရာ မလိုတော့ တဲ့ ကျွန်တော်ဟာ စာလုံးအလှရေးနည်းသင်တန်းကို ဝင်တက်ပြီး အတတ်သင်ခဲ့ပါတယ်။ စာလုံး ပုံစံတွေထဲမှာ Serif စာလုံးပုံ၊ San Serif စာလုံးပုံတွေ အကြောင်းကို သင်ယူခဲ့ပါတယ်။ စာလုံးတစ်လုံး နဲ့တစ်လုံးကြားမှာ ဘယ်လို အနီးအဝေးခြားတယ်ဆိုတာ လေ့လာခဲ့ပါတယ်။ စာလုံးရေးနည်းပညာရဲ့ နက်ရှိုင်းမှုကို တွေ့ရှိခဲ့ပါတယ်။ ဒီပညာရပ်ဟာ အင်မတန်လှပတဲ့၊ သမိုင်းဝင်တဲ့၊ အနုပညာမြောက်ပြီး၊ သိဎ္ပံနည်းနဲ့ စူးစမ်းလို့မရတဲ့ ပညာပါ။ ဒီပညာ ရပ် က ကျွန်တော့ကို ညှို့ယူဖမ်းစား ခဲ့ပါတယ်။
ဒါတွေကို ကျွန်တော့ဘဝမှာ ဘယ်လိုလက်တွေ့အသုံးဝင်မလဲ ဆိုတာကိုတော့ မျှော်လင့် မထားခဲ့ပါဘူး။ ဒါပေမဲ့ နောင် ၁၀နှစ် အကြာမှာ ပထမဆုံး Macintosh ကွန်ပျုတာ ကို ဒီဇိုင်းဆွဲတဲ့ အခါမှာတော့ ဒီပညာရပ်ကို ပြန်လည်ပြီး သတိရလာခဲ့ပါတယ်။ ဒီပညာရပ် ကို အစွမ်းကုန်သုံးပြီး Mac ကို ဒီဇိုင်းလုပ်ခဲ့တာပါ။ Mac ဟာ ကမ္ဘာ့ပထမဦးဆုံး စာလုံးအလှ တွေသုံးတဲ့ PC ကွန်ပျုတာပါ။ တက္ကသိုလ်က ဒီသင်တန်းကိုသာ ကျွန်တော်မတက်ခဲ့ရင် Macintosh ကွန်ပျုတာ မှာ အင်မတန်သေသပ်ပြီး အစိပ်အကျဲအချိုးကျ လှပတဲ့စာလုံးတွေ ထည့်ပေးနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ပြီးတော့ Windows ဆိုတာကလဲ Mac က စာလုံးတွေကိုဘဲ ကူးချထားတာဆိုတော့ PC တွေပေါ်မှာ စာလုံးအလှ ပေါ်ထွက်ခဲ့မှာ မဟုတ်ဘူး လို့တောင် ပြောကောင်းပြောနိုင်ပါလိမ့်မယ်။ ကျွန်တော်ကျောင်းမထွက်ခဲ့ရင် စာလုံးအလှသင်တန်းကို တက်ခဲ့မှာမဟုတ်ပါ။ ဒီသင်တန်း ကို ကျွန်တော်မတက်ခဲ့ရင် PC တွေပေါ်မှာ စာလုံးလှလှ လေးတွေ ရှိကောင်းမှရှိမှာပါ။ မှန်ပါတယ်။ ကျွန်တော်တက္ကသိုလ် တက်နေစဉ်အခါကတော့ အနာဂါတ်ကို ကြိုမြင်ပြီး ဒီအကျိုးအကြောင်းတွေကို ဆက်စပ်ပုံဖော်ကြည့်ဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ နောင် ၁၀နှစ်ကြာ အပြီး အတိတ်ကို ပြန်ကြည့်တဲ့အခါမှာတော့ ဒီဆက်စပ်မှုတွေကို ရှင်းရှင်းကြီး တွေ့နေရပါတယ်။
ထပ်ပြောရမယ်ဆိုရင်တော့ ရှေ့အနာဂါတ်မှာ ဘာတွေဘယ်လို ဆက်စပ်ပုံပေါ်လာမယ် ဆို တာကို ကျွန်တော်တို့မမြင်နိုင်ပါ။ နောက်ပြန်ကြည့်မှသာ ဆက်စပ်မှုတွေကို တွေ့နိုင်တာပါ။ ဒါကြောင့်မို့ ဘွဲ့ရမောင်မယ်တို့တွေဟာလဲ အနာဂါတ်မှာ ဖြစ်ရပ်တွေဆက်စပ်ပြီး ပုံပေါ်လာလိမ့်မယ်လို့ ယုံကြည်ထားရပါလိမ့်မယ်။ ဘွဲ့ရမောင်မယ်တို့တတွေဟာ မိမိရဲ့ ရင်တွင်း ခံစားချက်ကို ယုံကြည်မှုရှိပါ။ ကံစီမံတယ်ဆိုတာ ယုံပါ။ ကံ၏အကျိုးဆိုတာ ယုံပါ။ တစ်ခုခုကိုတော့ယုံပါ။ ဒီယုံကြည်ချက်ကြောင့် ကျွန်တော်ဂျောက်ကျခဲ့ရတယ် ဆိုတာ ဘယ်တော့မှမရှိခဲ့ပါ။ ကျွန်တော့ဘဝကို အကြီးအကျယ် ပြောင်းလဲစေခဲ့တာ ဒီ ယုံကြည် ချက် ကြောင့်ပါဘဲ။
ကျွန်တော့ရဲ့ ဒုတိယ ဇာတ်လမ်း ကတော့ အချစ် နဲ့ အရှုံး အကြောင်းပါ။
ကျွန်တော်ကံကောင်းခဲ့ပါတယ်။ ကျွန်တော်တကယ် စွဲစွဲလမ်းလမ်း ချစ်ခင်မိတဲ့ အလုပ်ဟာ ဘာလဲ ဆိုတာ အသက်ငယ်ငယ်မှာရှာဖွေတွေ့ရှိခဲ့တာပါ။ ကျွန်တော့မိဘတွေရဲ့ ကားဂိုဒေါင် ထဲမှာ Apple ကို Woz နဲ့အတူ စတင်တည်ထောင်စဉ်က ကျွန်တော်အသက် ၂၀ ဘဲရှိပါသေးတယ်။ ကျွန်တော်တို့ ၂ယောက် တကယ်အလုပ်ကြိုးစား ခဲ့ကြတာပါ။ Apple ဟာ ၁၀နှစ် အတွင်းမှာ ကားဂိုဒေါင် ထဲက ကျွန်တော်တို့ ၂ ယောက်ကနေပြီး ဒေါ်လာ သန်း ၂ ထောင် တန် ဝန်ထမ်း ၄ ထောင် ရှိတဲ့ ကုမ္ပဏီကြီး ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော်တို့ ရဲ့ အကောင်း ဆုံး တီထွင်မှုဖြစ်တဲ့ Macintosh ကို ဈေးကွက် တင်ပြီး တစ်နှစ် လောက် ကျွန်တော်လဲ အသက် ၃၀ ပြည့်ပြီးခါစလေးပါ။အဲဒီမှာ - ကျွန်တော်အလုပ်က အထုတ်ခံရပါတယ်။ ကိုယ်တိုင်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီကနေ ဘယ်လိုလုပ်ပြီး အထုတ်ခံရနိုင်ပါ့မလဲ။ အဲ - ဇာတ်လမ်းက တော့ဒီလိုပါ။
Apple ကုမ္ပဏီကြီး ပွါးလာတဲ့အချိန်မှာ ကျွန်တော်က အင်မတန်တော်တယ်လို့ ထင်ခဲ့တဲ့ လူတစ်ယောက်ကို ကျွန်တော်နဲ့အတူ ကုမ္ပဏီမှာ စီမံခန့်ခွဲဖို့ အလုပ်ခန့်ခဲ့ ကြပါတယ်။ ပထမတစ်နှစ်လောက်ကတော့ အတော်လေးအဆင်ပြေပါတယ်။ ဒါပေမဲ့ တဖြေးဖြေးနဲ့ အနာဂါတ်အလားအလာ တွေ ကို အမြင်မတူတာတွေ ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးမှာ တော့ အကြီးအကျယ် ကတောက်ကဆ ဖြစ်တဲ့အထိပါဘဲ။ ဒီကတောက်ကဆ ဖြစ်တဲ့ အခါမှာ ဒါရိုက်တာအဖွဲ့က သူ့ဖက်ကရပ်ခဲ့ပါတယ်။ ဒါနဲ့ အသက် ၃၀ မှာ အလုပ်လက်မဲ့ ဖြစ်သွားပါတယ်။ တကဲ့ကို ဟိုးလေးတကျော် ဖြစ်ပြီး အလုပ်ထုတ်ခံရတာပါ။ ကျွန်တော့ရဲ့ ဘဝ တစ်ခုလုံးကို ပုံပြီး စိုက်လိုက်မတ်တပ်လုပ်ခဲ့တဲ့ အရာကြီးကို ဆုံးရှုံးခဲ့ တာ ပါ။ ဒါဟာ ကျွန်တော့အတွက် အင်မတန် တုန်လှုပ်စရာ၊ ကြေကွဲစရာ ဖြစ်ခဲ့ ပါတယ်။
လပေါင်းအတော်ကြာ တကဲ့ကို ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် ဖြစ်ခဲ့တာပါ။ တီထွင်သူ လုပ်ငန်းရှင် မျိုးဆက်ဟောင်းကြီးများအပေါ်မှာ ကျွန်တော် တာဝန်မကျေဘူး လို့လဲ ခံစားခဲ့ရပါတယ်။ သူတို့က လက်ဆင့်ကမ်းပေးခဲ့တဲ့ တာဝန်ကို ပေါ့လျော့မိတဲ့၊ လက်ဆင့်ကမ်းပြေးပွဲမှာ တုတ်တိုင် ပြုတ်ကျခဲ့တဲ့သူလို ခံစားရတာပါ။ ကျွန်တော် David Packard နဲ့ Bob Noyce တို့ကို သွားတွေ့ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့ကြောင့် ပြဿနာ အကြီးအကျယ် ဖြစ်ခဲ့တာကို ကြိုးစားပြီးတောင်းပန်ခဲ့ပါတယ်။ ကျွန်တော့ကျဆုံးခန်းဟာ ဟိုးလေးတစ်ကျော် ဖြစ်ခဲ့တာပါ။ Silicon Valley ကနေပြီး အရှုံးပေး ထွက်ပြေး သွားဖို့ အထိတောင် ကျွန်တော်စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့အချက်တစ်ချက်ကို ကျွန်တော် တဖြေးဖြေး နဲ့ သတိပြုမိလာပါတယ်။ အဲဒါကတော့ ကျွန်တော်လုပ်ခဲ့တဲ့ အလုပ်ကို ကျွန်တော် ချစ်ခင်ဆဲ၊ စွဲလမ်းဆဲ ဆိုတာပါဘဲ။ Apple မှာ ဖြစ်ခဲ့တဲ့ ကမောက်ကမ ဖြစ်ရပ်တွေ ဟာ ကျွန်တော့ ရဲ့ အလုပ်အပေါ် စွဲလမ်းမှု အပေါ်မှာ အရာမထင်ခဲ့ပါဘူး။ ကျွန်တော့ကို ကန်ထုတ်တာခံရပေမဲ့ ကျွန်တော်ကတော့ ချစ်ခင်စွဲလမ်းလျှက်ပါ။ ဒါကြောင့်လဲ ကျွန်တော် တစ်ကနေ ပြန်စဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Apple ကနေပြီး အလုပ်ဖြုတ်ခံရတာဟာ ကျွန်တော့ဘဝတစ်လျှောက်လုံး ဖြစ်နိုင်ခဲ့သမျှထဲမှာ အကောင်းဆုံးအဖြစ်ပါ။ အဲဒီအချိန်ကတော့ ဒီလိုမတွေးခဲ့မိပါဘူး။ အောင်မြင်မှုဆိုတဲ့ ဝန် ထုပ် ဝန်ပိုးကြီး ကို ပေါ့ပေါ့ပါးပါး လူသစ်တစ်ခါ ပြန်ဖြစ်ရတယ်ဆိုတာနဲ့ လဲလိုက်ရတာပါ။ အရာရာတိုင်းမှာ မသေချာ မှုတွေချည်းပါဘဲ။ ဒီဖြစ်ရပ်ကဘဲ ကျွန်တော့ကို အနှောင်အဖွဲ့ တွေက ကင်းလွတ်ခွင့်ပေးပြီး ကျွန်တော့ဘဝရဲ့ ဖန်တီးမှုအား အကောင်းဆုံးကာလကို စတင်စေခဲ့ပါတယ်။
နောက် ၅ နှစ် အတွင်းမှာတော့ NeXT ဆိုတဲ့ ကုမ္ပဏီကို ကျွန်တော်တည်ထောင်ပါတယ်။ Pixar ဆိုတဲ့ ကုမ္ပဏီကို ကျွန်တော်တည်ထောင်ပါတယ်။ ပြီးတော့ အင်မတန် ပြည့်ဝ တဲ့ အမျိုးသမီးတစ်ယောက်နဲ့မေတ္တာမျှပြီး ကျွန်တော်အိမ်ထောင်ပြု ခဲ့ပါတယ်။ Pixar ကတော့ ကမ္ဘာ့ပထမဆုံး ကွန်ပျုတာကာတွန်းကားကို ဖန်တီးထုတ်လုပ်ခဲ့တာပါ။ ခုချိန်မှာတော့ Pixar ဟာ ကမ္ဘာ့ အအောင်မြင်ဆုံးကာတွန်းရုပ်ရှင် စတူဒီယို ဖြစ်နေပါပြီ။ ပြောစမှတ်ပြုစရာ အလှည့် အပြောင်းမှာ Apple က ကျွန်တော့ရဲ့ NeXT ကုမ္ပဏီကို ဝယ်ပါတယ်။ ကျွန်တော် Apple ကို ပြန်ရောက်သွားပါတယ်။ NeXT မှာ ကျွန်တော်တို့စတင်ခဲ့တဲ့နည်းပညာဟာ Apple ပြန်လည် ဆန်းသစ်ခြင်းရဲ့ ဗဟိုချက်မှာ ရှိပါတယ်။ Laurene နဲ့ ကျွန်တော်တို့ကတော့ အင်မတန် ပျော်စရာကောင်းတဲ့ မိသားစုလေးတခု ဖြစ်လာပါတယ်။
ကျွန်တော်သာ Apple က အလုပ်ထုတ်မခံခဲ့ရရင် ဒါတွေတစ်ခုမှ ဖြစ်လာမှာ မဟုတ်တာ အတော်သေချာပါတယ်။ အလုပ်ထုတ်ခံရခြင်းဟာ အင်မတန်အဝင်ဆိုးတဲ့ ဆေးခါး ကြီးပါ။ ဒါပေမဲ့ လူနာကိုကြည့်ရတာလဲ ဒီလိုဆေးမျိုး လိုနေပုံ ပါဘဲ။ တစ်ခါတစ်လေ တော့လဲ ဘဝမှာ ခေါင်းကိုအုတ်ခဲနဲ့ထုသလို ခံရတာမျိုး ရှိပါတယ်။ မိမိယုံကြည်ရာကို မစွန့် လွှတ်ပါနဲ့။ ကျွန်တော့ရဲ့ဘဝ တစ်လျှောတ်လုံးမှာ အရာရာကို ဖြတ်ကျော်ဖို့ ခွန်အားပေး နေခဲ့တာဟာ ကျွန်တော့အလုပ်ကို ကျွန်တော် ချစ်ခင်စွဲလမ်းမှုဘဲလို့ ကျွန်တော်ယုံကြည် ပါတယ်။ ဘွဲ့ရမောင်မယ် တို့လဲ ကိုယ့်ရဲ့ အချစ်စစ်အချစ်မှန်ကို တွေ့အောင်ရှာပါ။ ဒီအဆိုဟာ မောင်မယ် တို့ရဲ့ ချစ်သူရည်းစားရှာဖို့နဲ့ ဆိုင်သလို အလုပ်ရှာဖို့နဲ့လဲ သက်ဆိုင်ပါတယ်။
ခုချိန်ထိမတွေ့သေးဘူးဆိုရင်လဲ တွေ့တဲ့အထိ ဆက်ရှာပါ။ ရရာနဲ့မကျေနပ်ကြပါနဲ့။ နှလုံးသားရေးရာကိစ္စဆိုတော့ တွေ့ပြီလား၊ မတွေ့သေးဘူးလား ဆိုတာကို ကိုယ့်ဟာကိုယ် သိလာပါလိမ့်မယ်။ ပြီးတော့ ဘဝအဖော်မွန်တွေရဲ့ သဘာဝအတိုင်း နှစ်ကြာလေပိုပြီး ခိုင်မြဲလာလေလေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် မောင်မယ်တို့ အချစ်စစ် အချစ်မှန်ကို တွေ့အောင်ရှာကြပါ။ ရရာလေးနဲ့ မရောင့်ရဲလိုက်ကြပါနဲ့။
ကျွန်တော့ရဲ့ တတိယ ဇာတ်လမ်းကတော့ သေခြင်းတရား အကြောင်းပါ။
ကျွန်တော်အသက် ၁၇နှစ် မှာ ကောက်နှုတ်ချက် စာသားတစ်ခု ဖတ်ခဲ့ရပါတယ်။ မှတ်မိသလောက်ဆိုရင်တော့ "နေ့တိုင်းကို သင့်ဘဝရဲ့ နောက်ဆုံးနေ့အဖြစ် နေထိုင်ခဲ့ရင် တနေ့မှာတော့ အဲဒီအတိုင်းဖြစ်လာဖို့ သေချာပါတယ်..." တဲ့။ ဒီစာသားက ကျွန်တော့စိတ် မှာထင်ဟပ် သွားခဲ့ပါတယ်။ အဲဒီကစပြီး နောက်၃၃ နှစ်လုံး မနက်အိပ်ရာထမှာ မှန်ကို ကြည့်ပြီး ကိုယ့်ကိုကိုယ် မေးခဲ့ပါတယ်။ "ဒီနေ့သာ ငါ့ဘဝ ရဲ့နောက်ဆုံးနေ့ဆိုရင် ဒီနေ့ လုပ်မဲ့အလုပ်တွေကို ငါ လုပ်ချင်ပါ့မလား..." မေးခွန်းရဲ့ အဖြေဟာ ရက်ပေါင်းများစွာ ဆက် တိုက် "မလုပ်ချင်ဘူး" ဖြစ်နေပြီဆိုရင်တော့ အပြောင်းအလဲ တစ်ခုခုလုပ်ဖို့ လိုနေပြီလို့ ကျွန်တော် သိလိုက်ပါတယ်။
ဘဝအတွက် အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကိုချရာမှာ အရေးကြီးဆုံး အထောက် အပံ့ကိရိယာအဖြစ် ကျွန်တော်တွေ့ရှိခဲ့တာကတော့ သေခြင်းတရားဟာ လက်တကမ်းမှာဘဲ ရှိတယ်လို့ သတိချပ်ခြင်းပါ။ ဘာလို့လဲဆိုတော့ အရေးမပါတဲ့ မျှော်မှန်းချက်တွေ၊ ဂုဏ်မာနတွေ၊ အရှက်ကွဲမှာ ဒါမှမဟုတ် ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ်တွေ ဒါတွေ အားလုံးနီးပါးဟာ သေခြင်းတရား ဆိုတာနဲ့ ရင်ဆိုင်တွေ့လိုက်ရင် အလိုလို ပျောက်ကွယ်သွားပြီး တကယ့်ကို အရေး ကြီး တဲ့အရာတွေသာ ကျန်ရစ်ခဲ့ပါတယ်။ မင်းမှာ လက်လွှတ် ဆုံးရှုံးစရာ ပိုင်ဆိုင်မှုတွေရှိတယ်ဆိုတဲ့ အတွေးထောင်ချောက်ကို ရှောင်လွှဲဖို့ နည်းလမ်းတွေထဲမှာ ကျွန်တော်သိတဲ့ အကောင်းဆုံး နည်းကတော့ မင်းဟာ သေရတော့မှာဘဲလို့ သတိချပ်ခြင်း ပါ ။ မင်းဟာ ဗလာထီးထီး ကိုယ်ချည်း ဖြစ်သွားပါပြီ။ အဲဒီတော့ ကိုယ့်နှလုံးသားရဲ့ ခေါ်ရာ နောက်ကို မလိုက်ဘဲနေဖို့ရာ အကြောင်းမရှိတော့ပါ။
လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော့မှာ ကင်ဆာရောဂါရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။ မနက် ၇နာရီ ခွဲမှာ ဆေးဓာတ်မှန်ရိုက်ပါတယ်။ ကျွန်တော့ရဲ့ သရက်ရွက် (Pancreas) မှာ အကြိတ်ရှိတာ ဓာတ်မှန်မှာ ထင်းထင်းကြီး ပေါ်နေပါတယ်။ သရက်ရွက် ဆိုတာဘာလဲဆိုတာတောင်မှ ကျွန်တော်မသိခဲ့ပါ။ ဒီလို ကင်ဆာမျိုးဟာ ကုစရာဆေးမရှိတဲ့ ကင်ဆာမျိုးဖြစ်ဖို့ အတော်သေချာတယ်လို့ ကျွန်တော့ကို ဆရာဝန်ကြီးတွေက ပြောခဲ့ပါတယ်။ ပြီးတော့ နောက် ၃လ ကနေ ၆လ အထိဘဲနေရဖို့ မျှော်လင့်ထားပါလို့ ပြောပါတယ်။ ဒါဟာဘာအဓိပ္ပါယ်လဲဆိုတော့ ကျွန်တော့ရဲ့ ကလေးတွေကို နောင် ၁၀နှစ် အတွင်း မှာ ပြောပြဖို့ စဉ်းစားထားသမျှကို နောင်လ အနည်းငယ် အတွင်းမှာ အကုန်အစင်ပြောဖို့ ကြိုးစားပါ ဆိုတဲ့ အဓိပ္ပါယ် ပါဘဲ။ ကျန်ရစ်သူမိသားစု ဒုက္ခမများရလေအောင် ရှိသမျှ ကိစ္စတွေအားလုံးကို လက်စသိမ်းပါဆိုတဲ့ အဓိပ္ပါယ် ပါ။ သွားတော့မယ်လို့ နှုတ်ဆက်တော့ဆိုတဲ့ အဓိပ္ပါယ်ပါ။
တစ်နေ့လုံး ဒီကင်ဆာ အကြောင်းကဘဲ ကျွန်တော့ကို လွှမ်းမိုးထားခဲ့ပါတယ်။ အဲဒီနေ့ ညနေမှာ တော့ အသားစ ထုတ်ပြီး ဆေးစစ်ခံခဲ့ရပါတယ်။ ခန္တာကိုယ် အတွင်းပိုင်းကြည့် ကရိယာကို ကျွန်တော့လည်ချောင်း ထဲကတစ်ဆင့် အစာအိမ်ကိုဖြတ်ပြီး အူသိမ်ထဲကို ရောက်အောင် ထည့်ပါတယ်။ ပြီးတော့မှ ကျွန်တော့ရဲ့ သရက်ရွက်ကို အပ်နဲ့စိုက်ပြီး အသားစ အနည်းငယ်ကို ထုတ်ယူပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က မေ့ဆေးနဲ့ မျောနေခဲ့ပါတယ်။ ဒါပေမဲ့ အတူရှိနေတဲ့ ဇနီးက ပြန်ပြောခဲ့တာက ဒီအသားစကို အဏှုကြည့် မှန်ဘီလူးအောက်မှာ ကြည့်ခဲ့တဲ့ ဆရာဝန်ကြီးတွေ "ဟေးကနဲ..." ထပြီးအော်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့ရဲ့ကင်ဆာဟာ အင်မတန်မှ ရှားပါးတဲ့ ခွဲစိတ်ပြီးကုသလို့ရတဲ့ သရက်ရွက်ကင်ဆာမျိုး ဖြစ်နေလို့ပါ။ ကျွန်တော် ခွဲစိတ်ကုသခံခဲ့ရပါတယ်။ ကျွန်တော် အခုနေကောင်းပါပြီ။
ဒါဟာ ကျွန်တော့အဖို့ သေခြင်းတရားနဲ့အနီးကပ်ဆုံးရင်ဆိုင်ဖြစ်ခဲ့ခြင်းပါဘဲ။ နောင် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာလဲ ဒီထက်ပိုပြီးနီးနီးစပ်စပ် မတွေ့ကြုံရတော့ဘူးလို့ မျှော်လင့် ပါတယ်။ ဒီဖြစ်ရပ်ကို ကိုယ်တွေ့ကြုံရတဲ့ အတွက်ကြောင့် ဘွဲ့ရမောင်မယ် တို့ကို သေခြင်း တရားအကြောင်း ပြောပြရာမှာ သုံးဖြစ်ရုံ ဥာဏ်သိအဓိပ္ပါယ်ဖွင့်ဆိုချက်ထက် နဲနဲပိုပြီး သေသေချာချာ ကျွန်တော်ပြောနိုင်ပါပြီ။
ဘယ်သူမှမသေချင်ပါဘူး။ ကောင်းကင်ဘုံကို သွားချင်တဲ့သူများတောင်မှ အဲဒီကိုရောက်ဖို့ မသေချင်ကြပါဘူး။ သို့သော်လည်း လူတိုင်းဟာ တစ်နေ့တော့ သေကြရမှာပါ။ ခုထက်ထိ သေခြင်းတရားကို လွန်ဆန်နိုင်တဲ့သူ ဆိုတာ မရှိသေးပါ။ ဒါဟာလဲ ဖြစ်သင့်လို့ပါ။ ဘဝတရားရဲ့ တစ်ခုတည်းသော အကောင်းဆုံးဖန်တီးမှုဟာ မရဏတရား ဖြစ်စရာအကြောင်း ရှိပါတယ်။ မရဏတရားဟာ ဘဝဖြစ်တည်ခြင်းတရားရဲ့ အပြောင်းအလဲဖြစ်အောင် ဖော်ဆောင် ပေးတဲ့အရာပါ။ မရဏတရားက ဟောင်းဆွေးအိုမင်းမှုတွေကို ဖယ်ရှားပြီး နုပျိုသစ်လွင်မှုတွေနဲ့ အစားထိုးပေးနေပါတယ်။ ဒီနေ့ဒီအချိန်အခါမှတော့ ဘွဲ့ရမောင်မယ်တို့ဟာ နုပျိုသစ်လွင်မှုတွေနဲ့ အပြည့်ပါ။ သို့သော်မကြာတော့တဲ့ အခါမှာ မောင်မယ်တို့လဲ အိုမင်းရင့်ရော် လာမှာပါ။ ပြီးတော့အဖယ်ရှားခံကြရမှာပါ။ စိတ်ထိခိုက်အောင်ပြောမိတာကို ကျွန်တော် တောင်းပန်ပါတယ်။ သို့သော်လဲ ဒါက အမှန်တရားပါ။
ဘွဲ့ရမောင်မယ်တို့မှာ အချိန်တွေအများကြီးမရှိတော့ပါဘူး။ ဒီတော့တစ်ခြားသူတွေ နေသလိုဘဲနေပြီး အချိန်ကိုမဖြုန်းပါနဲ့။ သူများတွေရဲ့ အတွေးအထင်ထဲကအတိုင်း နေ ရတဲ့ဘဝကို တရားသေဆုပ်ကိုင်ထားပြီး ချောင်ပိတ်မမိပါစေနဲ့။ မိမိရဲ့အတွင်းစိတ် ကနှိုးဆော် သံကို သူတပါးတွေရဲ့ထင်မြင်ချက် အနှောင့်အယှက်သံတွေက ဖုံးလွှမ်းမသွားပါစေနဲ့။
ဒီထက်ပိုပြီးအရေးကြီးဆုံးအချက်ကတော့ ကိုယ့်ရဲ့ နှလုံးသားနဲ့ ရင်တွင်းသိစိတ်တို့က ခေါ်ဆောင်ရာကိုလိုက်ပါ။ သူတို့က မောင်မယ်တို့ အမှန်တကယ် ဘာဖြစ်ချင်တယ်ဆိုတာကို သိနေကြပြီးသားပါ။ ကျန်တဲ့အရာတွေအားလုံးက သာမညအချက်တွေပါ။
ကျွန်တော်ငယ်စဉ်အခါက “The Whole Earth Catalog” ဆိုတဲ့ အင်မတန် ပြောင်မြောက် တဲ့ ကတ်တလောက်စာအုပ် တစ်ခု ရှိခဲ့ဘူးပါတယ်။ ဒီစာအုပ်ဟာအဲဒီတုန်းက ကျွန်တော်တို့တွေအတွက် တော့ ကိုးကွယ်စရာကျမ်းစာတွေထဲက တစ်အုပ်ပေါ့။ အဲဒီစာအုပ်ရဲ့ ဖန်တီးရှင်ကတော့ ဒီ Stanford တက္ကသိုလ် နဲ့ သိပ်မဝေးတဲ့ Menlo Park မှာနေတဲ့ Stewart Brandဆိုသူပါ။ ဒီစာအုပ်ကို သူက ကဗျာဆန်ဆန်အလှတွေနဲ့ ချယ်မှုန်းပြီးထုတ်ဝေခဲ့တာပါ။ ဒီစာအုပ်ကို ထုတ်ဝေချိန်က ၁၉၆၀ ခုနှောင်းပိုင်းကာလ ကွန်ပျူတာနဲ့ ကွန်ပျူတာစာစီလုပ်ငန်းတွေ မပေါ်ခင်ကပါ။ အဲဒီတော့ စာအုပ်တစ်အုပ်လုံးက လက်နှိပ်စက်ရိုက်၊ ကပ်ကြေး နဲ့ကိုက်၊ Polaroid ကင်မရာနဲ့ ဓာတ်ပုံတွေရိုက်ပြီး စာအုပ်ကို ဖန်တီးရတာပါ။ Google ကို စာအုပ်အဖြစ် ဖတ်ရ သလိုပါဘဲ။ ဒ်ီစာအုပ် ဟာ Google မတိုင်ခင် ၃၅ နှစ်က ပေါ်ခဲ့တာပါ ။ တကယ့်ကို စံနမူနာယူစရာစာအုပ်ပါ။ စာအုပ် တစ်ခုလုံးလဲ သပ်ရပ်လှပတဲ့ ကရိယာတွေနဲ့ အကြံကောင်းတွေနဲ့ပြည့်နေပါတယ်။
Stewart နဲ့သူ့အဖွဲ့သားတွေဟာ “The Whole Earth Catalog” စာအုပ် တော်တော် များများကို ထုတ်ဝေခဲ့ပါတယ်။ ထုတ်ဝေခြင်းကနေရပ်ဆိုင်းရတဲ့အခါမှာတော့ သူတို့တစ် တွေ နောက်ဆုံးနှုတ်ဆက်ခြင်းစာအုပ်ကို ထုတ်ကြပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ခုဘွဲ့ရမောင်မယ်တို့ရဲ့ အရွယ်၊ ၁၉၇၀ နှစ်လယ်ကာလများပါ။ နှုတ်ဆက်စာအုပ်ရဲ့ ကျောဖုံးပုံက မနက်စောစော တောဘက်ကကားလမ်းလေးတစ်ခုရဲ့ ဓာက်ပုံပါ။ စွန့်စားခန်း အင်မတန်ကြိုက်သူများ ကားကြုံစီးခရီးထွက်ရာမှာ တွေ့ကောင်းတွေ့ဖူးကြမဲ့ ကားလမ်းလေးမျိုးပါ။ အောက်မှာစာတန်းလေးရေးထားပါတယ်။ "ဆာလောင်မွတ်သိပ်ပါ။ အရူးထပါ။" တဲ့။
ဒါသူတို့ရဲ့ နောက်ဆုံးစာအုပ်မှာ နောက်ဆုံးနှုတ်ဆက်တဲ့စကားပါ။ ကျွန်တော် ကိုယ်တိုင်လဲ ဒီဆုကိုပဲ အမြဲတမ်းတောင်းခဲ့ပါတယ်။ ခုဘွဲ့ရမောင်မယ် တို့ဘဝအသစ် စကြရတော့မယ်ဆိုတော့ မောင်မယ်တို့ကိုလဲ ဒီဆုကိုပဲ တောင်းပေးပါ့မယ်။
"ဆာလောင်မွတ်သိပ်ပါ... အရူးထပါ..."
အားလုံးကိုကျေးဇူးတင်ပါတယ်။