Wednesday, December 23, 2009

" ဒီဇင်ဘာသူငယ်ချင်း.."



သူမ..
နှင်းတွေကြားမှာ လူးကာလွန့်ကာ..
လောကဒဏ်တွေကို ခံစားဖို့
စမ်းတစ်ဝါးဝါး လူ့လောကကိုခြေချလာခဲ့တယ်..

စုပ်ချက်တွေဆွဲဖို့ မှင်တံတစ်ချောင်း
ဒါမှမဟုတ်..
ရန်စွယ်ကိုတုံ့ပြန်ဖို့.လှံတံ
တစ်ချောင်း
သယ်ဆောင်မလာခဲ့ပေမယ့်
ဘ၀ကိုတိုက်ခိုက်ဖို့ အရည်အချင်းတွေ
ခေါင်းရွက်လာခဲ့တယ်...

မဟုတ်မခံတဲ့ သူမရဲ့နှုတ်ခမ်းတွေဟာ
ဒီဇင်ဘာ မွေးချင်းကိုတောင်
ရေခဲကြောင့်အရည်ပျော်စေနိုင်တယ်...

ဆောင်းတွင်းရဲ့အငွေ့အသက်လို တစ်လူလူလွင့်ရင်း
ကံနဲ့ဥာဏ်ကိုထပ်ကိန်းတင်ရဲတဲ့သူမ
ဝီရိယဆိုတာသူမအနာဂတ်အတွက်..
တစ်ခါတစ်ရံတော့လည်း...
နူးညံ့မှုတွေရှိတဲ့နှင်းဆီရိုင်းတစ်ပွင့်ပမာပေါ့..

ဘ၀ဇာတ်ခုံရဲ့ပိတ်ကားတွေမှာ
ရောင်စုံပြောင်းပြီး..အငြိမ့်မင်းသမီးအဖြစ်လည်း
ကကြိုးတွေစုံလင်ခဲ့တယ်..
မိုင်တိုင်တွေဖြတ်သန်းခဲ့တဲ့
ရထားတစ်စင်းရဲ့ခုတ်မောင်းသံတွေကို
ခံစားဖို့ခရီးသည်တစ်ယောက်အသွင်မကပဲ
ကိုယ်တိုင်မောင်းနှင်ဖို့ပါကြိုးစားခဲ့တယ်...

ညှို့ယူဖမ်းစားတဲ့စောင်းကြိုးတွေတီးခါတ်ဖို့
အနုပညာတွေအားနည်းခဲ့ပေမယ့်
ဘ၀ရဲ့စည်းကြိုးတွေကို
ရမ်သမ်ညီအောင် ညှိနိုင်ခဲ့တယ်....

လိုအပ်ရင်စိတ်ဓါတ်တွေကိုသံမဏိဖုံးစွပ်ပြီး
မျက်ရည်တွေကိုမြိုသိပ်နိုင်ခဲ့တယ်.
အပြုံးရိပ်တော့မရှားပါးခဲ့ပါဘူး..

ဒီဇင်ဘာမှာမွေးလို့သူမရဲ့ရင်ထဲမှာ
နှင်းမိုးတွေရွာချင်ရွာနေလိမ့်မယ်
ဒါပေမယ့်...
သူမရဲ့ဝိဥာဏ်တွေကိုထုစစ်ထားတဲ့
စိတ်ဓါတ်တွေကတော့ အရည်မပျော်နိုင်တဲ့
မြစ်တစ်စင်းလို တစ်သွင်သွင်နဲ့ပေါ့.....


(မွေးနေ့လက်ဆောင်အဖြစ် ပေးပို့လိုက်သော ချစ်ငယ်သူငယ်ချင်း လူပျိုကြီးဖန်နေ၀န်းကို အထူးကျေးဇူးတင်လျက် :D)

Thursday, November 26, 2009

iPhone နှင့် iPod တွင် ဇော်ဂျီမြန်မာစာစနစ် အသုံးပြုနိုင်ပြီ



iPhone, iPod Touch အသုံးပြုသူများ အနေဖြင့် ဇော်ဂျီလက်ကွက်နှင့် ဖောင့်များ ထည့်သွင်းအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ iPhone, iPod Touch အတွင်းသို့ ဇော်ဂျီလက်ကွက်နှင့်ဖောင့်များထည့်သွင်းရာတွင် ဖြစ်ပေါ်လာမည့်ပြဿနာများကို လုံးဝတာဝန်ယူမည်မဟုတ်ကြောင်းကို www.saturngod.net နည်းပညာဝက်ဘ်ဆိုက်တွင် တရားဝင်ဖော်ပြထားသည်။ ထို့အပြင် ဇော်ဂျီလက်ကွက်နှင့်ဖောင့်များထည့်သွင်းခြင်းကိုလည်း အဆင့်လိုက်ဖော်ပြထားသည်။ ဇော်ဂျီလက်ကွက်နှင့် ဖောင့်များထည့်သွင်းရန်အတွက် ဖုန်း၏ Operating Sytem (OS) မှာ အနိမ့်ဆုံး 3.0 ရှိရမည်ဖြစ်ပြီး Jailbreak လုပ်ထားရန်လိုကြောင်းသိရသည်။ ဇော်ဂျီလက်ကွက်နှင့်ဖောင့် Package ကို အွန်လိုင်းမှ သွင်းရမည်ဖြစ်သဖြင့် အင်တာနက်ကွန်ရက်ရှိရန်လိုအပ်သလို Cydia ဆော့ဖ်ဝဲကိုလည်း Install လုပ်ထားရန်လိုအပ်သည်။ iPhone, iPod Touch အတွင်းသို့ ဇော်ဂျီလက်ကွက်နှင့် ဖောင့်ထည့်သွင်းသူများအနေဖြင့် ပထမအဆင့် Cydia ကိုသွားရမည်ဖြစ်သည်။ ထို့နောက် Cydia ရှိ Manage အောက်မှ Source ကိုသွားရမည်ဖြစ်ပြီး Edit မှတဆင့် Add လုပ်ရမည်ဖြစ်သည်။ Address တွင် http://cydia.macforus.com ကို ရိုက်ထည့်လိုက်ပြီဆိုပါက လက်ကွက်နှင့် Font ပါဝင်သော Package များကို Reload လုပ်မည်ဖြစ်ပြီး ပြီးဆုံးသွားပါက Sections အောက်တွင် Zawgyi Sections ပါလာမည်ဖြစ်သည်။
Zawgyi Font သည် System Font များကို Hack ပြီး မြန်မာစာလုံးများကိုထည့်သွင်းခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် Font သွင်းပြီးပါက Uninstall ပြန်လုပ်နိုင်မည်မဟုတ်ကြောင်း သိရသည်။ Uninstall ပြန်လုပ် မည်ဆိုပါက itune မှ Restore ပြန်လုပ်ရမည်ဖြစ်သည်။ Zawgyi Font Package သည် Application များအားလုံးနီးပါးတွင် မြန်မာစာပေါ်စေရန် Font များကို ပြုပြင်ထားခြင်းဖြစ်ကြောင်း ၀က်ဘ်ဆိုက်တွင်ဖော်ပြထားသည်။ Zawgyi Keyboard ကိုသွင်းရာတွင် iKey Ex, Zawgyi Font နှင့်အခြားသော Dependencies များ အလိုအလျောက်သွင်းသွားမည်ဖြစ်သဖြင့် English စာတွင် Auto Correct မဖြစ်ခြင်း (3.1.2 တွင် Auto Correct အ လုပ်လုပ်ပါသည်။ သိပ်မသေချာသော်လည်း အများအားဖြင့်အလုပ်လုပ်) Keyboard အတက်နှေးခြင်း၊ အချို့သော OS 3.0 များတွင် Error တက်ခြင်း စသည့်ပြဿနာများကို ကြုံတွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် OS3.1.2 Upgrade လုပ်ပြီးမှထည့်သွင်းခြင်းသည် ပိုမိုစိတ်ချရကြောင်းသိရသည်။ Zawgyi Keyboard သွင်းပြီးပါက iPhone, iPod Touch ကို Restart ချရမည်ဖြစ်သည်။ Keyboard ထည့်သွင်းနည်းအား ၀က်ဘ်ဆိုက်တွင် Flash Video ဖြင့်ဖော်ပြပေးထားပြီး Video အတွက် Connectoin အခက်အခဲရှိသူများအနေဖြင့် ပထမအဆင့် Setting ထဲမှ iKeyEx, iKeyEx မှ Mix and Match, Mix and Match မှ Make ကိုသွားရမည်ဖြစ်သည်။ ထို့နောက် Layout ကို Zawgyi ရွေးရမည်ဖြစ်ပြီး Name အား Zawgyi ဟုပေးရမည်။ နာမည်ပေးပြီးပါက Mix and Match မှ iKeyEx, iKeyEx မှ Keyboard သို့ ပြန်သွားရမည်ဖြစ်သည်။ Keyboards သို့သွားပြီး Zawgyi ဘေးနားရှိ (+) ကိုနှိပ်ပြီးပါက Keyboard Layout သွင်းခြင်းပြီးမြောက်သွားပြီဖြစ်သည်။ Keyboard ပြောင်းချင်ပါက ကမ္ဘာလုံးပုံလေးကိုနှိပ်ကာ ပြောင်းလဲနိုင်ကြောင်း ၀က်ဘ်ဆိုက်တွင်ဖော်ပြထားသည်။ Zawgyi Keyboard အသစ်ထွက်ခဲ့သောကြောင့် Upgrade လုပ်လိုပါက Cydia သို့သွားပြီး Changes ကိုနှိပ်ရမည်ဖြစ်သည်။ ထို့နောက် Refresh ကိုနှိပ်လိုက်ပါက Upgrade ပေါ်လာမည်ဖြစ်သည်။ Upgrade ပေါ်လာပါက Upgrade လုပ်နိုင်ပြီဖြစ်သည်။ Upgrade လုပ်ဆောင်ပြီးပါက Setting ထဲမှ iKeyEx, iKeyEx မှ Keyboards, Keyboard မှ Zawgyi ကို icon နှိပ်ရမည်ဖြစ်သည်။ ထို့နောက် iKeyEx မှ Settings ကို ပြန်သွားရမည်ဖြစ်သည်။ Settings ကို ပြန်သွားပြီးပါက Mix and Match မှ Zawgyi ကို Delete နှိပ်ရမည်ဖြစ်သည်။ Delete နှိပ်ပြီးပါက Mix and Match မှ Zawgyi Keyboard အား အပေါ်တွင်ပြခဲ့သော Video အတိုင်း ပြန်လည်ထည့်သွင်း နိုင်မည်ဖြစ်သည်။

Setting ထဲမှ General , General ထဲမှ Keyboard, Keyboard မှ Auto-Capitalization ကို Off လုပ်ထားပါက မြန်မာစာရိုက်ရာတွင် ပို၍အဆင်ပြေကြောင်းသိရသည်။

Internet ဂျာနယ်မှ ကူးယူဖော်ပြသည်။

Wednesday, November 25, 2009

ဝက်ခြံအကြောင်း တစေ့တစောင်း


ဘယ်သူမှ မပေါက်ချင်တဲ့ ၀က်ခြံအကြောင်းကို လူတိုင်းသိသင့်ပါတယ်။ သာမန်လူတစ်ယောက် အနေနဲ့ သိသင့်တဲ့ ၀က်ခြံနဲ့ဆိုင်တဲ့ အကြောင်းအရာများ အားလုံးကို ဒီဆောင်းပါးမှာဖေါ်ပြထားပါတယ်။ ကိုယ်တိုင်လည်းဖတ်တဲ့အပြင် အခြားသူများကိုလည်း ဖတ်ရှူနိုင်ရန် ညွှန်ပေးစေလိုပါတယ်။

ဝက်ခြံ

ဝက်ခြံဆိုတာ အင်မတန် အဖြစ်များကြပြီး အများအားဖြင့်တော့ ပျောက်ကင်းအောင် ကုသလို့ရပါတယ်။ ၀က်ခြံဖုများ ကင်းစင်သွားအောင် ကုသရာမှာ အချိန်အတော်ယူရလို့ စိတ်ရှည်ဖို့တော့ လိုအပ်ပါတယ်။ ဒါ့အပြင် ၀က်ခြံဖုများ ပျောက်သွားပြီဆိုရင်တောင် နောက်ထပ် ၀က်ခြံများ ထပ်မထွက်လာအောင် နှစ်နဲ့ချီပြီး “ထိန်းသိမ်းကုထုံး” ကိုဆက်လုပ်ရပါမယ်။

ဘယ်သူတွေ ၀က်ခြံပေါက်ကြသလဲ
လူတိုင်းမှာ ၀က်ခြံပေါက်နိုင်ပါတယ်။ အဖြစ်များတာကတော့ ၁၅နှစ် နဲ့ ၂၅နှစ်ကြားလူငယ်တွေပါ။ ၀က်ခြံတော်တော်များများဟာ မျက်နှာမှ ပေါက်တာဖြစ်ပေမယ်လို့ ကျောကုန်း၊ လည်ပင်း နဲ့ ရင်ဘတ် စတဲ့နေရာတွေမှာလည်း ၀က်ခြံပေါက်နိုင်ပါတယ်။ ၀က်ခြံအထူအပါးကတော့ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားနိုင်ပါတယ်။ ဆယ်ကျော်သက် ၁၀ယောက်မှာ ၉ယောက် ၀က်ခြံပေါက်ကြပါတယ်။ အဲဒီထဲက ၃ယောက်လောက်ကတော့ ၀က်ခြံများတဲ့အတွက် နောင်အခါ အမာရွတ်များ မထင်ကျန်ခဲ့ရန် ကုသခြင်းခံဖို့ လိုအပ်နေပါတယ်တဲ့။ ၀က်ခြံကို မကုသပဲထားမယ် ဆိုရင်တော့ ၄-၅နှစ်လောက်ကြာရင် သက်သာသွားမှာပါ။ ဒါပေမယ့်လည်း တချို့တွေမှာတော့ နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိသွားတတ်ပါတယ်။

ဘာကြောင့်ဝက်ခြံဖြစ်ရသလဲ?

အရေပြားအကြောင်း တစေ့တစောင်း

အရေပြားအောက်မှာ အဆီအိတ်လေးတွေရှိပါတယ်။ အဲဒီအဆီအိပ်များထဲမှ အဆီများဟာ အရေပြားပေါ်ကို အလွန်သေးငယ်တဲ့ အပေါက်ကလေးများကနေ စိမ့်ထွက်နေပါတယ်။ ဒီအဆီများဟာ အရေပြား ကြမ်းရှ ချောက်သွေ့မှုကို ကာကွယ်ပေးပါတယ်။ အဆီစိမ့်ထွက်သော အပေါက်များမှာ ဆံပင်၊ အမွေး များလည်း ပေါက်နိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ်သို့ ရောက်လာသောအခါ အရေပြားမှ အဆီထုတ်လုပ်မှုသည် ကလေးအရွယ်မှာထက် သိသိသာသာများလာသည်။ ဒါကတော့ ကြီးကောင်ဝင်ခြင်းရဲ့ ခန္ဓာကိုယ်ဟော်မုန်းဓါတ် အပြောင်းအလဲ ဖြစ်စဉ်ကြောင့် ဖြစ်ရပါတယ်။ အဆီများများထွက်လေ အရေပြားအဆီများများပြန်လေ ၀က်ခြံပိုဆိုးရလေဖြစ်ပါတယ်။ သတိထားကြည့်ရင် တချို့လူတွေကလည်း သူများထက်ကို ပိုအဆီပြန်လွယ်ပါတယ်။

ဝက်ခြံ သာမန် မှ မနည်းမများ အဆင့် - ၀က်ခြံခေါင်းမည်း၊ ၀က်ခြံခေါင်းဖြူ၊ ဆားဝက်ခြံ

အရေပြားပေါ်သို့ အဆီများထွက်ရာ အပေါက်ဝလေးများ၏ ပတ်ဝန်းကျင်ရှိ အရေပြားဟောင်းများ၊ ဆဲလ်အသေများကြောင့် အဆီစိမ့်ထွက်သော အပေါက်ငယ်ကလေးများ ပိတ်သွားတတ်သည်။ ထိုဝက်ခြံဖုကလေးများကို သေချာကြည့်မည်ဆိုလျှင် ဆို့ပိတ်နေသော အသွင်သဏ္ထာန်ကို တွေ့နိုင်ပါသည်။ ၀က်ခြံခေါင်းမည်းများတွင် အမည်းရောင် အစက်ကလေးများကို တွေ့ရမည်ဖြစ်ပါသည်။ ထို အဆီပေါက်ကို ပိတ်သည့် အမည်းရောင်အစက်များသည် အများထင်သလို ချေး (ဂျီး) မဟုတ်ပါ။ အရေပြား၏ အရောင်သာဖြစ်ပါတယ်။ အရေပြားပေါ်ကိုထွက်လာရမယ့် အဆီများကတော့ ထွက်ပေါက်ပိတ်နေတဲ့အတွက် အပြင်ကိုမထွက်ရတော့ပဲ အတွင်းမှာပဲ စုနေရတော့ ကြာလာတော့ အဆီအိပ်သာ တဖြည်းဖြည်း ကြီးလာပါတော့တယ်။ သာမန်အားဖြင့်တော့ ၀က်ခြံတွေဟာ ဒီအဆင့်လောက်ထိပဲ ဖြစ်တတ်ပါတယ်။ ၀က်ခြံခေါင်းမည်း၊ ၀က်ခြံခေါင်းဖြူ၊ ဆားဝက်ခြံ လို့ အမျိုးမျိုး ခေါ်ကြပါတယ်။

ဝက်ခြံ အပြင်းစားများ -

ထွက်ပေါက်ပိတ်နေတဲ့ အဆီအိတ်တွေကတော့ P. acne လို့ခေါ်တဲ့ ဘက်တီးရီးယား တစ်မျိုး အလွန်နှစ်သက်တဲ့ ရှင်သန်ပေါက်ပွားရာနေရာပါပဲ။ ပုံမှန်အားဖြင့်ကတော့ အဲဒီဘက်တီးရီးယားဟာ အရေပြားပေါ်မှာနေပါတယ်။ အရေအတွက်လည်း နည်းပါတယ်။ အဆီအိတ်ထဲမှာ ပိတ်မိသွားရင်တော့ ခဏချင်းအတွင်း အဆပေါင်းများစွာပွားလာပါတော့တယ်။ အနာကို ပိုးဝင်တာနဲ့ သဘောခြင်းတူတူပါပဲ။ နောက်ဆုံးကျတော့ ၀က်ခြံဖုဟာ ကြီးလာပြီး နီရဲ ယောင်ကိုင်း ပြည်တယ် ပါတော့တယ်။

ဒီလို ယောင်ကိုင်းနေတဲ့ ပြည်တယ်နေတဲ့ ၀က်ခြံအဖုတိုင်း အဖုတိုင်းဟာ တချိန်ချိန်မှာတော့ တဖြေးဖြေး သက်သာ ပျောက်ကင်းသွားပါတယ်။ အဖုဖြစ်ခဲ့ဘူးတဲ့နေရာမှာတော့ အမာရွတ်ကလေးတွေ ကျန်ရစ်တတ်ပါတယ်။ အသားညိုတဲ့သူတွေမှာ ၀က်ခြံအမာရွတ်များကို ပိုပြီးသိသာစွာတွေ့ရပါတယ်။ တချို့မှာကြတော့ အမာရွတ်အစား အရေပြားပေါ်မှာ ကျောက်ပေါက်မာလို အချိုင့် သေးသေးလေးတွေ ကျန်ခဲ့တတ်ပါတယ်။ ဒီအချိုင့်ကလေးတွေကတော့ အချိန်ကာလကြာသော်လည်း ပျောက်ချင်မှ ပျောက်တော့မှာပါ။

မိန်းကလေး တန်မယ့် ယောက်ျားဟော်မုန်း အထွက်များနေသော အခြေအနေမျိုး eg Polycystic Ovary Syndrome ဆိုရင်တော့ သာမန်ထက် ၀က်ခြံပိုများများပေါက်ပါတယ်။ အမျိုးသားဟော်မုန်းများနေတဲ့ အမျိုးအမီးတွေဆိုရင် ခေါင်းကဆံပင်ပါးသော်လည်း နှုတ်ခမ်းမွေးစစ၊ ခြေသလုံးမွေးရေးရေးနဲ့ တွေ့ရတတ်ပါတယ်။ Halogenated Hydrocarbon စတဲ့ ဓါတ်ငွေ့တွေနဲ့ ထိတွေလုပ်ကိုင်ရတဲ့ လုပ်ငန်းမျိုးလုပ်တဲ့သူတွေမှာလည်း ၀က်ခြံပိုပေါက်ပါတယ်။

ဝက်ခြံကို ပိုဆိုးစေသော အချက်များ

၁။ ပရိုဂျက်စရိုဂျင်တစ်မျိုးထဲပါသော သန္ဓေတားဆေးကဒ်။

၂။ အမျိုးသမီးများ ရာသီပေါ်ခါနီးတ၀ိုက်တွင် ၀က်ခြံဖုများပို “ထ” တတ်ပါတယ်။

၃။ မိတ်ကပ်ထူထူ၊ အဆီများသောမိတ်ကပ် များ ကြောင့်လည်း ၀က်ခြံပိုဆိုးနိုင်ပါတယ်။ မိတ်ကပ်ပါးပါးလိမ်းခြင်း၊ အဆီမပါသောမိတ်ကပ်ကို အသုံးပြုခြင်းတို့နဲ့ ကာကွယ်နိုင်ပါတယ်။

၎။ ဆိတ်ဆွခြင်းကြောင့် ၀က်ခြံဖုများကို ပိုမိုယောင်ကိုင်းလာစေပြီး နောင်အခါ အနာရွတ်များဖြစ်စေပါတယ်။

၅။ သာမန်ထက်ပိုပြီး ပူအိုက်စွတ်စိုမှုကြောင့် လွန်လွန်ကဲကဲ ချွေးထွက်များခြင်းဟာလည်း အဆီပေါက်ကလေးတွေ ပိုပိတ်စေပါတယ်။ ဥပမာ - တနေကုန် မီးဖိုချောင်တွင် ပူပူတွင် လုပ်ကိုင် ချက်ပြုတ်နေသူများ။

၆။ အ၀တ်အစားကျပ်ကျပ်ကြောင့် ချွေးထွက်များခြင်း၊ ပွန်းစားခံရခြင်းများကြောင့်လည်း ၀က်ခြံဖုများထွက်စေပါတယ်။ ဥပမာ - နဖူးစည်းကျပ်ကျပ်၊ ဘရာစီယာကြိုးကျပ်ကျပ်၊ လည်ပင်းကော်လာကျပ်ကျပ်တို့အောက်မှာ ၀က်ခြံဖုတွေထွက်နိုင်ပါတယ်။

၇။ တချို့သော ဆေးဝါးများကြောင့် ၀က်ခြံပိုထွက်ပါတယ်။ ဖီနက်တွိုင်း ဆိုတဲ့ ၀က်ရူးပြန်အတက်ကျဆေး၊ ၀ဲနှင်းခုကိုလိမ်းရသော စတီးရွိုက်လိမ်းဆေးများ၊ ကာယဗလအတွက် (တရားမ၀င်) အသုံးပြုသော စတီးရွိုက်ဆေးများ ပဲဖြစ်ပါတယ်။

ဝက်ခြံနှင့်ပတ်သက်သော အယူအဆ အလွဲများ ကိုဖြေရှင်းခြင်း။

၁။ ၀က်ခြံဟာ ညစ်ပတ်လို့ဖြစ်ရတာမဟုတ်ပါဘူး။ ခဏခဏ မျက်နှာသစ်ခြင်းကြောင့် ပိုတောင်ဆိုးနိုင်ပါတယ်။

၂။ အစားအသောက်နဲ့ ၀က်ခြံပေါက်ရတာ ဆက်နွယ်မှုမရှိပါ။ ချောကလက်၊ အချို၊ အဆီများသော အစားအစာများနှင့် ၀က်ခြံ ဆက်စပ်မှုမရှိပါ။

၃။ စိတ်ဖိစီးမှုနှင့် ၀က်ခြံ ဆက်စပ်မှုမရှိပါ။

၎။ ၀က်ခြံဟာ တစ်ယောက်မှတစ်ယောက်ကို မကူးစက်နိုင်ပါ။

၅။ ရေများများသောက်ခြင်းဖြင့် ၀က်ခြံပျောက်အောင်လုပ်မရပါ။

၆။ ၀က်ခြံကို ဆေးဝါးများဖြင့်ကုလို့ မပျောက်ဘူးဆိုတာ မဟုတ်ပါ။ သေသေချာချာကုရင် ပျောက်ကိုပျောက်ပါတယ်။

ဝက်ခြံရှိသူများအတွက် အရေပြားထိန်းသိမ်းနည်း

၁။ မျက်နှာကို ပုံမှန်ထက် အကြိမ်ပိုများများ သစ်စရာမလိုပါ။ တစ်နေ့ ၂ ကြိမ်ဆိုတော်ပါပြီ။ ပျော့သောဆပ်ပြာနှင့် မပူမအေးသောရေဖြင့် သစ်ရမယ်။ (ပူသောရေ၊ အေးသောရေ များဟာလည်း ၀က်ခြံကိုပိုဆိုးစေပါတယ်။) ၀က်ခြံပေါက်နေသောနေရာကို ကြမ်းတမ်းစွာပွတ်တိုက်ခြင်းကိုလည်း ရှောင်ပါ။ သဲဆပ်ပြာ၊ လောင်စားစေသောဆပ်ပြာ၊ အရေခွံကွာထွက်စေသောဆပ်ပြာ များ လုံးဝ မသုံးရပါ။ ကြမ်းတမ်းစွာပွတ်တိုက် သန့်စင်စေခြင်းကြောင့် ၀က်ခြံဖုများ ပိုမိုယောင်ကိုင်းလာနိုင်ပါတယ်။

၂။ ပိုးသတ်ဆေးပါဝင်သော ဆေးဆပ်ပြာများလည်း သိသိသာသာ ထိရောက်မှုမရှိပါဘူး။

၃။ ၀က်ခြံခေါင်းမည်းမှ အမည်းစက်များကို ဘယ်လိုမှပျောက်အောင်လုပ်လို့ မရပါဘူး။ တကယ်တော့ အဲဒီအမည်းစက်ကလေးတွေဟာ (မှဲ့ လိုမျိုး) အရေပြားရဲ့ အရောင်ပါပဲ။

၎။ အောက်တွင်ဖေါ်ပြမည့် ၀က်ခြံပျောက်လိမ်းဆေး တချို့ဟာ အရေပြားကို ခြောက်သွေ့စေပါတယ်။ အဲဒီအခါမှာ အနံ့မပါသော ရေဓါတ် အစိုထိန်းလိမ်းဆေး (fragrance free water based moisturiser cream) များကို သာသုံးပါ။ အဆီပါသော အရာများကိုမလိမ်းပါနဲ့။

ဝက်ခြံကို ကုသခြင်းရဲ့ ရည်ရွယ်ချက်

ဝက်ခြံကို ကုနေကြရတဲ့ အဓိကရည်ရွယ်ချက်တွေကတော့ ၀က်ခြံဖုများ တတ်နိုင်သရွေ့နည်းပါးသွားစေရေးနဲ့ အမာရွတ်များ မထင်ကျန်ခဲ့ရေးပဲဖြစ်ပါတယ်။ ၀က်ခြံအထူအပါးပေါ်မှာ မူတည်ပြီး ကုထုံးတွေကွဲပါတယ်။ လိမ်းဆေး သို့မဟုတ် လိမ်းဆေး နဲ့ သောက်ဆေးတွဲ သို့မဟုတ် သောက်ဆေး စသည်ဖြင့် ကွာခြားပါတယ်။

ယေဘူယျအားဖြင့်ဆိုရင်တော့ လူတော်တော်များများမှာ ဖြစ်နေကြတဲ့ ၀က်ခြံအပျော့စား (၀က်ခြံခေါင်းမည်း၊ ဆားဝက်ခြံ) စတာတွေကို ကုစရာမလိုပါဘူး။ အချိန်တန်ရင် သူ့ဖာသာသူပျောက်သွားမှာပါ။ အမာရွတ်လည်း ကျန်လေ့မရှိပါဘူး။ ကုဖို့လိုတဲ့ ၀က်ခြံတွေကတေ့ ယောင်ကိုင်း၊ နီရဲ၊ ပြည်တည်၊ ၀က်ခြံဖုကြီးတွေပါပဲ။ ဒါတွေကတော့ မြန်မြန်ကုနိုင်မှသာ အမာရွတ်ကြီးကြီးကျန်ခဲ့ခြင်းက ကာကွယ်နိုင်မှာပါ။ ဘယ်ဆေးကမှတော့ အရေပြားကို “ပြစ်မျိုးမှဲ့မထင်” ပြန်ပြီးမကောင်းသွားစေနိုင်ပါဘူး။

ဝက်ခြံပျောက်လိမ်းဆေးများ

ဝက်ခြံပျောက်လိမ်းဆေးတွေ ပုံစံအမျိုးမျိုးနဲ့ ရှိပါတယ်။ ဂျယ်လီ၊ ဆေးရည်၊ ကရင်မ် စတာတွေပါ။ မတူတဲ့ဆေးတွေဟာ တခုနဲ့တခု ထိရောက်ပုံခြင်းလည်း မတူကြပါဘူး။ ဘယ်ဆေးကို လိမ်းလိမ်း အရေးအကြီးဆုံးကတော့ ဆေးမလိမ်းမှီ အညွှန်းစာရွက်ကို သေသေချာချာ ဖတ်ဖို့ပါပဲ။ ဘယ်လိုလိမ်းရမလဲ၊ ဘယ်နှကြိမ်လဲ၊ ဘာတွေရှောင်ရမလဲ စတာတွေပါ။ နောက်အရေးကြီးတာတခုကတော့ ၀က်ခြံပျောက်ဆေးလိမ်းရင် ဆေးကို ၀က်ခြံဖုတစ်ခုခြင်းစီ လိမ်းရတာမဟုတ်ပါဘူး။ ၀က်ခြံပေါက်နေတဲ့ အရေပြားတ၀ိုက်လုံးကို လိမ်းပေးရပါမယ်။

ဘင်ဇွိုင်းပါရောက်ဆိုက် (Benzyl peroxide)

ဒီဆေးကတော်တော် အသုံးများကြပါတယ်။ သူက သုံးမျိုးလုပ်ပေးပါတယ်။ ၀က်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားပိုးကို သတ်ပေးတယ်၊ ယောင်ခြင်းကို ကျစေတယ်၊ အ၀ပိတ်နေတဲ့ အဆီအိတ်တွေကို ပွင့်စေတယ်။ ၀က်ခြံခေါင်းမည်း/ဖြူ တွေကိုလည်း ပျောက်စေတယ်။ အင်မတန်ကောင်းတဲ့ဆေးပေပဲ။ ပြင်းအားအနေနဲ့ ၂.၅%၊ ၄%၊ ၅%၊ ၁၀% စသည်ဖြင့်ထုတ်လုပ်ပါတယ်။ မြန်မာပြည်မှာဝယ်လို့ရပါတယ်။ Oxy 5, Oxy 10 စသည်ဖြင့်လာပါတယ်။ Oxy နောက်က 5, 10 ဆိုတာ ပြင်းအားကို ညွန်းပါတယ်။ နိုင်ငံခြားကဆေးဆိုင်တွေမှာလည်း ဆရာဝန်လက်မှတ်မပါပဲ ၀ယ်လို့ရပါတယ်။

- ဆေးမလိမ်းခင် မိနစ် ၂၀ - ၃၀ ကြိုပြီး မျက်နှာသစ်ထားပါ။
- ဆေးနဲ့ထိမိရင် ဆံပင်တို့၊ အ၀တ်အစားတို့ ဆေးရောင်ကျွတ်တတ်ပါတယ်။ သတိထားပါ။
- တချို့လူတွေမှာ ဆေးလိမ်းလိုက်ရင် အရေပြား စပ်ဖျင်းဖျင်းဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရင်တော့ ဆေးလိမ်းတာကို ရပ်ထားလိုက်ပါ။ နောင်ကျမှ ဆေးပြင်းအား အပျော့ဖြင့် ပြန်စမ်းကြည့်ပါ။ ဒါမှမဟုတ် မျက်နှာပေါ်မှာ ဆေးလိမ်းထားချိန်ကို လျော့လိုက်ပါ။
- အကောင်းဆုံးကတော့ အပျော့ဆုံး ၂.၅% နှင့်စပါ။ နောက်ပိုင်း ကိုယ်ခံနိုင်ရည်အပေါ်မူတည်ပြီး ဆေးပြင်းအားကို တိုးတိုးသွားပါ။
- Water based preparation ရေဓါတ်အခြေခံကို သုံးပါ။ (အရက်ပျံ အခြေခံ ထက်ပိုကောင်းပါတယ်)
- စလိမ်းကာစမှာတော့ တရက်ကို တကြိမ်ပဲလိမ်းပါ။ ဆေးလိမ်းထားပြီး နာရီတော်တော်ကြာရင် မျက်နှာသစ်ပြစ်လိုက်ပါ။
- နောက်ပိုင်းဆိုရင်တော့ မျက်နှာပေါ်မှာ ဆေးလိမ်းထားတဲ့ အချိန်ကို တိုးတိုးသွားပါ။
- တဖြည်းဖြည်း ကျင့်ရင်းနဲ့ နောက်ဆုံး တရက်ကို နှစ်ကြိမ်လိမ်းနိုင်သွားရင်တော့ အကောင်းဆုံးပါပဲ။

ရက်တီးနွိုက် (Retinoids - adapalene, tretinoin, and isotretinoin)

နောက်ပိုင်းမှ ခေတ်စားလာပေမယ့် တော်တော်စွမ်းတဲ့ဆေးပါပဲ။ သူကျတော့ နိုင်ငံခြားမှာဆိုရင် ဆရာဝန်လက်မှတ်နဲ့မှ ၀ယ်လို့ရပါတယ်။

- လိမ်းခါစ အခန့်မသင့်ရင် မျက်နှာကြီး နီရဲယောင်ကိုင်းပြီး အရေပြားတွေ အလွှားလိုက်ကွာထွက်တတ်ပါတယ်။ နောက်ပိုင်းတော့ အသားကျသွားမှာပါ။
- တချို့ကျတော့ လိမ်းခါစမှာ ၀က်ခြံဖုတွေပိုယောင်လာတယ်၊ ပိုဆိုးလာတတ်ပါတယ်။ ဒါလည်းနောက်ပိုင်း သက်သာသွားမှာပါ။
- ဆေးလိမ်းထားပြီးနေရောင်ထဲသွားရင် ပိုပြီနေလောင်တတ်ပါတယ်။ ဒါကြောင့် ညဖက်မှာပဲလိမ်းသင့်ပါတယ်။
- ဆေးလိမ်းသူများ အဖြစ်များတဲ့ အချက်တွေကတော့ အရေပြား ပူခြင်း၊ ယားခြင်း၊ ခြောက်သွေ့ခြင်းတို့ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ အစပိုင်းတော့ ထုံးစံအတိုင်း ဆေးပြင်းအား အပျော့စားနဲ့စသင့်ပါတယ်။
- ကိုယ်ဝန်ရှိသောသူများ၊ ကိုယ်ဝန်ဆောင်လတ္တံ့သောသူများ မသုံးသင့်ပါဘူး။ သန္ဓေသား ကိုယ်လက်အင်္ဂါချို့ယွင်းနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးများ ဆေးသုံးနေစဉ် သန္ဓေတားခြင်းပြုလုပ်သင့်ပါတယ်။

ပိုးသတ်ဆေးလိမ်းဆေးများ

ဝက်ခြံပျောက်ဆေးထဲမှာ ပိုးသတ်ဆေးလိမ်းဆေး အမျိုးမျိုး ဈေးကွက်ထဲမှာရှိပါတယ်။ ပိုးသတ်ဆေးဆိုတဲ့အတိုင်း အဆီအိတ်ထဲ ပိတ်မိနေတဲ့ ပိုးကိုသတ်ပေးတယ်၊ ယောင်တာကို ကျစေတယ်။ ဒါပေမယ့် ပိတ်နေတဲ့ဟာတွေတော့ ပွင့်အောင်မလုပ်ပေးပါဘူး။ အဲဒါကြောင့် ၀က်ခြံခေါင်းမည်း နဲ့ ဆားဝက်ခြံတွေမှာ အသုံးမ၀င်ပါဘူး။ ဒီဆေးတွေလည်း လိမ်းကာစမှာ တချို့လူတွေ မျက်နှာ စပ်ဖျင်းဖျင်းဖြစ်စေပါတယ်။ သူတို့လည်း ဆေးလက်မှတ်ပါမှ ၀ယ်လို့ရပါတယ်။ မြန်မာပြည်မှာတော့ ပိုးသတ်ဆေး Clindamycin ပါတဲ့ Dalacin-T ဆိုတာ နာမည်ကြီးပါတယ်။


အဇီးလရစ်အက်ဆစ် (Azelaic Acid)

သူလည်း အထက်ကပြောခဲ့တဲ့ ဘင်ဇွိုင်းပါရောက်ဆိုက်တို့ ရက်တီးနွိုက်တို့ လိုပါပဲ။ ဒါပေမယ့်နည်းနည်းပျော့ပါတယ်။ ဘင်ဇွိုင်းပါရောက်ဆိုက်တို့ ရက်တီးနွိုက်တို့ နဲ့ မတဲ့သူများမှာသုံးပါတယ်။

ဆေးပေါင်းများ

အပေါ်မှာပြောခဲ့တဲ့ဆေးတွေကို ရောစပ်လိုက်တာပါ။ ဘင်ဇွိုင်းပါရောက်ဆိုက် နဲ့ ပိုးသတ်ဆေး ရော၊ ရက်တီးနွိုက် နဲ့ ပိုးသတ်ဆေး အရော၊ စသည်ဖြင့်ပါ။ နှစ်မျိုးပေါင်းလိုက်တော့ တစ်မျိုးခြင်းစီထက် ပိုစွမ်းသွားတာပေါ့။

သောက်ဆေးများ

ဝက်ခြံအတွက် ပိုးသတ်ဆေးများကို သောက်လို့လည်း ရပါတယ်။ ပိုးသတ်ဆေးဖြစ်တဲ့အတွက် ပိုးများကိုသတ်ပေးပါတယ်၊ ၀က်ခြံဖုယောင်ရမ်းခြင်းကို လည်း ကျစေပါတယ်။ အဆီအိတ် အပေါက်ပိတ်ခြင်းကိုတော့ မထူးခြားစေပါဘူး။ အသုံးများတဲ့ ပိုးသတ်ဆေးတွေကတော့ တက်ထရာဆိုင်ကလင်း အုပ်စုပဲဖြစ်ပါတယ်။ oxytetracycline, tetracycline, doxycycline, lymecycline and minocycline စတာတွေဖြစ်ပါတယ်။ ဒီ တက်ထရာဆိုင်ကလင်းအုပ်စုဆေးတွေကို
- ၁၂ နှစ်အောက် ကလေးသူငယ်များ မသောက်သင့်ပါဘူး။
- ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ၊ ကိုယ်ဝန်ဆောင်ရန်အစီအစဉ်ရှိသူများ မသောက်သင့်ပါ။
- အစာနဲ့ ဝေးဝေး အချိန်မှာ ရေနဲ့ သောက်ရပါမယ်။ နွားနို့၊ အစာ စတာတွေနဲ့ တွဲမသောက်ရပါ။ အာနိသင်ကျပါတယ်။
- သန္ဓေတားဆေးကဒ်၏ အာနိသင်ကို ကျစေပါတယ်။ တားဆေးကဒ် စားနေသော အမျိုးသမီးများအနေနဲ့ ဆေးစသောက်သော ပထမသုံးပါတ်အတွင်း ကွန်ဒုံးသုံးခြင်းဖြင့် အပိုကာဘာယူထားသင့်ပါတယ်။

တစ်ခြားသော ပိုးသတ်ဆေးများ Erythromycin, Trimethoprim စတဲ့ဆေးတွေကိုလည်း ၀က်ခြံအတွက်သုံးကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရလဒ်ခြင်း မတူကြပါဘူး။

ဟော်မုန်းကုထုံးများ

အီစရိုဂျင်ပါတဲ့ တားဆေးတွေကတော့ ဟော်မုန်းမညီညွတ်မှုကြောင့်ဖြစ်တဲ့ ၀က်ခြံများကို သက်သာစေပါတယ်။ အီစရိုဂျင်နဲ့ အင်တီ-အင်ဒရိုဂျင်ပါတဲ့ ဆေးတွေကိုလည်း သုံးကြပါတယ်။

အိုင်ဆို ထရီတီနိုအင် (Isotretinoin)

အိုင်ဆို ထရီတီနိုအင် ဆိုတာ ရက်တီးနွိုက် နဲ့ အုပ်စုတူပါတယ်။ ဒီဆေးကိုသောက်ရင် အဆီပြန်တာ တော်တော်သိသိသာသာ လျော့သွားပါတယ်။ ဒါပေမယ့် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေက တော်တော်များလို့ ကျွမ်းကျင်သူ ဆရာဝန်များ ညွှန်ကြားမှသာ သောက်သင့်ပါတယ်။

ဘယ်လောက်ကြာကြာကုရမှာလည်း

ဆေးကို လိမ်းလိမ်း သောက်သောက် ပုံမှန်အားဖြင့်တော့ ၄ ပါတ် ကနေ ၆ ပါတ် ကြာမှ ဆေးရဲ့ ထူးခြားမှုဟာ စသိသာလာမှာပါ။ တချို့တွေဆိုရင် ၄လ လောက်ကြာမှ စတင် သိသာလာပါတယ်။ လူတော်တော်များများ က တပါတ် နှစ်ပါတ် စမ်းကြည့်ရုံနဲ့ မသိသာဘူး၊ မသက်သာဘူးဆိုပြီး လက်လျော့လိုက်ကြတာများကြပါတယ်။ ဒါကြောင့်ပဲ ၀က်ခြံဟာ ပျောက်အောင်ကုလို့မရဘူး လို့ထင်နေကြတာပါ။ ဒီတော့ ဆေးနည်းတစ်ခုကို စသုံးမယ်ဆိုရင် အနည်းဆုံး ၆ ပါတ်လောက် သုံးကြည့်ပြီးမှ သက်သာ မသာ အကဲဖြတ်ပါ။ မသက်သာဘူးဆိုရင် စိတ်မပျက်ပါနဲ့။ တခြားတနည်းကို ပေါင်းထည့်ခြင်း၊ ဒါမှမဟုတ် ပိုစွမ်းတဲ့ နည်းကို အသုံးပြုခြင်းတို့ပြုလုပ်နိုင်ပါတယ်။

စိတ်ရှည်လက်ရှည်နဲ့ ကုရင်းနဲ့ ၀က်ခြံဟာ တဖြည်းဖြည်းပါးလာပြီး နောက်ဆုံးပျောက်သွားမှာပါ။ ၀က်ခြံဖုများလုံးဝပျောက်ကင်းသွားရင်တောင်မှ အရင်က ဖြစ်ခဲ့တဲ့ အမာရွတ်များ ကျန်နေနိုင်ပါတယ်။ ကုထုံးရပ်လိုက်ရင် ၀က်ခြံတွေ စုပြုံထွက်လာတတ်ပါတယ်။ ဒီတော့ နောက်ထပ် ၀က်ခြံထပ်မထွက်တော့အောင်တော့ ထိန်းထားရပါလိမ့်မယ်။ အသုံးအများဆုံးကတော့ ဘင်ဇွိုင်းပါရောက်ဆိုက် အပျော့စား ကို နေ့စဉ်လိမ်းပေးခြင်းပါပဲ။ ၄ - ၅ - ၆ နှစ်လောက်တော့ ဆက်သွားရပါမယ်။ သဘာဝအရ ၀က်ခြံများ ငြိမ်သွားတဲ့ အသက် ၂၀ ကျော်ကျော်အထိ ထိန်းနေရမှာပါ။ တစ်ချို့ အသက် ၃၀ ကျော်အထိ ၀က်ခြံများ ထွက်တဲ့သူတွေကတော့ နောင်နှစ်ပေါင်းတော်တော်ကြာတဲ့အထိ စွဲသုံးရပါလိမ့်မယ်။



င်္Forward မေလ်းမှရသည်။

Tuesday, November 24, 2009

JOKE OF THE DAY

အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ ဟာသလေးတွေကို မြန်မာပြန်ရင် မူရင်းအရသာ ပျက်သွားမှာစိုးလို့ ဒီတိုင်းပဲတင်လိုက်ပါတယ်...အကယ်တော့ ပျင်းလို့.......

* They say that marriage makes a man dizzy, and it's true. As soon as I got a wife, I lost my balance at the bank.

* Men want 3 qualities in wives: Economist in kitchen, artist in home & devil in bed.
But they get artist in kitchen, devil in home & economist in Bed.

* Q: Why do women live longer than men?
A: Shopping never causes heart attacks, but paying the bill does!

* Before marriage: Roses are red, sky is blue. You are beautiful, I love you.
After marriage: Roses are dead, I'm blue. You are my headache, one day I'll kill you.

* Getting married is very much like going to a restaurant with friends.You order what you want, and then when you see what the other person has, you wish you had ordered that.

* Man: Is there any way for long life?
Dr: Get married.
Man: Will it help?
Dr: No, but the thought of long life will never come.

* Why do couples hold hands during their wedding?It's a formality just like two boxers shaking hands before the fight begins!

* Wife: Darling today is our anniversary, what should we do?
Husband: Let us stand in silence for 2 minutes.

Wednesday, November 11, 2009

NP Myanmar Cultural Show


"စင်ကာပူ ရောက် ရွှေမြန်မာများအားလုံး"
မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာပထမ နှုတ်ခွန်းဆက်သ ဂါရ၀ခြွေအပ်ပါတယ်။
နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲ ဖြစ်သော NgeeAnn Polytechnic မှ ရွှေမြန်မာကျောင်းသား၊ ကျောင်းသူများ စုစည်းတင်ဆက်သော "NP Myanmar Cultural Show 2009" ကို ဂုဏ်ယူဝင့်ကြွားစွာ တင်ဆက်ရန် အချိန်အခါ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ သို့အတွက်ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အစစ်အမှန်ကို ထုတ်ဖော်ပြသမယ့် နီအန်းမြန်မာရိုးရာယဉ်ကျေးမှုပွဲတော် ကို လာရောက်ကြည့်ရှု အားပေး ကြပါရန် လေးစားစွာနှင့် ဖိတ်ကြားသမှု ပြုအပ်ပါတယ်။

နှစ်စဉ်တင်ဆက်နေကြ အစီအစဉ်များနှင့်မတူ NP Myanmar ကျောင်းသား၊ ကျောင်းသူတို့ဧ။် စုစည်းမှုအင်အား၊ တောက်ပသော အနုပညာအား တို့နှင့် အတူ ထူးခြားစွာတင်ဆက်ပေးသွားမည့် -
- စုံလင်ရသ တေးသရုပ်ဖော်အကအလှများ
- မြန်မာရိုးရာသံချပ် နှင့် ပြဇာတ်- ရောင်သွေးစုံလင် နီအန်းအငြိမ့်သဘင်
- Black & White Melody Program
- Feel the beatz Performance အစရှိသည့် စိတ်ဝင်စားဖွယ်အစီအစဉ်များ ဖြင့် အောက်ပါအတိုင်း ကျင်းပသွားမည် ဖြစ်ပါတယ်။

နေ့ရက် - ၂၁ ရက်၊ နိုဝင်ဘာလ ၂၀၀၉ ခုနှစ် ( စနေနေ့ )
အချိန် - နေ့လည် ၁ နာရီ မှ ညနေ ၇ နာရီအထိနေရာ
- Victoria Theatre ( City Hall MRT မှ ၅ မိနစ်ခန့်သာ လမ်းလျှောက်သွားနိုင်သည့် နေရာတွင် တည်ရှိပါသည်)

သို့ပါ၍ စိတ်ပါဝင်စား ကြည့်ရှုအားပေးလိုပါလျှင်- Penisula Plaza ရှိ ဧရာဝတီစားသောက်ဆိုင်၊ သပြေနု၊ လင်းလက်၊ Sin-Myanmar ဆိုင်များတွင် လက်မှတ်များ ၀ယ်ယူနိုင်သလို အာကာ - ၈၃၈၈ ၂၇၃၆ချမ်းငြိမ်းစိုး - ၈၁၆၃ ၈၉၄၂နေဦး - ၈၅၀၃ ၉၇၂၃ တို့ထံ ဆက်သွယ်၍ မေးမြန်း မှာယူနိုင်ပါတယ်။ (**** လက်မှတ်များကို Delivery System ဖြင့် လာရောက်ပို့ဆောင်ပေးမည် ဖြစ်ပါသည်။)

***လက်မှတ်ဈေးနှုန်းများမှာ - စင်ကာပူဒေါ်လာ ၁၇ ၊ ၁၅ ၊ ၁၂ တို့ ဖြစ်ကြပါသည်။ ( ပွဲနေ့တွင် ညနေစာဖြင့် တည်ခင်းဧည့်ခင်းမည့်အပြင် လက်မှတ်တစ်စောင် ၀ယ်ယူသူတိုင်း ဧရာဝတီစားသောက်ဆိုင်တွင် ယိုးဒယားသင်္ဘောသီးထောင်းတစ်ပွဲ ကို မေတ္တာလက်ဆောင် အဖြစ်စားသောက်နိုင်မည် ဖြစ်ပါတယ်။ )

မြန်မာ့ရေမြေ၊ မြန်မာ့တောတောင်သဘာဝ၊ မြန်မာ့ယဉ်ကျေးမှု ကို လွမ်းဆွတ်တမ်းတ သတိရနေသူများ အနေဖြင့် ကြည့်ရှုအပန်းဖြေ သင့်သော ရိုးရာယဉ်ကျေးမှုပွဲတောင် ပင် ဖြစ်ပါတယ်။
ပရိသတ်များနှစ်ခြိုက်စေမည့် အစီအစဉ်တင်ဆက်မှုများနှင့် တင်ဆက်ဖျော်ဖြေရန် ကျွန်ုပ်တို့ NgeeAnn Myanmar ကျောင်းသား၊ ကျောင်းသူများမှ စောင့်မျှော်ကြိုဆိုလျှက်-
ကျေးဇူးအထူးတင်စွာဖြင့်-
NP MYANMAR STUDENTS

Friday, November 6, 2009

လွမ်းမောဖွယ် ယနေ့ အာအိုင်တီ (RIT)

RIT (Rangoon Institute of Technology) အကြောင်း တင်လို့ RITကျောင်းသားသူ လို့ မထင်လိုက်ပါနဲ့။ RITကျောင်းထွက်မဟုတ်တဲ့ YTU (Yangon Technological University) ကျောင်းသူဟောင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ RIT ကြို့ကုန်းကျောင်းမှာမတက်ရပဲ YTU ဆိုတဲ့နံမည်အသစ်နဲ့ လိုင်သာယာ ကျောင်းမှာ ပညာသင်ယူရလို့ပါ။ အကြောင်းကတော့ မပြောသော်လည်း "လူတိုင်းသိ၊ မလွမ်းသော်လည်း ရင်ထဲရှိ" နေတဲ့ ကျောင်းတော်ကြီး။ ရင်ငွေ့ခိုလုံသူ တစ်ယောက်မှမရှိလည်း တိတ်ဆိတ်ငြိမ်သက်ခြင်း၊ တည်ငြိမ်ရင့်ကျက်ခြင်း၊ လွမ်းမောကြေကွဲခြင်း အပြည့်နဲ့ ထီးတည်းစွာ ရပ်တည်နေဆဲ....

ကျွန်မအတွက်တော့ "စိန်ပန်းပြာနဲ့ သြဘာလမ်းလဲ မလျောက်ခဲ့ရပါဘူး" ၊ " အဆောင်နေ ဂျီဟောသူလဲ မဖြစ်ခဲ့ပါဘူး"။ ဘာပဲဖြစ်ဖြစ် "ဆိုင်သာဆိုင် မပိုင်လိုက်ရသော"...."ခင်သာခင် မကြင်လိုက်ရသော ကျောင်းတော်ကြီး "အတွက် အလွမ်းပြေ အမှတ်တရ....

"The RIT in Our Heart"
So Many Sweet memories....
Ever Lasting Friendship...Intelligence...sharing Spirit, Humanity, courage...
History and some have stories...
RIT is the place where we all cherish deeply...
But.....
Today....
The time stopped and The Doors are locked ...
We are not welcomed any more...
And
No more Voices of Laughters, Greeting and Happiness...
Dead music in the Canteens..
Lifeless Corridors and Playing card corners....
With scarily silent Walkways.....
Empty Classrooms..
Deserted and Forgotten...
A Place... NO ONE CARE.....
Lifeless... Hopeless....Loveless and Helpless...
It's Just Existing
The Old Grand Graveyard...
It witness all History...
Knowledge....Technology...Brotherhood....Love
And
Even Our Struggle...Sweat....Blood and Death for Generations.
It has given us the Foundation and amirless path of
Knowledge, wisdom and colourful Future to all of us....
Today....It is dying...and
Looking and Staring us like the Last Minute of an even caring ..." Old Wise Man"
No Matter What...
The courage, spirit, value, and Knowledge of him...
Will live on Forever...Beyond the time of space...
I Say my Last Goodbye to our RIT ....
Dont Forget RIT and...
Dont Forget Burma...
With our Old RIT Value and Spirit...
By Ethan Aung



မြန်မာများအတွက် ပညာဒါန အစီအစဉ်

စင်ကာပူတွင် လာရောက် အလုပ်လုပ်ကိုင်နေသော မြန်မာများ၏ အရည်အချင်း ပိုမို တိုးတက် မြင့်မားလာစေရန် ရည်သန်၍
အောက်ပါ သင်တန်းများကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း အခမဲ့ သင်ကြားပေးမည် ဖြစ်ပါသည်။

ပို့ချမည့် သင်တန်းများ
- English
- Engineering Mathematics and Piping Fundamental Knowledge
- Preparation of Reports / Proper Data Entry and Records

သင်တန်းနေရာ
TMC Education Group (Peninsula Plaza အနီး)
မှတ်ချက်။ ။ သင်တန်းခန်းမ ကို သင်တန်းသားများအား ထပ်မံ ကြေငြာပါမည်။
သင်တန်းကာလ ။ ။ ၁၀ - ၁ - ၂၀၁၀ မှ ၁၂ - ၂ - ၂၀၁၀ ထိ (ရက်သတ္တ ၆ ပတ်)
သင်တန်းရက် ။ ။ တနင်္ဂနွေ နေ့တိုင်း
သင်တန်းချိန်။ ။ နေ့လည် ၂ နာရီ မှ ညနေ ၅ နာရီ ထိ

သင်တန်းဆရာများ
_ English - ဒေါ်ခိုင်ခိုင်အောင် (Oral Examiner Trainer & Coordinator (British Council , Upper Burma.))
_ Reports / Data Entry / Records - ဦးနေမင်းဟိန်း (လက်ထောက်ကထိက (ငြိမ်း) - ရန်ကုန်စက်မှု တက္ကသိုလ်)
_ Engineering Mathematics - ဦးအေးငြိမ်း (လက်ထောက်ကထိက (ငြိမ်း) - ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်)

သင်တန်းတက်ရောက်လိုသူများ ဖုံးနံပါတ် 9098 0057 သို့ -
_ မိမိ၏ အမည်
_ FIN No. သို့မဟုတ် Work Permit No. များကို -
SMS (Message) ပို့ပြီး စာရင်းပေးသွင်းနိုင်ပါသည်။
မှတ်ချက်။ ။ ထို ဖုံးနံပါတ်သို့ ဖုံးမခေါ်ပါနှင့်။ Message ပို့ရန်သာ ဖြစ်ပါသည်။

သင်တန်းတစ်ခုလျှင် လူလေးဆယ် လက်ခံ သင်ကြားပေးမည် ဖြစ်ပြီး Phone Message သို့ ဦးစွာ ၀င်လာသော သူများ အလိုက် ဦးစားပေး တန်းစီကာ နံပါတ် ၄၀ ထက်ကျော်သူများကို သင်တန်း အမှတ်စဉ် (၂) ၊ (၃) စသဖြင့် လက်ခံ သင်ကြားပေးသွားမည် ဖြစ်ပါသည်။
အသေးစိတ် သိလိုသူများ အောက်ပါ e-mail သို့မဟုတ် ဖုံးနံပါတ် သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
e-mail : pyinnyadana@gmail.com
ဖုံးနံပါတ် ။ ၁၅-၁၁-၀၉ မတိုင်မီ
- ဦးအေးငြိမ်း - ၉၇၃၀၃၀၂၇
၁၅-၁၁-၀၉ နောက်ပိုင်း
- ဦးနေမင်းဟိန်း - ၉၂၇၁ ၂၀၈၀၊
- ဦးဌေးဝင်းနိုင် - ၉၃၈၅ ၀၇၇၅၊
- ဒေါ်ခိုင်ခိုင်အောင် - ၉၇၇၁ ၅၈၅၇

Thursday, October 22, 2009

Gtalk အကြောင်း တစေ့တစောင်း

Gtalk ဆိုတာ Google က အလကားပေးတဲ့မေးလ်ပါ။ တခြားမေးလ်တွေထက် ပိုမိုလွယ်ကူ အဆင်ပြေချောမွေ့လို့ လူတော်တော် များများအသုံးပြုနေဆဲ...ဒါကြောင့် Gtalk နဲ့ပတ်သက်တာလေးတွေကို kozaw357 မှ စုစည်းပြီး ကူးယူဖော်ပြထားပါတယ်ရှင်။

(၁). မိမိ gtalk ကို ဘယ်လို ကာကွယ်ကြမလဲ....
(၂). Gtalk ကနေ လူတွေ အများကြီးနဲ့ Conference ပြောကြရအောင် ……
(၃). Gmail မဟုတ်ပဲ Invisible လုပ်ကြရအောင်....
(၄). Gtalk chat window ထဲမှာပဲ Youtube Video ကြည့်မယ်....
(၅). gtalk ကို skin လှလှလေးနဲ့သုံးရအောင်....
(၆). G-Talk ကနေ မိမိကြိုက်နှစ်သက်ရာသီချင်းတောင်းဆို နားဆင်နိုင်သော အွန်လိုင်း ရေဒီယိုအစီအစဉ်...
(ရ). ကိုယ့် Gmail ကို သူများဝင်သုံးနေလားဆိုပြီး စစ်ရန်....
(၈). Gtalk မှာ ဝင်ဝင်လာတတ်သော Private Cam Virus ကိုရှင်းတဲ့ ဆော့ဝဲလ်..
(၉). gtalk မှာ မိမိနာမည်မကျန်ခဲ့စေချင်ရင်.........
(၁၀). Gtalk နဲ့  မြန်မာနိုင်ငံကို ဖုန်း Message ပို့ဖို့.......
(၁၁). G-talk ကရုပ်ပြောင်လေးတွေ (My Theme) ၊ နောက်ခံလေးတွေ...
(၁၂). Gtalk ကဲ့သို့အသုံးပြုနိုင်မည့် M-talk တဲ့....
(၁၃).Gmail တွင် ပို့ပြီးသား Mail ပြန်ဖျက်ချင်ရင်....
(၁၄). (Gtalk Shell) Gtalk မှာ ပုံလေးတွေကို Slideshow နဲ့ ပေါ်အောင်လုပ်နည်း...
(၁၅). GTalk တွင် လိမ်လည်နေသောသူများကိုရှာဖွေရန်....(update လုပ်ထားပါတယ်...)
(၁၆) .Gtalk Shortcut များ...
(၁ရ). Gtalk က offline chat (သူခိုးချက်)တွေကို ဖမ်းပုံဖမ်းနည်း...
(၁၈). Galk မှာ ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲ... စမ်းသပ်နည်း....
(၁၉). GTalk တွင် လိမ်လည်နေသောသူများကိုရှာဖွေရန်....(update လုပ်ထားပါတယ်...)

Tuesday, October 20, 2009

နေ့ခံညစံ (သို့မဟုတ်) နတ်ပြည်ပေါ်မှဒုက္ခများ

“တချို့လူတွေ တချို့လူတွေကို အားကျပြီး........ အားကျပြီးရှိစုမယ့်စုတွေ ရောင်းချပြီး.......လေယာဉ်ပျံပေါ်တတ်တော့ ကျွန်တော် ခန့်ခန့်ကြီးတဲ့ဗျ.................။”
ကိုအရိုးသီချင်းလေးက နားထဲမှာ အားအင်အပြည့်နဲ့ ဝင်ရောက်လာတယ်။ ကျွန်တော် တွေးထင်ထားတယ်........ အိမ်မက်တွေ မက်ဘူးတယ်။ ကိုအရိုးသီချင်းလိုပဲ တချို့လူတွေကို အားကျတယ်။ စင်္ကာပူကိုရောက်အောင်လာတယ်။ ဖာတစ်လုံးခေါင်းကြားနဲ့ပေါ့။ တောသားမြို့ရောက်ပါပဲ။ ကျွန်တော့်မိတ်ဆွေ တစ်ယောက်က ပြောတယ် သူ့အိမ်က ကလေးလေးကပြောတယ်တဲ့ “ဦးဦးရယ် သမီးက နိုင်ငံခြားဆိုတာ ဟိုးနတ်ပြည်ကြီး ရောက်သွားတယ်ထင်တာ။ ခုတော့လဲ မြေကြီးပေါ်မှာပဲနော်တဲ့”။ ဟုတ်ပါတယ် ကျွန်တော်လဲ နိုင်ငံခြားမရောက်ခင်ကတော့ ကလေးတွေးသလောက်တော့ မဟုတ်ပါဘူး ကျွန်တော့် အတွေးက နိုင်ငံခြားဆိုတာကိုရောက်တာနဲ့ အဲ့ဒိလူရဲ့ ဘဝဟာ အရှင်လတ်လတ် နတ်ရေကန်ထဲ ကျသွားသလိုပဲနေမှာနော်လို့ တွေးမိတယ်။ နိုင်ငံခြားမှာ အလုပ်လုပ် အိမ်က မိဘ၊ မိသားစု၊ မိန်းမနဲ့ကလေး ဒါတွေကို လူတစ်လုံး သူတစ်လုံးဖြစ်အောင် ထားနိုင်တယ်ပေါ့လေ။ အိုးအိမ်မရှိရင် ဝယ်ပေးမးယ် ကားမရှိရင်ကားဝယ်ပေးမယ် စတာတွေပေါ့ဗျာ။ အားလုံးပြီးပြည့် စုံတယ်ဆိုပါတော့။ ကျွန်တော် ကိုယ့်အတွေးနဲ့ ကိုပါပဲ။ ကျွန်တော်တင် ဒီလို တွေးတာလား။ မဟုတ်ပါဘူး။ ခိုင်ခိုင်မာမာ ပြောနိုင်တာက အခု နိုင်ငံရပ်ခြားကို ရောက်နေတဲ့ သူတွေအားလုံးရဲ့ ၉၅ရာခိုင်နှုန်းအထက်ဟာ ဒီလို တွေးကျတာပါပဲ။ ဒီလိုတွေးလို့လဲ ဒီနေရာကိုရောက်လာကျတာပေါ့။ နိုင်ငံခြားကို သွားတာ တွေထဲမှာ အမျိုးမျိုး ရှိပါတယ်။ တချို့က အလုပ်လာလုပ်တယ်၊ တချို့ကတော့ ကျောင်းလာတတ်တယ်၊ တစ်ချို့ကတော့ မိမိ ယောက်ကျား (သို့မဟုတ်) မိန်မ တစ်ယောက်ယောက်က အဆင်ပြေလို့ မိသားစုလိုက်နေရန် လိုက်လာကြတယ် စသည်ဖြင့်ပါပဲ။
"အားလုံး ထင်ထားသော ထင်မြင်ချက်တစ်ခုဖြစ်သည့် နိုင်ငံခြားရောက်လျင် အားလုံးအဆင်ပြေပြီဆိုသော ထင်မြင်ချက် လုံးဝမှားယွင်းပါတယ်။ "ဟုတ်ပါတယ် ရဲရဲဝံ့ဝံ့ ကြီးကို ကျွန်တော် ပြောရဲပါတယ်ဗျာ။ ကျန်တဲ့ နိုင်ငံတွေရဲ့ ဒေတာတွေကို ကျွန်တော်မသိပါဘူး။ အဲ့ဒိတော့ ကျွန်တော်ခုနေနေတဲ့ စလုံးခေါ် စင်္ကာပူက အကြောင်းတွေကိုပဲ ကျွန်တော်ပြောမယ်ဗျာ။ စလုံးမှာ S'pass ကိုင်တဲ့ ဝန်ထမ်းတစ်ယောက်ဆိုပါတော့။ သူ့ရဲ့တရားဝင်လစာဟာ S$၁၈၀၀ ပါ။ အများကတော့ ရမယ်ထင်တာပါပဲ။ ဒါပေမယ့် လစာ အပြည့် မရသူတွေမရှိဘူးဆိုရင် အနည်းဆုံး ၁၅ရာခိုင်နှုန်းအထက်မှာ ရှိပါတယ်။ အခုလို စီးပွားရေးကျနေချိန်မှာ ပိုလို့တောင်ဆိုးပါသေးတယ်။ တစ်ချို့များ အင်ဂျင်နီယာပါ လစာ S$၉၀၀ ပဲရပါတယ် S'pass ကိုင်ရပါတယ်။ WP လို့ခေါ်တဲ့ အထွေထွေ အလုပ်သမားတွေဆိုရင် တစ်နေ့ကို S$၁၈ ပဲရပါတယ်။ တစ်ပတ်တစ်ရက်နား တစ်လမှ S$၄၇၀ နီးပါးပဲရကျပါတယ်။S'pass သမားက အလုပ်က နေစရာ မပေးပါဘူး။ အိမ်ငှားနေရပါတယ်။ အိမ်လခက အနည်းဆုံး S$၂၈၀ မှ S$၄၀၀ ထိကုန်ပါတယ်။ သွားလာရတဲ့ ကားခ၊ စားစရိတ်၊ အထွေထွေ အသုံးစရိတ် အားလုံးပေါင်း အနည်းဆုံး လူတစ်ယောက်ဟာ S$၆၀၀ ကုန်ပါတယ်။ နောက်တော့ သံရုံးမှာ အခွန်က တစ်လကို S$၈၀ ပါ။ အဲ့ဒိတော့ S'pass နဲ့ အလုပ်လုပ်သူ တစ်ယောက်ဟာ လွန်ရောကျွန်ရော တစ်လကို အသတင် S$၁၀၀၀ သာကျန်ပါတယ်။ တစ်လကို ၇သိန်းခွဲနဲ့ ၈သိန်းကြားပေါ့ဗျာ။ ရန်ကုန်မှာ မိသားစု ရှိမယ်။ တစ်ချို့ဆို မိန်မတင်မဟုတ် ကလေးပါရှိတယ်။ ကိုယ့် မိဘရှိတယ်။ မိဘနဲ့ မိမိ မိသားစု နှစ်စု ရန်ကုန်မှာ တစ်လ တစ်လ အထွေထွေ အသုံးစရိတ်က တစ်အိမ်ထောင်ကို ၄သိန်း မလောက်ပါဘူးဗျာ။ အဲ့ဒိကြားထဲ အိမ်က မိန်းမက ဟိုဟာလေး လိုချင်တယ် "ယောက်ကျားရေ နင်က စင်္ကာပူမှာ S'passနဲ့ အလုပ်လုပ်နေပြီး ငါက ဒီမှာ လူတန်းစေ့မနေနိုင်ဘူးလား။ သူများသားသမီး ယူထားပြီး ရှာမကျွေးနိုင်ဘူးလား "ဆိုပြီး ရန်ရှာသေးတယ်။ အဲ့လိုတွေဝင်လာပြီဆိုရင် ဒီကယောက်ကျား သေပြီသာမှတ်။ နောက်ရှိသေးတယ် ယောက်ကျားရေ ကျုပ်တို့ အိုးပိုင် အိမ်ပိုင်လေးနဲ့နေချင်လှပြီတော် ရှင်လဲ နိုင်ငံခြားသွားတာ ကြားလှပြီ ကျုပ်ကို အိမ်လေး တစ်လုံးလောက်ဝယ်ပေးပါလား ဆိုတာ ပါသေးတယ်။ ဒီက ယောက်ကျား လုပ်တဲ့ သူ ဓါးပြထွက်တိုက်ရတော့မယ်။ ဘယ်လိုရှင်းပြရှင်းပြ နားမလည်တဲ့ သူတွေ များပါတယ်။ နိုင်ငံခြားရောက်တယ် လစာ S'pass S$၁၈၀၀ ရတယ်။ ငါ့ကို ၄၀၀၀၀၀ ပဲပို့တယ်။ ဒင်း ဘယ်မယားငယ်ကိုထောက်ပံ့နေလဲ မသိဘူး။ ဒီလိုပဲတွေးနေကျပါတယ်။ ပြီးတော့ ပြောလိုက်သေးတယ် ရှင့်တစ်ယောက်ထဲ သုံးတာ မြန်မာငွေ ၆၀၀၀၀၀ နီးပါးကုန်သလားတဲ့။ ကျုပ်တို့ တစ်မိသား စုလုံး သုံးဖို့ ရှင်ပို့တာတောင် ၄၀၀၀၀၀ ထဲတဲ့။ ကဲ စဉ်းစားကျပါအုံး အရပ်ကတော်တို့ ရေ။ တစ်လကို ၃ခါလောက်မှ ဖုန်းမဆက်ရင်လဲ ရန်တွေ့ခံရသေးပါတယ်တဲ့နော်။ အော်အော် ဒါနဲ့ ဒါတောင် မိန်းမပဲရှိသေးတာနော်။
တစ်ချို့ မိဘတွေများ ပါပါသေးတယ်။ မိဘကို စော်ကားတာ မဟုတ်ပါဘူး။ မိဘတွေနားလည်ပေးနိုင်အောင် ထည့်ရေးပေးတာပါ။ မိဘတွေကလဲ ထင်တာပဲ။ သားလေး နိုင်ငံခြား သွားအလုပ်လုပ်တယ် တစ်လ မြန်မာငွေ ၁၃၅၀၀၀၀ လောက်ရတယ် ငါတို့ ဆီပို့တာ ၄၀၀၀၀၀၊ သူ့မိန်းမဆီပို့တာ ၄၀၀၀၀၀ အင်း ငါ့သားလေးတော့ တော်တော် စုမိမှာပဲလေ ဆိုပြီး ဟိုဆွေမျိုးလာ ထောက်ပံ့ချင်တာနဲ့ ဒီဆွေမျိုးတာ ပေးကမ်းချင်တာနဲ့။ မင်းဦးလေး ဘာဖြစ်လို့၊ မင်းအကို ဘယ်နှစ်ဝမ်းကွဲမှန်းမသိ ဆုံးလို့၊ မင်းတူလေး ဆယ်တန်းတတ်လို့၊ မင်းဘကြီး ဆေးရုံတတ်လို့ အားပါးပါး စုံလို့ပါဗျာ။ ဒီက သားကတော့ မိဘ စိတ်ဆင်းရဲမှာ ဘယ်နေနိုင်ပါမလဲ လုပ်ပေါ့ အမေ အဖေတို့ သဘော ပါလို့ပဲ ပြန်ပြောရတာပေါ့။ ဒါက S'passသမားတွေ ဒုက္ခပါ။
အော်ခုတစ်ခါ WP လို့ခေါ်တဲ့ အထွေထွေ အလုပ်သမားတွေ ကလဲ သူတို့ ရင်ဆိုင်ရတဲ့ ဒုက္ခ မသေးလှပါဘူးနော်။ နေစရာ ကို အလုပ်ကပေးပါတယ်။ တစ်ချို့အလုပ်တွေက ခရီးသွားလာရေးအတွက် မထောက်ပံ့ပါဘူး။ ခရီးစရိတ်ကုန်ပါတယ်။ စားစရိတ်ကုန်ပါတယ်။ သူတို့တွေက အိုတီကို မြော်ကိုးပြီး အလုပ်လုပ်ရတာပါ။ ခုလို အလုပ်ပါးတဲ့ အချိန်ဆိုတော့ အိုတီ မရပါဘူး။ ခရီး စရိတ်၊ စားစရိတ် အထွေထွေ အသုံးစရိတ် အားလုံးပေါင်းရင် စုစုပေါင်း S$၂၅၀ နဲ့ S$၃၀၀ ကြားမှာ ရှိပါတယ်။ ပိုငွေက S$၁၇၀ ပါ မြန်မာငွေ အလွန်ဆုံး ၁၅၀၀၀၀ လောက်ပါပဲ။ ဘယ်လိုမှ အိမ်က မိသားစုကို လုံလောက်အောင် မပို့နိုင်ပါဘူး။ ဒီကြားထဲ သူတို့မှာ အင်မတန် ဒုက္ခရောက်တာက အလုပ်ရှင်က ပတ်စ်စပို့ သိမ်းထားပါတယ်။ ပြန်ချင်တိုင်း ပြန်လို့မရပါဘူး။ အလုပ်ကမကောင်း အိမ်ကမိသားစုက အဆင်မပြေ အိမ်ပြန်လို့မရ သူတို့ဘဝ အင်မတန် သနားစရာကောင်းပါတယ်ဗျာ။ ဒီကြားထဲ အိမ်က မိန်းမတို့ ခုဏကလို မိဘတို့က အပူကပ်ရင် အဲ့ဒိလူခမျာ ကိုယ့်ကိုကို သက်သေချင်လောက်အောင် စိတ်ဓါတ်ကျပါတယ်။ ဒါကတော့ WP လို့ခေါ်တဲ့ အထွေထွေ အလုပ်သမားတွေ ရဲ့ ဒုက္ခပေါ့။ခုပြောခဲ့တာ နှစ်မျိုးစလုံး အလုပ်သမားတွေချည်းပါပဲ။ အမျိုးသားများတင်မဟုတ်ပါဘူး အမျိုးသမီးများပါ ပါဝင်ပါတယ်။ နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်းလာနေကျ မိသားစုနဲ့ ဝေး။ ကြင်နာမဲ့သူမရှိ နွေးထွေးမဲ့သူမဲ့ မိသားစုကပေးတဲ့ Pressure နဲ့ အလုပ်က ရတဲ့ Pressure နဲ့တော်တော် မလွယ်ပါဘူးဗျာ။
နောက်တစ်မျိုးကတော့ ကျောင်းလာတတ်ကျသူတွေပါ။ ကျောင်းတတ်တယ်ဆိုတာ အမျိုးမျိုးရှိပါတယ်။ တချို့ကတော့ Poly တတ်တယ်၊ တချို့ကတော့ ITE တတ်တယ် တချို့ကတော့ NUS တို့ NTU တို့လို တက္ကသိုလ်တွေတတ်ကျတယ်။ ဒါတွေကတော့ အစိုးရကျောင်းတွေပေါ့။ Part Time လုပ်လို့ရကျတယ်။ Part Time ဆိုတာတောင် တရားဝင်ဆိုရင် တစ်နေ့ကို ဘယ်နှစ်နာရီ ဆိုတဲ့ သက်မှတ်ချက်ရှိတယ်။ ပိုလုပ်လို့မရဘူး။ အားလုံး ခိုးလုပ်ကျတာပဲ။ ရတယ်သိပ်ပြဿနာ မရှိဘူး လုပ်နိုင်သလောက်လုပ်။ ဒါပေမယ့် ပြဿနာက လုပ်ချင်တာတောင် အလုပ်ကမရှိပါဘူး။ ဒီလို စီးပွားရေးကျနေချိန်မှာ အလုပ်တွေက Part Time ခိုင်းရလောက်အောင် မကောင်းလို့ပါပဲ။ အဲ့ဒိတော့ အိမ်ကပြန်တောင်းရတော့တာပေါ့။ တချို့ကတော့ ပိုက်ဆံချေးကြတယ်။ ဒါက အစိုးရကျောင်းတတ်သူများရဲ့ ဒုက္ခပေါ့။နောက်တစ်မျိုးကျပြန်တော့ Private ကျောင်းတတ်သူများပါ။ အခြေအနေ အမျိုးမျိုးကြောင့် စင်္ကာပူမှာ Private ကျောင်း လာတတ်ကျပါတယ်။ တစ်ချို့က တကယ်ကို ကိုယ်အထူးပြုချင်တဲ့ ဘာသာရပ်ကို တကယ်ကြိုးစားပန်းစား လာတတ်တာပါ။ တချို့ကျတော့လဲ အလုပ်လာရှာပါတယ် အလုပ်မရလို့ ကျောင်းအပ်ပြီး အလုပ်ဆက်ရှာကျရင်း တတ်ကျတာပါ။ ဒါပေမယ့် ကျောင်းတတ်တာက Private ဆိုတော့ Part Time လုပ်လို့မရပါဘူး။ အလုပ်ခိုးလုပ်ရပါတယ်။ မိရင်ဖမ်းတယ် ရဲက သတိပေးတာ နှစ်ကြိမ်လောက်ထိတော့ လုပ်တယ်။ အဲ့ဒါမှ ထပ်မိရင် ကိုယ့် အထုပ် ကိုဆွဲ ရွာပဲပြန်တော့ပေါ့။ ရင်ဆိုင်ရတဲ့ ဘဝ ကြမ်းပါတယ်။ မိဘဆီက ပိုက်ဆံ ပြန်တောင်းဖို့ကလဲ ခတ်တော့ ရတဲ့ အလုပ်ကို လုပ်ရတာပေါ့။ အရင်ကတော့ မဆိုးဘူးလို့ပြောတာပဲ ခုချိန်မှာတော့ Part Time က အစိုးရကျောင်းတောင် မသေချာတာ Private ဆိုတော့ စဉ်းသာ စဉ်းစားကြည့်ပါတော့ဗျာ။ အလုပ်က မလွယ် ကျောင်းလခက သွင်းရ၊ အိမ်လခပေးရ၊ စာမေးပွဲကြေးပေးရနဲ့ ကျောင်းတတ်ရင်း ရပ်တည်ဖို့ ဘယ်လို ရင်ဆိုင်မလဲ။ ဒီတော့ ကျောင်းသားတွေကတော့ သိပ်ကြာကြာ မခံပါဘူး ရပ်တည်လို့မရ ပြန်ကျတာပဲ။ ကျောင်းသူတွေ ခင်ဗျာမှာတော့ ပြန်တဲ့ သူရှိသလို အရပ်အခေါ် စပွန်စာရှာကျသူများလဲရှိလာပါတယ်။ စလုံးမှာ ရပ်တည်နိုင်အောင် အိမ်က တောင့်တောင့်တင်းတင်း ထောက်နိုင်ရင်ထောက် မထောက်နိုင်လို့ကတော့ မိန်းကလေး ဆိုရင် ဒီစပွန်စာ ရှာတဲ့ သံသရာထဲ ရောက်သွားကျတာ က ၅၀ရာခိုင်နှုန်းအထက်မှာ ရှိပါတယ်။ ကျွန်တော် ဟိုတလောက အိုင်တီရှိုးမှာ အဒေါ်ကြီးတစ်ယောက် နဲ့ စကားပြောရင်းကနေ သူ့အနေနဲ့ စပွန်စာရှာတဲ့ ကျောင်းသူတွေကို မြင်တဲ့ အမြင်ကို ကျွန်တော့်ကိုပြောတာများ ကျွန်တော် ခုချိန်ထိ နားထဲ ကြားနေတုံးပဲဗျာ။ သူပြောတာက ကျောင်းသူလေးတွေ ဒီမှာ အဆင်မပြေကျ စပွန်စာတွေရှာကျ နောက်တော့ ရန်ကုန်ကိုပြန်ပြီး ရေဆေးကျတယ်တဲ့။ တော်တော် ရင့်သီးတဲ့ စကားလုံးပါနော်။ ဒါတွေကတော့ ကျောင်းလာတတ်သူတွေရဲ့ ဒုက္ခပါပဲ။
ကဲနောက်ဆုံးကျတော့ ကျွန်တော်တို့ အိမ်မက်ထဲမှာ ပုံဖော်ထားတဲ့ နိုင်ငံခြားဆိုတာ ဟိုကလေးလေး ပြောသလို နတ်ပြည်လဲမဟုတ်ပါဘူး။ ကျွန်တော် တွေးထားသလို နတ်ရေကန်လဲ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ဆိုလိုတာ အားလုံးကို မဟုတ်ပါဘူး။ နိုင်ငံခြားမှာ တော်တော် အဆင်ပြေနေကျတဲ့ မိသားစုတွေ ရှိပါတယ်။ အဆင်ပြေနေတဲ့ ကျောင်းသား ကျောင်းသူတွေ ရှိပါတယ်။ အားလုံးကို သိမ်းကြုံးပြီး ဝါးလုံးနဲ့ သိမ်းရိုက်တာမဟုတ်ပါဘူးနော်။ ကျွန်တော် ဒီပိုစ်လေးမှာ ပြောချင်တဲ့ အဓိက အကြောင်းက မြန်မာပြည်က မိဘ၊ ဆွေမျိုး၊ မိသားစု(အထူးသဖြင့် မိန်းမပေါ့နော်) အဲ့ဒါတွေကို ပြောချင်တာပါ။ နိုင်ငံခြားကို ထွက်သွားတိုင်း အဆင်မပြေနိုင်ပါဘူး။ ပိုက်ဆံရှာနေတဲ့ သူကို စိတ်ဆင်းရဲအောင် မလုပ်ကျပါနဲ့။ အခြေအနေမှန်ကို သိအောင် သေသေချာချာ မေးကျပါ။ ဘာဖြစ်လို့ ငွေမပို့နိုင်တာလဲဆိုတာကို နားလည်ပေးနိုင်အောင် ကြိုးစားကျပါ။ နောက်တစ်ခုက ကျောင်းလာတတ်သော သူများပါ။ မိမိသားသမီး နိုင်ငံခြားမှာ ကျောင်းတတ်နေတယ် Part Time လုပ်ရင်းတတ်တာ အဆင်ပြေနေတယ်ဆိုပြီး တရားသေ မတွေးပါနဲ့။ အရင်တချိန်ကတော့ ဖြစ်နိုင်မယ်ထင်ပါတယ် ကျွန်တော် မရောက်သေးလို့ မသိပါဘူး။ ဒီအချိန်မှာတော့ ဘယ်နိုင်ငံမှာမှ မဖြစ်နိုင်တော့ပါဘူး။ အဲ့ဒိတော့ မိမိသားသမီးကို တကယ် ကျောင်းတတ်စေချင်တယ်ဆိုရင် လုံလောက်အောင် ထောက်ပံ့ပါ၊ ဒါမှမဟုတ် အလုပ်ရှာရအောင် သက်သက်ဆိုလဲ အချိန်အတိုင်းအတာ တစ်ခုထိ အခွင့်အရေးပေးပြီး မိမိမတတ်နိုင်တော့ရင် ပြန်ခေါ်နိုင်အောင် ကြိုးစားပါ။ ဒီလိုမှမဟုတ်ရင် မိမိသားသမီးများ ကျွန်တော် ဆုံဖူးသော မိန်းမကြီးပြောသလို ရေဆေးနေရပါအုံးမယ်။ကျွန်တော် ခရောင်း ရေးချင်တာကြာလှပါပြီ။ ရေးသင့် မရေးသင့် စဉ်းစားနေတာပါ။ ခုတော့ အမိမြန်မာပြည်မှ ကျန်နေသေး သောသူများ သိစေရန် ရေးသားလိုက်ရပါသည်။

စာရေးသူ - ခယောင်း
Forward မေလ်းမှရသည်။

Friday, October 16, 2009

နှောင်ကြိုးနှစ်ထုံး

………~~~………

တစ်နေ့သောအခါမှာအိမ်ကခင်ပွန်း အလုပ်တာဝန်နဲ့ တစ်လလောက် ခရီးထွက်စရာကြုံလာပါတယ်။ မသွားလို့မရတဲ့အခြေအနေဆိုတော့ သွားကိုသွားရမှာ။ ဒါနဲ့ သူ့ကိုမှာစရာရှိတာမှာ၊ ထုပ်ပိုးစရာရှိတာ ထုပ်ပိုးပေးပြီး တကိုယ်တည်းစဉ်းစားနေမိတယ်။ “ငါတယောက်တည်း ဘယ်လိုနေရမလဲ သရဲခပ်ကြောက်ကြောက်နဲ့ “
တခါမှလည်းမခွဲဘူးတော့ စိတ်အားငယ်နေမိတယ်။ သူကလဲ စိတ်မချတော့ “အမေ့ကိုခေါ်အိပ်ပေါ့” ဆိုတာနဲ့ အမေနဲ့တွေ့ရဖို့ အခွင့်အရေးရသွားတယ်။ အင်းပြောတော့ လွယ်လွယ်လေး၊ အမေက တခြားမြို့မှာ အဝေးကြီး၊ ရေတတန်ကုန်းတတန် လာရမှာ....
အမေ့ကိုဖုန်းဆက်ပြီးအကူအညီ တောင်းကြည့်တော့ အမေကကြည်ဖြူစွာ လက်ခံပါတယ်၊ ခင်ပွန်းနဲ့ ခွဲရပေမယ့်လည်း အမေနဲ့ပြန်တွေ့ရမှာဆိုတော့ ရင်ထဲမှာ ဖော်မပြနိုင်အောင် ၀မ်းသာနေမိတယ်။ အမေနဲ့မတွေ့ရတာ တော်တော်ကြာပြီပဲ အိမ်ထောင်ပြုပြီးကတည်းက၊သူများအိမ်မှာ အခန်းလေးငှားပြီး နေရတော့ လူ(၃)ယောက်စလုံး အိပ်လို့မရ၊ အိမ်ရှင်ကလည်း လူပိုမခေါ်ရဆိုတော့ အမေနဲ့ ဖုန်းသာအဆက်အသွယ်ရှိပြီး မတွေ့ရတာ (၂)နှစ်နီးပါးရှိရော့ပေါ့။

………~~~………

သူခရီးထွက်တဲ့နေ့ နေ့လည်လောက်မှာ အမေ အထုပ်ကြီး အထုပ်ငယ်နဲ့ ရောက်လာပါတယ်။ တထုပ်က အမေ့အ၀တ်အစားတွေ တထုပ်က တော့ ကျွှန်မတို့အတွက် စားစရာသောက်စရာ၊ အခြောက်အခြမ်းတွေ အပြည့်နဲ့၊ ရွေအစစ်နဲ့ လုပ်ထားတဲ့ ဘုရားဆင်းတုတော်လေး တဆူတော် အဆစ်ပါသေး၊ ကျွှန်မတို့အိမ်မှာကိုးကွယ်ဖို့ဆိုပြီး အပင်ပန်းခံ သယ်လာပေးပါတယ်၊အမေ့ကျေးဇူးတွေ မနည်းတော့ပါဘူး။ အခုချိန်ထိပဲ….. ငယ်စဉ်ကတည်းက အဖေမရှိတော့တဲ့ နောက်ပိုင်း အမေ့တယောက်တည်း ကြိုးစားရုန်းကန်ပြီး ကျွှန်မတို့မောင်နှမတွေကို ပညာတတ်ကြီးတွေ ဖြစ်အောင်ပြုစုပြိုးထောင်ပေးခဲ့တဲ့ အမေ....
အမေနဲ့ကျွန်မ ရုပ်နဲ့ စိတ်ဓါတ် တပုံစံတည်းဆိုတော့ တကျက်ကျက်၊ မတည့်အတူနေ၊ အဖေ့အကြောင်းနဲ့ ပတ်သက်ပြီး အမေနဲ့ အမြဲစကားများရတယ်။ အမေကလည်း အဖေ့အကြောင်းမေးတိုင်းရန်ရှာ ကျွန်မကလည်း မမေးပဲမနေနိုင်တော့ မေးတိုင်းလည်း
“အေ နင့်ချစ်အဖေကို သိပ်တွေ့ချင်နေတယ်ပေါ့ဟုတ်လား? ဟိုကဖြင့် သားသမီးမှန်း မသိလို့တောင် နင်တို့ကို လှည့်မကြည့်ဘူး.သွား.....နင်နောက်တခေါက်ထပ်ပြောရင် နင့်အဖေနောက်လိုက်သွား’’ တဲ့
ကျွန်မ သိပါတယ် အမေ.....အမေ့မေတ္တာနဲ့တင် သမီးတို့ဘ၀ ပြည့်စုံနေပါပြီ၊ အဖေမလိုတော့ပါဘူး။

………~~~………

ခင်ပွန်း ခရီးထွက်ကာစမှာ သူ့ကိုလွမ်းလိုက်..အမေနဲ့စကားတွေပြောလိုက်နဲ့...
၁ရက်က၁ရက်၊ ၁ပတ်က၁ပတ်ကြာလာတော့ သူ့ကို လုံးလုံးမေ့ပြီး အမေနဲကျွန်မ ရဲ့ အရင်တုန်းက ရုန်းကန်ခဲ့တဲ့ဘ၀လေးထဲ ပြန်ရောက်သွားသလိုခံစားနေမိတယ်။
ကျွန်မ အလုပ်သွားနေချိန်မှာတော့ အမေတယောက်တည်းအိမ်မှာ ပျင်းနေမှာပေါ့။ အမေ့ကိုတော့ စာအုပ်တွေ၊ ဗီဒီယိုခွေတွေ ကြည့်ဖို့ ပြောထားရတယ်၊ ကွန်ပျုတာတွေ ဂိန်းတွေက အမေ မသုံးတတ်ဘူးလေ၊ ခက်တာက အမေက အငြိမ်မနေ တကုပ်ကုပ်နဲ့
ကျွန်မ အိမ်ရောက်ချိန်မှာ အိမ်မှုကိစ္စတွေ အကုန်ပြီးနှင့်နေပြီး ထမင်း၊ဟင်းချက်ပြုတ်၊ ခူးခပ်ပြီး ကျွန်မကိုအရန်သင့် စောင့်နေလေပြီလေ။ တနေ့တမျိုး မရိုးရအောင် ဟင်းမျိုးစုံ ချက်ကြွေးနေရတာ မမောနိုင် မပန်းနိုင်။ အမေချက်တဲ့ဟင်းက ဘယ်သူမှလိုက်မမှီ။ ငယ်ငယ်လေးကတည်းက စားခဲ့ရပေမယ့် ဘယ်တော့မှ မရိုးနိုင်။ တမ်းတမ်းစွဲနေရသော အမေ့လက်ရာ နောက်တကြိမ်စားနေရပါပြီ။
အိပ်ရာဝင်တိုင်းလည်း ပြောမဆုံးနိုင်တဲ့ အကြောင်းအရာတွေနဲ့ တထောင့်တညပုံပြင်ကဲ့သို့ ပြောမဆုံးနိုင်.....အမေနဲ့ တတွတ်တွတ်...

………~~~………

ဒီလိုနဲ့ ပျော်ရွင်ဖွယ်အချိန်တွေ ကျော်ဖြတ်ရင်း ခင်ပွန်းပြန်မရောက်ခင် (၂)ရက်အလိုမှာတော့ သူပြန်လာရတော့မယ်လို့ သူဖုန်းဆက်လာပါတယ်။ ၀မ်းသာလွန်းလို့ အမေ့ကိုပြေးပြောတော့ အမေက ပြုံးနေခဲ့ပါတယ်။ (၁)လနီးပါးခွဲနေရတာဆိုတော သူနဲ့ပြန်တွေ့ရမှာကို အတိုင်းမသိ ၀မ်းသာနေမိတယ်။ မြန်မြန်ပြန်လာပါစေလို့ဆုတောင်းရတာ အမော...အခုတော့ဆုတောင်းပြည့်ပြီလေ။တဘက်မှာတော့ အမေနဲ့ခွဲရတော့မယ်၊ အလုပ်တဘက်နဲ့ ခွင့်ရက်ကနည်းနည်း၊ အမေကလည်း ကိုယ့်ဇာတိကို မခွာနိုင်။ အမေ ကျွန်မတို့ ဘယ်တော့ပြန်တွေ့ကြမှာလဲ။ အမေ မပူပါနဲ့ သမီး ပိုက်ဆံစုနေပါတယ်...အမေနဲ့ သမီး ဒီမြို့မှာ ကိုယ်ပိုင်အိမ်လေး ၀ယ်နိုင်အောင်လို့.......
အမေ ကျွန်မနဲ့နောက်တကြိမ်ခွဲရမှာမို့ ၀မ်းနည်းနေတယ်ဆိုတာ ကျွန်မအသိပဲ. ကိုယ်ကိုတိုင်လည်း ၅၂၈မေတ္တာ နဲ့ ၁၅၀၀မေတ္တာ လွန်ဆွဲပွဲမှာ အတူတူမနေနိုင်သေးတဲ့ဘ၀.နှစ်ယောက်အိပ်ကုတင်လေးမှာ (၃)ယောက်အိပ်လို့မရ၊ ပစ္စည်းတွေနဲ့ ကျဉ်းမျောင်တဲ့ အခန်းလေးမှာအသက်ရှုမ၀လို့ တညတောင် မနေနိုင်တဲ့ဘ၀...

………~~~………

သူပြန်ရောက်တဲ့နေမှာတော့ အမေ ပြန်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ သူရောက်ရောက်ချင်းပဲ ထမင်းပွဲ အသင့်ပြင်ပြီး
“သား ထမင်း တခါတည်းစားလိုက်မလား...သားဘာစားချင်သေးလည်း အမေချက်ပေးခဲ့မယ်လေ”
သူကလည်းအလိုက်တသိနဲ့
“မလိုဘူး အမေ..သားရှိတာနဲ့စားတတ်တယ် အမေသာကျန်းမာရေးကို ဂရုစိုက်”
လို့ ပြောရှာပါတယ်။
ညနေဘက် ရောက်တဲ့အချိန်မှာတော့ အမေပြန်ဖို့ အချိန်ရောက်တော့ အမေ့ကို ကန်တော့ပြီးကားဂိတ်လိုက်ပို့ ဖို့ပြင်ကြပါတယ်။
အမေ့ခြေလမ်းတွေ လာတုန်းက သွက်လက်သလောက် အပြန်မှာ လေးပင်ဖင့်တွဲ့စွာ.....
ကားထွက်ခါနီးအမေကားပေါ်အတက် အမေ့လက်ကိုရုတ်တရက်ဆွဲကိုင်ပြီး ရင်ခွင်မှာ အပ်ထားမိတယ်။
အမေမျက်ဝန်းကိုကြည့်လိုက်တော့…….
“““အလို အမေ မျက်ရည်တွေ ဆို့နေပါလား”””

Monday, October 12, 2009

လုပ်ငန်းခွင်ဝင်နေသူတွေအတွက်


၁)တစ်ပါးသူဟာဘယ်လောက်ပဲဆိုးနေပါစေ၊ ကိုယ့်ကိုယ် နာကျင်အောင်လုပ်ခဲ့ပါစေသူ့ကို ခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကို ကိုယ်ကရနိုင်မှာဖြစ်တယ်။

၂)ပျော်ရွှင်ချိန်မှာဒီပျော်ရွှင်မှုဟာထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလိုစိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။

၃) ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။

၎)စကားတစ်ခွန်းတည်းနဲ့လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။ စကားအခွန်းတစ်ထောင်
သုံးမှလူတစ်ယောက်ကိုပြုစုပျိုးထောင်နိုင်တယ်။ဒါကြောင့်သင့်ပါးစပ်ဖျားမှာကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။

(၅)ကိုယ့်ရဲ့အသိဥာဏ်ပညာကြားမှာစိတ်ကြီးဝင်တဲ့ပေါင်းမြက်တွေစိုက်ပျိုးမထားပါနဲ့။ ကိုယ့်ရဲ့
မဝင့်ဝါတဲ့စိတ်ကြောင့် အသိဥာဏ်တွေ မယုတ်လျော့သွားစေနဲ့။

၆)သူ့ကိုမနာလိုဖြစ်တိုင်းကိုယ့်အတွက်ဘာကောင်းကျိုးမှမဖြစ်စေဘူး။သူ့ကိုမနာလိုဖြစ်တိုင်း သူ့အောင်မြင်မှုတွေ လျှော့သွားမှာ မဟုတ်ဘူး။

၇)အခွင့်အရေးကို ဖန်တီးသူ ထက်မြက်သူအခွင့်အရေးကို စောင့်မျှော်သူဟာ တုံးအသူ။

၈)သူတစ်ပါးရဲ့ အထင်အမြင်ကို အရင်နားထောင်ပါ။ကိုယ့်အယူအဆကို ထုတ်ပြောဖို့ မလောပါနဲ့။

၉)ပုလင်းချင်းအတူတူ ဘာကြောင့် ကိုယ့်ပုလင်းထဲ အဆိပ်တွေထည့်ရမှာလဲ?ခံစားတတ်တဲ့ စိတ်ချင်းအတူတူ ဘာကြောင့် ကိုယ့်စိတ်ထဲ မပျော်ရွှင်တာတွေထည့်ရမှာလဲ?

၁ဝ)ကိုယ့်ကိုယ်ကို ရိုးသားမှုရှိလာတဲ့အခါ လောကမှာ ဘယ်သူ့မှကိုယ့်ကိုလိမ်ညာလို့ မရနိုင်တော့ဘူး။

၁၁)သူတစ်ပါးကိုထိခိုက်နာကျင်မှုမျိုးနဲ့ကိုယ့်အပြစ်၊ကိုယ့်ဆိုးကျိုးကိုဖုံးကွယ်တတ်တဲ့ လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။

၁၂)လောကမှာဘယ်တော့မှ သွားပုပ်လေလွှင့် အပြောမခံရတဲ့လူ မရှိသလို အမြဲတမ်းအချီးကျူးခံနေရသူလည်း မရှိဘူး။ ကိုယ်စကားများရင် အပြစ်ပြောမယ်၊ကိုယ်စကားနည်းရင်လည်း အပြစ်ပြောမယ်၊ ကိုယ်စကားလုံးဝ မပြောဘဲဆိတ်ဆိတ်နေရင်လည်း အပြစ်ပြောမယ်။ ဒါကြောင့် ဒီလောကမှာ မပြောမခံရတဲ့လူဆိုတာ မရှိဘူး။

၁၃)ဆိတ်ဆိတ်နေခြင်းဟာ မဟုတ်မမှန် သွားပုပ်လေလွှင့် သတင်းတွေအတွက်အကောင်းဆုံး အဖြေဖြစ်တယ်။

၁၄)လူတွေကကိုယ့်ကိုကြောက်တယ်ဒါဂုဏ်ယူစရာမဟုတ်ဘူး။လူတွေကကိုယ့်ကိုနှိမ်တယ်ဒါ
ရှက်စရာမဟုတ်ဘူး။

၁၅)တစ်ခြားသူက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ မဟုတ်ဘူး။ ကိုယ့်ကတစ်ခြားသူရဲ့ စကားကိုယူပြီး ကိုယ့်ကိုယ်ကို စိတ်အနှောင့်အယှက်ပေးနေတာ။

Forward မေးလ်မှရသည်။

Friday, October 2, 2009

F1 အသည်းကျော်လေးများ

(၁)Nico Rosberg


နီကို ရော့စ်ဘတ် ကို ၁၉၈၅ ခုနှစ် ဇွန်လ ၂ရနေ့မှာ ဂျာမနီနိုင်ငံအနောက်ပိုင်းံ ဗီစ်ဘာဒန်မြီု့ မှာ အဖေဖီးနစ်နိုင်ငံသားနှင့်အမေ ဂျာမနီနိုင်ငံသူတို့ကနေ မွေးဖွားခဲ့ပါတယ်။ သူရဲ့ ကယ်ရီယာ အရှေ့ပိုင်းမှာ Finland နိုင်ငံသားအဖြစ်စခဲ့ပေမယ့် F1 ပြိုင်ပွဲတွေမှာတော့ ဂျာမနီကို ကိုယ်စားးပြုပြီးတော့ ၀င်ပြိုင်လေ့ရှိပါတယ်။ တကယ်တော့ နီကို ရော့စ်ဘတ်ဟာ နိုင်ငံနှစ်ခုစလုံးရဲ့ နိုင်ငံသားခံယူထားဆဲပါ။ အဖေကဖီးလန်နိုင်ငံရဲ့ ၁၉၈၂ F1 ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ပြီး အဖေ့အမွေဆက်ခံသူဆိုလည်းမမှားပါဘူး။ ဂျာမန်၊ အင်္ဂလိပ်၊ အီတလီ၊ စပိန်နှင့် ပြင်သစ်စကားတွေကို ကျွမ်းကျင်စွာပြောတတ်ပေမယ့် ဖီးနစ်ဘာသာစကားကိုတော့သိပ်မပြောတတ်ပါဘူး၊ သင်နေတုန်းပါတဲ့၊ Formula 1 ကားမောင်းသူတွေဖြစ်တဲ့ ကမ္ဘာ့ချန်ပီယံ Lewis Hamilton နှင့် Adrian Sutil. တို့နဲ့လဲ ရင်းနှီးပါသတဲ့၊ နီကို ရော့စ်ဘတ်ဟာ Williams-Toyota အသင်းသားဖြစ်ပြီး F1ကို ၁၉၉၆ မှာစတင်ပြိုင်ပွဲဝင်ပြီး နောက်ဆုံးပြိုင်ပွဲကတော့ ဂျပန်မှာကျင်းပတဲ့ 2009 Japanese GP ပွဲပါ၊ စင်္ကာပူမှာကျင်းပတဲ့ Singtel F1 GP ပွဲမှာ နံပါတ် ၂ အဖြစ် ထင်ကြေးပေးခံရသော်လည်း အမှားပေါင်းများစွာ penalty ပေါင်းများစွာနဲ့ နံပါတ် ၁၄ နဲ့ ကျေနပ်ခဲ့ရပါတယ်။ Point ၃၄.၅ နဲ့ ကမ္ဘာ့ နံပါတ်ရအဆင့်ရှိသူပါ
အသေးစိတ်ဖတ်ရန်

    (၂) Sebastian Vettel

    စေဘေ့စ်ဒီးယန်း ဘီတယ်ရ် ကို ၁၉၈၇ ခုနှစ် ဇွန်လိုင်လ ၃ရက်နေ့မှာဂျာမနီနိုင်ငံ Heppenheim (ဟက်ပန်းဟီင်း) မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဘီတယ်ရ်ဟာဆိုရင် အငယ်ဆုံး Red Bull Racing Driver ဖြစ်သလို အမြန်ဆုံး Driver လည်းဖြစ်ပါတယ်။ F1ကို ၁၉၉ရ မှာစတင်ပြိုင်ပွဲဝင်ပြီး နောက်ဆုံး ပြိုင်ပွဲကတော့ ဂျပန်မှာကျင်းပတဲ့ 2009 Japanese GP ပွဲပါ၊ စင်္ကာပူမှာကျင်းပတဲ့ Singtel F1 GP ပွဲမှာ နံပါတ် ၄နေရာနဲ့ နီကို ရော့စ်ဘတ်ကို ဖြတ်ကျော်သွားပါတယ်။ကိုယ်ရေးကိုယ်တာတွေကို အထူးလျို့ဝှက်တတ်သူဖြစ်လို့ သူ့ချစ်သူ ဘယ်သူဆိုတာ သေချာမသိသေးပါဘူး။ ငယ်ချစ်ဦးလေးနဲ့ပဲလားဆိုတာ မေးခွန်းထုတ်စရာပါ၊
    Point ၆၉ နဲ့ ကမ္ဘာ့ နံပါတ်၃ အဆင့်ရှိသူပါ.

    အသေးစိတ်ဖတ်ရန်

    Friday, September 25, 2009

    Gtalk ကဲ့သို့အသုံးပြုနိုင်မည့် M-talk

    မြန်မာနိုင်ငံ၏ ပထမဆုံးသော အွန်လိုင်းမှပြည်တွင်း၊ ပြည်ပဖုန်းခေါ်ဆိုခြင်း၊ အီးမေးလ်၊ ချက်တင်အသုံးပြုခြင်းများကို ၀န်ဆောင်မှုပေးမည့် Mtalk ဆားဗစ်ကို မကြာမီကာလအတွင်း အများပြည်သူသို့
    စတင်သုံးစွဲခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါဝန်ဆောင်မှုအား ပြည်တွင်းမှနည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Myanmar Technology Gateway မှဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ Mtalk ဆားဗစ်မှာ မြန်မာပြည်တွင်း၌လူသုံးများလျက်ရှိသော Gtalk နှင့် Pfingo ကဲ့သို့ ၀န်ဆောင်မှုများအတိုင်း ၀န်ဆောင်မှုပေးမည်ဖြစ်ကြောင်းသိရသည်။

    “ Mtalk ဆားဗစ်ကို စပြီးအကောင်အထည်ဖော်ခဲ့တာကြာပါပြီ။ အဓိကရည်ရွယ်ချက်ကတော့ ပြည်တွင်းမှာရှိတဲ့သူတွေအနေနဲ့ နိုင်ငံတကာသို့ အွန်လိုင်းပေါ်ကနေဖုန်းခေါ်တာတို့၊ chatting လုပ်တာတွေကို ပြည်တွင်းကနေ ၀န်ဆောင်မှုပေးချင်တာကြောင့် ဖြစ်ပါတယ်။ နောက်ထပ် ၂လ၊ ၃လအတွင်းလောက်မှာ
    Pfingo လိုမျိုးအကောင့်ရှိရုံနဲ့ ပြည်တွင်းရော၊ ပြည်ပရော အွန်လိုင်းကနေဖုန်းခေါ်ပြောဆိုနိုင်မဲ့ဝန်ဆောင်မှုကို
    စတင်တော့မှာဖြစ်ပါတယ်” ဟု Myanmer Technology Gateway မှ တာဝန်ရှိသူ ဦးအောင်ကျော်စိုးဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။

    လက်ရှိအချိန်တွင် Mtalk Application အားစတင်သုံးစွဲရန် Download လုပ်ခွင့်ပေးထားပြီး သုံးစွဲသူ၏အမည်နောက်တစ်ခုနှင့် email Chatting အသုံးပြုနိုင်ကြောင်းသိရသည်။ Mtalk ၏၀န်ဆောင်မှုတွင် ထူးခြားချက်မှာ Mtalk အသုံးပြု သူများသည် Gtalk အသုံးပြုသူများကိုပါဖိတ်ခေါ်၍ ပြောဆိုနိုင်ခြင်း၊ Mtalk မှတဆင့် နိုင်ငံတကာဖုန်းများကို တိုက်ရိုက်ခေါ်ဆိုနိုင်သည့်ဝန်ဆောင်မှုများကို
    ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

    “ လတ်တလောမှာ အီးမေးလ်နဲ့ chatting ကိုအခမဲ့သုံးခွင့်ပေးမယ်၊ VOIP ကိုစမ်းသုံးခွင့်ပေးမယ်၊ အွန်လိုင်းပေါ်ကနေ ဖုန်းခေါ်ဆိုတဲ့စနစ်အတွက်ကိုတော့ ငွေပေးသွင်းတဲ့စနစ်နဲ့ စီစဉ်ထားပါတယ်။
    လောလောဆယ်ကတော့ ဘယ်လောက် ပေးသွင်းရမယ်ဆိုတာကို မသတ်မှတ်ရသေးပါဘူး”
    ဟုတာဝန်ရှိသူ ဦးဇော်မင်းဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။

    ယင်းကုမ္ပဏီ၏ Mtalk အတွက်အသုံးပြုသည့်ဆာဗာမှာ ပြည်တွင်း၌ပင်ရယူထားကြောင်းသိရသည်။ Mtalk ၀န်ဆောင်မှုအား အသေးစိတ်လေ့လာလိုသူများအနေဖြင့် http://www.myanmartalk.net/
    တွင်ဝင်ရောက် လေ့လာနိုင်သလိုMtalk Application Software ကိုလည်း
    http://http://www.myanmartalk.net/myanmarmtalkdownloads.html အခမဲ့ Downloadလုပ်ခွင့်ပေးထားကြောင်းသိရသည်။
    http://www.zaunglay.co.cc/2009/03/gtalk-m-talk.html အင်တာနက်Speedကို၂၀%မြန်အောင်လုပ်နည်း..

    Start Menu--->> Click Run (window+R)
    Type gpedit.ms c , Enter
    ဘယ်ဘက်ခြမ်းက Computer Configuration ကို Expand (+)
    Administrative Templates ကို Expand
    Network ကို Expand
    Qos Packet Scheduler ကိုရွေးပါ။
    ပြီးလျှင် ညာဘက်ခြမ်းက Limit Reservable Bandwidth ဆိုတဲ့စာကြောင်းပေါ်မှာ
    double Click
    Limit Reservable Bandwidth Properties box မှာ Enable option ကိုရွေးပါ။
    Bandwidth Limit [%] box မှာ 0% ကို 20 % ပြောင်းပြီး ok နှိပ်ထွက်ပါ။
    ပိုမြန်လာပါလိမ့်မယ်..။

    window စတက်လာရင် မိမိကြိုက်တဲ့ သီချင်းသံလေးထည့်ကြည့်ရအောင်....
    ပထမဆုံးအနေနဲ့ မိမိထည့်လိုတဲ့သီချင်း (သို့) အသံဖိုင်တစ်ခုရှာထားရပါမယ်..format ကတော့
    *.wav ဖြစ်မှရမယ်နော်။။ကျန်တဲ့ format တွေကို window က မသိပါဘူး။ပြီးရင် task bar ပေါ်က speaker icon လေးပေါ်မှာ Right click လုပ်၊ Adjust Audio Properties ဆိုတာကို နှိပ်၊ ပေါ်လာတဲ့ box မှာ sound tab ကိုနှိပ်။ program event အောက်က start window ဆိုတာလေးကို select လုပ်( speakerပုံးလေးနဲ့)
    အဲဒီအောက်မှာ Browse ကိုနှိပ်ပြီး ကိုယ်သိမ်းထားတဲ့ ဖိုင် ကို open လုပ်ပြီး apply လုပ်၊ok လုပ်လိုက်ပါ။
    ဒါဆိုရင် Window ကို အစကနေ Restart ပြန်လုပ်ကြည့်လိုက်ပါက မိမိထည့်ထားတဲ့ အသံလေး ထွက်လာပါလိမ့်မယ်..
    အဆင်ပြေပါစေ..........

    Wednesday, August 19, 2009

    အရောင်မပြောင်းခင် စဉ်းစားစေချင်.....


    အခုတလော အင်တာနက်-အီးမေလ်းမှာ ကယက်ရိုက်ခတ်နေတဲ့ Forward မေးလ်လေးပါ...ကျွှန်မလည်း စင်္ကာပူနိုင်ငံသား ပြောင်းသင့် မပြောင်းသင့်စဉ်းစားနေတုန်း ဒီအကြောင်း မေးလ်ရတာပါ။ ရေးသားသူကို သိပ်ကျေးဇူးတင်ပါတယ်....


    ကျွှန်မလို စင်္ကာပူနိုင်ငံသား ပြောင်းသင့် မပြောင်းသင့်စဉ်းစားနေသူအတွက် အထောက်အကူ ပြုပါတယ်၊ ကောင်းကျိုး၊ ဆိုးကျိုး စဉ်းစားရင်း စင်္ကာပူနိုင်ငံသား ပြောင်းသွားသူ တဖြုတ်ဖြုတ်ကို တွေ့နေရပါတယ်။ ကျွှန်မစိတ်ထဲရှိရာ ပြောရရင် ကျွှန်မတခြား နိုင်ငံသားပြောင်းခဲ့ရင် ကျွှန်မ တသက်လုံးနေလာခဲ့သော...ပညာရေချိုသောက်စို့သော၊ ကျွှန်မကိုမွေးထုတ်ပေးခဲ့သော၊ ဗုဒ္ဒဘာသာအခြေခံတရား သင်ကြားပေးခဲ့သော၊ တိုင်းပြည်ကို စွန့်ပစ်ပြီး တိုင်းပြည်အတွက် တိုက်ပွဲဝင်နေသော အမေစု.....တို့ကိုလစ်လျှုရူပြီး.........အင်း စိတ်မလုံသလို.....
    အောက်မှာ ကောင်းကျိုးဆိုးကျိုးကို ရေးသားသူ နှစ်ယောက်ရဲ့အတွေးအမြင်ကို နှိုင်းယဉ်ထားပါတယ်...

    ကျွှန်မကတော့ စင်္ကာပူနိုင်ငံသား ပြောင်းသွားတဲ့ သူငယ်ချင်းတွေကိုလဲ အပြစ်မတင်သလို၊ စင်္ကာပူနိုင်ငံသားမပြောင်းဘူးလို့ ဆုံးဖြတ်ချက်ချထားသူတွေကိုလဲ ပြောင်းပါလားလို့ အားမပေးရင်း သက်ပြင်းသဲ့သဲ့သာ အသာချရင်း........အင်း ငါဆိုရင်..............


    ပထမ စာရေးသူအမြင်
    "မိတ်ဆွေ၊
    သင် - စ, လုံး ပြောင်းပြီးသွားပြီလား?၊
    ပြောင်းပြီးသွားယင်-တော့ ဒီစာကို လုံးဝ ရှေ.ဆက်မဖတ်ပါနဲ.။ ဒီစာရဲ့ ရည်ရွယ်ချက်က- စလုံးမပြောင်းရသေး
    သော်လည်း ပြောင်းယင် ကောင်းမလား စဉ်းစားနေတဲ့ သူများ အတွက်သာ ဖြစ်ပါတယ်။
    ကျွန်တော်က စင်္ကာပူမှာ နေ-နေတဲ့မြန်မာ ပီ-အာ တစ်ယောက်ပါ။ မြန်မာ ပီအာ အချင်းချင်း တစ်ဦးနဲ. တစ်ဦး
    တွေ.ယင် နှုတ်ဆက် စကားပြောယင်၊ စ, လုံးပြောင်းပြီးပြီလား ဆိုတဲ့ မေးခွန်းကို မကြာခဏ ကြားနေရပါတယ်။
    ယခု ကျွန်တော်ဆွေးနွေးချင်တဲ့ကိစ္စက မျိုးချစ်စိတ်ဓါတ်တို.၊ နိုင်ငံရေးကိစ္စ တို.နဲ. လုံးဝ မပါတ်သက် ပါဘူး။ မိမိ
    တစ်ဦးချင်းရဲ. ကိုယ်ကျိုး ကိစ္စကို စဉ်းစားဘို.ကိုပဲ ဆွေးနွေးပြောပြချင်ပါတယ်။
    ကျွန်တော်တို. -မိတ်ဆွေအချို.က-သူတို. စ, လုံး ပြောင်းကြတယ်ဆိုတဲ. အကြောင်းရင်းကို အမျိုးမျိုး ပြောပြ
    ကြပါတယ်။ အချို.က တော့ -“ကျွန်တော့် အလုပ်က မကြာခဏ Oversea နောက်ကျယင် သွားရတယ်။ မြန်မာ ပတ်စ်ပို.ဆိုယင် ဗီဇာ ယူရ-တာ တစ်မျိုး၊ အမေရိကန် ဆိုယင် ဗီဇာ မရ တာက တစ်မျိုး၊ ဆိုတော့ စ, လုံးပတ်စ်ပို. ပြောင်းမှ အဆင် ပြေမယ် ဆိုပြီး၊ ပြောင်းလိုက်တာ”။
    အချို.ကတော့ “စ, လုံး ပြောင်းလိုက်ယင်၊ အစိုးရဆီက အိမ်ဘိုး ၃-သောင်း ရမယ်လေ၊ ဒါဆိုယင် အိမ်ဝယ်ဘို.က အဆင်ပြေ သွားပြီ၊ ဒါကြောင့် ပြောင်းလိုက်တာ ကောင်းတယ်ဆိုပြီး ပြောင်းလိုက်ကြတာ။”
    အချို.ကတော့ “ကျွန်တော်က အိမ်အဟောင်းကို ၀ယ်ထားတာ၊ Upgrading လုပ်ယင်၊ P.R ဆိုယင်- စလုံးတွေထက် ၄-၅ ဆ ပိုပေးရမှာ ဆိုတော့ ပြောင်းလိုက်တာ”
    အချို.ကတော့ “မြန်မာ ပတ်စ်ပို.ကိုင်ထားယင်၊ ဘာအခွင့်အရေးမှ မရပဲ၊ အခွန်ဆောင်နေရတာပဲ ရှိတယ်။ စ, လုံး ပြောင်းယင် ဒီမခွန်ပေးနေရတဲ့ မြန်မာ သံရုံးကို သွားစရာ မလိုတော့ဘူး၊ “ အချို.ကတော့ “သားသမီးတွေက- ဒီမှာပဲ အခြေချကြမှာ ဆိုတော့ ပြောင်းလိုက်တာ ကောင်းပါတယ်ဆိုပြီး၊
    ပြောင်းလိုက်တာ”? စသည်ဖြင့်- စသည်ဖြင့် ပါပဲ။

    ကျွန်တော် ဆွေးနွေးချင်တာ- ကျွန်တော်တို.ရဲ့ ဘ၀ ရှင်သန်ရပ်တည်မှု ရှုထောင့် အမြင်၊ အရှုံးအမြတ် တွက်ကြည့် ဘို. အမြင်၊ (မြင်တွေ.နိုင်တဲ့၊ မမြင်တွေ.နိုင်တဲ့ အကျိုး၊ အဆိုးတို.ကို ယှဉ်ပြပြီး ဆွေးနွေးလိုပါတယ်။"
    ဆက်ဖတ်ရန်

    ဒုတိယ စာရေးသူအမြင်
    စကားဦးအခုရက်ပိုင်းအတွင်းမှာ စင်္ကာပူနိုင်ငံသား အဖြစ် ပြောင်းရေး မပြောင်းရေး ဆွေးနွေးထားတဲ့ စာတမ်းလေးတစ်ခုဖတ်ရပါတယ်။ အချက်အလက်တွေဝေဝေဆာဆာသုံးပြီး စဉ်းစားစရာ ကောင်းအောင် ရေးသားနိုင်တာလည်းတွေ့ရတယ်။ သို့ပေမယ့် တချို့ချဉ်းကပ်ပုံနဲ့ နိဂုံးပိုင်းမှာ သဘောမတူစရာလေးတွေ တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ Immigration Law နဲ့ပတ်သက်ပြီးလိုအပ်နေတာလည်းတွေ့ပါတယ်။ မှန်ကန်ပြီးလက်ခံနိုင်တဲ့ အချက်တွေ အများကြီးပါ ဝင်ပါတယ်။ အခုရေးနေတဲ့ စာတမ်းရဲ့ ရည်ရွယ်ချက်က ပထမစာတမ်းကို ငြင်းချက်ထုတ်နေခြင်း သက်သက်မျှမဟုတ်ပါ။ လိုအပ်နေသေးတဲ့ အချက်အလက်တွေကိုလည်း ထပ်ဖြည့်ထားပါတယ်။ ပထမစာတမ်းကို မဖတ်ရသေးရင်လည်း အရင်ဖတ်ဖို့ တိုက်တွန်းပါတယ်။ စင်္ကာပူနိုင်ငံဘက်က ရပ်တည် ဆွေးနွေးခြင်းလည်း မဟုတ်ပါ။ စေတနာက ဘဝတူ မြန်မာတွေအတွက်ပါ။ ဘ၀ရဲ့အရေးတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ဘက်တစ်ဘက်တည်းက တင်ပြတာထက်စာရင် ဘက်ပေါင်းစုံက စဉ်းစားသင့်တယ်ထင်လို့ပါ။ Informed decision ဖြစ်ဖို့အရေးကြီးပါတယ်။ တကယ် ဆုံးဖြတ်ရမယ့်သူက မိမိကိုယ်တိုင်ပဲဖြစ်ပါတယ်။ကျွန်တော့်ရဲ့ စာတမ်းလေးနဲ့ ပတ်သက်ပြီး အကြမ်းအဆင့်မှာ အချိန်ပေးဖတ်ရှုသူ၊ ဝေဖန်အကြံပြုကြသူ၊ ကူညီပေးကြသူများ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ပိုပြီး ကျေးဇူးတင်သင့်တာက ဒီစာတမ်းရေးဖြစ်အောင် လှုံ့ဆော်မှု ပေးနိုင်ခဲ့တဲ့ ပထမစာတမ်းရေးသူကိုပါ။


    ယူဆချက်များအခုစာတမ်းကို အောက်ပါ အချက်များကို အခြေခံပြီးရေးပါတယ်။

    • မြန်မာနိုင်ငံသားများအတွက်ကိုသာရည်ရွယ်သည်။
    • မိသားစုဘဝနှင့် တည်ငြိမ်ရေးကို အဓိကထား စဉ်းစားပါသည်။
    • ပထမစာတမ်းလိုပင် အမျိုးသားရေးကိစ္စကို ထည့်သွင်းမစဉ်းစားပါ။
    • Singapore နိုင်ငံ၏ trand နှင့် Policy များကို လက်ရှိအတိုင်း လက်ခံထားပါသည်။
    • မြန်မာနိုင်ငံ၏ trand နှင့် Policy များကို လက်ရှိအတိုင်း လက်ခံထားပါသည်။
    • နိုင်ငံရေးအရ တတ်နိုင်သလောက် ကြားနေအမြင်ထားပါသည်။
    • ခြုံငုံကြည့်လျှင် Singapore သည် မြန်မာနိုင်ငံထက် သာလွန်သည်ဟုယူဆထားသည်။
    • ရွေးချယ်စရာ သုံးခုရှိသည်ဟု ယူဆပါသည်။o PR အဖြစ်နေပြီး မြန်မာပြည်ပြန်ခြင်းo Singaporean အဖြစ်ခံယူ ပြီး Singapore မှာပင် နေထိုင်ခြင်းo Singaporean အဖြစ်ခံယူပြီး ပိုသင့်တော်သော နိုင်ငံတစ်ခုခုကို ရွှေ့ပြောင်းခြင်း
    ဆက်ဖတ်ရန်

    Thursday, July 23, 2009

    သူငယ်ချင်းမိတ်ဆွေ



    Friend ( သူငယ်ချင်းကောင်းဆိုတာ)
    F - Forgives your mistakes. သင့်အမှားများကို ခွင့်လွှတ်တတ်သူ
    R - Raises your spirits. စိက်ဓာတ်မြှင့်ပေးသူ
    I - Invites you over. နွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်တတ်သူ
    E - Envisions the whole of you (even the unfinished parts) သင့်လုပ်ဆောင်ချက်အားလုံး (မပြီးသေးသော အစိတ်အပိုင်းများအပါအ၀င်)ကို
    မှန်းမျှော်ပီတိဖြစ်နေသူ
    N - Never judges. အပြစ်တင်ဝေဖန်ခြင်းမပြုသူ
    D - Doesn't give up on you. သုံးလို့မရပါဘူးဟု စွန့်ပယ်မပစ်တတ်သူ




    ဘ၀မှာ မိတ်ဆွေသူငယ်ချင်းဆိုတာ မရှိမဖြစ်အရေးပါသောအခန်းကဏ္နမှာပါ ၀င်ပါတယ်.တချို့ကလဲ တခဏသာ မှတ်မိပြီး အချို့ကိုတော့ မေ့လို့ မရအောင် မှတ်မိနေခဲ့တယ်….။ ရန်သူလိုမိတ်ဆွေမျိုးရှိသလို ဆွေမျိုးလိုအားကိုးရသောမိတ်ဆွေတွေ ရှိပါတယ်.
    သူတို့ရဲ့ ချစ်ခင်ဖွယ်ကောင်းသော အပြုအမူတွေ အပြော အဆိုတွေကြောင့် မှတ်မိနေတက်သလို စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသော အပြုအမူတွေကြောင့်လဲ မှတ်မိနေတတ်သေးပါတယ်…..။ သူငယ်ချင်းတွေပေါပေမယ့် မိတ်ဆွေစစ်မိတ်ဆွေမှန်ဆိုတာ အလွန်ရှားပါတယ်..
    သူငယ်ချင်းကောင်းလိုချင်ရင် ကိုယ်ကိုတိုင်က သူငယ်ချင်းကောင်းဖြစ်ဖို့လိုပါတယ်၊ သူငယ်ချင်းဆိုတာငွေရှိရင် ရှာလို့ရနိုင်ပေမယ့် မိတ်ဆွေစစ်မိတ်ဆွေ မှန်ကိုတော့ ထမင်းထုပ်နဲ့လိုက်ရှာရင်တောင်ဒီတသက်မတွေ့နိုင်ပါဘူး.
    မိတ်ဆွေသူငယ်ချင်းဆိုတာ သင်ရဲ့အမှားများကို ခွင့်လွတ်ပြီး ပြူပြင်နိုင်သူ ဖြစ်ရပါမယ်၊ စိတ်အားငယ် ဒုက္ခရောက်နေချိန်မှာ သင့်ကို စိက်ဓာတ်မြှင့်ပေးနိုင်သူ ဖြစ်ရပါမယ်၊ဘယ်လိုအခက်အခဲတွေ ကြူံတွေ့ပါစေ သင့်အပူများကိုနွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်တတ်သူ၊ သင့်လုပ်ဆောင်ချက်အားလုံးကို မဟန့်မတား မုတိတာပွားနိုင်သူ၊ သင်ရဲ့အမှားများကို ဝေဖန်ပြစ်တင်ကဲ့ရဲ့ခြင်းမရှိသူ၊ ငါ့လောက်မသိ၊မတတ်ပါဘူး၊ ငါ့ကိုဘာမှမကူညီနိုင်ပါဘူးဟု အထင်မသေးမစွန့်ပစ်တတ်သူ ဖြစ်ရပါမယ်. လူတွေဟာ တခါတရံမိတ်ဆွေကောင်းတွေကို သတိမမူ ဂူမမြင် ပဲ အထင်မှားပြီး ရန်သူကို မိတ်ဆွေထင်တတ်ပါတယ်.
    ရန်သူနဲ့တွေ့ဆုံရလို့ ဘ၀ကိုလက်မြောက်အရှုံးပေးပြီး မိတ်ဆွေကောင်းတွေ ဘယ်လောက်နဲ့ လွဲခဲ့ရပြီလဲ ဆိုတာဘယ်သူမှ မသိနိုင်ပါဘူး၊ မိတ်ဆွေကောင်းဆိုတာ အသက်အရွယ် နဲမဆိုင်ပါဘူး၊ ကိုယ့်ထက်အသက်အရွယ်ကြီးသူကို "ဆရာလုပ်သူ၊ အတွေးအမြင်ကွဲပြားသူ"ဆိုပြီး မိတ်ဆွေအဖြစ် စွန့်ခွာခဲ့ပါတယ်၊ ငယ်သူကိုတော့ "ငါလောက်မသိပါဘူး" ဟုမထီမဲ့မြင်ပြုကာ မိတ်ဆွေအဖြစ် စွန့်လွတ်ခဲ့ကြပါတယ်၊ ရွယ်တူကျတော့ ပညာအရည်အချင်း၊ ဂုဏ်တူသူ ယဉ်ကျေးမှုတူသူများ၊ စိတ်သဘောထားချင်းတူသူများကိုသာ ရွေးချယ်ပေါင်းသင်းတော့ မိတ်ဆွေစစ်ဆိုတာ တော်တော်ရှာရခက်ပါတယ်၊ ကိုယ်ဆီ အကူအညီတောင်းခံလာသူကိုလည်း " ငါ့ကို Information လာအစ်နေတာလား/ အကူအညီလိုမှ လာဆက်သွယ်ရလား "ဆိုပြီး မထင်ပဲ သဘောထားပြည့်ဝစွာ ပါရမီဖြည့် ကူညီနိုင်အောင် ကြိုးစားရပါမယ်၊ ကိုယ်က သူငယ်ချင်းဆီ အောက်ကျို့ခံ အကူအညီ တောင်းရမဲ့ အချိန်ရောက်လာရင်လည်း "ငါ့ကို အပြည့်အ၀ မကူညီဘူး၊ ငါ့တုန်းကဘယ်လို ကူညီခဲ့တာ၊ အမလေး အကူညီလေးတောင်းမိပါတယ် ပုံစံကတမျိုး"ဆိုပြီး အထင်မလွဲပဲ နည်းနည်းလေး ကူညီတာကိုပဲဖြစ်ဖြစ်၊ မအားလို့မကူညီနိုင်တာကိုပဲဖြစ်ဖြစ် ဖြည့်တွေးပေးသင့်ပါတယ်။ ခင်မင်မှုကို ပေတံနဲ့တိုင်းတာလို့ မရပါဘူး၊ ကိုယ့်ပေတံနဲ့ကိုယ်၊ သူ့ပေတံနဲ့သူ၊ "ငွေမချေးလို့"၊ "အကြံဥာဏ်မပေးနိုင်လို့" သူငယ်ချင်းကောင်း မဟုတ်ဘူးလို့ပြောလို့မရပါဘူး၊ လူတိုင်းမှာ အခက်အခဲဆိုတာရှိပါတယ်၊ အနည်းအများပဲ ကွာပါတယ်။ ကိုယ့်ဒုက္ခကိုမကူညီိလို့ အပြစ်တင်နေမဲ့အစား သူ့မှာလည်း သူ့အခက်အခဲ သူရှိမှာပဲလို့ တွေးပေးရမှာပါ။ ကိုယ်ကကူညီနိုင်တဲ့အချိန်ကျရင်လည်း ဘယ်လိုပုံစံနဲ့ ကိုယ့်ကိုချည်းကပ်လာပါစေ သဘောထားပြည့်ဝစွာ ကူညီလိုက်ပါ၊ တယောက်ကို ကူညီလိုက်ရင် ကိုယ့်ကိုကူညီမဲ့သူ ၁၀ယောက်လောက်ပေါ်လာမှာပါ.တယောက်အပေါ်ကောင်းရင် ကိုယ့်အပေါ်ကောင်းတဲ့သူ ၁၀ယောက်လောက်ပေါ်လာမှာပါ။

    (၁) သူငယ်ချင်းတွေ တွေ့ဆုံချိန်မှာ တန်ဖိုးထားပါ၊

    (၂) မမျော်လင့်ပဲ ခွဲခွာခဲ့ရရင်လည်း ကိုယ့်အပေါ်ကောင်းခဲ့တာလေးတွေ တွေးပြီး ကြည်နူးနိုင်ပါစေ။

    (၃) တယောက်ကိုတယောက် နားလည်မှုနဲ့ပေးဆပ်ပါ၊

    (၄) သူငယ်ချင်းအချင်းချင်း မနှိုင်းယဉ်ပါနဲ့ ကမ္ဘာလောကကြီးနဲ့နိုင်းယဉ်ပါ.

    (၅) ၀မ်းနည်းမှုကို နှစ်သိမ့်နိုင်ပြီး ပျော်ရွင်မှုကို မျှဝေခံစားနိုင်ပါစေ။


    သူငယ်ချင်းတွေ အပြစ်မမြင် အကောင်းထင် တယောက်ကို တယောက်ဖေးမကူညီ လက်တွဲမဖြုတ်ပဲ စိတ်တူကိုယ်တူ မိတ်ဆွေစစ်အဖြစ် လျောက်လမ်းနိုင်ကြပါစေ၊၊
    "One Wish" ဆိုတဲ့ ကဗျာလေးကို ဝေမျှပါရစေ...သူငယ်ချင်းမိတ်ဆွေတွေ အတွက်ပါ။

    "One Wish"
    You are a ray of Sunshine,
    In a world that's sometimes grey,
    Will brighten up the day
    You've guide me through my bad times
    Wiped away my tear with your heart
    and brought me so much joy
    As we've travelled along the years
    It warms my heart to wake up
    You Choose me as your friend
    A loyal, Loving Gift to me
    On whom i depen,
    If I could have one Wish,
    I'd make it just for you,
    I'd ask God for your blessing and wellness
    In everything you do.

    Your's sincerely,

    Thursday, July 16, 2009

    အာဇာနည် ခေါင်းဆောင်ကြီးများ

    ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာ နိုင်ငံ၊ ရန်ကုန်မြို့ မြန်မာနိုင်ငံ ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ကိုးဦး ကျဆုံးခဲ့သည်။ ထိုနေ့ကို အာဇာနည်နေ့ ဟု သတ်မှတ်ပြီး ယနေ့ထက်တိုင် အောင့်မေ့ သတိရ အမှတ်တရ ကျင်းပလျက်ရှိသည်။

    ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ - ၁၉၄၇)
    ဗိုလ်ချုပ် အောင်ဆန်း

    ဗိုလ်ချုပ် အောင်ဆန်း ၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီး ခရိုင်၊ နတ်မောက်မြို့၌ အမိန့်တော်ရ ရှေ့နေ ဦးဖာ - ဒေါ်စု တို့မှ နောင်တခေတ်တွင် ဗိုလ်ချုပ် အောင်ဆန်း ဟူ၍ မြန်မာ နိုင်ငံ သမိုင်း၌ တွင်စေမည့် သားရတနာကို ဖွားမြင် ခဲ့သည်။ ဇာတာ အမည်မှာ မောင်ထိန်လင်း ဖြစ်သော်လည်း ငယ်စဉ် ကပင် မောင်အောင်ဆန်းဟု တွင်သည်။ ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတ ကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာ သင်ယူ ခဲ့ပြီး၊ ယင်းကျောင်းမှ မြန်မာ၊ ပါဠိ ၂ ဘာသာ ဂုဏ်ထူးဖြင့် ၁ဝ တန်း အောင်မြင် ခဲ့သည်။ ပညာ ထူးချွန်သူ ဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့ ဖူးသည်။ ထိုနောက် ရန်ကုန် တက္ကသိုလ်သို့ တက်ရောက်ပြီး ဆက်လက် ပညာ ဆည်းပူး ခဲ့သည်။ ၁၉၃၅ - ၃၆ ပညာ သင်နှစ်မှ စ၍ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အမှုဆောင် အဖွဲ့ဝင် ဖြစ်လာ ခဲ့ပြီး၊ သမဂ္ဂ၏ အာဘော် အိုးဝေ မဂ္ဂဇင်း အယ်ဒီတာလည်း လာခဲ့သည်။ ကိုအောင်ဆန်း အယ်ဒီတာ အဖြစ် ဆောင်ရွက်သော အိုးဝေ မဂ္ဂဇင်းတွင် ယမမင်း အမည် အိုးဝေ ညိုမြ ရေးသားသော “ငရဲခွေးကြီး လွတ်ပြီး သရမ်း နေသည် (The Hell Hound At Large)” ခေါင်းစဉ်ဖြင့် ပေးစာ တစောင် ဖော်ပြခဲ့ မှုသည်လည်း ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ် ဖြစ်ပွား စေခဲ့သော အဓိက အကြောင်းရင်း တချက် ဖြစ်သည်။ ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ်၏ သပိတ်မှောက် ကောင်စီ အဖွဲ့ဝင် တဦးလည်း ဖြစ်ခဲ့သည်။
    ကုလား - ဗမာ အဓိကရုဏ်း ပေါ်ခဲ့သည်။ သမဂ္ဂသည် အဓိကရုဏ်းကြောင့် ဒုက္ခ ရောက်သူ များအား ကယ်ဆယ်ရေး လုပ်ငန်း များကို ဆောင်ရွက် ခဲ့သည်။ ၁၉၃၆ ခု သပိတ် အရေးတော်ပုံတွင် ဖွဲ့စည်း ပေးခဲ့သော ဆာမြဘူး ကော်မတီ အစီရင်ခံစာ ထွက်လာသည်၊ အစီရင် ခံစာကို တကသမှ ကန့်ကွက် ခဲ့သည်။ ဒေါက်တာ ဘမော် အစိုးရ တက္ကသိုလ် အက်ဥပဒေကြမ်း ပြုလုပ်ရန် စီစဉ်သည် ကိုလည်း လက်မခံခဲ့ပေ။ ၁၉၃၆ - ၃၇ ပညာ သင်နှစ်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာပြီး၊ ၁၉၃၈ - ၃၉ တွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၃၆ တက္ကသိုလ် သပိတ် အပြီးတွင် ပေါ်ပေါက် လာသော ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂကြီးကို ဦးစီး တည်ထောင်သူ တဦးလည်း ဖြစ်ပြီး၊ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂတွင် ပထမဆုံး အတွင်းရေးမှူး ဖြစ်လေသည်။ ၁၉၃၇ - ၃၈ တွင် ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဝိဇ္ဇာတန်းကို အောင်ပြီး၊ ဥပဒေ ဝိဇ္ဇာတန်းသို့ ဆက်တက် ခဲ့သည်။ ၁၉၃၈ - ၃၉ တွင် တကသ ဥက္ကဋ္ဌ ဖြစ်သည်။ တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ရေး ကော်မတီတွင် အဖွဲ့ဝင် အဖြစ်လည်း တာဝန် ယူခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် တက္ကသိုလ် ကောင်စီဝင်တွင် ပထမဆုံး ကျောင်းသား ကိုယ်စားလှယ် အဖြစ် တာဝန် ပေးအပ်ခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ် အောင်ဆန်းသည် တကသ ဥက္ကဋ္ဌ အဖြစ် သက်တန်း ကုန်သည်ထိ မနေခဲ့ပေ။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ပြီး သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာ အစည်းအရုံးသို့ ဝင်ရောက်၍ သခင် အောင်ဆန်း အဖြစ် နိုင်ငံရေး နယ်ပယ်သို့ ခြေစုံပစ် ဝင်ခဲ့သည်။ ၁၉၃၉ တွင် တို့ဗမာ အစည်းအရုံး၏ အတွင်းရေးမှူး အဖြစ် တက်မြောက်ခြင်း ခံရသည်။
    သခင် အောင်ဆန်းသည် ဒုတိယ ကမ္ဘာစစ် ဖြစ်လာ၍ မြန်မာ့ လွတ်လပ်ရေး အတွက် စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်ရန် ဖွဲ့စည်း ခဲ့သော ဗမာ ထွက်ရပ်ဂိုဏ်းတွင် အတွင်းရေးမှူး အဖြစ်လည်း တာဝန် ယူခဲ့သည်။ မြန်မာ့ လွတ်လပ်ရေး အတွက် လက်နက်ကိုင် တော်လှန်ရေး ဆင်နွဲရန် ပေါ်ပေါက် ခဲ့သော ပြည်သူ့ အရေးတော်ပုံ ပါတီ (နောင် ဆိုရှယ်လစ် ပါတီ) ၏ ပြည်ပ ဆက်သွယ်ရေး ခေါင်းဆောင် တာဝန်ကိုလည်း ယူခဲ့သည်။ ၁၉၄ဝ မတ်လ အတွင်း အိန္ဒိယ နိုင်ငံ ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယ အမျိုးသား ကွန်ဂရက် ညီလာခံသို့ တက်ရောက် ခဲ့သည်။ သခင် အောင်ဆန်းအား အင်္ဂလိပ် နယ်ချဲ့ အစိုးရကို ဆန့်ကျင် ဟောပြော မှုဖြင့် ဖမ်းဆီးရန် ဟင်္သာတ ခရိုင် ရာဇဝတ်ဝန် ဆုငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်း ထုတ်ခဲ့သည်။ ၁၉၄ဝ သြဂုတ်လ အတွင်း မြန်မာ့ လွတ်လပ်ရေး အတွက် အင်္ဂလိပ် နယ်ချဲ့ အစိုးရအား မြန်မာ့ မြေပေါ်မှ လက်နက် အားဖြင့် မောင်းထုတ် နိုင်ရန် အတွက် နိုင်ငံခြားမှ အကူအညီ ရယူရန် တရုတ်နိုင်ငံသို့ စွန့်စား ထွက်ခွာ ခဲ့သည်။ တရုတ်ပြည် အမွိုင်၌ သောင်တင် နေစဉ် မြန်မာနိုင်ငံမှ ရဲဘော်များ၏ စီစဉ် ဆောင်ရွက် ပေးမှုကြောင့် ဂျပန် အရာရှိ စူဖူကိကေအိချိနှင့် အဆက်အသွယ် ရကာ ဂျပန် နိုင်ငံသို့ ရောက်သွားသည်။ဂျပန်ပြည်တွင် ‘ဗမာ့ လွတ်လပ်ရေး စီမံကိန်း’ စာတမ်း တရပ်ကို ရေးဆွဲကာ ဂျပန် စစ်အာဏာပိုင် များနှင့် ညှိနှိုင်းခဲ့သည်။ ယင်း စီမံကိန်း အရ မြန်မာပြည် အတွင်းမှ မျိုးချစ် လူငယ် များကို စုစည်းကာ အလီလီ ခွဲလျက် ဂျပန်ပြည်သို့ ပို့ပေးခဲ့သည်။ ဤမျိုးချစ် လူငယ် တစုသည် ပင်လျှင် နောင်သော အခါတွင် ဗိုလ်တေဇ (ခေါ်) ဗိုလ်အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော် သုံးကျိပ် ဖြစ်လာ ခဲ့သည်။ ဤမျိုးချစ် လူငယ်များသည် ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ယိုးဒယား (ယခု ထိုင်း) နိုင်ငံ ဘန်ကောက်တွင် ဖွဲ့စည်း တည်ထောင်ကာ မြန်မာနိုင်ငံ အတွင်းသို့ ဂျပန်များ နှင့်အတူ ဝင်ရောက် တိုက်ခိုက် ခဲ့သည်။
    ဂျပန် တပ်မတော်က မြန်မာနိုင်ငံကို သိမ်းပြီးသော အခါ အင်အား ကြီးထွားပြီး ဗရမ်းဗတာ ဖြစ်လာသော ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို အင်အား လျော့ချပြီး ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည် ဖွဲ့စည်း သည့်အခါ ဗိုလ်ချုပ် အောင်ဆန်းသည် ဘီဒီအေ၏ စစ်သနာပတိ ဖြစ်လာသည်။ ၁၉၄၂ ခု စက်တင်ဘာလတွင် သူနာပြု ဆရာမ ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ မြန်မာနိုင်ငံကို ဂျပန်က ရွှေရည်စိမ် လွတ်လပ်ရေး ပေးသော အခါ ဗိုလ်ချုပ် အောင်ဆန်းသည် စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဖြစ်လာသည်။ ဖက်ဆစ် ဂျပန် စစ်အုပ်ချုပ်ရေး သမားများသည် မြန်မာ နိုင်ငံနှင့် ပြည်သူတို့အား ဖက်ဆစ်နိုင်ငံ၏ လက်အောက်ခံ နိုင်ငံ တနိုင်ငံ သဖွယ် သဘောထား လာကြသည်။ ထို့ကြောင့် ၁၉၄၄ ခုနှစ် သြဂုတ်လ အတွင်းမှာ ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင် စိုးတို့ ဦးဆောင်ပြီး ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖတပလ) [ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ)] ကို ဖွဲ့စည်း တည်ထောင်ကာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗမာ့ ကာကွယ်ရေး တပ်မတော်သည် ဗိုလ်ချုပ် အောင်ဆန်း၏ တိုက်ရိုက် ကွပ်ကဲ ညွှန်ကြားမှုဖြင့် ဖက်ဆစ် ဂျပန် တို့ကို အတိအလင်း စစ်ကြေညာကာ ဖက်ဆစ် တော်လှန်ရေးကို ဆင်နွှဲ ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးနောက်တွင် ဗမာ့ တပ်မတော်ကို ဂန္ဒီ စာချုပ် အရ ဆက်လက် ဖွဲ့စည်း တည်ထောင် ပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းသည် တပ်မတော်မှ နှုတ်ထွက်ကာ နိုင်ငံရေး ခေါင်းဆောင် ဖဆပလ ဥက္ကဋ္ဌ အဖြစ် တိုင်းပြည် တာဝန်ကို ဆက်လက် ထမ်းဆောင် ခဲ့သည်။
    ဒုတိယ ကမ္ဘာစစ် အပြီးတွင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်က ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် ဖဆပလ ခေါင်းဆောင်များအား ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် ရာထူး လက်ခံရန် စကား ကမ်းလှမ်းသော်လည်း ဖဆပလမှ ချမှတ်ထားသော စည်းကမ်းချက်များ အတိုင်း မရ၍ ဗိုလ်ချုပ် အောင်ဆန်းတို့က လက်မခံခဲ့ဘဲ၊ ဘုရင်ခံရဲ့ စက္ကူဖြူ စီမံကိန်း တိုက်ဖျက်ရေး ကိုသာ ပြည်သူ လူထုအား စည်းရုံးကာ အင်တိုက်အားတိုက် ဆောင်ရွက် ခဲ့သဖြင့်၊ ပုလိပ် သပိတ် အပါအဝင် အထွေထွေ အမူထမ်း ပေါင်းစုံ သပိတ်ကြီး ပေါ်ပေါက် လာပြီး၊ နယ်ချဲ့ အင်္ဂလိပ် တို့၏ အုပ်ချုပ်ရေး ရပ်တန့် သွားခဲ့ရသည်။ ဗြိတိန် အစိုးရလည်း ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အင်္ဂလန်သို့ ပြန်ခေါ်ပြီး၊ ဘုရင်ခံ အသစ် အဖြစ် ဆာဟူးဘတ်ရန်စ်ကို ခန့်အပ် လိုက်သည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန်စ်က ဗိုလ်ချုပ်တို့ အလိုကျ အစိုးရ ဖွဲ့စည်းရန် စကား ကမ်းလှမ်း လာတော့သည်။ ထို ကမ်းလှမ်းချက် များကို ဖဆပလနှင့် ဆွေးနွေး ညှိနှိုင်း ကြပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင် များသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီဝင် ရာထူးကို ယူလိုက် ကြသည်။ ထိုကြောင့် ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ မှစ၍ ဗိုလ်ချုပ် အောင်ဆန်းသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုနောက် တနှစ် အတွင်း လုံးဝ လွတ်လပ်ရေး ရရှိရေး ဆောင်ပုဒ် အရ မြန်မာ့ လွတ်လပ်ရေး ကိစ္စ ဆွေးနွေးရန် ဗြိတိသျှ လေဘာ အစိုးရ၏ ဖိတ်ကြားချက် အရ မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ခု ဇန်နဝါရီလတွင် လန်ဒန်သို့ သွားရောက် ခဲ့သည်။ ထိုဆွေးနွေးပွဲမှ မြန်မာနိုင်ငံအား တနှစ်အတွင်း လွတ်လပ်ရေး ပေးမည့် အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။
    သို့သော် မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးရာတွင် ဗြိတိသျှတို့က တောင်တန်း ဒေသများကို ချန်ထား လိုသောကြောင့် ဗိုလ်ချုပ် အောင်ဆန်းက တောင်တန်း ဒေသ ကိုပါ တပါတည်း လွတ်လပ်ရေး ပေးရန် တောင်းဆို ခဲ့ပြီး၊ တောင်တန်း ဒေသနှင့် မြန်မာပြည်ပ ပေါင်းစည်း အတွက် အားသွန် ကြိုးပမ်း ခဲ့ပြန်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ ကြိုးစား ရိုးသားမှုကြောင့် တောင်တန်း ဒေသ တိုင်းရင်းသား ခေါင်းဆောင်များ၏ ယုံကြည် ကိုးစားမှု ကိုပါ ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံ သမိုင်းတွင် အရေးပါသော တိုင်းရင်းသား ပေါင်းစုံ သွေးစည်း ညီညွတ်ရေး သင်္ကေတ ဖြစ်ခဲ့သည့် ပင်လုံ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။ ထိုလုပ်ငန်းများ ပြီးစီး၍ လွတ်လပ်ရေး ရရန် သေချာသော အခြေအနေသို့ ရောက်သော အခါ လွတ်လပ်သော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲကြမည့် တိုင်းပြု ပြည်ပြု လွတ်တော် အတွက် ရွေးကောက်ပွဲ ကြီးကို ၁၉၄၇ ခု ဧပြီလတွင် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည်။ ယင်းသို့ မြန်မာ့ လွတ်လပ်ရေး ဗိမာန်ကြီး ပြီးခါနီး အချိန် လွတ်လပ်သော မြန်မာနိုင်ငံ တည်ထောင်ရေး အားသွန် ကြိုးပမ်း နေဆဲတွင် နယ်ချဲ့ လက်ပါးစေ ဦးစောနှင့် အပေါင်းပါ တို့၏ ရက်စက် ယုတ်မာစွာ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည် ခေါင်းဆောင် အာဇာနည်ကြီးများ နှင့်အတူ ကျဆုံး ခဲ့ရ ပေသည်။

    သခင် မြ (၁၈၉၇ - ၁၉၄၇)

    သခင် မြသည် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဝန်ကြီး အဖွဲ့တွင် ပြည်ထဲရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ကွယ်လွန်သူ အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး သခင်မြသည် ပြည်မြို့နယ် ထုံးဘိုရွာ ဇာတိ ဖြစ်သည်။ အဖ ဦးဘိုးချွန်နှင့် အမိ ဒေါ်သက်လယ် တို့မှ ၁၈၉၇ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဖွားမြင်သည်။ ငယ်နာမည် မောင်ဘရွှေ ဖြစ်သည်။ နှမ မမြငွေ တဦးသာ ရှိ၍ နောင်အခါ သီလရှင် ဝတ်သွားပြီး ဒေါ်ခေမာဝတီ ဖြစ်လာ ခဲ့သည်။ သာယာဝတီ အေဘီအမ် ကျောင်းမှ သတ္တမတန်း အောင်ပြီး ဆယ်တန်းကို ရန်ကုန် ဘက်ပတစ် အထက်တန်း ကျောင်းမှ အောင်သည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန် ကောလိပ်နှင့် ကာလတ္တား တက္ဗသိုလ် တို့မှ အိုင်အက်စ်စီ တန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အောင်သည်။ ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင် ဒုတိယ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ယင်း သပိတ်နောက် ပေါ်လာသော အမျိုးသား ပညာရေး ကောင်စီ တွင်လည်း အဖွဲ့ဝင် တဦး ဖြစ်ရုံမက ကြည့်မြင်တိုင် အမျိုးသား အထက်တန်း ကျောင်းအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် ဘီအက်စ်စီတန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အမျိုးသား ကောလိပ်မှပင် အောင်သည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်သည်။
    ၁၉၂၇ ခုနှစ်တွင် ဥပဒေ ဝိဇ္ဇာဘွဲ့ အောင်ပြီးသော အခါ သာယာဝတီသို့ ပြန်၍ ရှေ့နေ အလုပ်ဖြင့် အသက် မွေးသည်။ ၁၉၃ဝ ပြည့်နှစ် တောင်သူ လယ်သမား အရေးတော်ပုံတွင် အရေးတော်ပုံ သားများ ဘက်မှ ရှေ့နေ လိုက်ရာမှ ထင်ရှား လာသည်။ ၁၉၃၆ ခုနှစ် ရောက်သော် တို့ ဗမာ အစည်းအရုံး ဝင်ရာမှ သခင် ဖြစ်လာပြီး သခင်မြဟု ထင်ရှား လာခဲ့သည်။ ထို့နောက် တို့ဗမာ အစည်းအရုံး၏ ကိုယ်ပွား ဖြစ်သော ‘ကိုယ်မင်း ကိုယ်ချင်း အဖွဲ့’ ၏ ဥက္ကဋ္ဌ ဖြစ်လာသည်။ ကိုယ်မင်း ကိုယ်ချင်း အဖွဲ့၏ တာဝန် ပေးချက် အရ သာယာဝတီ တောင်ပိုင်းမှ အမတ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရာ အရွှေး ခံရ၍ ၉၁ ဌာနခေတ် ဥပဒေပြု လွှတ်တော် အမတ် ဖြစ်လာသည်။ ထို့ကြောင့် ဥပဒေပြု လွှတ်တော် အတွက် ပထမဆုံး အရွေးခံ ရသော သခင် အမတ် သုံးဦး အနက် တစ်ဦး အပါအဝင် ဖြစ်ခဲ့သည်။ ထိုသို့ အမတ် အဖြစ် အရွေးခံ ရသော်လည်း အင်္ဂလိပ် နယ်ချဲ့ အုပ်စိုးမှုကို ဆန့်ကျင်သည့် အနေဖြင့် အမတ်လစာ မယူသည့် သခင်အမတ်တစ်ဦးလည်း ဖြစ်သည်။
    ပြည်သူ့ အရေးတော်ပုံပါတီ ဖွဲ့သော အခါတွင် ဗိုလ်ချုပ်အောင်ဆန်းက ပြည်ပ ဆက်သွယ်ရေး တာဝန် ယူပြီး သခင်မြက ပြည်တွင်း ခေါင်းဆောင် တာဝန် ယူခဲ့ ရသည်။ ၁၉၄၁ ခုတွင်မူ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌ အဖြစ် တင်မြှောက် ခံရသည်။ ရဲဘော် သုံးကျိပ် ဂျပန် နိုင်ငံသို့ စစ်ပညာသင် သွားနိုင်ရေး အတွက် စီစဉ် ဆောင်ရွက် ပေးခဲ့ရသူ တဦးလည်း ဖြစ်သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော ဂျပန်ခေတ် လွတ်လပ်ရေး အစိုးရ အဖွဲ့တွင် ဒုတိယဝန်ကြီးချုပ် ဖြစ်သည်။ ဖက်ဆစ် တော်လှန်ရေး အတွက် ဖတပလကို ဖွဲ့သော အခါ ပြည်သူ့ အရေးတော်ပုံ ပါတီကို ကိုယ်စားပြု၍ သခင်မြလည်း ပါဝင် ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပြည်သူ့ အရေးတော်ပုံ ပါတီကို မြန်မာပြည် ဆိုရှယ်လစ် ပါတီဟု ပြင်ဆင် ဖွဲ့စည်းသောအခါ သခင်မြပင် ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးစ ဖဆပလ အဖွဲ့၏ ဗဟို အလုပ်အမှုဆောင် တဦးလည်း ဖြစ်ခဲ့သည်။ စစ်ပြီးခေတ် ဗိုလ်ချုပ် အောင်ဆန်း ဦးစီးသော ကြားဖြတ် အစိုးရ အဖွဲ့တွင် ဘဏ္ဍာရေးနှင့် အခွန်တော် ဌာန ဝန်ကြီး တာဝန်များ ယူခဲ့ရ သူလည်း ဖြစ်သည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းပြု ပြည်ပြု လွှတ်တော် ယာယီ သဘာပတိ တာဝန်များ အပေး ခံရသည်။ အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆိုရန် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့် လန်ဒန်သွား မြန်မာ ကိုယ်စားလှယ် အဖွဲ့တွင်လည်း ပါဝင် ခဲ့သည်။ လယ်သီစား ဥပဒေ ဋီကာ ကိုလည်း ရေးသား ခဲ့သေးသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ မသမာ သူတို့ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် အသက် ဆုံးရှုံး ခဲ့ရ ရှာသည်။


    ဦးဘချို (၁၈၉၃ - ၁၉၄၇)


    ဒီးဒုတ် ဦးဘချိုမှာ မြောင်းမြ ဇာတိ ဖြစ်သည်။ အဖ မြန်မာဆေးဆရာကြီး ဦးဘိုးစာနှင့် အမိဒေါ်မြစ် တို့မှ ၁၈၉၃ ခု ဧပြီလ ၂၄ ရက်နေ့တွင် ဖွားမြင်သည်။ အသက် ၁၄ နှစ်တွင် မြောင်းမြမြို့ ဆရာ ဦးမောင်မောင် ကျောင်းမှ သတ္တမတန်းကို အထူး အောင်၍ စကောလားရှစ် ပညာသင်ဆု ရရှိ ခဲ့သည်။ ထိုနောက် ရန်ကုန်မြို့ရှိ စိန်ပေါလ်ကျောင်းတွင် ဆက်လက် ပညာ သင်ယူရာ ၁ဝ တန်းကို အထူး အောင်သောကြောင့် ပညာသင်ဆု ထပ်ရသည်။ ရန်ကုန် တက္ကသိုလ်တွင် ဘီအေ အထက်တန်း တက်နေဆဲ မျက်စိ ရောဂါကြောင့် တက္ကသိုလ်မှ ထွက်ခဲ့ ရသည်။ ပေါင်းတည်နှင့် ဟင်္သာတ မြို့များတွင် အစိုးရ ကျောင်းဆရာ အဖြစ် အမှုထမ်းခဲ့သည်။ ပညာအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂ဝ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ အမျိုးသား ကျောင်းများ ဖွင့်လာသော အခါ အစိုးရဝန်ထမ်းအဖြစ်မှ ထွက်ပြီး အမျိုးသားကောလိပ်တွင် မြန်မာစာ ဆရာ ဝင်လုပ်သည်။ အစိုးရ အထောက်အပံ့ မယူသော အမျိုးသား ကျောင်းဆရာလည်း လုပ်ခဲ့ ဖူးသည်။ တပတ် တကြိမ်ထုတ် ‘မြန်မာ့ ရီဗျူးဂျာနယ်’ ကို အယ်ဒီတာချုပ် အဖြစ် ဦးစီး ထုတ်ဝေ ခဲ့သည်။ ထိုနောက် ‘ဒီးဒုတ် ဂျာနယ်’ ကို ၁၉၂၅ ခုနှစ်တွင် ဦးစီး ထုတ်ဝေရာတွင် ဒီးဒုတ် ဦးဘချိုဟု ထင်ရှား လာသည်။
    ဆရာကြီးသည် အင်္ဂလိပ် - မြန်မာနှင့် ပါဠိစာပေများတွင် နှံ့စပ်ပြီး ဆေးကျမ်း၊ ဗေဒင်၊ နက္ခတ်နှင့် အဂ္ဂရပ် ပညာ များကိုလည်း လိုက်စား ခဲ့သည်။ မြန်မာ သီချင်း ကြီးကိုလည်း စည်းစနစ် ကျစွာ တတ်မြောက်သူ တဦးဖြစ်သည်။ တူရိယာ၊ ကဗျာ၊ ဂီတကို မြတ်နိုးပြီး စောင်းကောက်ကိုလည်း ပိုင်နိုင်စွာ တီးတတ်သည်။ မြန်မာ သီချင်းကြီး သီချင်းခန့် များကို မူမှန် အတိုင်း ဖြစ်စေရန် ‘ဂီတဝိသောဓနိ’ ကျမ်းကိုလည်း တည်းဖြတ် ခဲ့သည်။ ၁၉၃၈ ခုနှစ် အတွင်း ဒီးဒုတ် နေ့စဉ် သတင်းစာကို ထုတ်ဝေ ခဲ့သည်။ ဆရာကြီးသည် သတင်းစာ ဆရာ၊ အယ်ဒီတာ၊ စာရေးဆရာ စသည့် စာပေ သမား တဦး အနေဖြင့် ပြည်သူလူထု နိုင်ငံရေး အသိတရား နိုးကြား စေသည့် စာပေ များကိုလည်း ရေးသား ခဲ့သည်။ အင်္ဂလိပ်တို့ ပေးသော ဒိုင်အာခီအုပ်ချုပ်ရေးနှင့် ၉၁ဌာနအုပ်ချုပ်ရေး တို့ကို ဆန့်ကျင် ခဲ့သည်။ ဖေဘီယန် (Fabian) ပါတီ ကိုလည်း တည်ထောင် ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် တာဝန် ယူခဲ့သည်။ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ သေးသည်။ ၁၉၃၆ ခုနှစ် တက္ကသိုလ် သပိတ်မှောက် ကျောင်းသားများ စောင့်ရှောက်ရေး အဖွဲ့ဝင် တဦးလည်း အဖြစ်လည်း တာဝန် ယူခဲ့သည်။ ဂျပန်ခေတ် အဓိပတိ ဒေါက်တာ ဘမော် အစိုးရ လက်ထက်တွင် အတိုင်ပင်ခံ လွှတ်တော် အမတ် အဖြစ် ထမ်းဆောင် ခဲ့သည်။ စာရေး ဆရာ အသင်း နယကလည်း ဖြစ်သည်။ မြန်မာနိုင်ငံ လုံးဝ လွတ်လပ်ရေး ရရှိ ကြိုးပမ်းရန် အတွက် ဖဆပလ အဖွဲ့ချုပ် ဖွဲ့စည်းသော အခါ ဝင်ရောက် ဆောင်ရွက်သည်။ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ကြားဖြတ် အစိုးရ အဖွဲ့တွင် ပြန်ကြားရေး ဝန်ကြီး အဖြစ် တာဝန် ယူခဲ့သည်။ တိုင်းပြု ပြည်ပြု လွှတ်တော်တွင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင် အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ တို့နှင့် အတူ အထူး အပင်ပန်း ခံ၍ ဆောင်ရွက် ခဲ့သည်။ ချင်းပြည်နယ် ထီးလင်း မြို့တွင် ကျင်းပသော ချင်း - ဗမာ ချစ်ကြည်ရေး ကျောက်တိုင် ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ် အောင်ဆန်း ကိုယ်စား အဖြစ် လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီး အနေဖြင့် လည်းကောင်း တက်ရောက် ခဲ့သည်။
    ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ လုပ်ကြံ ခံရပြီး၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်သည်။


    ဦးရာဇတ် (၁၈၉၈ - ၁၉၄၇)

    အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်သည် အငြိမ်းစား တိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ညိမ်းလှ တို့၏ သားဖြစ်သည်။ ဆရာကြီးကို မိတ္ထီလာ၌ ၁၈၉၈ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့တွင် ဖွားမြင်သည်။ မန္တလေး စက်စလီ ယောက်ျားလေးကျောင်းမှ ဆယ်တန်းကို ပါဠိ၊ အင်္ဂလိပ်စာ ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။ တက္ကသိုလ်တွင် ပညာ သင်နေစဉ် ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ် သပိတ်တွင် ပါဝင် ခဲ့သည်။
    ၁၉၂၁ ခုတွင် မန္တလေး ဗဟိုအမျိုးသားအထက်တန်း ကျောင်းကြီးကို ဦးစီး ဖွင့်လှစ်ခဲ့ပြီး ထိုကျောင်း၌ အထက်တန်းပြဆရာ လုပ်သည်။ ၁၉၂၂ ခုတွင် အမျိုးသား ပညာရေး အဖွဲ့ကြီး၏ ဘီအေ စာမေးပွဲကြီးကို အောင်ခဲ့၍ အေရာဇတ် ဘီအေ (နယ်ရှင်နယ်) အမည် ခံခဲ့သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟို အမျိုးသား အထက်တန်း ကျောင်းတွင် ကျောင်းအုပ်ဆရာကြီး အဖြစ် ထမ်းရွက်ခဲ့သည်။ ဗဟိုအမျိုးသားအထက်တန်း ကျောင်းအုပ် အဖြစ် ဆောင်ရွက်စဉ် ရဲညွန့်တပ် ဖွဲ့စည်းပြီး ကျောင်းသား လူငယ် များကို စစ်ပညာသင်ပေးရုံမက မျိုးချစ်စိတ်လည်း သွင်းပေးသည်။ ၁၉၃၈ ခုတွင် ရွှေဘိုသူ ဒေါ်ခင်ခင်နှင့် လက်ထပ်သည်။ ၁၉၄၅ ခုနှစ်တွင် စစ်အတွင်းက ပိတ်ထား ခဲ့ရသော အမျိုးသား ကျောင်းကြီးကို ပြန်လည် ဖွင့်လှစ်သော အခါ အမျိုးသား ကျောင်းတွင် ဆရာ ပြန်လုပ်သည်။ အထက် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ဖဆပလ အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်လာသည်။ ဗမာမွတ်စလင် ကွန်ဂရက် (ဗ.မ.က) ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ မြန်မာ နိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီဝင် တဦးလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန ဝန်ကြီး အဖြစ် တာဝန် ယူနေစဉ် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ မသမာသူ တို့၏ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက် စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံ ခံရပြီး အသက် ဆုံးရှုံး ခဲ့သည်။


    မန်းဘခိုင် (၁၉ဝ၃ - ၁၉၄၇)


    ကရင် အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်သည် ဟင်္သာတမြို့နယ် ယုန်တလင်းရွာ ဇာတိ ဖြစ်သည်။ အဖ ယုန်တလင်း ရွာသူကြီး မန်းပေကုန်းနှင့် အမိ ဒေါ်ပု ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉ဝ၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်ဖြစ်သည်။ ဟင်္သာတမြို့ အေဘီအမ် ကျောင်းတွင် ပညာ သင်ယူ ခဲ့ရာ ၁၉၂ဝ ပြည့်နှစ်တွင် သတ္တမတန်း အောင်သည်။ ကရင်ဘာသာသင်ကျောင်း တစ်ကျောင်းကို ဦးစီးဖွင့်လှစ်ခဲ့သူတစ်ဦး ဖြစ်သည်။ ၁၉၃၇ ခုတွင် ပုသိမ် မြောက်ပိုင်းမှ အမတ် အဖြစ် အရွေး ခံရသည်။ ၁၉၃၈ ခုတွင် ပဲခူးသူ ဒေါ်ခင်နီနှင့် လက်ထပ်သည်။ ၁၉၄၁ ခုတွင် တရားရေး ဌာန အတွင်းဝန် ဖြစ်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ရုံမက ကရင် - ဗမာ ချစ်ကြည်ရေးကို အထူး ဆောင်ရွက်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ စစ်ပြီး ခေတ်တွင် ဖဆပလ ဗဟိုအမှုဆောင် လူကြီးတစ်ဦး ဖြစ်လာသည်။ ကရင်လူငယ်များအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် စက်မှုလက်မှုနှင့်အလုပ်သမားဝန်ကြီး ဌာန ဝန်ကြီးလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း နှင့်အတူ လုပ်ကြံ ခံရ၍ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် ကွယ်လွန် ခဲ့သည်။


    မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း (၁၉ဝ၇ - ၁၉၄၇)

    မိုင်းပွန် စော်ဘွားကြီး စပ်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေဝီ နန်းစိန်ဥ တို့၏ သား စပ်စံထွန်းသည် ၁၉ဝ၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်။ တောင်ကြီးမြို့ ရှမ်းစော်ဘွား သားများ အထက်တန်း ကျောင်းမှ ဆယ်တန်း အောင်သည်။ မန္ဈလေး ပုလိပ် အတတ်သင် ကျောင်းလည်း တက်ခဲ့ ဖူးသည်။ ထို့နောက် ပုလိပ် အရာရှိ အဖြစ် ခေတ္တ အမှု ထမ်းခဲ့သည်။ ၁၉၂၈ ခုတွင် စော်ဘွား အဖြစ် ခံယူ လိုက်၍ မိုင်းပွန် စော်ဘွားကြီး ဖြစ်လာသည်။ ၁၉၃၂ ခုတွင် မိုးမိတ် စော်ဘွားကြီး၏ သမီး စပ်ခင်သောင်းနှင့် လက်ထပ်သည်။ ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေး လုပ်ငန်းများ ထွန်းကား လာစေရန် ကြိုးပမ်း ခဲ့သူ တဦးလည်း ဖြစ်သည်။ အင်္ဂလန် နိုင်ငံမှ စိုက်ပျိုးရေး ဆိုင်ရာ ခေတ်မီ စာအုပ်များ၊ ကိရိယာ တန်ဆာ ပလာများနှင့် သီးနှံ မျိုးစေ့များ ကိုပင် မှာယူ ခဲ့ဖူးသည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ မြန်မာ နိုင်ငံသို့ ပြန်ဝင် လာသော် ယင်းနှင့် အတူ ပါလာသော စက္ကူဖြူ အုပ်ချုပ်ရေးကို ဆန့်ကျင် ခဲ့သူ ဖြစ်သည်။ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ် သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်း စည်းလုံး ညီညွတ်ရေး အတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။ ထို့ကြောင့်လည်း ပင်လုံ စာချုပ်ကို လက်မှတ် ရေးထိုး ခဲ့သည့် စော်ဘွားလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်း ဒေသရေးရာ ဝန်ကြီး ဖြစ်လာသည်။ ထို့ပြင် တိုင်းပြု ပြည်ပြု လွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ် ဆိုင်ရာ ဆပ် ကော်မတီ၊ လူနည်းစု ဆိုင်ရာ ဆပ် ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ များတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်း တို့နှင့် အတူ လုပ်ကြံ ခံရပြီး၊ ဇူလိုင်လ ၂ဝ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန် ခဲ့သည်။


    ဦးဘဝင်း (၁၉ဝ၁ - ၁၉၄၇)


    နတ်မောက်မြို့ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့၏ သားသမီး ၉ ယောက် အနက် ဦးဘဝင်းသည် အကြီးဆုံးသား ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ အစ်ကို အကြီးဆုံး ဖြစ်ပြီး၊ ၁၉ဝ၁ ခု၊ ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်သည်။ ၁၉၁၄ ခုတွင် နတ်မောက် အလယ်တန်း ကျောင်းမှ သတ္တမတန်း အောင်သည်။ မြန်မာလို ကိုးတန်း အောင်ပြီးနောက် အလယ်တန်း ဆရာဖြစ် စာမေးပွဲလည်း အောင်သော အခါ နတ်မောက်၌ပင် ကျောင်းအုပ် ခေတ္တ လုပ်သည်။ ထို့နောက် ရေနံချောင်း၌ ကျောင်းဆရာ၊ ဘီအိုစီ စာရေး ဘဝဖြင့် ကျင်လည်ရင်း အင်္ဂလိပ်စာ အလွတ် ပညာသင်ကျောင်း တက်သည်။ ၁၉၂၄ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းမှ ဆယ်တန်းကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်ရုံမက ပထမလည်း ရသည်။ ၁၉၂၉ ခုတွင် ရန်ကုန် တက္ကသိုလ်မှ သင်္ချာ ဂုဏ်ထူးတန်း အောင်၍ ဘီအက်စ်စီ ဘွဲ့ရသည်။ ပထမဆုံး တက္ကသိုလ် ဘွဲ့ရ နတ်မောက်သားလည်း ဖြစ်သည်။ ဘွဲ့ရပြီးနောက် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်းပြ ဆရာ အဖြစ် လည်းကောင်း၊ ဖြူးမြို့ အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်း ကျောင်းအုပ် အဖြစ်လည်းကောင်း ဆောင်ရွက် ခဲ့သည်။ ၁၉၃၅ ခုတွင် တောင်တွင်းကြီး မြို့မှ ဦးစံ၊ ဒေါ်ရွှေမေ တို့၏ သမီး ဒေါ်ခင်စောနှင့် လက်ထပ်သည်။ စစ်ပြီးခေတ်တွင် ရေနံချောင်း မြို့နယ် ဖဆပလ ဥက္ကဋ္ဌ ဖြစ်လာသည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်သည်။ တိုင်းပြု ပြည်ပြု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ တွင်လည်း ပါဝင် ခဲ့သည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ် အချိန်တွင် လုပ်ကြံ ခံရပြီး ကွယ်လွန်သည်။

    ဦးအုန်းမောင် (၁၉၁၃ - ၁၉၄၇)



    ဦးအုန်းမောင်သည် မင်းဘူးမြို့ မစ္စတာ အိပ်ခ်ျဒဗလျူတရပ်(တ်)ဝန်း၊ ဒေါ်ရွှေမြင့် တို့၏ ဒုတိယသား ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၁၃ ခု၊ ဖေဖော်ဝါရီလ ၂ ရက် ဖြစ်သည်။ တက္ကသိုလ် ကျောင်းသား ဘဝက ရန်ကုန် တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲ တပ်ထောက် အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ဝိဇ္ဇာတန်း အောင်သည်။ ၁၉၃၇ ခုတွင် အိုင်စီအက်(စ်) စာမေးပွဲ ဖြေသူ ၃ ဦး အနက် ပထမ ရသည်။ ၁၉၃၉ ခုတွင် မန္ဈလေးမြို့၊ အရှေ့နယ်ပိုင် ဝန်ထောက် အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် လမ်းပန်း ဆက်သွယ်ရေး အတွင်းဝန် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံ ခံရသည်။


    ရဲဘော် ကိုထွေး (၁၉၂၉ - ၁၉၄၇)


    မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာ စိုက်ပျိုးရေး ဝန်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီ တို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ နဝမတန်း အထိ ပညာ သင်ကြား ခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေး ဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီး များကို လုပ်ကြံသော မသမာ သူတို့၏ လက်ချက်ဖြင့် ကျဆုံး ရသည်။

    Monday, June 29, 2009

    H1N1 Flu (Swine Flu) အကြောင်း တစေ့တစောင်း


    ကမ္ဘာ့နိုင်ငံများသို့  ပြန့် နှံ့ နေတဲ့ စိုးရိမ်ဖွယ် ဝက်တုပ်ကွေးရောဂါ (Swine Flu) အကြောင်း သိရှိစေရန် ဖေါ်ပြအပ်ပါတယ်။
    (၁) Swine Flu ဆိုတာ ဘာလည်း။
    Swine Flu ဟာ ဝက်တွေမှာဖြစ်တ Influenza ဗိုင်းရပ်စ်အမျိုးအစား A H1N1 virus အမျိုးအစားကြောင့်ဖြစ်တဲ့အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာရောဂါ ဖြစ်ပါတယ်။ လူတွေအနေနဲ့  ဝက်တွေကနေ တိုက်ရိုက်ကူးစက်ဖို့ ခဲယှဉ်းပေမယ့် ဒီရောဂါပိုးရထားတဲ့သူကနေတစ်ဆင့် အခြားသူတစ်ဦးကို ကူးစက်နိုင်ပါတယ်။
    (၂) Swine Flu ဖြစ်ရင် ဘယ်လို ရောဂါလက္ခဏာတွေ တွေ့ မြင်ရနိုင်ပါသလည်း။
    Swine Flu ဖြစ်တဲ့သူမှာ အပူချိန်အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခန္ဒာကိုယ်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ချမ်းတုန်ခြင်း၊ မောပန်းခြင်းတို့ဖြစ်လေ့ရှိပါတယ်။ အချို့သောသူတွေမှာ ဝမ်းလျှောခြင်း၊ အန်ခြင်းတို့လည်း ဖြစ်တတ်ပါတယ်။ စိုးရိမ်ဖို့အနေနဲ့ ကတော့ အဆုတ်ရောင်ခြင်းနဲ့ အသက်ရှူလမ်းကြောင်းပိတ်ဆို့ ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။
    (၃) Swine Flu ဟာ ကူးစက်ရောဂါ ဖြစ်ပါသလား။
    Swine Flu ဟာ လူတစ်ဦးကနေတစ်ဦးထံ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့်ချောင်းဆိုးခြင်းနှင့် နှာချေခြင်းမှ ကူးစက်နိုင်ပါတယ်။ ထို့ အပြင် Swine Flu ရောဂါရရှိထားသူ၏ မျက်စိ၊ ပါးစပ်၊ နှာခေါင်းနဲ့  တံထွေးများမှာ Swine Flu ဗိုင်းရပ်စ်ပိုး တွယ်ကပ်နေနိုင်တာကြောင့် အဆိုပါနေရာများကို ထိတွေ့မိပါကလည်း ကူးစက်နိုင်ပါတယ်။


    (၄) Swine Flu ကို ဘယ်လိုကာကွယ်တားဆီးမလည်း။
    ကာကွယ်တားဆီရန် ကြိုတင်ပြုလုပ်ထားသင့်သည်များမှာ အသက်ရှူလမ်းကြောင်းမှ မဝင်ရောက်စေရန် နှာခေါင်းနဲ့ပါးစပ်အား ကာကွယ်ထားပေးသော ပါးစပ်ဖုံး နှာခေါင်းအုပ်များအား ဝတ်ဆင်ထားသင့်ပါတယ်။ လက်အား တစ်ခုခုကိုင်တွယ်ပြီးပါက မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောသန့်ရှင်းရပါမယ်။ ကိုယ်ခန္ဓာကျန်းမာရေး အားကောင်းပြည့်စုံနေစေရန် ဂရုစိုက်ဖို့ လိုပါတယ်။ အိပ်စက်အနားယူချိန်
    ပြည့်ပြည့်ဝ၀ရရန် လိုပါတယ်။ စိတ်ဓါတ်ကျဆင်းမှုနဲ့  အားနည်းစေမှုများကို ရှောင်ရှားရန် လိုပါတယ်။ ရေ ဝ၀လင်လင် သောက်သုံးရန် လိုပါတယ်။ အာဟာရပြည့်စုံသော အစားအသောက်များ စားသုံးရန် လိုအပ်ပါတယ်။
    (၅) Swine Flu ရရှိထားသူ နေမကောင်းသူများအနေနဲ့  လိုက်နာသင့်တာတွေက ဘာပါလည်း။
    မိမိထံမှ Swine Flu ဗိုင်းရပ်စ်ပိုး အခြားသူထံ မကူးစက်စေရန် ကာကွယ်မှု ပြုလုပ်ပေးသင့်ပါတယ်။ မိမိချောင်းဆိုး နှာချေတဲ့အခါမှာ လက်ကိုင်ပုဝါသန့် သန့်(သို့ )စက္ကူတစ်ရှူးများနဲ့  ကာကွယ်ပြီးမှ ချောင်းဆိုးသင့် နှာချေသင့်ပါတယ်။ မိမိရဲ့  မျက်စိ နှာခေါင်း ပါးစပ်တို့ ကို ရောဂါပိုး ကပ်တွယ်နေနိုင်သော လက်ဖြင့် ကိုင်တွယ်ခြင်း မပြုလုပ်သင့်ပါဖူး။ မိမိရဲ့ လက်ကို မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောသန့်စင်ရပါမယ်။ မိမိ ချောင်းဆိုး နှာခြေရာတွင် သုံးသော စွန့် ပစ်ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းသင့်ပါတယ်။
    မိမိ နေထိုင်မကောင်းပါက လူအများရှိသော နေရာများ ဖြစ်တဲ့ ဈေး၊ ကျောင်း အလုပ်တို့ ကို သွားရောက်ခြင်းမှ ရှောင်သင့်ပါတယ်။
    (၆) ဒီ Swine Flu ဖြစ်သူများအနေနဲ့  ဘယ်လို အခြေအနေမျိုးမှာ ဆရာဝန်နှင့် အမြန်တွေ့ သင့်ပါသလည်း။
    Swine Flu ကြောင့် နေမကောင်းဖြစ်ပြီဆိုကတည်းက ဆရာဝန်များ၏ ကုသမှုကို ခံယူသင့်ပါတယ်။ အရေးပေါ်အနေနဲ့  အောက်ဖေါ်ပြပါ လက္ခဏာများကို တွေ့ ရှိရပါက လျင်မြန်စွာ ဆေးရုံဆေးခန်းများသို့  သွားသင့်ပါတယ်။
    - အထူးသဖြင့ှ် Swine Flu ဖြစ်နေသူ ကလေးများအနေနဲ့  အသက်ရှူနှုန်း အလွန်ပြင်းထန်လာခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အသားအရေပြာယောင်သမ်းလာခြင်း၊ ရေလုံးဝ မသောက်ခြင်း၊ အိပ်မောကျနေကာ နိုး၍လှုပ်၍ မရခြင်း၊ ချောင်းတအားဆိုးခြင်းနှင့် ကိုယ်ပူချိန်အဖျားကြီးခြင်း။
    - Swine Flu ဖြစ်နေသူ လူကြီးများအနေဖြင့် အသက်ရှူခက်ခဲခြင်း၊ အသက်ရှူရာတွင် နာကျင်ခြင်း၊ ရင်ဘတ်နှင့် ဝမ်းဗိုက်တွင် နာကျင်ခြင်း၊
    ရုတ်တရက် မူးဝေခြင်း၊ အမြင်ဝေ၀ါးခြင်း၊ အဆက်မပြတ်အန်ခြင်းတို့ဖြစ်ပါက ဆေးရုံဆေးခန်းသို့ အမြန်သွားရောက် ပြသသင့်ပါတယ်။
    (၇) Swine Flu ကို ဝက်သားစားခြင်းနှင့် ဝက်မှ ထုတ်လုပ်သော အစားအသောက်များကြောင့် ကူးစက်နိုင်ပါသလား။
    ဝက်သားအပါအဝင် မည်သည့်အစားအသောက်ကမှ Swine Flu မကူးစက်နိုင်ပါ။ သို့ သော် Swine Flu ဖြစ်နေသော ဝက်များအား ထိတွေ့ ကိုင်တွယ်ခြင်းကိုမူ ရှောင်ရှားရပါမည်။
    (၈) Swine Flu ဖြစ်ရင် မည်သည့်ဆေးဝါးသုံးစွဲသင့်ပါသလည်း။
    အမေရိကန်ပြည်ထောင်စု ကူးစက်ရောဂါပြန့်ပွားမှုထိန်းချူပ်ရေးဌာနမှ ကျွမ်းကျင်သူဆရာဝန်များကပြောတာကတော Tamiflu နဲ့ Relenza ဆေးများဟာ Swine Flu ကာကွယ်ကုသဖို့ အတွက် အသုံးပြုနိုင်တယ်လို့  မှတ်ချက်ပေးပါတယ်။
    (၉) Swine Flu ဖြစ်တဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလည်း။
    ဒီ Swine Flu ရောဂါဖြစ်ပွားသူ - အမေရိကန်ပြည်ထောင်စုမှာ မနေ့ ကထိ စုစုပေါင်း (အယောက် ၂၁၄၄၉) ဦး ၊ သေဆုံးသူ (၈ရ) ဦး- ကနေဒါမှာ (ရ၀၀ရ) ယောက်၊ သေဆုံးသူ (၂၃) ဦး - မက်ဆီကိုမှာ အယောက် (၉၁၁၁) ဦး၊ သေဆုံးသူ (၁၁ရ) ဦး- ထိုင်း (ရရ၄) ဦး - မလေးရှား (၆၈) ဦး - နယူးဇီလန်မှာ (၅၂၀) ဦး - စင်္ကာပူ (၁၀၀၅ ) ဦး - သြစတေးလျ (၃ရ၀၃) ဦး၊ သေဆုံးသူ (၄) ဦး - ဗြိတိန် (၄၂၈၉) ဦး သေဆုံးသူ (၁) ဦး တို့ဖြစ်ပါတယ်။
    (၁၀) Swine Flu ပျောက်အောင် ဘာဆေးသောက်ရမလဲ။
    ကြက်ဥမှ ထုတ်လုပ်သော ဆေးဝါးဖြင့် ၀က်တုတ်ကွေးရောဂါ ကာကွယ်ဆေးထုတ်လုပ်နိုင်ပြီ။
    အသေးစိတ်သိရန်....
    ကြက်ဥမှ ထုတ်လုပ်သော ဆေးဝါးဖြင့် ၀က်တုတ်ကွေးရောဂါ H1N1 ရောဂါ ကာကွယ်ဆေးထုတ်လုပ်နိုင်သောကြောင့် အမေရိကန် ကုမ္မဏီငယ်လေး ဒေါ်လာသန်း ၃၅ သန်း ဆုချီးမြင့်ခြင်း ခံရကြောင်း အမေရိကန် ကျန်းမာရေးဝန်ကြီးဌါနက ထုတ်ပြန်ခဲ့သည်။
    ယခုအခါ ကမ္ဘာတစ်ဝန်းလုံးက ကပ်ရောဂါအဖြစ် စိုးရိမ်ထိပ်လန့် နေကြသော ၀က်တုတ်ကွေး ရောဂါမှာ မြန်မာပြည်သို့ပါ စတင် ကူးစက်လာပြီး ဖြစ်ကြောင်း ပြည်တွင်းထုတ် သတင်းစာများအရ သိရသည်။ အဆိုပါ တုတ်ကွေးရောဂါကို ကြောက်လန့်ကြသော မြန်မာ ပြည်သူများမှာ ရောဂါ ကူးစက် မခံရစေရန်အတွက် မျက်နှာဖုံးအကာများ အများအပြား ၀ယ်ယူနေမှုကြောင့် ယခင်က မျက်နှာဖုံးတစ်ခုလျင် ကျပ် ၁၅၀ သာ ရှိနေရာမှ ဈေးများ အဆမတန်ထိုးတက်သွားပြီး ယခုအခါ ၀ယ်ယူ၍ပင် မရနိုင်တော့လောက်အောင် ပစ္စည်းများ ပြတ်လတ်သွားပြီ ဖြစ်ကြောင်း မင်္ဂလာဈေးတွင် ယနေ့ စုံစမ်းသိရှိရသည်။ အဆိုပါ ရောဂါအတွက် နောက်ဆုံးရ သတင်းများကို Mutdfan.com အနေဖြင့် အထူးသတင်းအဖြစ် တင်ပြပေးလိုက်ရပါသည်။
    "အမေရိကန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌါန၏ ယနေ့ထုတ်ပြန် ကြေငြာချက်အရ အမေရိကန်နိုင်ငံ ကုမ္မဏီငယ်လေးဖြစ်သော Protein Sciences Corporation, သည် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ WHO က သတ်မှတ်ထားသော ၀က်တုတ်ကွေးရောဂါ ဖြစ်သည့် H1N1 တုတ်ကွေးရောဂါကို ကွာကွယ်နိုင်သည့် ဆေးဝါး HTML clipboardFluBlok®,ကို ထုပ်လုပ်နိုင်ခဲ့သည့် အတွက် အမေရိကန်ဒေါ်လာ ၃၅ သန်း ဆုချီးမြှင့်ခံလိုက်ရကြောင်း သိရသည်။ ဆေးဝါး ကုသမှု ပထမအပတ်စဉ် အဖြစ် လူဦးရေ တစ်သိန်းအား လွန်ခဲ့သော သီတင်းပတ်က အဆိုပါ ကာကွယ်ဆေးကို ပေးခဲ့ပြီး ဖြစ်သည်။ ယခုအခါ Protein Sciences Corporation, ၏ စီးပွါးရေး အခြေအနေမှာ အထူးကောင်းမွန်လျက်ရှိနေပြီ ဖြစ်ပြီး လာမည့်နှစ်များအတွင်း အမှာစာပေါင်း ဒေါ်လာသန်း ၂၀၀ ဖိုးအထိ ရှိလာမည် ဖြစ်သည်။
    လွန်ခဲ့သော သီးတင်းပတ် အနည်းငယ်က ဆဲလ်ပွါးခြင်း နည်းပညာကို အခြေခံပြီး ထုတ်လုပ်ထားသော ၀က်တုတ်ကွေးရောဂါ H1N1 influenza or ( "swine flu")ကာကွယ်ဆေး ထုတ်ဖေါ် နိုင်ခဲ့ပြီး တိရိစ္ဆာန်များနှင့် စမ်းသပ်ခဲ့ရာတွင် အန္တရာယ်ကင်းမှုနှင့် စမ်းရည်ထက်မြက်မှုတို့တွင် ယုံကြည့်စိတ်ချရသော အနေအထားသို့ ရောက်ရှိခဲ့ပြီ ဖြစ်သောကြောင့် အဆိုပါဆေးကို ယခုအခါ လူသားတို့အတွက် စတင်စမ်းသပ် အသုံးပြုနိုင်ပြီ ဖြစ်သည်။ ဆေးဝါး၏ အလားအလာ ကောင်းမွန်မှုနှင့် ကာကွယ်မှု စွမ်းရည် ပြည့်ဝရေးအတွက် အချိန်တိုအတွင်း ထုတ်လုပ် နိုင်ရေး တို့အတွက်မူ အနည်းငယ်သော ချွင်းချက်များ ရှိနေသေးသည်။ ဆေးဝါးကုန်ကြမ်းအဖြစ် အသုံးပြုသော ကြက်ဥသည် မျိုးပွါးနိုင်သော ကြက်ဥ အမျိုးအစား ဖြစ်ရမည် ဖြစ်သဖြင့် ကုန်ကြမ်းရှားပါးမှု အနည်းငယ် ရှိလာနိုင်သည်။
    H1N1 ၀က်တုတ်ကွေး ရောဂါသည် အခြားသော ဗိုင်းရပ်စ်များ၏ လက္ခဏာများနှင့် မတူဘဲ ကင်းခြေများ ကောင်ကဲ့သို့ ဆဲလ်များကို ပျံ့ပွါးကူးစက်ခြင်းဖြစ်ကာ မျိုးစေ့များ ပျံ့ပွါးစေခြင်းဖြင့် ရောဂါလက္ခဏာထင်ရှား လာစေတတ်သော ရောဂါမျိုး ဖြစ်သည်။ ယခုအခါ ဆေးဝါး ထုတ်လုပ်မှုကို သန်း ၅၀ ခန့် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီစဉ် လျက်ရှိကြောင်းလည်း သိရသည်။