Thursday, October 22, 2009

Gtalk အကြောင်း တစေ့တစောင်း

Gtalk ဆိုတာ Google က အလကားပေးတဲ့မေးလ်ပါ။ တခြားမေးလ်တွေထက် ပိုမိုလွယ်ကူ အဆင်ပြေချောမွေ့လို့ လူတော်တော် များများအသုံးပြုနေဆဲ...ဒါကြောင့် Gtalk နဲ့ပတ်သက်တာလေးတွေကို kozaw357 မှ စုစည်းပြီး ကူးယူဖော်ပြထားပါတယ်ရှင်။

(၁). မိမိ gtalk ကို ဘယ်လို ကာကွယ်ကြမလဲ....
(၂). Gtalk ကနေ လူတွေ အများကြီးနဲ့ Conference ပြောကြရအောင် ……
(၃). Gmail မဟုတ်ပဲ Invisible လုပ်ကြရအောင်....
(၄). Gtalk chat window ထဲမှာပဲ Youtube Video ကြည့်မယ်....
(၅). gtalk ကို skin လှလှလေးနဲ့သုံးရအောင်....
(၆). G-Talk ကနေ မိမိကြိုက်နှစ်သက်ရာသီချင်းတောင်းဆို နားဆင်နိုင်သော အွန်လိုင်း ရေဒီယိုအစီအစဉ်...
(ရ). ကိုယ့် Gmail ကို သူများဝင်သုံးနေလားဆိုပြီး စစ်ရန်....
(၈). Gtalk မှာ ဝင်ဝင်လာတတ်သော Private Cam Virus ကိုရှင်းတဲ့ ဆော့ဝဲလ်..
(၉). gtalk မှာ မိမိနာမည်မကျန်ခဲ့စေချင်ရင်.........
(၁၀). Gtalk နဲ့  မြန်မာနိုင်ငံကို ဖုန်း Message ပို့ဖို့.......
(၁၁). G-talk ကရုပ်ပြောင်လေးတွေ (My Theme) ၊ နောက်ခံလေးတွေ...
(၁၂). Gtalk ကဲ့သို့အသုံးပြုနိုင်မည့် M-talk တဲ့....
(၁၃).Gmail တွင် ပို့ပြီးသား Mail ပြန်ဖျက်ချင်ရင်....
(၁၄). (Gtalk Shell) Gtalk မှာ ပုံလေးတွေကို Slideshow နဲ့ ပေါ်အောင်လုပ်နည်း...
(၁၅). GTalk တွင် လိမ်လည်နေသောသူများကိုရှာဖွေရန်....(update လုပ်ထားပါတယ်...)
(၁၆) .Gtalk Shortcut များ...
(၁ရ). Gtalk က offline chat (သူခိုးချက်)တွေကို ဖမ်းပုံဖမ်းနည်း...
(၁၈). Galk မှာ ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲ... စမ်းသပ်နည်း....
(၁၉). GTalk တွင် လိမ်လည်နေသောသူများကိုရှာဖွေရန်....(update လုပ်ထားပါတယ်...)

Tuesday, October 20, 2009

နေ့ခံညစံ (သို့မဟုတ်) နတ်ပြည်ပေါ်မှဒုက္ခများ

“တချို့လူတွေ တချို့လူတွေကို အားကျပြီး........ အားကျပြီးရှိစုမယ့်စုတွေ ရောင်းချပြီး.......လေယာဉ်ပျံပေါ်တတ်တော့ ကျွန်တော် ခန့်ခန့်ကြီးတဲ့ဗျ.................။”
ကိုအရိုးသီချင်းလေးက နားထဲမှာ အားအင်အပြည့်နဲ့ ဝင်ရောက်လာတယ်။ ကျွန်တော် တွေးထင်ထားတယ်........ အိမ်မက်တွေ မက်ဘူးတယ်။ ကိုအရိုးသီချင်းလိုပဲ တချို့လူတွေကို အားကျတယ်။ စင်္ကာပူကိုရောက်အောင်လာတယ်။ ဖာတစ်လုံးခေါင်းကြားနဲ့ပေါ့။ တောသားမြို့ရောက်ပါပဲ။ ကျွန်တော့်မိတ်ဆွေ တစ်ယောက်က ပြောတယ် သူ့အိမ်က ကလေးလေးကပြောတယ်တဲ့ “ဦးဦးရယ် သမီးက နိုင်ငံခြားဆိုတာ ဟိုးနတ်ပြည်ကြီး ရောက်သွားတယ်ထင်တာ။ ခုတော့လဲ မြေကြီးပေါ်မှာပဲနော်တဲ့”။ ဟုတ်ပါတယ် ကျွန်တော်လဲ နိုင်ငံခြားမရောက်ခင်ကတော့ ကလေးတွေးသလောက်တော့ မဟုတ်ပါဘူး ကျွန်တော့် အတွေးက နိုင်ငံခြားဆိုတာကိုရောက်တာနဲ့ အဲ့ဒိလူရဲ့ ဘဝဟာ အရှင်လတ်လတ် နတ်ရေကန်ထဲ ကျသွားသလိုပဲနေမှာနော်လို့ တွေးမိတယ်။ နိုင်ငံခြားမှာ အလုပ်လုပ် အိမ်က မိဘ၊ မိသားစု၊ မိန်းမနဲ့ကလေး ဒါတွေကို လူတစ်လုံး သူတစ်လုံးဖြစ်အောင် ထားနိုင်တယ်ပေါ့လေ။ အိုးအိမ်မရှိရင် ဝယ်ပေးမးယ် ကားမရှိရင်ကားဝယ်ပေးမယ် စတာတွေပေါ့ဗျာ။ အားလုံးပြီးပြည့် စုံတယ်ဆိုပါတော့။ ကျွန်တော် ကိုယ့်အတွေးနဲ့ ကိုပါပဲ။ ကျွန်တော်တင် ဒီလို တွေးတာလား။ မဟုတ်ပါဘူး။ ခိုင်ခိုင်မာမာ ပြောနိုင်တာက အခု နိုင်ငံရပ်ခြားကို ရောက်နေတဲ့ သူတွေအားလုံးရဲ့ ၉၅ရာခိုင်နှုန်းအထက်ဟာ ဒီလို တွေးကျတာပါပဲ။ ဒီလိုတွေးလို့လဲ ဒီနေရာကိုရောက်လာကျတာပေါ့။ နိုင်ငံခြားကို သွားတာ တွေထဲမှာ အမျိုးမျိုး ရှိပါတယ်။ တချို့က အလုပ်လာလုပ်တယ်၊ တချို့ကတော့ ကျောင်းလာတတ်တယ်၊ တစ်ချို့ကတော့ မိမိ ယောက်ကျား (သို့မဟုတ်) မိန်မ တစ်ယောက်ယောက်က အဆင်ပြေလို့ မိသားစုလိုက်နေရန် လိုက်လာကြတယ် စသည်ဖြင့်ပါပဲ။
"အားလုံး ထင်ထားသော ထင်မြင်ချက်တစ်ခုဖြစ်သည့် နိုင်ငံခြားရောက်လျင် အားလုံးအဆင်ပြေပြီဆိုသော ထင်မြင်ချက် လုံးဝမှားယွင်းပါတယ်။ "ဟုတ်ပါတယ် ရဲရဲဝံ့ဝံ့ ကြီးကို ကျွန်တော် ပြောရဲပါတယ်ဗျာ။ ကျန်တဲ့ နိုင်ငံတွေရဲ့ ဒေတာတွေကို ကျွန်တော်မသိပါဘူး။ အဲ့ဒိတော့ ကျွန်တော်ခုနေနေတဲ့ စလုံးခေါ် စင်္ကာပူက အကြောင်းတွေကိုပဲ ကျွန်တော်ပြောမယ်ဗျာ။ စလုံးမှာ S'pass ကိုင်တဲ့ ဝန်ထမ်းတစ်ယောက်ဆိုပါတော့။ သူ့ရဲ့တရားဝင်လစာဟာ S$၁၈၀၀ ပါ။ အများကတော့ ရမယ်ထင်တာပါပဲ။ ဒါပေမယ့် လစာ အပြည့် မရသူတွေမရှိဘူးဆိုရင် အနည်းဆုံး ၁၅ရာခိုင်နှုန်းအထက်မှာ ရှိပါတယ်။ အခုလို စီးပွားရေးကျနေချိန်မှာ ပိုလို့တောင်ဆိုးပါသေးတယ်။ တစ်ချို့များ အင်ဂျင်နီယာပါ လစာ S$၉၀၀ ပဲရပါတယ် S'pass ကိုင်ရပါတယ်။ WP လို့ခေါ်တဲ့ အထွေထွေ အလုပ်သမားတွေဆိုရင် တစ်နေ့ကို S$၁၈ ပဲရပါတယ်။ တစ်ပတ်တစ်ရက်နား တစ်လမှ S$၄၇၀ နီးပါးပဲရကျပါတယ်။S'pass သမားက အလုပ်က နေစရာ မပေးပါဘူး။ အိမ်ငှားနေရပါတယ်။ အိမ်လခက အနည်းဆုံး S$၂၈၀ မှ S$၄၀၀ ထိကုန်ပါတယ်။ သွားလာရတဲ့ ကားခ၊ စားစရိတ်၊ အထွေထွေ အသုံးစရိတ် အားလုံးပေါင်း အနည်းဆုံး လူတစ်ယောက်ဟာ S$၆၀၀ ကုန်ပါတယ်။ နောက်တော့ သံရုံးမှာ အခွန်က တစ်လကို S$၈၀ ပါ။ အဲ့ဒိတော့ S'pass နဲ့ အလုပ်လုပ်သူ တစ်ယောက်ဟာ လွန်ရောကျွန်ရော တစ်လကို အသတင် S$၁၀၀၀ သာကျန်ပါတယ်။ တစ်လကို ၇သိန်းခွဲနဲ့ ၈သိန်းကြားပေါ့ဗျာ။ ရန်ကုန်မှာ မိသားစု ရှိမယ်။ တစ်ချို့ဆို မိန်မတင်မဟုတ် ကလေးပါရှိတယ်။ ကိုယ့် မိဘရှိတယ်။ မိဘနဲ့ မိမိ မိသားစု နှစ်စု ရန်ကုန်မှာ တစ်လ တစ်လ အထွေထွေ အသုံးစရိတ်က တစ်အိမ်ထောင်ကို ၄သိန်း မလောက်ပါဘူးဗျာ။ အဲ့ဒိကြားထဲ အိမ်က မိန်းမက ဟိုဟာလေး လိုချင်တယ် "ယောက်ကျားရေ နင်က စင်္ကာပူမှာ S'passနဲ့ အလုပ်လုပ်နေပြီး ငါက ဒီမှာ လူတန်းစေ့မနေနိုင်ဘူးလား။ သူများသားသမီး ယူထားပြီး ရှာမကျွေးနိုင်ဘူးလား "ဆိုပြီး ရန်ရှာသေးတယ်။ အဲ့လိုတွေဝင်လာပြီဆိုရင် ဒီကယောက်ကျား သေပြီသာမှတ်။ နောက်ရှိသေးတယ် ယောက်ကျားရေ ကျုပ်တို့ အိုးပိုင် အိမ်ပိုင်လေးနဲ့နေချင်လှပြီတော် ရှင်လဲ နိုင်ငံခြားသွားတာ ကြားလှပြီ ကျုပ်ကို အိမ်လေး တစ်လုံးလောက်ဝယ်ပေးပါလား ဆိုတာ ပါသေးတယ်။ ဒီက ယောက်ကျား လုပ်တဲ့ သူ ဓါးပြထွက်တိုက်ရတော့မယ်။ ဘယ်လိုရှင်းပြရှင်းပြ နားမလည်တဲ့ သူတွေ များပါတယ်။ နိုင်ငံခြားရောက်တယ် လစာ S'pass S$၁၈၀၀ ရတယ်။ ငါ့ကို ၄၀၀၀၀၀ ပဲပို့တယ်။ ဒင်း ဘယ်မယားငယ်ကိုထောက်ပံ့နေလဲ မသိဘူး။ ဒီလိုပဲတွေးနေကျပါတယ်။ ပြီးတော့ ပြောလိုက်သေးတယ် ရှင့်တစ်ယောက်ထဲ သုံးတာ မြန်မာငွေ ၆၀၀၀၀၀ နီးပါးကုန်သလားတဲ့။ ကျုပ်တို့ တစ်မိသား စုလုံး သုံးဖို့ ရှင်ပို့တာတောင် ၄၀၀၀၀၀ ထဲတဲ့။ ကဲ စဉ်းစားကျပါအုံး အရပ်ကတော်တို့ ရေ။ တစ်လကို ၃ခါလောက်မှ ဖုန်းမဆက်ရင်လဲ ရန်တွေ့ခံရသေးပါတယ်တဲ့နော်။ အော်အော် ဒါနဲ့ ဒါတောင် မိန်းမပဲရှိသေးတာနော်။
တစ်ချို့ မိဘတွေများ ပါပါသေးတယ်။ မိဘကို စော်ကားတာ မဟုတ်ပါဘူး။ မိဘတွေနားလည်ပေးနိုင်အောင် ထည့်ရေးပေးတာပါ။ မိဘတွေကလဲ ထင်တာပဲ။ သားလေး နိုင်ငံခြား သွားအလုပ်လုပ်တယ် တစ်လ မြန်မာငွေ ၁၃၅၀၀၀၀ လောက်ရတယ် ငါတို့ ဆီပို့တာ ၄၀၀၀၀၀၊ သူ့မိန်းမဆီပို့တာ ၄၀၀၀၀၀ အင်း ငါ့သားလေးတော့ တော်တော် စုမိမှာပဲလေ ဆိုပြီး ဟိုဆွေမျိုးလာ ထောက်ပံ့ချင်တာနဲ့ ဒီဆွေမျိုးတာ ပေးကမ်းချင်တာနဲ့။ မင်းဦးလေး ဘာဖြစ်လို့၊ မင်းအကို ဘယ်နှစ်ဝမ်းကွဲမှန်းမသိ ဆုံးလို့၊ မင်းတူလေး ဆယ်တန်းတတ်လို့၊ မင်းဘကြီး ဆေးရုံတတ်လို့ အားပါးပါး စုံလို့ပါဗျာ။ ဒီက သားကတော့ မိဘ စိတ်ဆင်းရဲမှာ ဘယ်နေနိုင်ပါမလဲ လုပ်ပေါ့ အမေ အဖေတို့ သဘော ပါလို့ပဲ ပြန်ပြောရတာပေါ့။ ဒါက S'passသမားတွေ ဒုက္ခပါ။
အော်ခုတစ်ခါ WP လို့ခေါ်တဲ့ အထွေထွေ အလုပ်သမားတွေ ကလဲ သူတို့ ရင်ဆိုင်ရတဲ့ ဒုက္ခ မသေးလှပါဘူးနော်။ နေစရာ ကို အလုပ်ကပေးပါတယ်။ တစ်ချို့အလုပ်တွေက ခရီးသွားလာရေးအတွက် မထောက်ပံ့ပါဘူး။ ခရီးစရိတ်ကုန်ပါတယ်။ စားစရိတ်ကုန်ပါတယ်။ သူတို့တွေက အိုတီကို မြော်ကိုးပြီး အလုပ်လုပ်ရတာပါ။ ခုလို အလုပ်ပါးတဲ့ အချိန်ဆိုတော့ အိုတီ မရပါဘူး။ ခရီး စရိတ်၊ စားစရိတ် အထွေထွေ အသုံးစရိတ် အားလုံးပေါင်းရင် စုစုပေါင်း S$၂၅၀ နဲ့ S$၃၀၀ ကြားမှာ ရှိပါတယ်။ ပိုငွေက S$၁၇၀ ပါ မြန်မာငွေ အလွန်ဆုံး ၁၅၀၀၀၀ လောက်ပါပဲ။ ဘယ်လိုမှ အိမ်က မိသားစုကို လုံလောက်အောင် မပို့နိုင်ပါဘူး။ ဒီကြားထဲ သူတို့မှာ အင်မတန် ဒုက္ခရောက်တာက အလုပ်ရှင်က ပတ်စ်စပို့ သိမ်းထားပါတယ်။ ပြန်ချင်တိုင်း ပြန်လို့မရပါဘူး။ အလုပ်ကမကောင်း အိမ်ကမိသားစုက အဆင်မပြေ အိမ်ပြန်လို့မရ သူတို့ဘဝ အင်မတန် သနားစရာကောင်းပါတယ်ဗျာ။ ဒီကြားထဲ အိမ်က မိန်းမတို့ ခုဏကလို မိဘတို့က အပူကပ်ရင် အဲ့ဒိလူခမျာ ကိုယ့်ကိုကို သက်သေချင်လောက်အောင် စိတ်ဓါတ်ကျပါတယ်။ ဒါကတော့ WP လို့ခေါ်တဲ့ အထွေထွေ အလုပ်သမားတွေ ရဲ့ ဒုက္ခပေါ့။ခုပြောခဲ့တာ နှစ်မျိုးစလုံး အလုပ်သမားတွေချည်းပါပဲ။ အမျိုးသားများတင်မဟုတ်ပါဘူး အမျိုးသမီးများပါ ပါဝင်ပါတယ်။ နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်းလာနေကျ မိသားစုနဲ့ ဝေး။ ကြင်နာမဲ့သူမရှိ နွေးထွေးမဲ့သူမဲ့ မိသားစုကပေးတဲ့ Pressure နဲ့ အလုပ်က ရတဲ့ Pressure နဲ့တော်တော် မလွယ်ပါဘူးဗျာ။
နောက်တစ်မျိုးကတော့ ကျောင်းလာတတ်ကျသူတွေပါ။ ကျောင်းတတ်တယ်ဆိုတာ အမျိုးမျိုးရှိပါတယ်။ တချို့ကတော့ Poly တတ်တယ်၊ တချို့ကတော့ ITE တတ်တယ် တချို့ကတော့ NUS တို့ NTU တို့လို တက္ကသိုလ်တွေတတ်ကျတယ်။ ဒါတွေကတော့ အစိုးရကျောင်းတွေပေါ့။ Part Time လုပ်လို့ရကျတယ်။ Part Time ဆိုတာတောင် တရားဝင်ဆိုရင် တစ်နေ့ကို ဘယ်နှစ်နာရီ ဆိုတဲ့ သက်မှတ်ချက်ရှိတယ်။ ပိုလုပ်လို့မရဘူး။ အားလုံး ခိုးလုပ်ကျတာပဲ။ ရတယ်သိပ်ပြဿနာ မရှိဘူး လုပ်နိုင်သလောက်လုပ်။ ဒါပေမယ့် ပြဿနာက လုပ်ချင်တာတောင် အလုပ်ကမရှိပါဘူး။ ဒီလို စီးပွားရေးကျနေချိန်မှာ အလုပ်တွေက Part Time ခိုင်းရလောက်အောင် မကောင်းလို့ပါပဲ။ အဲ့ဒိတော့ အိမ်ကပြန်တောင်းရတော့တာပေါ့။ တချို့ကတော့ ပိုက်ဆံချေးကြတယ်။ ဒါက အစိုးရကျောင်းတတ်သူများရဲ့ ဒုက္ခပေါ့။နောက်တစ်မျိုးကျပြန်တော့ Private ကျောင်းတတ်သူများပါ။ အခြေအနေ အမျိုးမျိုးကြောင့် စင်္ကာပူမှာ Private ကျောင်း လာတတ်ကျပါတယ်။ တစ်ချို့က တကယ်ကို ကိုယ်အထူးပြုချင်တဲ့ ဘာသာရပ်ကို တကယ်ကြိုးစားပန်းစား လာတတ်တာပါ။ တချို့ကျတော့လဲ အလုပ်လာရှာပါတယ် အလုပ်မရလို့ ကျောင်းအပ်ပြီး အလုပ်ဆက်ရှာကျရင်း တတ်ကျတာပါ။ ဒါပေမယ့် ကျောင်းတတ်တာက Private ဆိုတော့ Part Time လုပ်လို့မရပါဘူး။ အလုပ်ခိုးလုပ်ရပါတယ်။ မိရင်ဖမ်းတယ် ရဲက သတိပေးတာ နှစ်ကြိမ်လောက်ထိတော့ လုပ်တယ်။ အဲ့ဒါမှ ထပ်မိရင် ကိုယ့် အထုပ် ကိုဆွဲ ရွာပဲပြန်တော့ပေါ့။ ရင်ဆိုင်ရတဲ့ ဘဝ ကြမ်းပါတယ်။ မိဘဆီက ပိုက်ဆံ ပြန်တောင်းဖို့ကလဲ ခတ်တော့ ရတဲ့ အလုပ်ကို လုပ်ရတာပေါ့။ အရင်ကတော့ မဆိုးဘူးလို့ပြောတာပဲ ခုချိန်မှာတော့ Part Time က အစိုးရကျောင်းတောင် မသေချာတာ Private ဆိုတော့ စဉ်းသာ စဉ်းစားကြည့်ပါတော့ဗျာ။ အလုပ်က မလွယ် ကျောင်းလခက သွင်းရ၊ အိမ်လခပေးရ၊ စာမေးပွဲကြေးပေးရနဲ့ ကျောင်းတတ်ရင်း ရပ်တည်ဖို့ ဘယ်လို ရင်ဆိုင်မလဲ။ ဒီတော့ ကျောင်းသားတွေကတော့ သိပ်ကြာကြာ မခံပါဘူး ရပ်တည်လို့မရ ပြန်ကျတာပဲ။ ကျောင်းသူတွေ ခင်ဗျာမှာတော့ ပြန်တဲ့ သူရှိသလို အရပ်အခေါ် စပွန်စာရှာကျသူများလဲရှိလာပါတယ်။ စလုံးမှာ ရပ်တည်နိုင်အောင် အိမ်က တောင့်တောင့်တင်းတင်း ထောက်နိုင်ရင်ထောက် မထောက်နိုင်လို့ကတော့ မိန်းကလေး ဆိုရင် ဒီစပွန်စာ ရှာတဲ့ သံသရာထဲ ရောက်သွားကျတာ က ၅၀ရာခိုင်နှုန်းအထက်မှာ ရှိပါတယ်။ ကျွန်တော် ဟိုတလောက အိုင်တီရှိုးမှာ အဒေါ်ကြီးတစ်ယောက် နဲ့ စကားပြောရင်းကနေ သူ့အနေနဲ့ စပွန်စာရှာတဲ့ ကျောင်းသူတွေကို မြင်တဲ့ အမြင်ကို ကျွန်တော့်ကိုပြောတာများ ကျွန်တော် ခုချိန်ထိ နားထဲ ကြားနေတုံးပဲဗျာ။ သူပြောတာက ကျောင်းသူလေးတွေ ဒီမှာ အဆင်မပြေကျ စပွန်စာတွေရှာကျ နောက်တော့ ရန်ကုန်ကိုပြန်ပြီး ရေဆေးကျတယ်တဲ့။ တော်တော် ရင့်သီးတဲ့ စကားလုံးပါနော်။ ဒါတွေကတော့ ကျောင်းလာတတ်သူတွေရဲ့ ဒုက္ခပါပဲ။
ကဲနောက်ဆုံးကျတော့ ကျွန်တော်တို့ အိမ်မက်ထဲမှာ ပုံဖော်ထားတဲ့ နိုင်ငံခြားဆိုတာ ဟိုကလေးလေး ပြောသလို နတ်ပြည်လဲမဟုတ်ပါဘူး။ ကျွန်တော် တွေးထားသလို နတ်ရေကန်လဲ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ဆိုလိုတာ အားလုံးကို မဟုတ်ပါဘူး။ နိုင်ငံခြားမှာ တော်တော် အဆင်ပြေနေကျတဲ့ မိသားစုတွေ ရှိပါတယ်။ အဆင်ပြေနေတဲ့ ကျောင်းသား ကျောင်းသူတွေ ရှိပါတယ်။ အားလုံးကို သိမ်းကြုံးပြီး ဝါးလုံးနဲ့ သိမ်းရိုက်တာမဟုတ်ပါဘူးနော်။ ကျွန်တော် ဒီပိုစ်လေးမှာ ပြောချင်တဲ့ အဓိက အကြောင်းက မြန်မာပြည်က မိဘ၊ ဆွေမျိုး၊ မိသားစု(အထူးသဖြင့် မိန်းမပေါ့နော်) အဲ့ဒါတွေကို ပြောချင်တာပါ။ နိုင်ငံခြားကို ထွက်သွားတိုင်း အဆင်မပြေနိုင်ပါဘူး။ ပိုက်ဆံရှာနေတဲ့ သူကို စိတ်ဆင်းရဲအောင် မလုပ်ကျပါနဲ့။ အခြေအနေမှန်ကို သိအောင် သေသေချာချာ မေးကျပါ။ ဘာဖြစ်လို့ ငွေမပို့နိုင်တာလဲဆိုတာကို နားလည်ပေးနိုင်အောင် ကြိုးစားကျပါ။ နောက်တစ်ခုက ကျောင်းလာတတ်သော သူများပါ။ မိမိသားသမီး နိုင်ငံခြားမှာ ကျောင်းတတ်နေတယ် Part Time လုပ်ရင်းတတ်တာ အဆင်ပြေနေတယ်ဆိုပြီး တရားသေ မတွေးပါနဲ့။ အရင်တချိန်ကတော့ ဖြစ်နိုင်မယ်ထင်ပါတယ် ကျွန်တော် မရောက်သေးလို့ မသိပါဘူး။ ဒီအချိန်မှာတော့ ဘယ်နိုင်ငံမှာမှ မဖြစ်နိုင်တော့ပါဘူး။ အဲ့ဒိတော့ မိမိသားသမီးကို တကယ် ကျောင်းတတ်စေချင်တယ်ဆိုရင် လုံလောက်အောင် ထောက်ပံ့ပါ၊ ဒါမှမဟုတ် အလုပ်ရှာရအောင် သက်သက်ဆိုလဲ အချိန်အတိုင်းအတာ တစ်ခုထိ အခွင့်အရေးပေးပြီး မိမိမတတ်နိုင်တော့ရင် ပြန်ခေါ်နိုင်အောင် ကြိုးစားပါ။ ဒီလိုမှမဟုတ်ရင် မိမိသားသမီးများ ကျွန်တော် ဆုံဖူးသော မိန်းမကြီးပြောသလို ရေဆေးနေရပါအုံးမယ်။ကျွန်တော် ခရောင်း ရေးချင်တာကြာလှပါပြီ။ ရေးသင့် မရေးသင့် စဉ်းစားနေတာပါ။ ခုတော့ အမိမြန်မာပြည်မှ ကျန်နေသေး သောသူများ သိစေရန် ရေးသားလိုက်ရပါသည်။

စာရေးသူ - ခယောင်း
Forward မေလ်းမှရသည်။

Friday, October 16, 2009

နှောင်ကြိုးနှစ်ထုံး

………~~~………

တစ်နေ့သောအခါမှာအိမ်ကခင်ပွန်း အလုပ်တာဝန်နဲ့ တစ်လလောက် ခရီးထွက်စရာကြုံလာပါတယ်။ မသွားလို့မရတဲ့အခြေအနေဆိုတော့ သွားကိုသွားရမှာ။ ဒါနဲ့ သူ့ကိုမှာစရာရှိတာမှာ၊ ထုပ်ပိုးစရာရှိတာ ထုပ်ပိုးပေးပြီး တကိုယ်တည်းစဉ်းစားနေမိတယ်။ “ငါတယောက်တည်း ဘယ်လိုနေရမလဲ သရဲခပ်ကြောက်ကြောက်နဲ့ “
တခါမှလည်းမခွဲဘူးတော့ စိတ်အားငယ်နေမိတယ်။ သူကလဲ စိတ်မချတော့ “အမေ့ကိုခေါ်အိပ်ပေါ့” ဆိုတာနဲ့ အမေနဲ့တွေ့ရဖို့ အခွင့်အရေးရသွားတယ်။ အင်းပြောတော့ လွယ်လွယ်လေး၊ အမေက တခြားမြို့မှာ အဝေးကြီး၊ ရေတတန်ကုန်းတတန် လာရမှာ....
အမေ့ကိုဖုန်းဆက်ပြီးအကူအညီ တောင်းကြည့်တော့ အမေကကြည်ဖြူစွာ လက်ခံပါတယ်၊ ခင်ပွန်းနဲ့ ခွဲရပေမယ့်လည်း အမေနဲ့ပြန်တွေ့ရမှာဆိုတော့ ရင်ထဲမှာ ဖော်မပြနိုင်အောင် ၀မ်းသာနေမိတယ်။ အမေနဲ့မတွေ့ရတာ တော်တော်ကြာပြီပဲ အိမ်ထောင်ပြုပြီးကတည်းက၊သူများအိမ်မှာ အခန်းလေးငှားပြီး နေရတော့ လူ(၃)ယောက်စလုံး အိပ်လို့မရ၊ အိမ်ရှင်ကလည်း လူပိုမခေါ်ရဆိုတော့ အမေနဲ့ ဖုန်းသာအဆက်အသွယ်ရှိပြီး မတွေ့ရတာ (၂)နှစ်နီးပါးရှိရော့ပေါ့။

………~~~………

သူခရီးထွက်တဲ့နေ့ နေ့လည်လောက်မှာ အမေ အထုပ်ကြီး အထုပ်ငယ်နဲ့ ရောက်လာပါတယ်။ တထုပ်က အမေ့အ၀တ်အစားတွေ တထုပ်က တော့ ကျွှန်မတို့အတွက် စားစရာသောက်စရာ၊ အခြောက်အခြမ်းတွေ အပြည့်နဲ့၊ ရွေအစစ်နဲ့ လုပ်ထားတဲ့ ဘုရားဆင်းတုတော်လေး တဆူတော် အဆစ်ပါသေး၊ ကျွှန်မတို့အိမ်မှာကိုးကွယ်ဖို့ဆိုပြီး အပင်ပန်းခံ သယ်လာပေးပါတယ်၊အမေ့ကျေးဇူးတွေ မနည်းတော့ပါဘူး။ အခုချိန်ထိပဲ….. ငယ်စဉ်ကတည်းက အဖေမရှိတော့တဲ့ နောက်ပိုင်း အမေ့တယောက်တည်း ကြိုးစားရုန်းကန်ပြီး ကျွှန်မတို့မောင်နှမတွေကို ပညာတတ်ကြီးတွေ ဖြစ်အောင်ပြုစုပြိုးထောင်ပေးခဲ့တဲ့ အမေ....
အမေနဲ့ကျွန်မ ရုပ်နဲ့ စိတ်ဓါတ် တပုံစံတည်းဆိုတော့ တကျက်ကျက်၊ မတည့်အတူနေ၊ အဖေ့အကြောင်းနဲ့ ပတ်သက်ပြီး အမေနဲ့ အမြဲစကားများရတယ်။ အမေကလည်း အဖေ့အကြောင်းမေးတိုင်းရန်ရှာ ကျွန်မကလည်း မမေးပဲမနေနိုင်တော့ မေးတိုင်းလည်း
“အေ နင့်ချစ်အဖေကို သိပ်တွေ့ချင်နေတယ်ပေါ့ဟုတ်လား? ဟိုကဖြင့် သားသမီးမှန်း မသိလို့တောင် နင်တို့ကို လှည့်မကြည့်ဘူး.သွား.....နင်နောက်တခေါက်ထပ်ပြောရင် နင့်အဖေနောက်လိုက်သွား’’ တဲ့
ကျွန်မ သိပါတယ် အမေ.....အမေ့မေတ္တာနဲ့တင် သမီးတို့ဘ၀ ပြည့်စုံနေပါပြီ၊ အဖေမလိုတော့ပါဘူး။

………~~~………

ခင်ပွန်း ခရီးထွက်ကာစမှာ သူ့ကိုလွမ်းလိုက်..အမေနဲ့စကားတွေပြောလိုက်နဲ့...
၁ရက်က၁ရက်၊ ၁ပတ်က၁ပတ်ကြာလာတော့ သူ့ကို လုံးလုံးမေ့ပြီး အမေနဲကျွန်မ ရဲ့ အရင်တုန်းက ရုန်းကန်ခဲ့တဲ့ဘ၀လေးထဲ ပြန်ရောက်သွားသလိုခံစားနေမိတယ်။
ကျွန်မ အလုပ်သွားနေချိန်မှာတော့ အမေတယောက်တည်းအိမ်မှာ ပျင်းနေမှာပေါ့။ အမေ့ကိုတော့ စာအုပ်တွေ၊ ဗီဒီယိုခွေတွေ ကြည့်ဖို့ ပြောထားရတယ်၊ ကွန်ပျုတာတွေ ဂိန်းတွေက အမေ မသုံးတတ်ဘူးလေ၊ ခက်တာက အမေက အငြိမ်မနေ တကုပ်ကုပ်နဲ့
ကျွန်မ အိမ်ရောက်ချိန်မှာ အိမ်မှုကိစ္စတွေ အကုန်ပြီးနှင့်နေပြီး ထမင်း၊ဟင်းချက်ပြုတ်၊ ခူးခပ်ပြီး ကျွန်မကိုအရန်သင့် စောင့်နေလေပြီလေ။ တနေ့တမျိုး မရိုးရအောင် ဟင်းမျိုးစုံ ချက်ကြွေးနေရတာ မမောနိုင် မပန်းနိုင်။ အမေချက်တဲ့ဟင်းက ဘယ်သူမှလိုက်မမှီ။ ငယ်ငယ်လေးကတည်းက စားခဲ့ရပေမယ့် ဘယ်တော့မှ မရိုးနိုင်။ တမ်းတမ်းစွဲနေရသော အမေ့လက်ရာ နောက်တကြိမ်စားနေရပါပြီ။
အိပ်ရာဝင်တိုင်းလည်း ပြောမဆုံးနိုင်တဲ့ အကြောင်းအရာတွေနဲ့ တထောင့်တညပုံပြင်ကဲ့သို့ ပြောမဆုံးနိုင်.....အမေနဲ့ တတွတ်တွတ်...

………~~~………

ဒီလိုနဲ့ ပျော်ရွင်ဖွယ်အချိန်တွေ ကျော်ဖြတ်ရင်း ခင်ပွန်းပြန်မရောက်ခင် (၂)ရက်အလိုမှာတော့ သူပြန်လာရတော့မယ်လို့ သူဖုန်းဆက်လာပါတယ်။ ၀မ်းသာလွန်းလို့ အမေ့ကိုပြေးပြောတော့ အမေက ပြုံးနေခဲ့ပါတယ်။ (၁)လနီးပါးခွဲနေရတာဆိုတော သူနဲ့ပြန်တွေ့ရမှာကို အတိုင်းမသိ ၀မ်းသာနေမိတယ်။ မြန်မြန်ပြန်လာပါစေလို့ဆုတောင်းရတာ အမော...အခုတော့ဆုတောင်းပြည့်ပြီလေ။တဘက်မှာတော့ အမေနဲ့ခွဲရတော့မယ်၊ အလုပ်တဘက်နဲ့ ခွင့်ရက်ကနည်းနည်း၊ အမေကလည်း ကိုယ့်ဇာတိကို မခွာနိုင်။ အမေ ကျွန်မတို့ ဘယ်တော့ပြန်တွေ့ကြမှာလဲ။ အမေ မပူပါနဲ့ သမီး ပိုက်ဆံစုနေပါတယ်...အမေနဲ့ သမီး ဒီမြို့မှာ ကိုယ်ပိုင်အိမ်လေး ၀ယ်နိုင်အောင်လို့.......
အမေ ကျွန်မနဲ့နောက်တကြိမ်ခွဲရမှာမို့ ၀မ်းနည်းနေတယ်ဆိုတာ ကျွန်မအသိပဲ. ကိုယ်ကိုတိုင်လည်း ၅၂၈မေတ္တာ နဲ့ ၁၅၀၀မေတ္တာ လွန်ဆွဲပွဲမှာ အတူတူမနေနိုင်သေးတဲ့ဘ၀.နှစ်ယောက်အိပ်ကုတင်လေးမှာ (၃)ယောက်အိပ်လို့မရ၊ ပစ္စည်းတွေနဲ့ ကျဉ်းမျောင်တဲ့ အခန်းလေးမှာအသက်ရှုမ၀လို့ တညတောင် မနေနိုင်တဲ့ဘ၀...

………~~~………

သူပြန်ရောက်တဲ့နေမှာတော့ အမေ ပြန်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ သူရောက်ရောက်ချင်းပဲ ထမင်းပွဲ အသင့်ပြင်ပြီး
“သား ထမင်း တခါတည်းစားလိုက်မလား...သားဘာစားချင်သေးလည်း အမေချက်ပေးခဲ့မယ်လေ”
သူကလည်းအလိုက်တသိနဲ့
“မလိုဘူး အမေ..သားရှိတာနဲ့စားတတ်တယ် အမေသာကျန်းမာရေးကို ဂရုစိုက်”
လို့ ပြောရှာပါတယ်။
ညနေဘက် ရောက်တဲ့အချိန်မှာတော့ အမေပြန်ဖို့ အချိန်ရောက်တော့ အမေ့ကို ကန်တော့ပြီးကားဂိတ်လိုက်ပို့ ဖို့ပြင်ကြပါတယ်။
အမေ့ခြေလမ်းတွေ လာတုန်းက သွက်လက်သလောက် အပြန်မှာ လေးပင်ဖင့်တွဲ့စွာ.....
ကားထွက်ခါနီးအမေကားပေါ်အတက် အမေ့လက်ကိုရုတ်တရက်ဆွဲကိုင်ပြီး ရင်ခွင်မှာ အပ်ထားမိတယ်။
အမေမျက်ဝန်းကိုကြည့်လိုက်တော့…….
“““အလို အမေ မျက်ရည်တွေ ဆို့နေပါလား”””

Monday, October 12, 2009

လုပ်ငန်းခွင်ဝင်နေသူတွေအတွက်


၁)တစ်ပါးသူဟာဘယ်လောက်ပဲဆိုးနေပါစေ၊ ကိုယ့်ကိုယ် နာကျင်အောင်လုပ်ခဲ့ပါစေသူ့ကို ခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကို ကိုယ်ကရနိုင်မှာဖြစ်တယ်။

၂)ပျော်ရွှင်ချိန်မှာဒီပျော်ရွှင်မှုဟာထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလိုစိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။

၃) ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။

၎)စကားတစ်ခွန်းတည်းနဲ့လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။ စကားအခွန်းတစ်ထောင်
သုံးမှလူတစ်ယောက်ကိုပြုစုပျိုးထောင်နိုင်တယ်။ဒါကြောင့်သင့်ပါးစပ်ဖျားမှာကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။

(၅)ကိုယ့်ရဲ့အသိဥာဏ်ပညာကြားမှာစိတ်ကြီးဝင်တဲ့ပေါင်းမြက်တွေစိုက်ပျိုးမထားပါနဲ့။ ကိုယ့်ရဲ့
မဝင့်ဝါတဲ့စိတ်ကြောင့် အသိဥာဏ်တွေ မယုတ်လျော့သွားစေနဲ့။

၆)သူ့ကိုမနာလိုဖြစ်တိုင်းကိုယ့်အတွက်ဘာကောင်းကျိုးမှမဖြစ်စေဘူး။သူ့ကိုမနာလိုဖြစ်တိုင်း သူ့အောင်မြင်မှုတွေ လျှော့သွားမှာ မဟုတ်ဘူး။

၇)အခွင့်အရေးကို ဖန်တီးသူ ထက်မြက်သူအခွင့်အရေးကို စောင့်မျှော်သူဟာ တုံးအသူ။

၈)သူတစ်ပါးရဲ့ အထင်အမြင်ကို အရင်နားထောင်ပါ။ကိုယ့်အယူအဆကို ထုတ်ပြောဖို့ မလောပါနဲ့။

၉)ပုလင်းချင်းအတူတူ ဘာကြောင့် ကိုယ့်ပုလင်းထဲ အဆိပ်တွေထည့်ရမှာလဲ?ခံစားတတ်တဲ့ စိတ်ချင်းအတူတူ ဘာကြောင့် ကိုယ့်စိတ်ထဲ မပျော်ရွှင်တာတွေထည့်ရမှာလဲ?

၁ဝ)ကိုယ့်ကိုယ်ကို ရိုးသားမှုရှိလာတဲ့အခါ လောကမှာ ဘယ်သူ့မှကိုယ့်ကိုလိမ်ညာလို့ မရနိုင်တော့ဘူး။

၁၁)သူတစ်ပါးကိုထိခိုက်နာကျင်မှုမျိုးနဲ့ကိုယ့်အပြစ်၊ကိုယ့်ဆိုးကျိုးကိုဖုံးကွယ်တတ်တဲ့ လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။

၁၂)လောကမှာဘယ်တော့မှ သွားပုပ်လေလွှင့် အပြောမခံရတဲ့လူ မရှိသလို အမြဲတမ်းအချီးကျူးခံနေရသူလည်း မရှိဘူး။ ကိုယ်စကားများရင် အပြစ်ပြောမယ်၊ကိုယ်စကားနည်းရင်လည်း အပြစ်ပြောမယ်၊ ကိုယ်စကားလုံးဝ မပြောဘဲဆိတ်ဆိတ်နေရင်လည်း အပြစ်ပြောမယ်။ ဒါကြောင့် ဒီလောကမှာ မပြောမခံရတဲ့လူဆိုတာ မရှိဘူး။

၁၃)ဆိတ်ဆိတ်နေခြင်းဟာ မဟုတ်မမှန် သွားပုပ်လေလွှင့် သတင်းတွေအတွက်အကောင်းဆုံး အဖြေဖြစ်တယ်။

၁၄)လူတွေကကိုယ့်ကိုကြောက်တယ်ဒါဂုဏ်ယူစရာမဟုတ်ဘူး။လူတွေကကိုယ့်ကိုနှိမ်တယ်ဒါ
ရှက်စရာမဟုတ်ဘူး။

၁၅)တစ်ခြားသူက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ မဟုတ်ဘူး။ ကိုယ့်ကတစ်ခြားသူရဲ့ စကားကိုယူပြီး ကိုယ့်ကိုယ်ကို စိတ်အနှောင့်အယှက်ပေးနေတာ။

Forward မေးလ်မှရသည်။

Friday, October 2, 2009

F1 အသည်းကျော်လေးများ

(၁)Nico Rosberg


နီကို ရော့စ်ဘတ် ကို ၁၉၈၅ ခုနှစ် ဇွန်လ ၂ရနေ့မှာ ဂျာမနီနိုင်ငံအနောက်ပိုင်းံ ဗီစ်ဘာဒန်မြီု့ မှာ အဖေဖီးနစ်နိုင်ငံသားနှင့်အမေ ဂျာမနီနိုင်ငံသူတို့ကနေ မွေးဖွားခဲ့ပါတယ်။ သူရဲ့ ကယ်ရီယာ အရှေ့ပိုင်းမှာ Finland နိုင်ငံသားအဖြစ်စခဲ့ပေမယ့် F1 ပြိုင်ပွဲတွေမှာတော့ ဂျာမနီကို ကိုယ်စားးပြုပြီးတော့ ၀င်ပြိုင်လေ့ရှိပါတယ်။ တကယ်တော့ နီကို ရော့စ်ဘတ်ဟာ နိုင်ငံနှစ်ခုစလုံးရဲ့ နိုင်ငံသားခံယူထားဆဲပါ။ အဖေကဖီးလန်နိုင်ငံရဲ့ ၁၉၈၂ F1 ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ပြီး အဖေ့အမွေဆက်ခံသူဆိုလည်းမမှားပါဘူး။ ဂျာမန်၊ အင်္ဂလိပ်၊ အီတလီ၊ စပိန်နှင့် ပြင်သစ်စကားတွေကို ကျွမ်းကျင်စွာပြောတတ်ပေမယ့် ဖီးနစ်ဘာသာစကားကိုတော့သိပ်မပြောတတ်ပါဘူး၊ သင်နေတုန်းပါတဲ့၊ Formula 1 ကားမောင်းသူတွေဖြစ်တဲ့ ကမ္ဘာ့ချန်ပီယံ Lewis Hamilton နှင့် Adrian Sutil. တို့နဲ့လဲ ရင်းနှီးပါသတဲ့၊ နီကို ရော့စ်ဘတ်ဟာ Williams-Toyota အသင်းသားဖြစ်ပြီး F1ကို ၁၉၉၆ မှာစတင်ပြိုင်ပွဲဝင်ပြီး နောက်ဆုံးပြိုင်ပွဲကတော့ ဂျပန်မှာကျင်းပတဲ့ 2009 Japanese GP ပွဲပါ၊ စင်္ကာပူမှာကျင်းပတဲ့ Singtel F1 GP ပွဲမှာ နံပါတ် ၂ အဖြစ် ထင်ကြေးပေးခံရသော်လည်း အမှားပေါင်းများစွာ penalty ပေါင်းများစွာနဲ့ နံပါတ် ၁၄ နဲ့ ကျေနပ်ခဲ့ရပါတယ်။ Point ၃၄.၅ နဲ့ ကမ္ဘာ့ နံပါတ်ရအဆင့်ရှိသူပါ
အသေးစိတ်ဖတ်ရန်

    (၂) Sebastian Vettel

    စေဘေ့စ်ဒီးယန်း ဘီတယ်ရ် ကို ၁၉၈၇ ခုနှစ် ဇွန်လိုင်လ ၃ရက်နေ့မှာဂျာမနီနိုင်ငံ Heppenheim (ဟက်ပန်းဟီင်း) မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဘီတယ်ရ်ဟာဆိုရင် အငယ်ဆုံး Red Bull Racing Driver ဖြစ်သလို အမြန်ဆုံး Driver လည်းဖြစ်ပါတယ်။ F1ကို ၁၉၉ရ မှာစတင်ပြိုင်ပွဲဝင်ပြီး နောက်ဆုံး ပြိုင်ပွဲကတော့ ဂျပန်မှာကျင်းပတဲ့ 2009 Japanese GP ပွဲပါ၊ စင်္ကာပူမှာကျင်းပတဲ့ Singtel F1 GP ပွဲမှာ နံပါတ် ၄နေရာနဲ့ နီကို ရော့စ်ဘတ်ကို ဖြတ်ကျော်သွားပါတယ်။ကိုယ်ရေးကိုယ်တာတွေကို အထူးလျို့ဝှက်တတ်သူဖြစ်လို့ သူ့ချစ်သူ ဘယ်သူဆိုတာ သေချာမသိသေးပါဘူး။ ငယ်ချစ်ဦးလေးနဲ့ပဲလားဆိုတာ မေးခွန်းထုတ်စရာပါ၊
    Point ၆၉ နဲ့ ကမ္ဘာ့ နံပါတ်၃ အဆင့်ရှိသူပါ.

    အသေးစိတ်ဖတ်ရန်