Friday, February 27, 2009

ဗြိတိန်နိုင်ငံမှ ၁၃နှစ်သားကလေးအဖေ (amazing news)





(၁၃)နှစ်အရွယ်နှင့် ကလေးအဖေ ဖြစ်လာခဲ့သူ အဲလ်ဖီးပက်တန်ကြောင့် ဗြိတိန်နိုင်ငံ၏ ကလေးသူငယ်များအား မိဘများက အုပ်ထိန်းနေသည့် ပုံစံစနစ်ကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ကြောင်း သိရှိရသည်။ အဲလ်ဖီးသည် အသက်(၁၅)နှစ်အရွယ်ရှိ ၎င်း၏ချစ်သူ ချန်တယ်လာစတိဒ်မန်းနှင့် သမီးလေးတစ်ဦးကို မွေးဖွားခဲ့ပြီဖြစ်သည်။ အဲလ်ဖီးက ၎င်းတို့နှစ်ဦးသည် ချန်တယ်လာတွင် ကိုယ်ဝန်ရှိနေကြောင်း သိရှိခဲ့ချိန်က ဖျက်ချပစ်ရန် ကြံစည်ခဲ့သေးကြောင်း ၀န်ခံခဲ့သည်။ သို့သော်လည်း ၎င်းတွင်မုန့်ဖိုးငွေ အလုံအလောက် မရှိသောကြောင့် ထိုကိစ္စ အထမမြောက်ခဲ့ကြောင်း အဲလ်ဖီးက ပြောကြားခဲ့သည်။ အဲလ်ဖီး၏ဖခင်သည် ၎င်းအား တခါတရံမှသာ (၁၀)ပေါင်ခန့် မုန့်ဖိုးပေးလေ့ရှိသည်။ အဲလ်ဖီးသည် အရပ်(၄)ပေသာရှိသေးသည့် ပီဘိကလေးငယ်တစ်ဦးဖြစ်ပြီး ၎င်း၏မိခင်သည် ၎င်းတို့၏ ကိုယ်ဝန်အကြောင်းကို သိရှိသွားမည်ကို အလွန်ကြောက်ရွံ့မိခဲ့ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

(အဲလ်ဖီးဇနီးမောင်နှံနှင့် ၎င်းတို့၏သမီးငယ်)

ကလေးငယ်ကို မွေးလိုခဲ့သော်လည်း ပတ်ဝန်းကျင်၏ တုန့်ပြန်မှုများကို ကြောက်ရွံ့ခဲ့မိပါသည်ဟု အဲလ်ဖီးကဆိုသည်။ အဲလ်ဖီး၏အကြောင်းကို ကြားသိခဲ့ပြီးနောက် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့ပြီး ဗြိတိန်ကလေးငယ်များ၏ အနာဂတ်အတွက် စိုးရိမ်မှုမှာ မြင့်တက်လာခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းကမူ အဆိုပါဖြစ်ရပ်အတွက် မှတ်ချက်ပြုရန် ငြင်းဆန်ခဲ့သည်။ ဖေဖော်ဝါရီလ (၉)ရက်နေ့က မွေးဖွားခဲ့သည့် အဲလ်ဖီး၏ သမီးလေးသည် မွေးဖွားချိန်တွင် (၇)ပေါင်၊ (၃)အောင်စမျှ အလေးချိန်ရှိပြီး မေဆီရော့ဆယ်နီဟု အမည်ပေးထားသည်။ မေဆီလေးအား ဆေးရုံတွင် သွားရောက်မွေးဖွားခဲ့ခြင်းဟုလည်း အဲလ်ဖီးက ပြောကြားခဲ့သည်။ အရှေ့ဆက်ဆက်စ်ရှိ အက်စဘော်နီဆေးရုံမှ တာဝန်ရှိသူများက ကလေးငယ်မှာ ကျန်းမာရေး ကောင်းမွန်နေပါသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ လက်ရှိအချိန်တွင် အဲလ်ဖီး၏ မိသားစုများက အဲလ်ဖီးကို ကျောင်းမှထုတ်ပယ်လိုက်မည်ကို စိုးရိမ်နေကြသည်။ ကလေးမွေးသည့်နေ့က အဲလ်ဖီးသည် တစ်ညလုံး ဆေးရုံတွင် နေခဲ့ပြီးမှ နောက်တစ်နေ့တွင် ကျောင်းဝတ်စုံကို လဲလှယ်ပြီး ကျောင်းသွားတက်ခဲ့သည်။


(ကလေးကိုနို့ဗူးတိုက်နေသည့် ၁၃နှစ်သားကလေးအဖေ အဲလ်ဖီး)


အဲလ်ဖီးသည် ကလေးအဖေ ဖြစ်လာခဲ့သည့်တိုင် ကွန်ပျူတာဂိမ်းကစားခြင်းကို စွဲလန်းနေသည့် ကလေးတစ်ဦးမျှသာ ရှိနေသေးကြောင်း အဲလ်ဖီး၏ဖခင် ဒင်းနစ်က ညည်းတွားပြောဆိုခဲ့သည်။ အဲလ်ဖီးကမူ ၎င်းအနေနှင့် ဖခင်ကောင်းတစ်ယောက် ဖြစ်လာချင်ပါကြောင်း ပြောကြားထားသည်။ ရဲတပ်ဖွဲ့က အသက်မပြည့်ဘဲ ကလေးရသည်အထိ ကျူးကျူးလွန်လွန် ဖြစ်ခဲ့သည့်တိုင် အဲလ်ဖီးတို့စုံတွဲကို အရေးယူမည် မဟုတ်ဟု ကြေငြာထားခဲ့သည်။ ဗြိတိန်နိုင်ငံ၏ အသက်အငယ်ဆုံး ကလေးအဖေအဖြစ် စံချိန်တင်ထားသူမှာ အသက်(၁၂)နှစ်အရွယ် ရှောင်စတီးဝပ်ဆိုသူဖြစ်ပြီး အသက်(၁၅)နှစ်ရှိ ချစ်သူမန်းကလေး အီမာဝက်ဘ်စတာနှင့် (၁၉၉၈)ခုနှစ်အတွင်းက ရှန်ဘရွတ်ခ်တွင် ကလေးတစ်ဦး ရခဲ့သော်လည်း (၆)လအကြာတွင် လမ်းခွဲခဲ့ကြသည်။

(ဂိမ်းဆော့ရင်းကလေးထိန်းနေသည့် အဲလ်ဖီးတို့ဇနီးမောင်နှံ)

အကယ်ဒမီ ထူးခြားဖြစ်စဉ် (ယတြာလားတော့မသိဘူး :D)

အမှတ်(၁) ဒီနှစ် အကယ်ဒမီပေးပွဲမှာ မေသန်းနု၊ မျိုးသန္တာထွန်း၊ စိုးမိုး ကြည်၊ ရတနာခင်၊ မျိုးစန္ဒီကျော်၊ ပုလဲဝင်း၊ အိဖြိုးချယ်ရီစတဲ့ အမျိုး သမီးအနုပညာရှင်များဟာ အစိမ်း ရောင်ဖက်ရှင်အများစုကို ဝတ်ဆင် ခဲ့တာ တွေ့ရပါတယ်။
အမှတ်(၂) ဒီနှစ်အတွက် အကယ်ဒမီဆု ပေးပွဲတွင် တေးဂီတဆု၊ ဒါရိုက်တာ ဆု၊ ဇာတ်ကားဆု သုံးဆုဆက်တိုက် ကြေညာရာတွင် မန္တလေးသားများ သာ သုံးဆုဆက်တိုက် ဆုရရှိခဲ့ပါ တယ်။
အမှတ်(၃) ဒီနှစ်မှာ အသံထူးချွန်ဆု၊ ဇာတ်ညွှန်းဆု၊ တည်းဖြတ်ဆု၊ ဓာတ် ပုံဆု၊ တေးဂီတဆု၊ အမျိုးသမီးဇာတ် ပို့ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ ဒါရိုက် တာဆု၊ ဇာတ်ကားဆု၊ အမျိုးသမီး ဇာတ်ဆောင်ဆုနဲ့ အမျိုးသားဇာတ် ဆောင်ဆု စုစုပေါင်း ၁၁ ဆု ပေးဖို့ လျာထားခဲ့ပေမယ့် အသံထူးချွန်ဆု၊ ဇာတ်ညွှန်းဆု၊ တည်းဖြတ်ဆု၊ အမျိုး သမီးဇာတ်ပို့ဆုနဲ့ အမျိုးသမီးဇာတ် ဆောင်ဆုတွေကိုမပေးခဲ့တာကြောင့် အကယ်ဒမီဆု ၆ ဆုသာ ဒီနှစ်မှာ ဆုပေးခဲ့ရတာပါ။
အမှတ်(၄) ဒီနှစ်မှာတော့ အကယ်ဒမီဆု ၆ ဆုပေးရာတွင် ထူးထူးခြားခြား အဖြစ် မန္တလေးမြင့်မာလာထုတ်လုပ် ရေးကစီစဉ်တဲ့ 'ကိုးဆယ်ဆသာလိမ့် မယ်'ဇာတ်ကားကြီးမှ အကယ်ဒမီဆု ၅ ဆုဆွတ်ခူးရရှိခဲ့ပါတယ်။
အမှတ်(၅) 'ဖိုးပြုံးချို'ကားနဲ့ အကယ်ဒမီရ မယ်လို့ တစ်ပြေးပြီး လွဲချော်ခဲ့ရဖူးတဲ့ မိုးဒီက ဒီနှစ်မှာတော့ တစ်ပြေးခဲ့တဲ့ အတိုင်း 'ကိုးဆယ်ဆသာလိမ့်မယ်' ကားနဲ့ အမျိုးသားဇာတ်ပို့ဆုရရှိခဲ့ ပါတယ်။
အမှတ်(၆) စိန်မွတ္တားက ၂ဝဝ၄ ခုနှစ်မှာ 'ပန်းဒဏ္ဍာရီ'ရုပ်ရှင်ကားကြီးနဲ့ သူ့ရဲ့ ပထမဆုံး ရုပ်ရှင်နောက်ခံတေးဂီတ ကိုစတင်တီးခတ်ခဲ့ပြီး အဲဒီနှစ်မှာပဲ အကယ်ဒမီဆုရရှိခဲ့ပါတယ်။ ဒုတိယ အကြိမ်မြောက်အဖြစ် 'ကိုးဆယ်ဆ သာလိမ့်မယ်'ကားကို နောက်ခံတေး ဂီတတီးရာမှာလည်း အကယ်ဒမီဆု ရရှိခဲ့ပြန်ရာ ရုပ်ရှင်ကားကြီးကို နှစ် ကြိမ်တီးပြီး အကယ်ဒမီဆု နှစ်ဆုရ ရှိခဲ့တာ ဖြစ်ပါတယ်။
အမှတ်(၇) ဒီနှစ်မှာ 'ငါ့ဓား၊ ငါ့သွေး၊ ငါ့ ဧရာဝတီ'၊ 'အမေနှင့်သမီးများ'၊ 'ရင်နင့်အောင်မွှေး'၊ 'ကိုးဆယ်ဆ သာလိမ့်မယ်'၊ 'မိုးပေါ်ခုန်တက်က လိုက်ချင်တယ်'၊ 'ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ'၊ 'ကျွန်တော့်ချစ်သူ ပြောသော သူ့ချစ်သူအကြောင်း'၊ 'ဒီ ကောင်ဘယ်သူတုံး'၊ 'ဝင်္ကပါအခြစ် နှင့်သူ၏ချစ်ကိုကိုချစ်'၊ 'ကက်ကင်း' ကားကြီး ၁ဝ ကားရှိခဲ့ပေမယ့် 'ကိုး ဆယ်ဆသာလိမ့်မယ်'ကားနဲ့ 'ငါ့ဓား၊ ငါ့ သွေး၊ ငါ့ဧရာဝတီ' နှစ်ကားသာ အကယ်ဒမီဆုများ ရရှိခဲ့ပါတယ်။

တေးရေးဆရာ အဆိုတော် အရိုးနှင့် တွေဆုံခြင်း (လူလည်အာရှသားအဆိုရှင်)


~အရိုးနဲ့ဆုံဖြစ်ခိုက် သီချင်းကိစ္စ၊ စာပေရေးရာ သဘောတရားများ အပေါ် အခြေခံပြီး ယခု လိုမေးဖြစ် ခဲ့ပါတယ်။ လူလည်အာရှသားဆိုတဲ့နာမည် ကိုဘယ်သူပေးခဲ့တာလဲ။ အရိုး ကိုယ် တိုင် ပေးတာလား။
~ကျွန်တော်ကိုယ်တိုင်ပေးတာ ပါ။ အထူး သဖြင့် အာရှတိုက်က ထွက်လာတဲ့ အခွေ တစ်ခွေပေါ့ဗျာ။ အရှေ့တောင်အာရှ ဂီတ တစ်ခုပေါ့ ဗျာ။ အရှေ့တောင် အာရှမှာ ဒီ လောက် အတိုင်းအတာအထိ လုပ် နိုင် တယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ ရိုးရာတူရိ ယာတွေနဲ့ ပေါင်းစပ်ရင် ဒါမျိုးဖြစ် တယ် ဆိုတာကို ပြချင်တာပါ။
~ကိုယ့်အခွေရဲ့ ဂီတအမျိုးအစား ပုံစံကို တံဆိပ်ကပ်ချင်သလား။
~လုံးဝမကပ်ချင်ဘူး။ ဂီတပုံစံ အသစ်လို့ပဲ ပြောချင်တယ်။ ခံစား ကြည့်ပေါ့ဗျာ။
~စာအုပ်အသစ်ထွက်ဦးမယ်ဆို။
~ဟုတ်ပါတယ်။ စာစုများက (၂) အုပ်ရှိသွားပြီ။ လုံးချင်းအနေနဲ့က တော့ တစ်အုပ်ပဲ ရှိပါသေးတယ်။ နောက်ထွက်မယ့်စာအုပ်ကတော့ စာစုတွေကို လုံးချင်းပုံစံပြန်ရေးထား တဲ့ ပုံစံပါ။ သိပ်မကြာခင် ထွက်လာ တော့မယ်။
~စာအုပ်တစ်အုပ်နဲ့တစ်အုပ် တင် ပြပုံ မထပ်ရအောင် တော်တော် လေး တွေးနေ၊ ဖတ်နေရတယ်နော်။
~သိပ်သေချာတာပေါ့။ ကျွန် တော်တို့ရဲ့ တင်ပြပုံတွေ အကောင်း ဆုံးဖြစ်နေ အောင် အများကြီးလေ့ လာရတယ်။ စာတွေလည်း အများ ကြီးဖတ်ရတယ်။ ရေးချင်ရေး၊ မရေး ချင်ရင်ဖတ်ပဲ။ ဒါပဲရှိတယ်။ Online လည်း မျက်ခြည် ပြတ် လို့ မရဘူး။ အိုဘားမားပြောသလိုပေါ့။ ငါတို့ လုပ်နိုင်တဲ့ခေတ် ရောက်ပြီပေါ့ဗျာ။ မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ စာရေး ရတဲ့ အရသာကို ငြိသွားပြီလား။ စာရေးရတာပျော်တယ်ဗျာ။ အက်ဆေးမရေးတတ်ခင်မှာ အဲဒီ ဆောင်းပါး လေးတွေ ရေးရတာ အရ သာပဲဗျ။ နောက်ပိုင်း စာပေရေးရာ ဘက်ကို ပိုသွားမယ်ထင်တယ်။ စာ ရေး၊ သီချင်းရေး၊ ကဗျာရေး ရေးသုံး ရေးဖြစ် လာနိုင်တယ်။

Monday, February 23, 2009

အမေရိကားမှာ ဆေးကျောင်းတက်ရန် ပြင်ဆင်ခြင်း - အပိုင်း (၁) ( for some1 who want to study MEdicine in USA)

တို့ဗမာနိုင်ငံမှာတော့ များသောအားဖြင့် ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ။ ကျောင်းသား၊ ကျောင်းသူ အများစု ဆယ်တန်းပြီးလို့ အမှတ်မီတာနဲ့ အိမ်က ဆေးကျောင်တန်းပို့ လိုက်ကော။ အဲ.. ဆေးကျောင်းလဲ စကော ၀ါသနာ မပါတဲ့သူနဲ့၊ မလိုက်နိုင်တဲ့ သူနဲ့၊ စာမေးပွဲနီးလို့ spot လိုက်တဲ့ ပညာရေးစနစ်ကို မကြိုက်လို့ ထွက်လိုက်တဲ့သူနဲ့ 06တုန်းက ကျောင်းသား ၁၀၀ ကျော် ဆေးကျောင်းကနေ ဆေးခွင့်(၂)နှစ်နဲ့ နားလိုက်တယ်လို့ ကြားရပါတယ်။ ပြီးတော့ စင်ကာပူ၊ အမေရိကား၊ သြစတျေးလျနဲ့ ဗြိတိန်ကို ကျောင်းတက်ဖို့ ထွက်ကုန်ကြကော။ ဗမာပြည်အတွက် နှမြောစရာဖြစ်သလို၊ တကယ် ဆရာဝန်ဖြစ်ချင်ပြီး ကိုယ့်တိုင်းပြည်ကို အကျိုးပြုချင်သူတွေ အတွက်တော့ ရင်နာစရာပါ။

ဒီအပါတ်မှာတော့ အများက စိတ်ဝင်စားနေတဲ့ အမေရိကားမှာ ဆေးကျောင်းဘယ်လိုတက်မလဲဆိုတာကို ရေးသွားမှာပါ။ ပိုပြီး စိတ်ဝင်စားတဲ့သူတွေ အတွက်တော့ Ask Me Corner မှာ ဆက်မေးသွားပါ။ ဒီတစ်ပါတ် ပေဖူးပြောမှာက ဗမာပြည်က MBBS ဘွဲ့ မရှိပဲ ထွက်လာတဲ့သူတွေ အတွက်ပါ။ M.B.B.S ရှိတဲ့သူတွေကတော့ စာမေးပွဲ ဖြေပြီး residency တန်းဆင်းလို့ ရတယ်လို့ ကြားဖူးပါတယ်။ အဲဒါကိုတော့ ဒေါက်တာရမ်းကုကို မေးပါ။ သူပိုသိပါလိမ့်မယ်။

General Info
America မှာတော့ ဆရာဝန်ဘွဲ့ကို MD လို့ လူသိများကြပါတယ်။ Doctor of Medicine ပေါ့။ ဒါပေမဲ့ ဆေးကျောင်းကို အထက်တန်းကျောင်းပြိးတာနဲ့ တန်းသွားလို့ မရပါဘူး။ အဲ…. သွားလို့တော့ ရတယ်။ ဒါပေမဲ့ အဲဒီ accelerated program တွေက အပြိုင်အဆိုင်များပြီး ၀င်ရအရမ်းကျပ်ပါတယ်။ စာတွေနဲ့ အရမ်းပိပြီး life မရှိလို့ များသောအားဖြင့် ကျောင်းသားတွေ သိပ်စိတ်မ၀င်စားကြပါဘူး။ ဆေးပညာဘွဲ့မှာ ဒီမှာတော့ မာစတာဒီဂရီဘွဲ့ပါ။ Undergraduate ကောလိပ်ကို ၄ နှစ်တက်ပြီး ဘွဲ့ရတော့မှာ ဆေးကျောင်းကို လျှောက်ရတာပါ။ ဒါလဲ အလွယ်လေးတော့ မဟုတ်ဘူးနော်။ ပေဖူးတို့ ကျောင်းက medical school ဆို နှစ်စဉ်လျှောက်တဲ့သူ ကျောင်းသား ၁၂၀၀ ကျော်ပါတယ်။ အဲဒီထဲကမှ အထပ်ထပ်စစ်ချပြီး ၁၀၃ ယောက်တိတိကိုပဲ လက်ခံတာပါ။ Undergraduate လေးနှစ်မှာတော့ ကိုယ်ကြိုက်တဲ့ Major ယူလို့ရပါတယ်။ Medical School က သတ်မှတ်ထားတဲ့ အတန်းတွေတော့ မှီအောင်တက်ပေါ့နော်။ များသောအားဖြင့် Biol ဆိုရင် General Biol, Cell Biology, Genetics, Physiology ပေါ့။ ပြီးတော့ ကိုယ့်ဒီဂရီပြီးအောင်လဲ တက်ပေါ့။ biol မေဂျာယူထားမှ ဆေးကျောင်းသွားရမယ် မရှိပါဘူး။ ပေဖူးသူငယ်ချင်းတွေထဲမှာဆို Photography, Psychology, Arts မေဂျာတွေလဲ ရှိပါတယ်။ ကျောင်းပြီးတော့မှ အရည်အချင်းစစ်စာမေးပွဲ MCAT ဖြေ၊ ပြီးတော့ ကိုယ်Undergrad လေးနှစ်မှာ လုပ်ထားတဲ့ performance တွေ (အဓိကအားဖြင့်တော့ Volunteer Service, Leadership Positions, Research Jobs အစရှိတာတွေ) ကို ကြည့်ပြီး အင်တာဗျူးခေါ်ပြီးမှ ၀င်ခွင့်ရတာပါ။ ဗမာပြည်က ဆေးကျောင်းတွေလို စာဖက်ပိုင်းတစ်ခုတည်း တော်ရုံနဲ့ လုံးဝလက်မခံပါဘူး။

ဘာလို့ ဒီလောက်နည်းနည်းလေးနဲ့ ခက်ခက်ခဲခဲပဲ လက်ခံတာလဲ ဆိုတော့ quantity ထက် quality ကို အလေးထားလို့ ပါပဲ။ အလေးထားရမယ်လေ။ ကိုယ်က america မှာ ဆရာဝန်လုပ်ချင်တာကိုး။ ဒီဘ၀ကို ရွေးလိုက်ပြီဆိုတာနဲ့ နောက်မှာ အရည်အချင်းစစ် စာမေးပွဲ ပေါင်း မြောက်မြားစွာ တန်းစီနေတာကိုး။ ဗမာပြည် ဆေးတက္ကသိုလ်လို ဘွဲ့ရပြီးတာနဲ့ စာမေးပွဲဘ၀က ကျွှတ်ပြီဆိုတာမျိုး မဟုတ်ဘူးလေ။ အဲဒါကြောင့်လဲ လူတော်တော်များက ဆေးလိုင်းမလိုက်ချင်ကြဘူး။ life-time Stress ကိုး။

Pros and Cons
ကဲ ဒီလောက် အခက်အခဲတွေ များနေတဲ့ကြားက ဘာလို့ ဆေးကျောင်းသွားချင်လဲ။ အများစုက ၀ါသနာပါလို့ပါ။ ပိုက်ဆံသောက်သောက်လဲ ရတာလဲ ပါတာပေါ့နော်။ ဒါပေမဲ့ တကယ်ကို စိတ်အားထက်သန်ပြီး “I deserve to be a doctor” ဆိုတဲ့ သူတွေပဲ ဒီလမ်းကို လိုက်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကားမှာ ဆရာဝန်မဟုတ်ပဲ လူမွှေးလူတောင် ပြောင်အောင် နေနိုင်လို့ ပါပဲ။
ဆိုးကျိုးတွေက ဘာတွေလဲဆိုတော့ နှစ်ရှည်တယ်။ ပိုက်ဆံ အကုန်အကျများပါတယ်။ ဆေးကျောင်းက ဘွဲ့ရပြီး ထွက်လာတဲ့ ပူပူနွေးနွေးကျောင်းသားဆိုရင် နိုင်ငံတစ်ဝှမ်းက ဘဏ်ပေါင်းစုံမှာ အကြွေးလည်ပင်းခိုက်အောင် ရှိပါတယ်။ နောက်ပိုက်ဆံရတော့လဲ ဖြည်းဖြည်းချင်းဆပ်ယူပေါ့နော်။ အဟိ…. များသောအားဖြင့် ကျောင်းပေါ်မူတည်ပြီး ဒေါ်လာနှစ်သိန်းကနေ ငါးသိန်းအထိ အကြွေးတင်ပါတယ်။

ဆရာဝန်ဖြစ်ဖို့ ဘယ်လောက်ကြာမှာလဲ။
ကျောင်းမှာ တင်ပဲ ရှစ်နှစ်တိတိ။ ဒါပေမဲ့ ဘိုင်ပြတ်သွားလို့ အလုပ်ထွက်လုပ်ရင် ကိုယ်ဆွဲရင် ဆွဲသလောက်ကြာမယ်။ ပြီးရင်တော့ house ဆင်းရမယ်။ ဒီမှာတော့ residency ဆင်းတယ်လို့ ခေါ်ပါတယ်။ ဒါက ကိုယ့် speciality ပေါ်မူတည်ပြီး ကြာတာပါ။
ရိုးရိုးအထွေထွေကုဆရာဝန် Physician – သုံးနှစ်
ခွဲစိတ်ကု ဆရာဝန် - ခုနှစ်နှစ်
ဒါက basic ပဲ ရှိသေးတယ်။ နောက် master လိုင်းလိုက်ချင်တယ်ဆိုရင် အလုပ်သင်ဘ၀မှာတင် တော်တော်ကြာပါတယ်။ နှလုံးဆို နောက်ထပ်သုံးနှစ်၊ Neuro လိုင်း (ဦးနှောက်နဲ့ အာရုံကြော) ဆို သုံးနှစ်ပါ။ အလုပ်သင်ဘ၀မှာ ပိုက်ဆံလဲ သိပ်မရပါဘူး။ အဖိအနှိပ်လဲ ခံရပါသေးတယ်။
ကဲ…အသက်နဲ့ ပြန်တွက်ပြမယ်နော်။
Age 18 - ကောလိပ်စပြီ ဆိုပါတော့။
Age 22 – bachelor ဘွဲ့ရပြီ။
Age 23 - ဆေးကျောင်း စတက်ပြီ။
Age 27 - ဆေးကျောင်းဘွဲ့ရပြီပဲ ဆိုကြပါစို့
Age 28 - အလုပ်သင်ဘ၀ အစ
Age 31 – Physician လုပ်မယ်ဆိုရင်တော့ ဒီမှာတင် ပြီးပါပြီ။
Age 34 - ခွဲစိတ် residency ပြီးပြီ။
Age 37 - နှလုံးခွဲစိတ်ဆရာဝန် ဖြစ်ပါပြီ။

P.S : THIS LINK IS COPIED FROM MYHOME16.COM AND THANKS FOR INFO....

အမေရိကန်မှာ ပညာသင်ယူရန်ပြင်ဆင်ခြင်း ( for the one who want to study in USA)

၁၀တန်း
၁၀တန်း အမှတ်ကလည်း အရေးကြီးတယ်လို့ ပြောရပါဦးမယ်။ ကျောင်းတွေက ၁၀တန်း အမှတ်တွေကိုလည်း ကြည့်ပါတယ်။ ဥပမာ မြန်မာတစ်နိုင်ငံလုံး အဆင့် ၁ကနေ ၁၀ အတွင်းဝင်တဲ့ (Whole Burma) တွေဆိုရင် ဒီက တော်တော်လေး မိုက်ပြီး ကောင်းတဲ့ ကျောင်းတွေကို ၀င်ဖို့ လွယ်ကူပါတယ်။ ၁၀တန်း အမှတ် သိပ်မကောင်းလည်း အောက်က TOEFL နဲ့ SAT တွေကို သေသေချာချာ လုပ်ပြီး အမှတ်ကောင်းမယ်ဆိုရင် တော့ အဆင်ပြေပါတယ်။TOEFLအမေရိကန်မှာ ကျောင်းတက်တော့မယ် ဆိုရင် အရေးကြီးဆုံးက TOEFL ရယ်၊ SAT ရယ် ဖြစ်တယ်။ စာမေးပွဲနှစ်ခုပါ။

TOEFL
TOEFL ဆိုတာ Test of English as Foreign Language ပါ။ အဓိပ္ပာယ်ကတော့ မိခင်ဘာသာ စကား အင်္ဂလိပ်စာ မဟုတ်တဲ့ လူတွေကို အင်္ဂလိပ်စာ အရည်အချင်း စစ်ဆေးတဲ့ စာမေးပွဲတစ်ခုပါ။ သူ့မှာ Listening, Grammar, Reading, Speaking ဆိုပြီး လေးမျိုးပါတယ်။ စစ်ဆေးတာတော့ စာရွက်နဲ့ စစ်တာရယ်၊ ကွန်ပျူတာနဲ့စစ်တာရယ် နှစ်မျိုးရှိတယ်။ အခုကမ္ဘာတစ်ဝှမ်း မှာတော့ ကွန်ပျူတာနဲ့ပဲ စစ်ပေးနေပြီ။ မြန်မာနိုင်ငံမှာတော့ အင်တာနက် အဆင် မပြေလို့ စာ၇ွက်ကို ပိုအားထား နေဆဲပါ။ စာရွက်နဲ့စစ်တဲ့ စာမေးပွဲတွေမှာ Speaking မပါဘူးလေ။ ပို အဆင်ပြေတာပေါ့။ TOEFL ရလဒ် တစ်ခု မရှိပဲနဲ့တော့ အမေရိကန်က ကျောင်းတွေ လက်ခံလေ့ မရှိပါဘူး။ ဒါကြောင့် ၁၀တန်း ပြီးသွားတာနဲ့ အဆင်သင့် ဖြစ်ဖို့ TOEFL သင်တန်းတွေ လိုက်တက်ပါ။ ရန်ကုန်မှာ စုံစမ်းလို့ ရပါတယ်။ ကျွန်တော် အကြံပေးချင်တဲ့ TOEFL သင်တန်းကတော့ ရန်ကုန်က Y.E.S ပါ။ TOEFL ကို ၃လ ၄လ လောက် သေသေချာချာ ပြင်ဆင် ပြီးပြီဆိုရင် စာမေးပွဲဖြေဖို့ပါ အစကထဲက ကြိုတင် စာရင်း သွင်းထားပါ။ စာရင်း သွင်းပေးတဲ့ နေရာတွေ ရှိပါတယ်။ သူက အွန်လိုင်းက Credit Card နဲ့ စာရင်း သွင်းရတာမို့ မြန်မာငွေ လက်ခံပြီး စာရင်းသွင်းပေးတဲ့ လူတွေ ဆီမှာ ကြိုပြီး သွင်းထားပါ။ စာမေးပွဲဖြေရင် ရလာဒ်က တစ်လ အတွင်း ရပါတယ်။ Paper Base စာရွက်နဲ့ စစ်ဆေးတဲ့ စာမေးပွဲမှာ အမှတ် ၆၀၀ ကျော်ဖို့ အရေးကြီးပါတယ်။

TOEFL Wavier - IELTSInternational English Language Testing System (IELTS) လို့ခေါ်တဲ့ အင်္ဂလန်၊ သြစတေးလျ တွေမှာ သုံးတဲ့ အင်္ဂလိပ်စာ စစ်ဆေးခြင်း စာမေးပွဲ အမျိုးအစားတစ်ခုကို ဖြေချင်တယ်၊ TOEFL မဖြေချင်ဘူး ဆိုရင်လည်း ကျောင်းတွေ တော်တော်များများမှာ IELTS ကို TOEFL အစား လက်ခံ ပေးပါတယ်။ ဒါပေမယ့် IELTS က TOEFL ထက် ပိုခက်တယ်လို့ ပြောလို့ရပါတယ်။ အမှန်ရွေးအစား ကွက်လပ်ဖြည့်တာတွေ ပါတယ်။ ပြီးတော့ Speaking Test လည်း ပါတယ်။ တစ်ချို့လူတွေက British Concil မှာ အတန်းတွေ တက်ထားတော့ သူတို့ IELTS ပါ ဖြေရတာ လွယ်ကူတယ်။ ဒါကြောင့် TOEFL ကို ထပ်မလုပ်တော့ပဲ IELTS ပဲ ဖြေလိုက်တယ်။ ကျောင်းလျှောက်တော့လည်း တစ်ခါထဲ IELTS နဲ့ပဲ လျှောက်ကြတယ်။

SAT
ပြီးတော့ SAT (Scholastic Aptitude Test) ဒါက ဘာသာရပ်တွေ စစ်ဆေးတဲ့ စာမေးပွဲပါ။ SAT-I နဲ့ SAT-II ဆိုပြီး နှစ်မျိုးရှိတယ်။ အမေရိကန်က ကျောင်းတွေမှာ Scholarship လိုချင်ရင် ဒီနှစ်ခုလုံး ဖြေသင့်တဲ့ စာမေးပွဲတွေပါ။ SAT-I က အင်္ဂလိပ်စာနဲ့ သခ်ျာ နှစ်ခုပဲ ရှိတယ်။ သခ်ျာကတော့ ၁၀တန်း အခြေခံ ကောင်းကောင်းရှိထားရင် မြန်မာ ကျောင်းသား တွေ အတွက် တော်တော် လွယ်ပါတယ်။ အင်္ဂလိပ်စာကတော့ အရမ်းကို ခက်ခဲပြီး သေချာ ပြင်ဆင်ရပါတယ်။ စကားလုံးတွေ အလုံး ၃၀၀၀ လောက် ကျက်မှတ်ရပါတယ်။ သူ့ကို ပြင်ဆင် ပေးတဲ့ သင်တန်းတွေ လည်း ရှိပါတယ်။ ရန်ကုန်မှာဆိုရင် Y.E.S ကို အကြံပေးချင်ပါတယ်။ SAT-II က Chemistry, Physics, Math, Biology ဆိုပြီး မြန်မာပြည်က လူတွေ အဓိက ဖြေကြတဲ့ ဘာသာရပ် လေးမျိုးရှိပါတယ်။ သူက နှစ်ခု ဖြေရင် ရပါပြီ။ ၁၀တန်း အခြေခံရှိထားရင် အရမ်း အဆင်ပြေပါတယ်။ ဒါပေမယ့် သူက အဓိက အထဲပိုင်း အတွင်းပိုင်းကို ပိုပြီး နက်နဲတဲ့ မေးခွန်းလေးတွေ မေးတာဆိုတော့ သေချာ နားလည် ထားဖို့ လိုပါတယ်။ SAT-I, SAT-II, TOEFL ဒီစာမေးပွဲတွေ အားလုံးက အမှန်တစ်ခုရွေး (Multiple Choices) မေးခွန်းတွေပါ။ A B C D E ထဲက အမှန်တစ်ခုကို ရွေးပြီး ၀ိုင်းပေးရတာပါ။ SAT-I နဲ့ SAT-II ကိုတော့ ပြင်ဆင်ရင် ၆လ ကနေ ၁နှစ် အတွင်း ကြာနိုင်ပါတယ်။ သူတို့ကို စာမေးပွဲဖြေရင်လည်း တစ်ခါထဲနဲ့ အမှတ် မကောင်းနိုင်ပါဘူး။ နှစ်ခါ လောက် ဖြေရင် ပို အဆင်ပြေတယ်။ စာမေးပွဲ စာရင်းသွင်းရင်လည်း အပေါ်က TOEFL လိုပဲ ရန်ကုန်မှာ သွင်းပေးတဲ့ လူတွေ ရှိပါတယ်။SAT စာမေးပွဲတွေက Scholarship ကို အဓိက စဉ်းစားပေးဖို့ ရည်ရွယ်ထားတဲ့ စာမေးပွဲတွေပါ။ Full Scholar တို့ ဘာတို့ ရရင် ကိုယ့်ဘက်ကနေ တစ်ပြား တစ်ကျပ်မှ စိုက်ထည့် စရာမလိုပဲ ကျောင်းတွေက အားလုံး တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ နေစရိတ် စားစရိတ် အားလုံးကို ပေးစရာ မလိုပဲ ကျောင်းလာတက်ရမှာပါ။ ဒါပေမယ့် အဲ့ဒါ ရဖို့ အတွက် SAT စာမေးပွဲတွေ TOEFL စာမေးပွဲတွေ အမှတ်တွေ သေချာ ကောင်းထားဖို့ လိုအပ်ပါတယ်။Library & Tuition Placesရန်ကုန်မှာ နာမည်ကြီးတာတွေက American Center၊ British Concil တွေပါ။ သွားပေးပါ။ စာတွေ ဖတ်ပါ။ လေ့လာပါ။ အသင်းဝင်ထားပါ။ အဲ့ဒီမှာ လူတွေ အားလုံးကလည်း နိုင်ငံခြား မှာ စာသွားဖတ်ဖို့ ပြင်ဆင်နေတဲ့ လူတွေပါ။ သူငယ်ချင်းတွေ ရမှာပါ။ အကြံကောင်းတွေလည်း ရှိမှာပါ။ American Center မှာ စာလုပ်လို့ ရတဲ့ နေရာတွေလည်း ရှိတယ်။ ပစ္စည်းတွေလည်း ရှိတယ်။ ပြင်ဆင်ဖို့ အဆင်ပြေပါတယ်။ သင်တန်းတွေလည်း ရှိပါတယ်။ ပြီးတော့ ICE Youth ဆိုတဲ့ စာကြည့်တိုက်လည်း ရှိပါတယ်။စာမေးပွဲတွေ တက်ဖို့ ကျူရှင်တွေ ယူတော့မယ်ဆိုရင် အကြံပေးချင်တဲ့ နေရာတွေကတော့TOEFL - Y.E.S Learning Center, American CenterSAT-I English - Y.E.S Learning Center ဦးမြင့်အောင်SAT-I Math, SAT-II Math - ဦးသောင်းထွတ် မဟာမြိုင်ဆေးရုံအနီးSAT-II Physics - ဦးသိန်းဆွေ (၆လမ်း)SAT-II Chemistry, Biology - ဒေါ်စောမြင့် မြေနီကုန်း

Applying Stage
ဒီလို စာမေးပွဲတွေ အတွက်ကို ပြင်ဆင်နေတုန်း မှာပဲ တစ်ဖက် က ကိုယ်တက်ချင်တဲ့ ကျောင်းတွေကို ရှာဖွေထားပါ။ ရန်ကုန်က ဒဂုံမြို့နယ်က American Center မှာ Member ၀င်ထားပါ။ စာကြည့်တိုက်ကို သုံးပေးပါ။ အမေရိကန်က ကျောင်းတွေ အကြောင်း စာအုပ်တွေ အများကြီး ရှိပါတယ်။ သေချာ ရှာဖွေလို့ ရပါတယ်။ ကျောင်းတွေကို လျှောက်ရင် ၁၀ ကျောင်း လောက် အနည်းဆုံး လျှောက်ရင် စိတ်ချရပါတယ်။ အကောင်းတွေထဲက ၃ခုလောက်၊ အလယ် အလတ် ထဲက ၃ခုလောက်၊ သိပ်မကောင်းတာတွေထဲက ၃ခုလောက်၊ အစရှိသလို သေချာ အစီအစဉ်ချပြီး လျှောက်ပေးပါ။ ကျောင်းတွေကို ရွေးချယ်တဲ့ အခါမှာ သေချာ ဂရုတစိုက် ရွေးပေးပါ။ အင်တာနက် ပေါ်တက်ပြီး Google မှာ United States Undergraduate Colleges ဆိုပြီး ရိုက်ထည့် လိုက်ရင် အများကြီး တွေ့ဦးမှာပါ။ Scholarship ကို ပေးလား မပေးလား သေချာ လေ့လာပေးပါ။ အဓိက အရေးကြီးတာကတော့ ချမ်းသာတဲ့ ကျောင်းဆိုရင် ပို စိတ်ချရတယ်။ ဒါမှ Scholarship များများ ပေးနိုင်မယ်။ ကျောင်းတွေက အများအားဖြင့် Fall Semester (June) လောက်ကို တက်ဖို့ မှန်းပြီး လျှောက်တာဆိုတော့ ၂၀၁၀ June အတွက် ၂၀၀၉ အောက်တိုဘာ နိုဝင်ဘာ လ မှာထဲက အပြီး လျှောက်ရတယ်။ နောက်ကျလို့ မရဘူး။ ဒါပေမယ့် ရက်တွေက ကျောင်းတစ်ကျောင်းဆီချင်း အနည်းငယ်ဆီ ကွာခြားပါတယ်။

Volunteering Experience & Working Experience
ဒီလိုမျိုး အများတကာကို အကျိုးဖြစ်စေမယ့် အလုပ်တွေ၊ ပိုက်ဆံမရပဲနဲ့ ကူညီပေးရတဲ့ အလုပ်တွေက ကျောင်းလျှောက်ရင် အရေးပါတဲ့ အလုပ်တစ်ခုပါ။ ဥပမာ - ရွာတွေ သွားပြီး ကလေးငယ်တွေကို စာတွေ သင်ပေးမယ်၊ တစ်ပတ်ကို တစ်ခါလောက်ပေါ့၊ အပတ်တိုင်း သွားပေးပေါ့။ ပြီးတော့ ကိုယ်က Biology နဲ့ ဆိုင်တဲ့ စာတွေ ဖတ်ချင်တယ်ဆိုရင် Red Cross တို့ Save The Children တို့ အစရှိတဲ့ အဖွဲ့အစည်းတွေမှာ လုပ်အား ပေးလို့ရတယ်။ ဒါမှမဟုတ် ဆေးခန်းတွေမှာ ဆရာဝန်တွေကို ကူညီပေးပေါ့။ အမေရိကန် နိုင်ငံက ဒီလို Volunteering အလုပ်တွေကို အရမ်း အားထားတဲ့ နိုင်ငံတစ်ခုပါ။ စာတော်ပြီး အမှတ်ကောင်းရမယ့် အပြင် တစ်ဖက်က ကျောင်းလက်ခံဖို့၊ Scholarship ပေးဖို့ စဉ်းစားတော့မယ်ဆိုရင် ဒီလို Volunteering Experience တွေကိုလည်း ကြည့်ပါတယ်။ Working Experience ဆိုတဲ့ အလုပ် အတွေ့အကြုံကလည်း အရေးပါတယ်။ အဓိက ကိုယ့်ဖတ်မယ့် ဘာသာနဲ့ ဆိုင်တဲ့ နေရာတွေမှာ အမှန်တကယ် ကွင်းဆင်းပြီး လုပ်ထားဖို့ပါ။ ခုနက ဆေးပညာဆိုရင် ဆေးပညာနဲ့ ဆိုင်တဲ့ နယ်ပယ်တွေမှာ လုပ်ထားပေါ့။ ဒီလို လုပ်အားပေးတာနဲ့ အလုပ် အတွေ့အကြုံတွေက မရှိမဖြစ် လိုအပ်တဲ့ အချက်တွေ မဟုတ်ပေမယ့် အရေးတော့ ပါပါတယ်။
နောက်ဆုံး မှာချင်တာတွေ -
American Center မှာ Member ၀င်ပါ။
* ကျောင်းတွေကို အစောကြီးကထဲက ကြိုရှာထားပါ။
* သင်တန်းတွေ သေချာတက်ပြီး ပြင်ဆင်ထားပါ။
* စာမေးပွဲတွေကို အမှတ်ကောင်းအောင် လုပ်ပါ။
* တစ်နှစ် နှစ်နှစ်လောက် သေချာ အားထုတ်ပေးပါ။
* မသိရင် မေးပါ။ ဆရာတွေကို မေးပါ။ သိတဲ့လူတွေကို မေးပါ။
* English Skills ကို တိုးတက်အောင် အားထုတ်ပါ။

I admit that the source is copied from myhome16.com. and thanks for any info....

Wednesday, February 18, 2009

အခမဲ့အင်တာနက်သင်တန်းဖွင့်လှစ် ( Free Internet Training)






ဒီနေ့ မြောက်ဒဂုံမြို့သစ်က Hero Cyber Cafe မှာ အခမဲ့ အင်တာနက် အသုံးပြုနည်း သင်တန်းကို ဖွင့်လှစ်သင်ကြား ပေးခဲ့ပါတယ်။ ဒီသင်တန်းကို ကိုဇော်ဇော်နဲ့ isme group ကနေ အခမဲ့ ဖွင့်လှစ်သင်ကြားပေးတာ ဖြစ်ပါတယ်။ သင်တန်းရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ယနေ့ လူငယ်တွေဟာ အင်တာနက်ကို အသုံးပြုနေကြ ပေမယ့် အများအားဖြင့် သေချာ မသုံးတတ်ကြသေး သူတွေများပါတယ်။ ဒီတော့ သူတို့ကို အင်တာနက်မှာ Search Engine ကို နိုင်နင်းစွာ အသုံးပြုနည်းတွေ၊ အင်တာနက် ၀က်ဘ်ဆိုက်တွေ ပေါ်ကနေ ဒါမှမဟုတ် ၀ီကီတွေကနေ မိမိလိုချင်တဲ့ အချက်အလက်တွေကို ဘယ်လို တူးဆွ ရမလဲ ဆိုတာတွေ် တတ်သလောက် သင်ပေးသွားမှာပါ။ သင်တန်းက ၅ရက်သင်တန်းပါ..။ ငါးရက်ထဲနဲ့ ပြည့်စုံမယ်လို့တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့ သင်ပေးလိုက်တဲ့ သင်တန်းသားတွေထဲက ရာခိုင်နှုန်းအနည်း အားဖြင့် သူတို့ ခေါင်းထဲမှာ အော် အင်တာနက်မှာ ဒီလို အဖိုးတန်အကြောင်း အရာတွေကို ရယူနိုင်ပါသေးလား၊ ဒီလို အခွင့်အလမ်းတွေကို ရှာဖွေနိုင်ပါလား ဆိုတာ သိသွားရင် သူတို့ကနေ တဆင့် ပြီးတဆင့် လက်ဆင့်ကမ်းပေး နိုင်မယ် ဆိုရင် (အနည်းဆုံး သူ့သူငယ်ချင်းတွေကို ပြန်လမ်းညွှန်ပြ ပေးနိုင်မယ် ဆိုရင်) ကျွန်တော်တို့ အခမဲ့ သင်ရကျိုး နပ်ပါပြီ။ နောက်များမှာလဲ အလျင်းသင့်သလို ဖွင့်သွားဖို့ ရှိပါတယ်။ ကိုယ်တိုင် ဆရာလုပ်ကြည့်မှ ပီတိကို စား အားရှိတယ် ဆိုတဲ့ စကားရဲ့ အနှစ်သာရ ကို သိတော့တယ်ဗျာ။ ကိုယ့်လူတို့လဲ မိမိပတ်ဝန်းကျင်လေး တိုးတက်အောင် အုပ်တချပ် သဲတပွင့် ပါဝင် ကူညီနိုင်ကြပါစေ ရှင်။



source by My TLMS....



US warned on Taiwan arms

CHINA'S military yesterday urged the new US administration to remove barriers to bilateral military relations and referred to Beijing's displeasure over Washington's arms sales to Taiwan."Facing the current difficulties in military relations, we call for the United States to take concrete measures to remove the obstacles," Defense Ministry spokesman Hu Changming said at a news conference announcing the release of a major white paper on national defense. The conference was held in Beijing hours before Barack Obama was sworn in as the new US president.
Also yesterday, the Foreign Ministry spokeswoman said China pledged to work with America to promote the development of constructive relations, while she also warned Washington about arms sales to Taiwan."Sino-US relations are at an important stage where they inherit from the past and usher in the future. Sound and growing relations not only support the fundamental interests of the two peoples but will also be conducive to world peace, stability and development," Foreign Ministry spokeswoman Jiang Yu said at a regular press conference.China-US military ties were strained after the Pentagon announced a US$6.5 billion arms deal with Taiwan in October. The deal included 30 Apache attack helicopters and 330 Patriot missiles.It was the biggest arms sale to Taiwan since China and the US signed a 1982 communique in which Washington agreed to gradually reduce its arms deals with Taiwan.The white paper criticized the US for continuing to "sell arms to Taiwan in violation of the principles established in all three Sino-US joint communiques, "causing serious harm to Sino-US relations as well as peace and stability across the Taiwan Strait."Military contacts between the two countries were active and fruitful before the Taiwan arms sale, Chinese military officers said. In addition to frequent exchanges at various levels, the two defense departments had set up hotlines, and military officials held bilateral strategic talks for the first time last year.In December, US Deputy Assistant Secretary of Defense David Sedney traveled to Beijing to try to mend strained military ties, but his visit didn't produce results.During a visit to Beijing early this month, outgoing US Deputy Secretary of State John Negroponte met with General Ma Xiaotian to discuss ways to resume bilateral military exchanges.Hu said China values its military relations with the US."President-elect Obama will take office in a few hours, and the current US Defense Secretary, Robert Gates, will keep his post," he said. "In the new era, I expect the two sides to make joint efforts to create conditions for the continuous improvement and development of bilateral military ties."Three decades of China-US ties have proved that military relations enjoy a solid political foundation only when each other's core interests are respected," he said.

Monday, February 16, 2009

have to wait 9 month for recovery??? ကိုးလလောက်တော.စောင်.ကြည်.ရမယ်




ခြင်္သေ.ကျွန်းကိုဖန်တီးခဲ.သူသက်ရှိရာဇ၀င်( Living Legend ) လို.ဆိုနိုင်တဲ.ဘဘလီ

ယနေ.ကမ္ဘာနှင်.အ၀ှမ်းပြန်.နှံ.ခံစားနေကြရသောစီးပွားရေးအကြပ်အတည်းမှလွတ်မြောက် နိုင်ရေးအတွက် မေရိကန်သမ္မတသစ် အိုဘားမားကိုယ်တိုင်ဦးဆောင်၍ဖြေရှင်းနိုင်ရန်ကြိုးပမ်း နေကြသည်ကိုအားလုံးအသိပင်ဖြစ်သည်။ သို.သော်အခြေအနေ များတိုးတက်ကောင်းမွန်လာ

အောင်သမ္မအိုဘားမားရဲ.စီမံကိန်းကစွမ်းဆောင်နိုင်ရန်အချိန်ဘယ်လောက်ကြာမည်နည်း ?။ထိုမေးခွန်းရဲ.အဖြေအတွက်ကာယကံရှင်ကမည်သို.ဆိုသည်ကိုမသိရသေးသော်လည်းအာရှတိုက်ရဲ.နိုင်ငံပြုသုခမိန်ကြီးခြင်္သေ.ကျွမ်းမှဘဘလီ(လီကွမ်ယူ) ကတော.အချိန်ကာလအနေနဲ.ကိုးလခန်.တော.စောင်.ကြည်.ရဦးမည်ဟုဟောကိန်းထုတ်လိုက်ပါသည်။မစ္စတာလီကွမ်ယူကအခုဖြစ်နေတဲ.စီးပွားရေးဆုတ်ယုတ်မှုဟာကိုးလလောက်တော.ကြာနိုင်တယ်ဆိုတာသိသာပါတယ်လို.ပြောဆိုလိုက်ပါသည်။တစ်ဆက်တည်းမှာပဲသူကမျိုးဆက်သစ်လူငယ်ခေါင်းဆောင်တွေအနေနဲ.အခုလိုအခက်အခဲအကျပ်အတည်းနဲ.ရင်ဆိုင်ရတဲ.အခါဟိုယခင်အနှစ်လေးဆယ်ကသူတို.ခေတ်တုံးကလိုပဲပိုမိုကြံ.ခိုင်စွမ်းဆောင်လာနိုင်ဖို.တိုက်တွန်းသွားပါတယ်။သူ.ရဲ. Tanjong Pagar မဲဆန္ဒနယ်ရဲ.တရုတ်နှစ်သစ်ကူးညစာစားပွဲမှာသူကပြောကြားရာမှာအမေရိကန်စီးပွားရေးဟာအဆိုးဆုံးအခြေအနေကနေလွန်မြောက်လာမယ်.ရည်ညွန်းချက်တွေတွေ.နိုင်ပါတယ်။ကံကောင်းထောက်မယင် ၂၀၀၉ ခုနှစ်အကုန်ဒါမှမဟုတ် ၂၀၁၀နှစ်ဦးပိုင်းမှာအမေရိကန်စီးပွားရေးဦးမော.လာနိုင်ပါတယ်လို.ဆိုလိုက်ပါသည်။စင်္ကာပူနိုင်ငံအနေနဲ.အမေရိကန်ကိုလုံးဝမမှီခိုတော.ဘူးလို.ဆိုခဲ.ပေမယ်.လွန်ခဲ.တဲ.နှစ်ဦးပိုင်းကအစိုးရခေါင်းဆောင်ပိုင်းအနေနဲ.တရုတ်နှင်.အိန္ဒိ.နိုင်ငံတို.ရဲ.တိုးတက်မှုကစီးပွားရေးကျဆင်းမှုကိုသက်သာရာရစေနိုင်လိမ်.မယ်လို.ခန်.မှန်းချက်တွပျက်သုန်းခဲ.ပြီးမစ္စတာလီကွမ်ယူကသောကြာနေ.ကတော.စင်္ကာပူအနေနဲ.အဆိုပါနိုင်ငံတွေရဲ.ဖွံ.ဖြိုးတိုးတက်မှုကအနည်းငယ်အကျိုးသက်ရောက်မှုခံစားနိုင်ပေမယ်.အမေရိကန်နိုင်ငံလိုတော.လုံးဝပြန်လည်ထူထောင်လာအောင်စွမ်းဆောင်စေနိုင်မှာမဟုတ်ပါဘူးလို.တင်ပြခဲ.ပါသည်။အမေရိကန်နိုင်ငံရဲ.ထင်ရှားတဲ.စီးပွားရေးပညာရှင်များကတော.သမ္မတအိုဘားမားရဲ.ဘဏ္ဍာရေးဆိုင်ရာမူဝါဒတွေဟာအမေရိကန်စီးပွားရေးကိုပြန်လည်ရှင်သန်လာဖို.သံသယရှိနေခဲ.ပြီးမစ္စတာလီကွမ်ယူကလည်းစင်္ကာပူရဲ.စီးပွားရေးပြန်လည်ရှင်သန်ရေးစီမံကိန်းကိုလည်ဒီနှစ်ကုန်မှာပြန်လည်သုံးသပ်ပြင်ဆင်ရမယ်လို.ဆိုလိုက်ပါသည်။စင်္ကာပူနိုင်ငံသားများနဲ.အစိုးရကတော.စိုးရိမ်ကြောက်ရွံ.ခြင်းမရှိပါဘူးလို.သူကထပ်လောင်းပြောကြားခဲ.ပြီးစီးပွားရေးကျဆင်းမှုဟာနှစ်ပေါင်းများစွာဆက်တိုက်ဖြစ်ခဲ.ယင်တောင်မှစင်္ကာပူနိုင်ငံမှာအဲဒီအခက်အခဲကိုကျော်လွှားရှင်သန်လွတ်မြောက်နိုင်ဖို.အရင်းအမြစ်တွေရှိပါတယ်လို.ဆိုပါတယ်။”ယခုအခါမှာတော.အစိုးရရဲ.ရင်းနှီးမြုပ်နှံမှုမူဝါဒတွေဟာအကြီးအကျယ်ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပေမယ်.အဲဒီရင်းနှီးမြုပ်နှံမှုတွေဟာနောင် ၁၀နှစ်၊၁၅နှစ်၊အနှစ်၂၀အထိရည်ရွယ်ပြီးလုပ်ထားတာပါ။ကျွန်တော်တို.ဒီစီးပွားရေးဒုက္ခပင်လယ်လှိုင်းဒဏ်ကိုကျော်လွှားလွန်မြောက်နိုင်မှာပါ။စီးပွားရေးပြန်လည်ဦးမော.လာတာနဲ.အမျှဒီရှယ်ရာဈေးတွေပြန်တက်လာမှာပါ”“---------လို.သူကပြောလိုက်ပါတယ်။မစ္စတာလီဟာယခုသီတင်းပတ်အတွင်းအစိုးရကကြေငြာခဲ.တဲ.ဘဏ္ဍာရေးဆိုင်ရာစီမံချက်များစွာကိုလည်းယုံကြည်ကြောင်းထောက်ခံခဲ.ပါတယ်။အဲဒီစီမံကိန်းထဲမှာစီးပွားရေးအခက်အခဲကာလမှာအလုပ်လုပ်ကိုင်ခွင်.တွေမပျက်စီးစေနိုင်တဲ.လုပ်ငန်းခွင်အမှတ်ပေးစီမံကိန်းလိုထူးထူးခြားခြားမူဝါဒတွေပါဝင်ပါတယ်။တစ်ချို.လွတ်တော်အမတ်တွေကလူတိုင်းကိုစင်္ကာပူဒေါ်လာ၃၀၀ ထုတ်ပေးပြီးအရောင်းအ၀ယ်ဈေးကွက်ကိုတွန်းအားပေးရမယ်လို.ပြောနေတာဟာသူတို.လက်ရှိအခြေအနေကိုခြုံငုံသုံးသပ်နားလည်နိုင်စွမ်းမရှိတာကိုပြသနေတာလို.သူကဆိုပါတယ်။”ကျွန်တော်တော.သူတို.ကိုစီးပွားရေးအခြေခံသဘောတရားရေးရာသင်တန်းတွေပေးဖို.အရေးတကြီးလိုအပ်တယ်လို.တောင်ထင်ပါတယ်လို.သူကပြောလိုက်ပါတယ်။”စင်္ကာပူရဲ.လက်ရှိအနေအထားကဘယ်လိုလဲ၊ကမ္ဘာ.လက်ရှိအခြေအနေကဘယ်လိုလဲ၊ကျွန်တော်တို.ဟာလုပ်သားစွမ်းရည်ကိုအမှီပြုပြီးတစ်ကမ္ဘာလုံးအတွက်ကုန်ပစ္စည်းတွေထုတ်လုပ်နေတာ၊၀န်ဆောင်မှုတွေပေးနေတာဖြစ်ပါတယ် ” လို.သူကဆိုလိုက်ပါတယ်။”စင်္ကာပူဟာဂျပန်ကလွဲယင်တစ်ခြားအာရှတိုင်းပြည်များထက်သာပါတယ်။စင်္ကာပူလူငယ်မျိုးဆက်အနေနဲ.အခက်အခဲနဲ.တွေ.တဲ.အခါရဲရင်.စွာဆုံးဖြတ်နိုင်မှု၊ခွန်အားစွမ်းရည်အပြည်.ရှိပြီးပြန်လည်ထူထောင်နိုင်မယ်”လို.သူယုံကြည်ပါတယ်တဲ.။သူတို.ဟာစင်္ကာပူကိုစိမ်းလန်းစိုပြေစေမယ်.စီမံကိန်းသစ်တွေနဲ.အတူအာရှတိုက်ရဲ.အလှပဆုံးသက်ဝင်လှုပ်ရှားနေတဲ.မြို.အဖြစ်ဖန်တီးနိုင်ပါလိမ်.မယ်လို.သူကယုံကြည်ပါတယ်။”ဒါဟာယုံတမ်းစကားမဟုတ်ပါဘူး၊လက်ရှိစီးပွားရေးအခက်အခဲတွေကြားထဲကနေနောက်၅နှစ်၊၁၀နှစ်မှာတစ်ကယ်ဖြစ်အောင်အကောင်အထည်ဖော်ဆောင်ရွက်ရမှာဖြစ်ပါတယ်”လို.ဆိုပါတယ်။မစ္စတာလီကွမ်ယူကစင်္ကာပူနိုင်ငံသားများကိုရှေ.ခေတ်လူကြီးတွေရဲ.အလုပ်ကြိုးစားမှု၊စွမ်းရည်ပြည်.၀မှု၊တိုးတက်တီထွင်ကြံဆနိုင်မှုတို.ကိုအခြေခံပြီးနိုင်ငံကိုဆက်လက်တည်ဆောက်ဖို.အားပေးတိုက်တွန်းလိုက်ပြီး ” သင်တို.ဟာရဲရင်.တဲ.ခြင်္သေ.နှလုံးသားရှိတဲ.စွန်.စားတည်ထောင်သူတွေရဲ.အဆက်အနွယ်တွေဖြစ်တယ်။သင်တို.မှာအောင်မြင်အောင်စွမ်းဆောင်နိုင်မယ်.ခွန်အားသတ္တိတွေရှိတယ်။သင်တို.နဲ.ပါဝင်လာနေသူတွေကတော.ရိုးသားကြိုးစားပြီးအရည်အချင်းရှိတဲ.အရှေ.တောင်အာရှနိုင်ငံနှင်.တရုတ်၊အိန္ဒိယနိုင်ငံတို.မှလာရောက်ပြီးပြောင်းရွေ.အခြေချနေထိုင်လာသူတွေဖြစ်တယ်။သူတို.တွေနဲ.တို.အားလုံးပူးပေါင်းပြီးအောင်မြင်အောင်စွမ်းဆောင်နိုင်ရမယ်”လို.ဆိုလိုက်ပါတယ်။အဲဒါဆိုယင်တော.ကမ္ဘာကြီးဟာအခက်အခဲကလွတ်မြောက်လာပြီဆိုတာသိလာနိုင်မှာပါလို.သုခမိန်ဝန်ကြီးကဆိုလိုက်ကြောင်းပါခင်ဗျား...။အတိုက်အခံတွေကိုနလံမထူနိုင်အောင်နှိပ်ကွပ်တာနဲ.စင်္ကာပူနိုင်ငံသားများကိုနိုင်ငံရေးလှုပ်ရှားမှုတွေမှာမလှုပ်ရှားနိုင်အောင်ဖိနှိပ်ချူပ်ချယ်ထားတာကလွဲယင်မစ္စတာလီကွမ်ယူဟာကျွန်တော်သဘောအကျဆုံးအာရှတိုက်ရဲ.အလေးစားခံရဆုံးသက်ရှိနိုင်ငံရေးပညာရှင်ကြီးပါပဲ။ပြောရယင်ဒုတိယမြောက်သဘောကျတဲ.မလေးရှားကမဟာသီယာ( ကိုယ်.အာရှသားချင်းဆိုတော.ပိုသဘောကျမိတာပါ။ )တောင်သူ.လောက်မပါးနပ်ပါဘူး။ဒါကြောင်.လဲဘဘလီတို.ကယနေ.အထိပန်းပန်လျက်ပါပဲ။သူဘယ်လောက်ပဲလူ.အခွင်.အရေးတွေဖိနှိပ်ပါစေယနေ.စင်္ကာပူကိုလက်ရှိအခြေအနေဖြစ်အောင်လုပ်ပေးနိုင်ခဲ.တဲ.သူ.အရည်အချင်းကိုတော.အထင်တကြီးနဲ.အသိအမှတ်ပြုရမှာပါ။ကိုပီတာရဲ့ အတွေးပုံရိပ်http://kopeter.blogspot.com/2009/02/9-month-wait.html


Friday, February 13, 2009

ဒေါ်လာ ၁၀ တန်လက်ပ်တော့ပ်များ အိန္ဒိယတီထွင်ထုတ်လုပ်မည်



ချမ်းသာသူများနှင့် ဆင်းရဲသူများကြား ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှုတွင် ကွာဟမှုမရှိစေရန် အတွက် ရူပီး ၅၀၀ (ဒေါ်လာ ၁၀)တန် လက်ပ်တော့ပ်များကို အိန္ဒိယနိုင်ငံမှ တီထွင်ထုတ်လုပ်မည်ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် တန်ဖိုးနည်းပစ္စည်းများ တီထွင်ထုတ်လုပ်မှုနည်းပညာတွင် နာမည်ကောင်းရရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်က ကမ္ဘာပေါ်တွင် တန်ဖိုးအနည်းဆုံးကားကို တီထွင်နိုင်ခဲ့သည်။ 'သင်၏မျက်စိရှေ့မှာ'ဟု အဓိပ္ပာယ်ရသော ဆက်ခ်ရှတ်အမည်ရှိ တန်ဖိုးနည်းလက်ပ်တော့ပ်များကို ပညာရေးကဏ္ဍအတွက် အဓိကထားသုံးစွဲနိုင်ရန်တီထွင်ခဲ့ပြီး ကွန်ရက်ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊ သင်ခန်းစာသင်ယူခြင်းနှင့် လေ့ကျင့်ခန်းများကို လုပ်ကိုင်နိုင်မည်ဖြစ်သည်။

အန်ဒရာပရာဒေ့ရှ်တက္ကသိုလ်မှ ပရက်ဘ်ဟာကားရ်ရာအိုက ''ဆက်ခ်ရှတ်လက်ပ်တော့ပ်တွေကို မကြာခင်မှာဝယ်ယူရရှိနိုင်တော့မှာပါ။ အိန္ဒိယမှာ ဒီလိုမျိုးတန်ဖိုးနည်းဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲတွေရရှိနိုင်ဖို့ မျှော်လင့်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရှိတဲ့ ကျောင်းသားတွေအတွက် တန်ဖိုးနည်းလက်ပ်တော့ပ်တွေက အကျိုးရှိစေမှာပါ''ဟု ပြောကြားခဲ့သည်။ တန်ဖိုးနည်းလက်ပ်တော့ပ်များကို အိန္ဒိယရှိ ဗဲလ်လောရ် နည်းပညာသိပ္ပံ၊ ဘန်ဂလောရ်နှင့် မက်ဒရပ်စ်နည်းပညာသိပ္ပံများမှ ပညာရှင်များပူးပေါင်းပြီး တီထွင်ခဲ့ခြင်းဖြစ်သည်။

From Weekly-eleven

မျက်လုံး ၊ မျက်မှန် နဲ့  လူ



မျက်မှန် တတ်သင့် သူ နဲ့  မျက်စိ ရောဂါ ရနေတဲ့သူ မတူ ပါဘူး ။
မျက်စိ ရောဂါ ရနေတဲ့သူ က မျက် စိ က နာ လဲနာ ၀ါး လဲဝါး ပါတယ် ။
မျက်မှန် တတ်သင့် သူ က တော့ အမြင်ပဲ ၀ါး တယ် ၊ မနာပါဘူး ။

တချိုက မျက်မှန်(ပါဝါနဲ့ )တတ်ရင် တဖြည်းဖြည်းပါဝါတိုးတတ်ရတယ် လို့  ထင်ကြတယ် ။ မမှန်ပါဘူး။
မျက်စိဆရာဝန်ကြီး တယောက်က တော့ အခုလို ဥပမာပေးပါတယ်။ဖိနပ်စီးလို့ ခြေထောက်ပိုကြီးလာပြီး ဖိနပ်ပိုကြီးတာကို စီးစီးလာရတာ မဟုတ်သလိုမျိုး ပဲလို့  ဆိုပါတယ်။

မျက်လုံးဟာ သဘာဝက အဝေးကြည့်ပိုအားသန်အောင် လုပ်ပေးထားပါတယ် ။ခဏခဏ အဝေးကို ကြည့်ကြည့် ပေးသင့်ပါတယ်။ အဲဒိတော့ မျက်လုံးအနားပေးတဲ့ အနေနဲ့ အခုပဲ အဝေးကိုခဏ (at least 5 secconds )လောက် ကြည့်ပေးပါစို့ လား ။

source by Www.KoGyiThu.BlogSpot.Com

`စင်္ကာပူတွင် ပီအာရရေးအတွက် အပြိုင်အဆိုင်လျှောက်နေ`

စီးပွားရေးကျဆင်းနေကာ အလုပ်အကိုင်များ လျှော့ချနေသဖြင့် စင်္ကာပူတွင် အမြဲတမ်းနေထိုင်ခွင့် (၀ါ) ပီအာ (Permanent Residency) ရရေး အတွက် စင်္ကာပူတွင် အလုပ် လုပ်ကိုင်လျက်ရှိသော နိုင်ငံခြားသားများမှာ အပြိုင်အဆိုင် လျှောက်ထားနေကြကြောင်း သိရသည်။


နောက်တစ်နေ့တွင် ပီအာ လျှောက်ထားသည့် ပုံစံကို တင်နိုင်ရန် အတွက် တစ်ရက်ကြိုတင်ကာ ည ၁၁ နာရီခန့်ကပင် Lavender MRT အနီးရှိ လူဝင်မှုကြီးကြပ်ရေး အဆောက်အအုံတွင် အိန္ဒိယ၊ တရုတ်၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့မှ နိုင်ငံခြားသား အလုပ်သမားများ လာရောက်တန်းစီနေသည်ဟု ဆိုသည်။

ဇန်န၀ါရီလ ၂၄ ရက်နေ့ မနက် ၃ နာရီခန့်တွင် ထိုအဆောက်အအုံ ရှေ့၌ လူ ၁၀ ဦးထက် မနည်း တန်းစီနေကြသည်ဟု ဆိုသည်။ မနက် ၅ နာရီခွဲခန့်တွင် အဆိုပါ လူတန်းကြီးသည် လူ ၆၀ ခန့် ဖြစ်လာသည်။ မနက် ၈ နာရီခန့်တွင်မူ ထို တန်းစီနေသော လူများမှာ ၂၂၀ ခန့် အထိ များပြားလာခဲ့သည်။

ထိုသူများထဲမှ ၂၀ ဦးကို ကျပန်းရွေးချယ်၍ စစ်တမ်း ကောက်ယူခဲ့ရာ ၁၅ ဦးမှာ ပီအာ လျှောက်ထားရန် လာကြခြင်း ဖြစ်ပြီး ကျန်သူများမှာမူ အခြားဗီဇာကိစ္စများဖြင့် လာရောက်ကြခြင်း ဖြစ်သည်ဟု သိရသည်။

မနက် ၈ နာရီတိတိတွင် လူဝင်မှုကြီးကြပ်ရေးအဆောက်အအုံ တံခါးမကြီးကို ဖွင့်လိုက်သည်နှင့် ပီအာလျှောက်ထားလိုသူများသည် ထိုအဆောက်အအုံအတွင်း အလုအယက် ၀င်ရောက်ကာ ၅ ထပ်ရှိ PR Service Centre သို့ သွားရောက်၍ လျှောက်လွှာတင်ရန် စောင့်ဆိုင်းရမည့် လက်မှတ် (Queue Ticket) များကို အပြေးအလွှား ရယူကြလေသည်။

စထရိတ်တိုမ်းမ်သတင်းစာမှ နေ၍ ဇန်န၀ါရီလ ၂ ရက်၊ ၇ ရက်နှင့် ၂၄ ရက်နေ့များတွင် အသီးသီး သွားရောက်လေ့လာခဲ့ရာ ပီအာ လျှောက်လွှာတင်ရန် စောင့်ဆိုင်းရမည့်လက်မှတ်များမှာ ၁၅ မိနစ်အတွင်း ကုန်သွားကြောင်း တွေ့ရှိရသည်။

လူဝင်မှုကြီးကြပ်ရေးအဆောက်အအုံ အနီးရှိ သတင်းစာရောင်းသူတစ်ဦးက ထိုသို့ ကြိုတင်စီတန်းစောင့်ဆိုင်းနေမှုမှာ လွန်ခဲ့သည့် တစ်နှစ်ခန့်က စတင်ခဲ့သော်လည်း ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်ကာ တဖြည်းဖြည်း ပိုမို များပြားလာကြောင်း ပြောဆိုခဲ့သည်။ သူမက ဆက်လက်၍ “အရင်ကဆို မနက် ၆ နာရီလောက်မှာ လူ နည်းနည်းပဲ ရှိသေးတယ်။ အခုဆို အရင်ကထက် အများကြီး ပိုလာပြီ။ မနက် ၂ နာရီလောက်ကတည်းက လူတွေ တဖြည်းဖြည်း များလာတာ” ဟု ပြောဆိုခဲ့သည်။

အလုပ်သမားဆိုင်ရာ လေ့လာအကဲခတ်သူများက စင်္ကာပူ၏ စီးပွားရေးကျဆင်းနေသဖြင့် နိုင်ငံခြားသား အလုပ်သမားများမှာ အလုပ် မရှိတော့လျှင်လည်း ဆက်လက် နေထိုင်၍ အလုပ်အကိုင်သစ်များ ရှာဖွေနိုင်ရန် သေချာမှုတစ်ခုကို လိုချင်၍ ထိုသို့ ပီအားရရေးအတွက် အပြိုင်အဆိုင် လျှောက်ထားနေကြခြင်း ဖြစ်သည်ဟု သုံးသပ်ပြောဆိုသည်။

Employment Pass ၊ S-pass နှင့် Work Permit ကိုင်ဆောင်ထားသူ အလုပ်သမားများသည် အလုပ်မှ ထုတ်ပယ်ခြင်း ခံရပါက စင်္ကာပူတွင် ၇ ရက်မှ ၁၄ ရက်အထိသာ ဆက်လက် နေထိုင်ခွင့် ရှိသည်။ Personalised Employment Pass ကို ကိုင်ဆောင်ထားသူများမှာမူ ၆ လ အထိ အလုပ်အကိုင် မရှိဘဲ နေထိုင်နိုင်သည်။ ပီအာများမှာမူ နေထိုင်ခွင့် (re-entry permit) သက်တမ်း မကုန်ဆုံးသရွေ့ နေထိုင်နိုင်သည်။

တန်းစီ စောင့်ဆိုင်းနေသူ အများစုသည် ပီအာ လျှောက်ထားရန် အတွက် လူဝင်မှုကြီးကြပ်ရေးဌာန၏ အင်တာနက်စာမျက်နှာရှိ e-appointment စနစ်မှ တဆင့် စောင့်ဆိုင်းရမည့်လက်မှတ်ကို ရယူနိုင်သည်ကို သိသော်လည်း ၎င်းအတွက် အချိန်ကြာမြင့်စွာ မစောင့်နိုင်ကြသောကြောင့် ထိုကဲ့သို့ လူကိုယ်တိုင် လာရောက်တန်းစီကြခြင်း ဖြစ်သည်။ အင်တာနက်မှ တဆင့် ရယူမည်ဆိုလျှင် ဇန်န၀ါရီလတွင် appointment ယူမည်ဆိုပါက မတ်လခန့်မှသာ ပီအာ လျှောက်ထားနိုင်မည် ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလအထိ စင်္ကာပူတွင် ပီအာ စုစုပေါင်း ၄၇၈,၀၀၀ ဦး နေထိုင်လျက် ရှိသည်။


Source & Photo: The Straits Times
Copy from Thanlwin.com and thanks!

တီပီ မြန်မာ သင်္ကြန် ၂၀၀၉ (TPMyanmar Thingyan 2009)

အစဉ်အလာရှိခဲ့တဲ့ ကျမတို့ တီပီကျောင်းသား ကျောင်းသူတွေ ပြုလုပ်တဲ့.. တီပီမြန်မာ သင်္ကြန် ၂၀၀၉ အတွက် လာပါပြီ... ဒီနှစ်မှာတော့ ကျမတို့ ကျောင်းငွေ့ကျောင်းသက်လေးနဲ့ အတူ သမရိုးကျအတိုင်း တန်းပနိမှာရှိတဲ့.. တီပီကျောင်းရဲ့ အော်ဒီ အမှတ် ၁မှာပဲ ကျင်းပမှာဖြစ်ပါတယ်...

တီပီမြန်မာ ကျောင်းသားများ သင်္ကြန် ဟာ ယခုဆိုရင် ၁၁ကြိမ်မြောက်ဖြစ်ပါတယ်.. ယခင့် ယခင်တွေကတည်းက တီပီမြန်မာ သင်္ကြန်ကျောင်းသား ကျောင်းသူများရဲ့ ဖျော်ဖြေမှုတွေဟာ ဘယ်တော့မှ အားမလျော့ခဲ့တဲ့အပြင်.. ၂၀၀၅ ခုနှစ် သင်္ကြန်ကတော့ ၂နှစ်စာ ပေါင်း (၂၀၀၄ တွင် ဆားစ်ရောဂါဖြစ်ပွားမှုကြောင့် ပြုလုပ်ခွင့် မရခဲ့) ပြုလုပ်ခဲ့သည့် သင်္ကြန်က စကာင်္ပူနှင့် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာအရပ်ရပ်က မြန်မာများအသိပင်ဖြစ်တော့ပေသည်...
ဂျူနီယာနှင့် စီနီယာ စည်းစည်းလုံးလုံး ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြင့် အကောင်းဆုံးဖြစ်ရန် တူညီသော ဦးတည်ချက်ဖြင့် နှစ်စဉ် နှစ်တိုင်း ဆောင်ရွက်ခဲ့ကြသော တီပီသင်္ကြန်..
၂၀၀၉ တွင် ရော.. ဘယ်လိုတင်ဆက်မှုပေးဦးမလဲ ဆိုတာကို စိတ်ဝင်စားစွာ စောင့်စားရင်း သတင်းကောင်းပါအပ်ပါတယ်..
လက်မှတ်များကို စတင်ရောင်းချနေပါပြီ...

နေ့ရက် - ၁၄ ရက် မတ်လ ၂၀၀၉
နေရာ - Temasek Polytechnic (Auditorium 1)
လက်မှတ် တန်ဖိုး - တစ်စောင်လျှင် S$ ၁၀ (ညစာ တည့်ခင်း ဧည့်ခံမည်)

အောက်ပါလူများကို ဆက်သွယ်၍ဖြစ်စေ အောက်ပါနေရာတွင်ဖြစ်စေ သွားရောက်ဝယ်ယူနိုင်သည်...
1) 92386787 (THET SWE)
2) 90622736 (THAN HTIKE SOE)
3) 91855529 (YE THIHA)
3) TRI COLOUR (PENINSULA PLAZA 5th FLOOR)

NEWS Source : http://www.tpmyanmar.org/
TP Myanmar Motto
We are a symbol of Unity

Thursday, February 12, 2009

အင်တာနက် ကမ္ဘာဦး၊ ကွန်ယက် စာမျက်နှာများ ၏ မူလ နှင့် ၀ဘ်ဘလော့ဂ်တို့ သမိုင်း



၁၉၉၁ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့၊ CERN အဖွဲ့ကြီးကနေ ပြင်သစ်နှင့် ဆွစ်ဇာလန် နှစ်နိုင်ကြား နယ်စပ် တစ်နေရာမှာ World Wide Web အမည်ရတဲ့ ကမ္ဘာလုံး ဆိုင်ရာ ကွန်ပြူတာများ အချင်းချင်း ကွန်ယက် သဖွယ် ချိတ်ဆက် အသုံးပြုနိုင်သော Project တစ်ခုကို၊ အင်္ဂလိပ်လူမျိုး ပညာရှင် Tim Berners-Lee ရဲ့ ကမ္ဘာ့ပထမဆုံး World Wide Web စာမျက်နှာ တစ်ခုနှင့် အတူ လူထုထံ စတင် မိတ်ဆက် ခဲ့ပြီးနောက် ၁၉၈၅ ခုနှစ်မှာ National Science Foundation (United State) ကောင်းမှုနဲ့ စတင် သန္ဓေတည်ခဲ့တဲ့ TCP/IP သုံး ကွန်ယက် စနစ် ဟာ Internet ဆိုသော ကမ္ဘာလုံးဆိုင်ရာ ကွန်ယက် စနစ်ကြီးတစ်ခု အဖြစ် မည်သူမဆို ၀င်ရောက် ချိတ်ဆက် အသုံးပြုနိုင်သော၊ သတင်းစာ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့ ပြီးနောက် စတုတ္ထမြောက် သတင်းနှင့် ပြန်ကြားရေး နည်းပညာ ရပ်ဝန်း တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့ပြီး ယနေ့ခေတ် အခါမှာတော့ အလွန်အမင်း လျင်မြန်စွာ ပေါက်ကွဲ ကြီးထွား လျက်ရှိသော ကွန်ယက်ကြီး တစ်ခု အဖြစ် သာမကပဲ ကွန်ပြူတာများ၊ Mobile Devices များမှာပါ ၀င်ရောက် ချိတ်ဆက် အသုံးပြု နိုင်သော မရှိမဖြစ် ဆက်သွယ်ရေး ကြားခံနယ် တစ်ခု ဖြစ်လာပါတယ်။





Internet World Stats ရဲ့ ၂၀၀၈ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ ကောက်ယူ ခဲ့တဲ့ စစ်တမ်း တစ်ရပ်အရ ယနေ့ အင်တာနက် ကမ္ဘာမှာ အသုံးပြုသူ ဦးရေ ၁.၄၀၇ ဘီလီယံ ရှိသွားပြီ လို့ဆိုပါတယ်။

အင်တာနက် ခေတ်ဦးကာလက အဓိက အားဖြင့် Research Center ကြီးများနှင့် အစိုးရ အဖွဲ့အစည်း တွေမှာ ဒေတာတွေ၊ သတင်းအချက် အလက်တွေကို တစ်နေရာမှ တစ်နေရာကို လွယ်ကူစွာ လွဲပြောင်း ပေးနိုင်သော ကြားခံ ဆက်သွယ်ရေး ပစ္စည်းတစ်ခု အဖြစ် အသုံးချ ရန်သာ ရည်ရွယ်ခဲ့ကြတာ ဖြစ်ပါတယ်။ World Wide Web ပေါ်လာပြီးတဲ့ နောက် အင်တာနက် ဟာ ဒေတာတွေကို လွဲပြောင်းရေး အတွက်သာ မကတော့ ပဲ သတင်းနှင့် ပြန်ကြားရေး ပစ္စည်းတစ်ခု အဖြစ်ပါ စတင် အသုံးချလာခဲ့ကြပါတယ်။ ကွန်ယက် စာမျက်နှာ တွေ (Web Sites) ကို အစဦးကလက အစိုးရတွေ၊ အဖွဲ့အစည်းတွေ၊ သုတေသန ဌာနတွေရဲ့ ထုတ်ပြန်ချက်၊ သတင်းနှင့် လုပ်ဆောင်မှု စတာတွေကို ဖြန့်ချီဖို့ စတင် အသုံးပြု ခဲ့ကြပြီး နောက်ပိုင်းမှာ ကော်ပိုရေးရှင်း ကြီးတွေ၊ စီးပွားရေး ကုမ္ပဏီကြီးတွေ ကပါ သူတို့ရဲ့ ထုတ်ကုန် ပစ္စည်းတွေကို အရောင်းမြှင့်တင်ဖို့၊ ကုမ္ပဏီရဲ့ မူဝါဒတွေ၊ စည်းမျဉ်း စည်းကမ်း တွေကို သတင်းပြန်ကြားဖို့ စတာတွေ အတွက် အသုံးပြုလာ ကြပါတယ်။

နောက်တစ်ဆင့် အနေနဲ့ ကွန်ယက် စာမျက်နှာတွေကို ကိုယ်ရေးကိုယ်တာ ဆိုင်ရာအတွက် သီးသန့် အသုံးပြု လာကြသူ တွေကတော့ နယ်ပယ် အသီးသီးက နာမည်ကြီး ကျော်ကြားသူ များ ဖြစ်ကြပါတယ်။ သူတို့ရဲ့ ပရိတ်သတ်တွေ၊ အားပေးသူ တွေကို သူတို့ လက်ရှိမှာ ဘာတွေ လုပ်နေတယ် ဆိုတာတွေ ကို သတင်းပေးဖို့၊ ပရိတ်သတ်တွေရဲ့ ရင်းနှီးမှုအားပေးမှု စတာတွေကို ပိုမိုဆွဲဆောင်နိုင် ဖို့အတွက် Personal ဆိုင်ရာ စာမျက်နှာများ အဖြစ် စတင် အသုံးချလာ ကြတာ ဖြစ်ပါတယ်။ ယနေ့ခေတ် အခါမှာတော့ Social Networking ဆိုင်ရာ စာမျက်နှာ တွေမှာ လူတိုင်း မိမိ ဘယ်သူဆိုတာ၊ ဘာလုပ်တယ် ဆိုတာ စတဲ့ ကိုယ်ရေးကိုယ်တာ ဆိုင်ရာ ဒေတာတွေ ကို အခမဲ့ ဖော်ပြနိုင်ရုံမျှမက အဲဒီ ကွန်ယက် စာမျက်နှာ တွေက တစ်ဆင့် မိမိနှင့် စိတ်တူ၊ ၀ါသနာ တူသူတွေ အချင်းချင်း ပညာရပ်ဆိုင်ရာ၊ စိတ်ကူး စိတ်သန်း တွေကို လွတ်လပ်စွာ ဆွေးနွေး ဖလှယ်ပြီး မိတ်ဆွေဖွဲ့နိုင်ကြပါပြီ။


ဘလော့ဂ် (Blog -အရှည်အားဖြင့် Web Log) ၊ တြိယာ ပုဒ်အားဖြင့် ပြုပြင်ထိန်းသိမ်းသည် (သို့) အကြောင်း အရာများကို ထပ်ပေါင်းသည် လို့ အမည်ရတဲ့ ကွန်ယက် စာမျက်နှာ အမျိုးအစား တစ်မျိုးကို အင်တာနက် တစ်ခွင်လုံးဆိုင်ရာ လွတ်လပ်သော အဘိဓာန် မှာအောက်ပါအတိုင်း အဓိပ္ပါယ် ဖွင့်ထားပါတယ်။

A blog (an abridgment of the term web log) is a website, usually maintained by an individual, with regular entries of commentary, descriptions of events, or other material such as graphics or video. Entries are commonly displayed in reverse chronological order.

ဘလော့ဂ်တစ်ခု ( Web Log ၏ အတိုကောက် အသုံးအနှုန်း) ဆိုသည်မှာ ကွန်ယက် စာမျက်နှာတစ်ခု ပင်ဖြစ်ပြီး အဖြစ်အပျက် များ၏ ရှင်းလင်းချက်များ သို့မဟုတ် ရုပ်ပုံ ဖော်ပြချက်များ နှင့် ရုပ်သံဆိုင်ရာ ပစ္စည်းများပါဝင်ကာ တစ်ဦးချင်းသော် လည်းကောင်း၊ တစ်ဦးထက်ပိုသော ပုံမှန် အဖွဲ့ဝင်များပါဝင်သည့် အဖွဲ့ တစ်ခုခု မှ သော်လည်းကောင်း ပြုပြင် ထိန်းမှုပုံမှန် ပြုလုပ်သည်။ ၎င်းတွင် ဖော်ပြ ထားသမျှသော အရာအားလုံးတို့အား များသောအားဖြင့် နှစ်ကာလ အစီအစဉ်လိုက် ပြောင်းပြန် အားဖြင့် ဖော်ပြထားလေ့ရှိသည်။

အပေါ်က စကားစုတွေ ကတော့ ယခင့်ယခင် ဘလော်ဂါ အစဉ်အဆက်ရော၊ ဒီနေ့ ခေတ် တော်တော် များများ သော ဘလော်ဂါတွေ ပါ သိကြတဲ့ ဘလော့ဂ် ဆိုင်ရာ အဓိပ္ပါယ် သတ်မှတ်ချက် တစ်ခုဖြစ်ပါတယ်။ ယနေ့ နောက်ဆုံးပေါ် ဘလော့ဂ် အတွက် အဓိပ္ပါယ် သတ်မှတ်ချက် အသစ်ကတော့ Better Listing On Google ပါတဲ့။ Digital Inspiration ရဲ့ အလိုအရဖြစ်ပါတယ်။



ဒီနေရာမှာ မှတ်သားဖွယ် တစ်ခုကတော့ “weblog” ဆိုတဲ့ စကားလုံးကို Jorn Barger ဆိုတဲ့ ပုဂ္ဂိုလ်က ဒီဇင်ဘာ ၁၇ ရက်နေ့၊ ၁၉၉၇ ခုနှစ်မှာ စတင်တီထွင် သုံးစွဲခဲ့ပြီး “blog” ဆိုတဲ့ အသုံးအနှုံးကိုတော့ Peter Merholz ဆိုသူက သူ့ ဘလော့ဂ် ရဲ့ ဆိုဒ်ဘားမှာ “we blog” ဆိုတဲ့ အသုံးအနှုန်း တစ်ခုကို ၁၉၉၉ ခုနှစ်ရဲ့ မေ လ နှင့် ဧပြီလ တစ်ခုခုမှာ စတင် ဖော်ပြခြင်း ကနေ အစပြုခဲ့တယ် လို့ဆိုပါတယ်။

Blog တွေရဲ့ မူလ အစမှာတုန်းက ဒီဂျစ်တယ် အဖွဲ့အစည်း တွေ အနေနဲ့ လူတစ်ဦးနှင့်တစ်ဦး မိမိကိုယ်ကို လျင်လျင်မြန်မြန် ဖော်ပြဖို့ အတွက်ရော၊ ဆက်ဆံဆွေးနွေးခြင်း လျင်မြန်လွယ်ကူ ဖို့အတွက်ပါ Bulletin Board Systems တွေ၊ e-mail lists တွေနှင့် Internet forum ကဲ့သို့သော ပုံသဏ္ဍာန် အမျိုးမျိုးကို စမ်းသပ် သုံးစွဲခဲ့ကြပါတယ်။

တစ်ကယ်တန်း မော်ဒန် ဘလော့ဂ်တွေရဲ့ စတင် မွေးဖွားရာ ကတော့ online diary တွေက စတယ် လို့ပြောရမှာပါပဲ။ ဒီ အွန်လိုင်း နေ့စဉ်မှတ်တမ်း ကို အဲဒီခေတ်ကာလ (၁၉၉၄ ၀န်းကျင်) က များသောအားဖြင့် ဂျာနယ်လဇ် တွေ၊ သတင်းထောက်တွေ စသူတို့ ပဲရေးကြတာပါ။ Justin Hall တို့ကဲ့သို့သော ပုဂ္ဂိုလ် မျိုးတွေပါ။ ကျောင်းသား ဘ၀ ၁၉၉၄ ခုနှစ်မှ စတင်ကာ Blog စရေးခဲ့သူ ဖြစ်တဲ့ အတွက် ဘလော့ဂ် လောကရဲ့ ကနဦး ဘလော်ဂါများ စာရင်းမှာ လည်းပါဝင် သူတစ်ဦး ဖြစ်ပါတယ်။

အဲဒီကနေစလို့ နောက်ပိုင်း ကာလများမှာတော့ WordPress, Movable Type, Blogger နှင့် LiveJournal တို့ကဲ့သို့သော Blogging Software တွေကို လူအများ လွတ်လပ်လွယ်ကူ စွာ သုံးစွဲနိုင်လာကြပြီး သကာလမှာ အင်တာနက် လောကထဲ Blog ဆိုသော စကားလုံးက ရေပန်း အစားဆုံး စကားလုံး စာရင်းဝင်လာပါတော့တယ်။

Blog လောကကြီး ပိုမို ကြီးထွား လာစေဖို့ Blogging Community ကြီးတွေရဲ့ အသီးသီး မွေးဖွားမှု မှတ်တမ်း သမိုင်းကို ကြည့်မယ် ဆိုရင် ဒီလိုတွေ့ရမှာပါ။

Open Diary - ၁၉၉၈ ခုနှစ်၊ အောက်တိုဘာ လမှာ စတင် ဖွင့်လှစ်ခဲ့ပြီး မကြာခင် ကာလအတွင်း မှာပဲ အွန်လိုင်း ဒိုင်ယာရီ ရေးသားသူ အရေအတွက် ထောင်ပေါင်း များစွာ အထိရောက်ရှိခဲ့ပါတယ်။
Brad Fitzpatrick - ဘလော်ဂါ တွေရဲ့ အစလို့ လူသိများတဲ့ LiveJournal က ၁၉၉၉ ခုနှစ်၊ မတ်လမှာ စတင်ခဲ့တာပါ။
Blogger.com - Evan Williams နှင့် Meg Hourihan တို့ နှစ်ဦး ၁၉၉၉ ခုနှစ်၊ သြဂုတ်လ မှာ စတင် တည်ထောင်ခဲ့ပြီး Google က ဖေဖော်ဝါရီ ၂၀၀၃ မှာ ကုမ္ပဏီ တစ်ခုလုံး ကို ပြန်လည် ၀ယ်ယူ ခဲ့ပါတယ်။

Copy from Myanmar bloger Helpdesk;

ရည်ညွှန်းကိုးကား

၁။ Wikipedia ( Internet, Website, Blog )

၂။ World Wide Web Consortium

၃။ Digital Inspiration

^__^ဖြေရခက်ကြီး^__^

တချို့လူတွေ မေးတဲ့ မေးခွန်းက ဖြေရ မလွယ်တဲ့ အကြောင်း စဉ်းစားမိလို့ပါ။ ကိုယ် ကိုယ်တိုင် သူများ ဖြေရ ခက်မယ့် မေးခွန်းမျိုး များ မေးမိဖူးလားလို့ တွေးမိသေးတယ်။ သူငယ်ချင်း တစ်ယောက်ရဲ့ အမျိုးသားက အခုမှ ရောက်ဖူးတဲ့ အိမ်တစ်အိမ်ကို သဘောကျလို့ အိမ်ရှင်ကို ဒီအိမ် ဘယ်လောက်နဲ့ ၀ယ်တာလဲ လို့ မေးတာ ကြားဖူးတယ်။ ရန်ကုန် ပြန်လျှင် မလွတ်တမ်း အမေး ခံရတာကတော့ လခ ဘယ်လောက် ရသလဲ တဲ့။

ဖြေဖို့ အကျပ်အတည်း ဖြစ်နေလျှင် ရယ်ကျဲကျဲ လုပ်နေလိုက်တာပေါ့။ ဒါကို မေးတဲ့ သူက မရိပ်မိဘဲ ထပ်မေး နေလျှင်တော့ ခက်ပါတယ်။ သူငယ်ချင်း ရွယ်တူတွေ ဆိုလျှင်တော့ မဖြေနိုင်ပေါင် လို့ ခပ်ရွှန်းရွှန်းလေး ပြောလိုက်လို့ ရပေမယ့် လူကြီးတွေ မေးတာ ဆိုလျှင်တော့ ဘာဖြေရမလဲ မသိပါ။

သတိ ထားမိ သလောက် အနောက် တိုင်းသားတွေ ကတော့ ပုဂ္ဂိုလ်ရေး ဆန်တဲ့ မေးခွန်းတွေ မမေးပါ။ အရှေ့ တိုင်းသား များကတော့ ထူးထူးခြားခြား ရည်ရွယ်ချက် မရှိဘဲ အိမ်ထောင်ရှိလား ကလေး ဘယ်နှစ်ယောက်လဲ ကိုယ်ပိုင် အိမ် ကား ရှိလားစသဖြင့် တထိုင်တည်းနဲ့ ဘ၀ ဇာတ်ကြောင်း အစုံကို မေးတတ်ပါတယ်။

နောက် မေးခွန်း တစ်ခုကတော့ ဘာလို့ ချစ်တာလဲ တဲ့။ ချစ်လား လို့ မေးတာကို ဖြေရတာ မခက်ပေမယ့် ဘာလို့ ချစ်တာလဲ ဆိုတာ ကိုတော့ ဖြေရ ခက်တယ် လို့ ထင်တာပဲ။ ကိုယ့် အတွက် ပြောတာပါ။

copy from prosperandpeace blog

Tuesday, February 10, 2009

Dont Do Idoit Acts Like this!!!


Gtalk Dictionary

Gtalk က အင်္ဂလိပ်မြန်မာအဘိဓါန်........

-ပုံမှန် Gtalk ကနေ add တဲ့နည်းအတိုင်းပဲ။
-add box ကစာသားဖြစ်တဲ့ user@gmail.com အားလုံကိုဖျက်လိုက်ပါ။
-ပြီးရင် en2mm@mmgeeks.org ကို add လိုက်ပါ။ပြီရင် finish ပေါ့
-အကယ်လို့ ကြားတဲမှာတဆင့်ခံနေသေးရင် next ကိုသာနှိပ်လိုက်ပါ။
-ကိုယ် Gtalk box မှာ add လုပ်လိုက်တာလေးက မီးစိမ်းသည်ဖြစ်စေ မစိမ်းသည်ဖြစ်စေ
ဖွင့်ပြီး cat, arrow. eat စသည်ဖြင့်ရိုက်ကြည့်လိုက်ပါ။

Monday, February 9, 2009

ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ

` ဦးရေ… ဗယ်လင်တိုင်း နေ့မှာ ဘာလုပ်မလဲဗျ ´
ကျွန်တော့်တူ ရှစ်တန်းကျောင်းသားလေး က ကျွန်တော်ကို မေးလိုက်ခြင်းပါ။ ဒါနဲ့ ကျွန်တော်ကလည်း သူ့ကို ရုတ်တရက် ပြန်ပြီး
` နေပါဦးဟ အဲဒီနေ့က ဘယ်နေ့တုန်း ´ လို့ မသိချင်ဟန်ဆောင်ပြီး ပြန်မေးလိုက်ပါတယ်..။
` အာဗျာ.. ဦးကလည်း သိရက်နဲ့ သားကို ပြန်မေးနေတယ်.. ဖေဖော်ဝါရီ (၁၄ ) ရက်နေ့လေဗျာ ´ လို့ မကြည်သလို ကြည့်ပြီး ပြန်ပြောပါတယ်။ ကျွန်တော်ကလည်း ပြန်ပြီး
`ဒါနဲ့ ဖေဖော်ဝါရီ (၁၃) ရက်နေ့ကရောကွ ဘာနေ့လဲ သိလား ´ ဆိုတော့ သူက တစ်ချက်စဉ်းစားးတယ်ဗျ.. နောက် လက်ချိုးကြည့်ပြီး
`ဖေဖော်ဝါရီ (၁၃) ရက်က သောကြာနေ့လေဗျာ.. ဘာလို့လဲ ပုံမှန်ရက်တစ်ရက်ပဲ မဟုတ်လား ´ တဲ့……။ ကျွန်တော်လည်း စိတ်ပေါက်ပေါက်ရှိလာပြီး ခေါင်းကို တစ်ချက် ထုလိုက်ပါတယ်…။
` တယ် ငါထုလိုက်ရ.. ဘယ်က သောကြာနေ့လဲ ဘယ်က ပုံမှန်ရက်တစ်ရက်လဲ .. ငါတို့ နိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကွ ´ ဆိုမှ
` အော်.. မှတ်မိပြီဗျ…. ကျွန်တော်တို့ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ကဗျာထဲမှာ ပါတာပဲ….. မေ့တောင်နေပြီ .. ကျွန်တော်က ဖေဖော်ဝါရီ ဆိုရင် ဗယ်လင်တိုင်းနေ့ ရှိတာပဲ သတိရတာဗျ…ဗိုလ်ချုပ်မွေးနေ့ဆိုတာတောင် သတိမထားမိပါဘူး… ´ တဲ့ဗျာ……….။
—————————————————-
ကဲဗျာ… ဘယ့်နှယ်လုပ်ကြရပါ့.. ကလေးတွေတောင် ဗိုလ်ချုပ်မွေးနေ့ကို သတိမရကြတော့ဘူးတဲ့..။ ထားလိုက်ပါတော့ ကလေးတွေက ငယ်သေးလို့ သတိမရတာ။ လူကြီးတွေ ကရော.. သတိရကြပါရဲ့လား။ ဗယ်လင်တိုင်းဒေးကိုတော့ သတိရပြီး ဗိုလ်ချုပ်မွေးနေ့ကို သတိမရကြတဲ့ လူကြီးတွေရော ဘယ်လောက်များနေပါသလဲ။ စဉ်းစားမိရင် စိတ်မကောင်း အတော်ဖြစ်မိတယ်ဗျာ..။
ခုနောက်ပိုင်းတွေမှာ ကလေးတွေဟာ ဗိုလ်ချုပ်ကို သိပ်မသိတော့တာလဲ အပြစ်လို့ ဆိုလို့မရဘူးထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းတွေမှာ နိုင်ငံတော် အလံကို အလေးပြုရင် အရှေ့ကနေ ` ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး များအား …… အလေးပြု ´ လို့ ဆိုခဲ့ကြပေမယ့် ခုနောက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ မပါတော့ပဲ `ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်း များအား … အလေးပြု ´ ဆိုတာပဲ ကြားနေရတာတွေ၊ နောက် ကျောင်းတွေ ရုံးတွေမှာဆိုရင် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံတွေကို နိုင်ငံတော် အလံရဲ့ အောက်မှာချိတ်ထားတာတွေဟာ ခုဆိုရင် မတွေ့ရတော့ပါဘူး..။ ဒါတွေဟာ နောင်တက်လာမယ့် ကလေးတွေကို ဗိုလ်ချုပ်အောင်ဆန်းဆိုတာကို မသိတော့အောင် ဖြစ်စေတယ်လို့ ထင်ပါတယ်။ နောက်တစ်ခုကတော့ မီဒီယာပိုင်းအနေနဲ့ ဆိုရင် ဖေဖော်ဝါရီလအတွက် ထွက်လာတဲ့ မဂ္ဂဇင်းတွေ အတော်များများမှာ ဗယ်လင်တိုင်းဒေးကိုပဲ အလေးထားဖော်ပြကြတာတွေကိုသာ တွေ့ရပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်တဲ့လ အဖြစ် သိပ်မတွေ့ရတာကရော လူကြီးတွေ မေ့လျှော့နေကြခြင်းလား…။ အမေ့ခံနေကြခြင်းလား။ မေ့အောင် လုပ်နေကြခြင်းလား..။
ယခုနှစ် ဖေဖော်ဝါရီ တစ်ဆယ်သုံးရက်နေ့ဆိုရင် ကျွန်တော်တို့ နိုင်ငံတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၉၄) နှစ်ပြည့်မွေးနေ့ဖြစ်တယ်ဆိုရင် မှားမယ်မထင်ပါဘူးဗျာ..။ ကျွန်တော်တို့ အားလုံး.. မြန်မာနိုင်သားအားလုံးရဲ့ ရင်ထဲမှာ ဖေဖော်ဝါရီလဆိုတာ ဗင်လင်တိုင်းဒေးထက် ဗိုလ်ချုပ်မွေးနေ့ ဆိုတာကိုရှိသင့်တယ်လို့ ထင်မိပါတယ်။ ကျွန်တော်တို့ အားလုံးရဲ့ နှလုံးသားတွေထဲမှာ ဘယ်တော့မှ မမေ့နိုင်တဲ့ ကဗျာလေး တစ်ပုဒ်ကို ကိုယ်စီငြီးရင်းနဲ့ …. ဗိုလ်ချုပ်ရဲ့ မွေးနေ့ဆီသို့..

ဖေဖော်ဝါရီ တစ်ဆယ်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါစုသား ….
တစ်ထောင့် ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့ မမေ့အား
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား…။

Sunday, February 8, 2009

ဗိုလ်ချုပ်၏ အတ္ထုပတ္တိ

(ကိုမိုးသီးဘလော့တွင် တွေ့ရှိ၍ တဆင့် ကူးယူဖော်ပြသည်။ မှတ်ချက်)

ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူ လိုက်ပါသွားသော ဗိုလ်ရန်အောင် ကိုယ်တွေ့ ပြောပြချက် ကို (အိုးဝေ မဂ္ဂဇင်းဂဏ္ဍ) တွင် ရေးသားဖော်ပြ သည်။ ကျည်ထောင် ဆရာစိန် ခေါ် စိန်မင်းသား ၏ ရေးသား ထားသည့်ဆောင်းပါး ဖြစ်ပါသည်။ စာဖတ်သူ အားလုံးလေ့လာနိုင်ရန် မှုရင်းအတိုင်း ပြန်လည်တင်ပြလိုက်ပါသည်။

သခင်အောင်ဆန်း နိုင်ငံခြားသို့ စွန့်ထွက်ပုံ

ခင်ဗျား မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် အသက်စွန့်ပြီး ” နိုင်ငံခြား သွားရမယ် ဆိုရင် လိုက်နိုင်ပါ့မလား” ဟု သခင်လှဖေ(ယခု) ဗိုလ်လင်္ကျာ ကာကွယ်ရေးဝန်ကြီးဟောင်း က သံလျင် အလုပ်သမား အတွင်းရေးမှုး သခင်လှမြိုင် ကို မေးလိုက်၏။ အလုပ်သမား ကိစ္စ အရေးတော်ပုံကြောင့်၊ ထောင်ခဏ ခဏ ကျနေသော သခင်လှမြိုင် က “သွားမယ် လိုက်မယ်” ဟု ဂတိပေးလိုက်လေသည်။

အချိန်ကား ဒုတိယ ကမ္ဘာစစ် ပွဲထဲသို့ ဂျပန်ပြည် က မပါသေး။ အနောက် နိုင်ငံမှာ ခြိမ့်ခြိမ့်သဲမျှ တိုက်ပွဲ ဆင်ကြ လေပြီ။ တရုပ်လူမျိုး အပြည့်နှင့် တရုပ်ပြည်သွား သင်္ဘောပေါ်၌ တရုပ်လူမျိုးကဲ့သို့ ၀တ်စား ထားသော တရုပ်စကားမတတ်သည့် သခင်အောင်ဆန်း နှင့် သခင်လှမြိုင် တို့ ၎င်း သင်္ဘောပေါ် ၌ ပါဝင်လျက် ရှိရာ၊ ၃-ရက်ရှိပြီ။ စင်္ကာပူ ကိုလည်း ရောက်လုလု ဖြစ်သော အခါ ၊ သခင်လှမြိုင် က အနီး ရှိ စကားမပြော တုံဏှိ ဘောလုပ်နေသော သခင်အောင်ဆန်း အား - “အစ်ကိုကြီး ကျွန်တော်တို့ ဘယ်သွားလို့ ဘယ်ရောက်ကြမှာလဲ” ဟု မေးလိုက်သော အခါ၊ လုံးဝ စကားမပြောဘဲ အစဉ်သဖြင့် တွေဝေ စဉ်းစား နေရာက၊ “အသာနေစမ်းဗျာ၊ မမေးစမ်းနဲ့” ဟု မာန်လိုက်လေသည်။ သိချင်သူ သခင်လှမြိုင် အရှုံး ပေးရ၏။ စကားပြန်မပြောဘဲ နေမြဲနေလေသည်။

အုန်းသီးများ နှင့် အတူ သင်္ဘောစီးရခြင်း

ယင်းသို့လျှင် သင်္ဘောကြီး သွားမြဲ သွားနေရာ၊ စင်္ကာပူ ခံတပ်မှ လွတ်ပြီး တရုပ် ပင်လယ်သို့ ရောက်သွားတော့ လေရာ၊ ဆိုင်ကလုံ လေနီကြမ်းသည် ပြင်းပြင်းထန်ထန် တိုက်ခတ်သည်နှင့် သင်္ဘောကြီး ပုခက်လွှဲ သကဲ့သို့ ၂-နာရီ နီးပါးခန့် ကြုံရလေပြီ။ သင်္ဘောပေါ်ရှိ ကုလားထိုင် စားပွဲ ပစ္စည်း အမျိုးမျိုး ဂျွန်းထိုးမှောက်ခုန်၊ စီးနင်းသူတို့ လည်း ရပ်တည် မနေနိုင်။ ပုန်းစရာရှာမတွေ့ မူး၍ အံ၍ အော့ ၍ ပြော့ခွေတော့လေရာ၊ သခင်အောင်ဆန်း မှာ အုန်းသီးများ ထားသော အခန်းထဲ၌ သင်္ဘော မူးလျက် သတိမေ့လျော့ ပြော့ခွေ သွားတော့လေသည်။ သခင်လှမြိုင် က သင်္ဘောမမူးတတ်၊ သခင်အောင်ဆန်း၏ ကိုယ်ပေါ်၌ ကြွက်ငယ်များ လိုက်တန်းပြေးတန်း ကစားနေသလို ဖြတ်ကျော်နေသော အုန်းသီးများ ကို ဖယ်ပေးနေရတော့သည်။လေနီကြမ်း မရပ်မချင်း သခင်အောင်ဆန်း သင်္ဘောမူး မပျောက် အလူးအလဲ ခံနေရတော့လေသည်။

တဖန် စုံထောက် နာမည်ကျော်များ ပြည့်နှက်သော ဟောင်ကောင် သင်္ဘောဆိပ် မှ လွတ်ထွက်၍ ကောလုံစု ကျွန်းငယ်သို့ ရောက်၍ သင်္ဘော ပေါ်မှ ဆင်းလေရာ၊ ၎င်းကျွန်းသို့ ရောက်၍ သင်္ဘောပေါ်မှ ဆင်းလေရာ၊ ၎င်းကျွန်းသည် အမေရိကန်၊ အင်္ဂလိပ်၊ တရုပ်၊ ဂျပန် စသော နိုင်ငံ တို့ က ၇-ရက် တလှည့်စီ အုပ်ချုပ်ရသော ကျွန်းဖြစ်လေသည်။ ထိုနေ့က အင်္ဂလိပ် အုပ်ချုပ်ရသော အပါတ်ဖြစ်၍ အင်္ဂလိပ် အစိုးရက သခင်အောင်ဆန်း မိလျှင် ဆုငွေ ၅-ကျပ် ထုတ်ထားသော ၀ရမ်းပြေး ဖြစ်ရာ စိုးရိမ်ဘွယ် ဖြစ်သွားလေသည်။ ရှေ့တိုး နောက်ဆုတ် ခက်နေသည်၊ တရုတ်စကားမတတ်၍ တရုပ်လူမျိုးများ အနီးသို့ ယှဉ်မရပ်ရဲသော သခင်အောင်ဆန်းနှင့် သခင်လှမြိုင် မှာ အိပ်ရာလိပ်သေတ္တာ ကိုဆွဲလျက် မရဲသော်လည်း ပြေးခဲစေဆိုသကဲ့သို့ ဟန်မပျက်နေ၍ သွားနေစဉ်၊ အစဉ်မပြတ်အကဲခတ်နေသော တရုတ်လူမျိုး ပုလိပ်တို့က မသင်္ကာ၍ ဘမ်းတော့လေသည်။ ဤသို့ အဘမ်းခံရသည် အထိ သခင်အောင်ဆန်း မှာ မတုံမလှုပ် သူတို့ခေါ်ရာသို့ လိုက်ပါမြဲ လိုက်ပါသွားလေရာ၊ အတူပါ သခင်လှမြိုင် မှာ အကြံအမျိုးမျိုး ထုတ်ရာမှ နောက်ဆုံး ပုလိပ်ကို ငွေ ၇၅-ကျပ်ပေးလိုက်မှ လွတ်ရတော့ လေသည်။

မဟောသဓာနည်းနှင့် ပြည်ကြီးသူများ ကိုမိတ်ဆက်ခြင်း

ကောလုံစု ကျွန်းပေါ်မှ တနေ့ ၄-ကျပ် ပေးရသော တရုပ်ဟော်တယ် ပေါ်၌ ခရီးလမ်း အစီအစဉ် မရှိ တည်းခိုနေရလေရာ၊ ၃-လခန့်ကြာသွား လေပြီ။ ပါလာသမျှ စရိတ်လည်း မရှိတော့ မြန်မာနိုင်ငံသို့ ပြန်၍ စရိတ်ငွေ ပြန်မှာသော အခါ၊ ထိုစဉ်အခါက သခင် အစည်းအရုံးဝင် မှန်လျှင် ငတ်သည် ပြတ်သည်၊ လူတိုင်းအထင်သေးနေသည်၊ စရိတ်ပေး ပို့ရန် မဖြစ်နိုင်ကြောင်း စာပြန်လာသည်။ ရှေ့အဘို့ မည်ကဲ့သို့ ကြံရပါမည်နည်း။ သခင်အောင်ဆန်း မှာ မူ ဟော်တယ် အခန်းထဲက မထွက်၊ စကားမပြော စာအုပ်ကြည့်၍ သာ နေထိုင်သည်။ စားစရိတ်မရှိ၊ စားစရာ မကျန် ၀တ်စရာ မရှိ၊ ဟိုသည် ကိုပင် မသိသလိုပင် နေထိုင်လေတော့ သည်။ သခင်လှမြိုင် မှာ နေ့စဉ် နေ့တိုင်း ငွေရရန် ရှာဖွေရလေရာ၊ နောက်ဆုံး အင်္ဂလိပ် စာပြ ဆရာ တလ ၃၀ိ- နှင့် အလုပ်တည့်လာသည်နှင့် အားရ၀မ်းသာ ဟော်တယ်သို့ ပြန်လာလေသည်။ သို့သော် အချိန်ကား ညနေ ၄-နာရီခန့်ဖြစ်၏။ ဟော်တယ် နှင့် မနီးမဝေး တွင် တရုပ်လူမျိုး ဖြူဖြူချောချော အပျိုကလေးမှာ နေ့စဉ်နေ့တိုင်း ကြည့်နေရာက ထိုနေ့မှာလည်း ကြည့်နေခိုက် ဖြစ်သည်နှင့် သခင်လှမြိုင် လည်း မနေနိုင် ပြန်၍ ကြည့်မိသည်။ နိုင်ငံရေးသမား ဖြစ်နေသည်နှင့် စတင်ရန် ခက်နေရာက လက်မောင်းကြွက်သား ကို ထုတ်ပြလိုက်၏။ အပျိုကလည်း ပြုံးရယ်၍ ကြည့်နေ၏။ ခဏကြာသည်အထိ ဖြစ်ရာ၊ သခင်လှမြိုင် မှာ သခင်အောင်ဆန်း၏ အိနြေ္ဒ မူလ သိက္ခာ ကို ချစ်ကြောက် ရိုသေခဲ့ရသည့် အတိုင်း အိနြေ္ဒဆည်၍ အခန်းထဲသို့ ကျောင်းသားကလေးက ဆရာကို ကြည့်ရှုရှာဖွေ သလို ကြည့်မိသောအခါ၊ သခင်အောင်ဆန်း မှာလည်း ပြူတင်းပေါက် မှ ရပ် ၍ (မာဆယ်) လက်မောင်းကြွက်သားကို ထုတ်ပြနေကြောင်း ဘွားကနဲ တွေ့ရလေသည်။ သခင်လှမြိုင် မှာ ပါးစပ်ပိတ်၍ မျက်လုံးပြူးပြီး အံ့အားသင့်သွားကာ ခဏချင်းပင် သြော်….ငြီးငွေ့လွန်းလို့ ထင်ပါရဲ့ ဟု ကြိတ်မှိတ်၍ မပြောဝံ့ မပြုဝံ့ မျိုသိပ်နေရလေသည်။ တရုပ်မလေးကား ပြုံးမြဲ ပြုံးလျက်ပင်။

ထို့နောက် ရှမ်းဟဲမြို့ ၊ ၎င်းမှ ဖော်မိုဆာ ကျွန်း က တဖန် ဂျပန်ပြည် ယိုကိုဟာမမြို့ သို့ ရောက်ကြသောအခါ၊ တိုကျိုသို့သွားရန် လေယာဉ်ပျံ ကွင်းသို့ ရောက်ပြီး ထိုအချိန်၌ သခင်အောင်ဆန်းနှင့် သခင်လှမြိုင်မှာ၊ ဂျပန်လူမျိုးအ၀တ်အစားနှင့် ဖော်မိုဆာ ကျွန်းမှ စီမံပေးလိုက်ပြီး လေယာဉ်ပျံ စီးအံ့ဆဲဆဲ တွင် ဂျပန် ပုလိပ်တို့က ဆွဲပြန်ပြီး၊ ပုလိပ်စခန်းသို့ ခေါ်သွားပြီးလျှင်၊ ပုလိပ်များက ဂျပန်ဘာသာဖြင့် မေးရာ၊ မေးမရသည် နှင့် အင်္ဂလိပ် ဘာသာဖြင့် - “ခင်ဗျားတို့ ဘယ်သွားမလဲ” သခင်အောင်ဆန်းမှာ အိနြေ္ဒ နှင့် ကျုပ်တို့ တိုကျိုသွားမလို့” “ခင်ဗျားတို့ ဘယ်သူ့ဆီ သွားမလို့လဲ” “မီနံမီ ဆိုတဲ့ မိတ်ဆွေဆီ သွားမလို့” ထိုအခါ သခင်အောင်ဆန်း၏ အမူအရာ မထူးခြားသော်လည်း သခင်လှမြိုင် မှာ အထူး စိုးရိမ် သွားလေသည်။ တိုကျိုမြို့  က မီနံမီ တွေ့ချင်လို့ အဖြေသည် ရှေ့အဖို့ အဆင်မပြေနိုင်။ လမ်းနံပါတ်၊ အိမ်နံပါတ်၊ အလုပ်အကိုင်၊ ရာထူးမသိ၊ မီနံမီ ဆိုသူကိုလည်း မမြင်ဘူး ဖြစ်နေတော့လေရာ ၊ အမှန်စိတ်ရှုတ် ဘွယ် ဖြစ်နေလေသည်။ ပုလိပ်တို့က ဖုံးဆက်လိုက်လေ သောအခါ၊ ကံအားလျော်စွာ မီနံမီ ဆိုသူကို တွေ့လာပြီး စကားပြန်လာ၏။ သွားခွင့်ရပြီး တိုကျိုသွား လေယာဉ်ပျံပေါ်၌ ပြုစု နေသော ဂျပန်မလေး ချောချော မှာ၊ အလွန်သဘောကောင်း အစစကြည်နှုးစရာ ဖန်တီးနေသောအခါ၊ သခင်လှမြိုင်မှာ အလွန်ပျော်ရွှင်သွားလေသည်။ ကြောက်ချစ် ရိုသေ ရှိရသော သခင်အောင်ဆန်းကို အကဲခတ်သော အခါမှာလည်း အုံ့ပုန်းကြီး သခင်အောင်ဆန်းမှာ ပြုံးပြုံး ကြီး ခဏခဏ ဖြစ်နေလေသည်။

ဗိုလ်ချုပ် ဘိနပ် စွပ်ပေးသည့် ၀န်ကြီး

ဟိုင်နံကျွန်း၌ စစ်ပညာသင်ကြပြီး၊ ရဲဘော်သုံးကျိပ် ၀င်များ စုံလင်ကြပြီ။ ဂျပန်စစ်ပညာသည် အလွန်ကြမ်း၊ အလွန်ဆန်း၊ အထူးအံ့မခန်းတွေ ပြည့်နှက်လျက်ရှိရာ၊ သခင်အောင်ဆန်းမှာ အလုံးအရပ် ပြတ်ပြတ်ပင် ဖြစ်ရာ၊ နုနယ်သည် ဟု ဆိုထိုက်လေရာ၊ ရဲဘော်တို့ အထဲ နံပါတ် ၁ စွဲနိုင်ပါ့မလား စုံစမ်းကြည့်သောအခါ၊ သခင်အောင်ဆန်းမှာ ရဲဘော်တို့ အထဲတွင် စစ်ဆင်းစစ်တိုက်၊ သတ္တိဗျတ္တိ၊ အကြံဥာဏ် ထူးချွန်လျက်ပင် ဖြစ်ကြောင်း သိရလေသည်။ ဗိုလ်မင်းခေါင် (ယခင် ထူထောင်ရေးဝန်ကြီး) သည် ရဲဘော်သုံးကျိပ်တို့ အထဲတွင် အငယ်ဆုံး ဖြစ်ရာ၊ ညီအငယ်ဆုံးကို အစ်ကိုကြီးက ယုယနည်းဖြင့် သခင်အောင်ဆန်းသည် ယုယနိုင်၏။ အလိုဖြည့်နိုင်၏။

စစ်ပညာတတ်မြောက်၍ ဂျပန်လည်း ဒုတိယကမ္ဘာစစ်ပွဲထဲသို့ ပစ်ဝင်သောအချိန် သခင်အောင်ဆန်းခေါ် ဗိုလ်တေဇ ခေါင်းဆောင်သည့် ရဲဘော်သုံးကျိပ်တို့ ယိုးဒယား ဆိုက်ရောက်ကြပြီး ဘီ-အိုင်-အေ တပ်ဖွဲ့များ တည်ထောင်ရန် အထူး စိုင်းပြင်း နေသော အချိန် ဖြစ်လေ၏၊ တနေ့သော အခါ၊ အလွန် စကားနည်းလှသော ဗိုလ်အောင်ဆန်း မှာ အစည်းအဝေး သို့ သွားရန် မေ့သယောင်ယောင် ဖြစ်နေခိုက် ဗိုလ်မင်းခေါင်က -”အစ်ကိုကြီး အစည်းအဝေးရှိတယ် စကားပြောရမယ်” ဟု သတိပေးလိုက်မှ “အေး-ဟုတ်လား” အနည်းငယ်လှုပ်ရှားလာလေသည်။ အင်္ကျီဝတ် ဘောင်းဘီစွပ် ဒါးကိုချိပ် ဘိနပ်ကို စီး၍ ဗိုလ်မင်းခေါင်နှင့် တွဲ၍အစည်းအဝေး သို့ လာသောအခါ၊ လမ်းတလျှောက်တွင် ဗိုလ်အောင်ဆန်း၏ ဒါးသည် တလမ်းလုံး တရှောရှောနှင့် ဒရွတ်တိုက် နေလေသည်။ ဗိုလ်မင်းခေါင် ငုံ့ကြည့်မှ “ဟာ-အစ်ကိုကြီး ဒါးချိတ်၊ မဟန်သေးပါဘူး၊ ပြင်ချိတ်ပါအုံး” ဟု ပြောပြီး ပြင်ချိတ်ပေးရ၏။ တဖန် ဗိုလ်မင်းခေါင်က အင်္ကျီကို လိုက်ကြည့်မိရာ၊ အင်္ကျီကြယ်သီး ပြောင်းပြန် တပ်ထားသည်နှင့် ပြင်ဆင် တပ်ပေးရ ပြန်၏။ သို့နှင့် ခရီးအတန်ရောက်သောအခါ ဗိုလ်အောင်ဆန်း က - “ညီလေးရာ ငါ့ဘိနပ် ကြပ်နေတယ်- ဘာပြုလို့လဲ” မေးလိုက်ရာ ဗိုလ်မင်းခေါင် ဘိနပ်ကို ကြည့်သော အခါ၊ ဗိုလ်အောင်ဆန်း စီးထားသော ဘိနပ်သည် ဘယ်နှင့်ညာ လွဲနေသည်ကို တွေ့ရသည်နှင့် ပြန်ချွတ်၍ ပြန်ဝတ်ပေး လိုက်ရလေသည်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ (၁၉၅၁) မှ ကောက်နုတ်တင်ပြပါသည်။
၂၀၀၇ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ)ဆုချီးမြှင့်သည့် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြင့်မာလာရုပ်ရှင်ထုတ်လုပ်ရေးမှ ဝတ္ထုဇာတ်ညွှန်းနှင့် ဒါရိုက်တာ မြို့တော်မောင်ယဉ်အောင်၏ “ကိုးဆယ်ဆသာလိမ့်မယ်” ဇာတ်ကားမှာ အကယ်ဒမီဆုများစွာဖြင့် အောင်ပွဲခံခဲ့သည်။ “ကိုးဆယ်ဆသာလိမ့်မယ်” ဇာတ်ကားဖြင့် အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆု၊ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုနှင့် အကောင်းဆုံး တေးဂီတဆုတို့ကို ဆွတ်ခူးရရှိခဲ့သည်။




(အကယ်ဒမီဆုပေးပွဲအခမ်းအနားကျင်းမြင်ကွင်း)

ယခုနှစ် အကယ်ဒမီ ဆုပေးပွဲတွင် ထူးခြားမှုအဖြစ် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုနှင့် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုတို့ကို ပေးအပ်ချီးမြှင့်ခြင်း မရှိခဲ့ချေ။ အကယ်ဒမီဆု အရေအတွက်အနေဖြင့်လည်း ယမန်နှစ်ကထက် လျော့နည်းခဲ့ပြီး ဇာတ်ညွှန်းဆု၊ တည်းဖြတ်ဆု၊ အသံပိုင်းဆိုင်ရာဆုများလည်း ရွေးချယ်ပေးအပ်ခဲ့ခြင်း မရှိကြောင်း သိရသည်။




၂၀၀၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ)ရရှိသူများမှာ အောက်ပါအတိုင်းဖြစ်သည်။

ဇာတ်ကားဆု - ကိုးဆယ်ဆသာလိမ့်မယ် (မြင့်မာလာ ရုပ်ရှင်ထုတ်လုပ်ရေး)

ဒါရိုက်တာဆု - မြိုတော်မောင်ယဉ်အောင် (ကိုးဆယ်ဆသာလိမ့်မယ်)

အမျိုးသားသရုပ်ဆောင်ဆု - ကျော်ရဲအောင် (ကိုးဆယ်ဆသာလိမ့်မယ်)

အမျိုးသားဇာတ်ပို့ဆု - မိုးဒီ (ကိုးဆယ်ဆသာလိမ့်မယ်)

ရုပ်ရှင်ဓါတ်ပုံဆု - ကျောက်ဖြူ (ပဒေသာ) (ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီ)

ရုပ်ရှင်တေးဂီတဆု - စိန်မွတ်တား (ကိုးဆယ်ဆသာလိမ့်မယ်)








မှတ်ချက်။ ။ ၂၀၀၇ ခုနှစ် အကယ်ဒမီဆုပေးပွဲ ပုံရိပ်များကို ပလန်းနတ်ဝက်ဘ်ဆိုက်၏ 2007 Myanmar Academy Award အထူးကဏ္ဍတွင် တင်ဆက်ပေးထားပါသည်။

Our University Standard in 1957 ...

ဟိုးတုန်းက ရန်ကုန်တက္ကသိုလ် ကို မထင်မှတ် ဘဲ You Tube မှာ သွားတွေ့ မိတယ်။ အဖြူအမည်း ရုပ်ရှင်မှတ်တမ်းတိုကလေးအဖြစ်နဲ့ ။ ဟိုးတုန်းက ဆိုတာ တော်တော့်ကို ဟိုးတုန်းက။ အတိအကျဆိုရရင်လွန်ခဲ့တဲ့နှစ်ပေါင်း ၅၁နှစ် ဖြစ်တဲ့ ၁၉၅၇ ခုနှစ်က လွတ်လပ်ပြီး စ မြန်မာ နိုင်ငံ ရဲ့ ရန်ကုန် တက္ကသိုလ် အဖြစ်နဲ့ သွားတွေ့ တာ။ documentary လေး ကလက်ချာ တစ်ခု ကိုမှတ်တမ်းတင်ထားတယ်။
.
.
...
သင်တဲ့လူ က ပရော်ဖက်ဆာ ဒေါက်တာကျော်သက်။ ဒီ ဒေါက်တာကျော်သက် ဆိုတာ ၁၉၂၁ ခုနှစ် မှာရန်ကုန်မြို့ မှာမွေးဖွားကြီးပြင်းခဲ့ တဲ့ မွန်-ဗမာ စပ်လူငယ်တစ်ဦး။ လန်ဒန်ယူနီဗာစီတီ London University ကနေ သမိုင်းဆိုင်ရာ ပါရဂူဘွဲ့ ကိုရခဲ့တယ်။ ပီအိပ်ခ်ျဒီ ဘွဲ့ အပြီး ကမ္ဘာကျော် ယေး(လ်)တက္ကသိုလ် ကြီး ရဲ့ ဘွဲ့ လွန်တန်းတွေမှာ နှစ်နှစ်ကြာ စာသင်ကြားပို့ ချခဲ့သေးတယ်။ ပြီးတော့ မှ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းသမိုင်း ပညာဌာန မှာ ပရော်ဖက်ဆာအဖြစ်တာဝန်ထမ်းဆောင်သွားခဲ့တယ် ဆိုပါတယ်။

ပရော်ဖက်ဆာ ဒေါက်တာ ကျော်သက် ရဲ့ လက်ချာ အကျဉ်းချုပ်ကတော့..
မြန်မာနိုင်ငံလွတ်လပ်ရေး ရ ခါစ ကမြန်မာ လယ်သမား များအပေါ်မတရား ငွေ တိုးချေးစားခေါင်းပုံဖြတ်ခဲ့တဲ့ အိန္ဒိယသားချစ်တီး များအကြောင်း… တရားဝင်စာရင်းတွေအရ မြန်မာနိုင်ငံ ရဲ့  လယ်မြေ ၇၅ ရာခိုင်နှုန်း ဟာချစ်တီးကုလားများလက်ထဲမှာရောက်ရှိနေပြီး။ တရားမ၀င် စာရင်းများ အရဒိထက် ပိုနိုင်ကြောင်း၊ လွတ်လပ်ရေးရပြီးစ၊ စစ်ဘေးစစ်ဒါဏ်ကိုလဲပြင်းစွာ ခံခဲ့ရသောမြန်မာပြည် ရဲ့  ပြန်လည်ထူထောင်ရေးလုပ်ငန်း တွေမှာကြုံရမယ့်အခက်အခဲများအကြောင်း၊ မြန်ဆန်သောပြန်လည်ထူထောင် ရေး လုပ်ငန်းတွေ လုပ်ရမှာ ဖြစ်ကြောင်း၊ ဗြိတိသျှ မှ မြန်မာကို တစ်ချို့ သော တန်ဖိုးများ၊ စိတ်ကူးများ ကို သင်ကြားပေးခဲ့တာတွေရှိခဲ့ကြောင်း၊ မြန်မာ ခေါင်းဆောင်များ ဟာ ဒီမိုကရေစီလမ်းကိုရွေးချယ်လျှောက်လှမ်းသွား မှာဖြစ်ကြောင်း၊ တိုင်းပြည်နဲ့ လူမျိုး အကျိုးစီးပွားအတွက် အင်မတန်ကိုခက်ခဲစွာ လုပ်ကိုင်ကြရမှာလဲဖြစ်ကြောင်း၊

ရေရှည် အနေနဲ့  ဒီမိုကရေစီ စနစ် ကို a cup of tea အနေနဲ့ တင်စားသွားပြီး၊ မြန်မာ့ခေါင်းဆောင် များ ဟာ ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီ စနစ် ကိုပဲရွေးချယ်လျှောက် လှမ်းသွားကြမှာဖြစ်ကြောင်း ပို့ ချသွားခဲ့ပါတယ်။

ဒီလက်ချာမှာ ကျောင်းသားတစ်ယောက် မေးခွန်းမေးခဲ့ရာ မှာတော့  မြန်မာနိုင်ငံဟာ အာစီယံ အသင်း ၀င်နိုင်ငံ ဖြစ်လာနိုင်ချေရှိပါသလား လို့ မေးမြန်းသွားရာမှာ Neutral ခေါ် ဘက်မလိုက်နိုင်ငံ အဖြစ်သွားတော့မယ့်  ကိုယ့်ခြေထောက်ပေါ်ကိုရပ်ရတော့မယ့် မြန်မာနိုင်ငံ တော် အရေး ကို ပရော်ဖက်ဆာ ဒေါက်တာကျော်သက် က ဟာသနှောပြီး လှပ စွာ ပြန်ဖြေသွားပုံကလေး ကိုလဲ မြင်နိုင်ပါတယ်။ ကြည့်ကြည့်ပါ..ဒီမှာ..

http://www.youtube.com/watch?v=j0epnuboiO0

ဒီ မှတ်တမ်းရုပ်ရှင်ကလေးမှာ တစ်ခေတ်တစ်ခါ က လွတ်လပ်ရေးရပြီး စ မြန်မာနိုင်ငံရဲ့  တက္ကသိုလ် ပညာ အဆင့်အတန်းကိုမြင်နိုင်ပါတယ်။ အဲဒိခေတ်ကတည်းက ရန်ကုန် တက္ကသိုလ် မှာ ဒီလို အင်္ဂလန်က ပီအိခ်ျဒီ ဘွဲ့ ရ ၊ ယေး(လ်) လိုမျိုး တက္ကသိုလ်ကြီးမှာစာပို့ ချပေးခဲ့တဲ့ပရော်ဖက်ဆာ ဒေါက်တာကျော်သက်လို မျိုး ဆရာတွေ ရှိနေခဲ့တာကို နိုင်ငံခြားသားများကိုယ်တိုင်အံ့သြ ယူ ရ တဲ့ သင်ကြားပို့ ချပေးတဲ့ဆရာရဲ့  ပညာအရည်အချင်း၊ သင်ကြားပို့ ချပေးတဲ့ဘာသာစကား teaching medium ဟာ အင်္ဂလိပ်ဘာသာစကားဖြစ်နေခြင်း၊ ဆရာတင်မက ကျောင်းသားများပါ အင်္ဂလိပ်စကားကို အင်မတန် ချောမွေ့ စွာ ပြောဆို နိုင် ခြင်းတွေ ကိုကြည့်ရင်၊ ဒီကနေ့ ဒေသတွင်းက နာမည်ကြီးနေတဲ့တက္ကသိုလ်ကြီးတွေ မှာတောင်အဲဒိ အချိန်က အဲလို အဆင့်အတန်း မီ ခဲ့တာရှားပါတယ်။

အလွယ်ဆုံးဥပမာပြရရင် အခု စင်္ကာပူမှာ မြန်မာကျောင်းသား တွေပညာဆက် ဆည်ပူးစရာတက္ကသိုလ်ကြီးနှစ်ခုထဲက အခု အရှေ့တောင်အာရှမှာ နာမည်ထွက်လာတဲ့ စင်္ကာပူအမျိုးသားတက္ကသိုလ် (NUS) ဆိုရင် အဲဒိ အချိန်က Raffles College နဲ့ the King Edward VII College of Medicine တို့ ပေါင်းပြီး နောင်တစ်ချိန် NUS ဆိုတာဖြစ်လာမယ့် University of Malaya ဆိုတာ လေးသန္ဓေ ဖြစ်လာခါစပဲရှိပါသေးတယ်။ နောက်တစ်ကျောင်းဖြစ်တဲ့ နန်းယန်း Nanyang Technological University ဆို ရင်လဲအဲဒိခေတ် ၁၉၅၅ က တရုတ်ဘာသာနဲ့ သာသင်ကြားပေးတဲ့ တရုတ်ကျောင်းအဆင့်ပဲရှိခဲ့ပါတယ်။

အဲလို..အဲလို ဒေ သတွင်းက တက္ကသိုလ် တွေ မယှဉ်နိုင်ခဲ့တဲ့ ၊ ပညာရေးသမိုင်းကြောင်း အင်မတန် ကောင်းခဲ့တဲ့ ရန်ကုန် တက္ကသိုလ်ကြီး ရှိခဲ့တဲ့ မြန်မာနိုင်ငံ ကလဲ ဒီအတိုင်းမနေပါဘူး။ စင်္ကာပူလို တက္ကသိုလ်ကြီး ၂ ခု ၃ ခုထဲရှိတာက တော့ပျင်း တောင်ပျင်း ပါသေးတယ်။

ဒီကနေ့ ခေတ်မီဖွံ့ ဖြိုး သော နိုင်ငံတော် ကြီးရဲ့ နိုင်ငံတကာ အဆင့်မီပညာရေး စနစ်ဆိုတာကြီး အောက်မှာ အခုဆို တက္ကသိုလ်ကြီးတွေ စုစုပေါင်း ၁၄၄ ခုရှိပါပြီ။ ရန်ကုန်တိုင်းတစ်ခုထဲမှာတင် တက္ကသိုလ် ကောလိပ် ပေါင်းစုံ အရေအတွက် ၃၀ တိတိရှိပါတယ်။

အဲဒိထဲမှာကျောင်းသားများတဲ့ တက္ကသိုလ်ကြီးတွေ၊ နည်းပညာ တက္ကသိုလ်ဆိုတာတွေ ကိုကြည့်လိုက်တော့ ရန်ကုန် အရှေ့ပိုင်း၊ အနောက်ပိုင်း ဆိုပြီး ဒဂုံ၊ လှိုင်သာယာ၊ နဲ့  သန်လျင် တွေမှာ ပို့ ထားတာတွေ့ ရပါတယ်။ ဒေသန္တရ အနေအထား နဲ့ ..ဆိုရရင် တော့ တော်တော် ကောင်းပါတယ် ။ ထိုင်ခုံအလှုပ်ခံရမယ့် ကျောင်းသား ဆူပူမှု ၊ဆန္ဒပြမှု ဖြစ်လာတယ်ဆိုရင် တခါတည်း မြစ်ကူးတံတား တွေကို ပိတ်ဆို့ လိုက်ပြီး မြို့ လယ်ကပြည်သူနဲ့ မပူးပေါင်းနိုင်အောင် စီစဉ်ထားတဲ့အတွက် ဗျူဟာ အရကြည့်လိုက်ရင် သတ်ကွင်းကရှင်းနေတဲ့အတွက် ၊ ဖြတ်လေးဖြတ်လုပ်ဖို့ လွယ်ကူတဲ့၊ ကျောင်းသား ပြည်သူ စစ်ကူ ထပ်ရောက်မလာအောင်ဖြတ်တောက်နိုင်တဲ့ အတွက်..ဆိုတော့…..အင်မတန် ကို ကောင်းပါတယ် (စစ်ရေးဗျူဟာ အရ)၊ ။

နောက်တစ်ခါ ဒီကနေ့ တက္ကသိုလ်တွေမှာ ယူနီဖောင်းဝတ် မှ ကျောင်းတက်ရတယ်လို့  ကြားစက လာနောက်နေတယ်ထင်တာ။ တစ်ကယ် အဟုတ်ပဲ။ ပုံလေးပါတွေ့  လိုက်ရတော့ပိုသေချာသွားတယ်။ ကောင်းပါတယ် (စစ်ရေး ဗျူဟာ အရ ) ပစ်ကွင်း ဖမ်းကွင်း ရှင်းရှင်း နဲ့  ရန်သူ မိတ်ဆွေ ခွဲခြားရလွယ်သွားတယ်ပေါ့။ ရန်..ငါ ..စည်းပြတ်တယ်ဆိုတာမျိုးဆိုတာ ဒါထင်ပါရဲ့ ။ ပြီးတော့  ယူနီဖောင်းဆင်တူလေးတွေနဲ့ဆိုတော့ တက္ကသိုလ် ကျောင်းသားဆိုတဲ့ ဂုဏ် ကို ဦးချိုးပြီးသားလည်းဖြစ်သွားပြန်ရော။

ထားပါတော့..ဒါတွေက ကိုယ့်ထက်နားလည်တဲ့ သူ များ မဟာဥာဏ်နဲ့ စီမံထားတာဆိုတော့ ကောင်းမယ်ထင်လို့ စီမံတာနေမှာပါလို့ ပဲမှတ်လိုက်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ က ပရော်ဖက်ဆာ ဒေါက်တာကျော်သက်တို့ ခေတ် က သမိုင်းမေဂျာ မှာ တောင် ဒီလောက် ပညာအဆင့်အတန်းမြင့်ခဲ့တာ အခု လို အိုင်တီခေတ်၊ နည်းပညာခေတ်ကြီးမှာ ပါရဂူတွေတောင်မွေးထုတ်ပေးနိုင်ပြီဖြစ်တဲ့ မြန်မာ့ တက္ကသိုလ် ပညာရေး အဆင့် က ၁၉၅၀ ခေတ်တွေထက် အဆပေါင်း မနှိုင်းသာအောင် မြင့်မားနေရော့မယ်..... လို့

Friday, February 6, 2009

^-^မြန်မာကားများကြည့်ပြီး ရရှိလာသော ဗဟုသုတ ၁၀၀^-^

၁။ မြန်မာလူမျိုးများသည် ခဏခဏ အတိတ်ကို ပြန်သတိရလေ့ရှိသူများဖြစ်ကြပြီး များသောအားဖြင့် အတိတ်ကို အဖြူအမည်းဖြင့်သာ သတိရလေ့ရှိသည်။

၂။ သီချင်းနားထောင်လေ့ရှိသူများဖြစ်ပြီး သီချင်းနားထောင်နေရင်း အတိတ်အကြောင်းများ ပြန်တွေးလေ့ရှိသူများဖြစ်ကြသည်။

၃။ စားသောက်ဆိုင်တွင် စကားစမြည်ပြောမည်ဆိုပါက .. အစာလုံးဝမစားရ။
(သိပ်စားချင်လျှင် အရည်တခုခု သို့မဟုတ် အနည်းငယ်မျှ စားခွင့်ရှိသည်။ )

၎။ မိန်းကလေးများ ကားပျက်လျှင် အနီးအနားတွင် ကူညီပေးချင်သော ယောက်ျားလေးများ အများအပြားရှိသည်။

၅။ ထိုယောက်ျားလေးများအားလုံးသည် ကားပြင်တတ်သူများသာဖြစ်ကြသည်။

၆။ ထိုမိန်းကလေးသည် Handphone ရှိသော်လည်း များသောအားဖြင့် လမ်းသွားလမ်းလာများကိုသာ အကူအညီတောင်းလေ့ရှိသည်။

၇။ Professional Graphic Designer တစ်ယောက်သည် Laptop ဖြင့် Touch pad ကို သုံးပြီး အံသြလောက်ဖွယ်ကောင်းသော ဒီဇိုင်းများကို Microsoft paint ဖြင့် ဖန်တီးလေ့ရှိသည်။

၈။ Instant Messenger / Chat Client ဆိုသည်မှာ Pagemaker / MS Word ကို ဆိုလိုခြင်းဖြစ်သည်။

၉။ ကွန်ပျူတာပညာရှင်များသည် စာရွက်များဖြင့်သာ အလုပ်ရှုပ်နေတတ်ကြပြီး
ကွန်ပျူတာသုံးလေ့မရှိကြ။

၁၀။ သူခိုးများသည် အသံမကြားအောင် ခြေဖျားထောက်ပြီး လမ်းလျောက်လေ့ရှိသည်။

၁၁။ ဆင်းရဲသားများ ရန်အလွန်ဖြစ်ကြသည်။

၁၂။ ရုပ်ဆိုးသူများသည် လူဆိုး၊လူမိုက်များဖြစ်ကြသည်။

၁၃။ လူမိုက်များသည် ဘောင်းဘီသာဝတ်ကြပြီး ပုဆိုးဝတ်လေ့မရှိကြ။

၁၄။ လူဆိုးခေါင်းဆောင်အများစုသည် ကုတ်အကျီ (သို့) Leather Jacket ၀တ်လေ့ရှိပြီး
တခါတရံ ဦးထုပ်ဆောင်းတတ်ကြသည်။

၁၅။ လူဆိုးများသည် ခြံကျယ်ကြီးများ၊ တိုက်ပျက်ကြီးများတွင် စခန်းချလေ့ရှိသည်။

၁၆။ ထောင်မှထွက်လာသူများသည် ကောင်းမွန်စွာလုပ်ကိုင်စားလေ့မရှိဘဲ လူဆိုး
များဖြင့်သာ ပြန်လည်ပေါင်းသင်းပြီး ဆက်လက်ဆိုးသွမ်းကြသည်။

၁၇။ Snooker ကစားသူ အများစုသည် အကျင့်ပျက် လူပွေများသာဖြစ်လေ့ရှိသည်။

၁၈။ မြန်မာလူမျိုးများသည် ရေကူးကန်နားသို့ရောက်လျှင် မည်သူ့ကိုမဆို ရေထဲသို့တွန်းချလေ့ရှိသည်။

၁၉။ စီးပွါးရေးသမားအများစုသည် အနောက်တိုင်းဝတ်စုံကို ၀တ်စုံပြည့်ဝတ်ဆင်သွားလာလေ့ရှိသည်။

၂၀။ ထိုလူအများစုသည် အနက်ရောင် လက်ဆွဲသေတ္တာများကိုင်ဆောင် လေ့ရှိကြသည်။

၂၁။ ဖန်ခွက်ကျကွဲလျှင် ထိုသူနှင့်ပါတ်သက်သူ တစုံတယောက်မှာ သေဘေး(သို့)အန္တရာယ်နှင့် ကြုံနေရသည်မှာ အသေအချာပင်။

၂၂။ သေခါနီးလူမမာများသည် စကားအလွန်များသောသူများဖြစ်ကြသည်။

၂၃။ သူတို့စကားပြောလို့ မပြီးမချင်း သေလေ့မရှိ။

၂၄။ ကျေးရွာတိုင်းတွင် ထန်းတောရှိတတ်ပြီး၊ အဆိုပါထန်းတောတွင် အချိန်ပြည့် မူးရူးနေသူများဖြင့် ပြည့်နေသော ထန်းရည်ဆိုင်ရှိသည်။

၂၅။ တက္ကသိုလ် ကျောင်းသားဘ၀သည် ကင်တင်းတွင် တနေကုန်ထိုင်ပြီး ရီစရာဟာသများပြောကာ
ကောင်မလေးများကို ထိုင်ငမ်းနေသော နေ့ရက်များဖြစ်သည်။

၂၆။ တက္ကသိုလ်ကျောင်းဆိုသည်မှာ Myanmar Info Tech ( ICT Park ) နှင့် အင်းလျားကန်ဘောင်ကို ဆိုလိုခြင်းဖြစ်သည်။

၂၇။ စာသင်ခန်းထဲတွင် စိတ်ကြိုက်စကားပြောခွင့်ရှိသည်။

၂၈။ ကျောင်းသူ မိန်းကလေးအများစုသည် အသံစွာကျယ်စွာကျယ် စကားပြောလေ့ရှိပြီး၊
ကင်တင်းတွင် ဟီးဟီးဟားဟား လုပ်လေ့ရှိသူများဖြစ်ကြသည်။

၂၉။ ထိုမိန်းကလေးများသည် ဆိုင်ထဲသို့ ယောက်ျားလေးတစ်ယောက်လာလျှင် ၀ိုင်းစတတ်ကြသည်။

၃၀။ အစခံရသော ယောက်ျားလေးတိုင်း ရှက်ပြီး အမှားမှား အယွင်းယွင်းများလုပ်လေ့ရှိသည်။

၃၁။ အသက်မည်မျှပင်ကြီးစေကာမူ အထက်တန်းကျောင်း တက်လေ့ရှိကြသည်။

၃၂။ လူငယ် ယောက်ျားလေး မိန်းကလေးများသည် ၃ယောက် ၄ယောက် အဖွဲ့လိုက်သာ
ပေါင်းသင်းလေ့ရှိကြသည်။ တယောက်တည်း နေလေ့သိပ်မရှိ။

၃၃။ ယောက်ျားလေးအဖွဲ့မှ တယောက်ယောက်နှင့် မိန်းကလေးအဖွဲ့မှ တယောက်ယောက်
ချစ်သူရည်းစားဖြစ်သွားလျှင် ယောက်ျားလေးများသည် ထိုမိန်းကလေးအဖွဲ့မှ အခြားသော
မိန်းကလေးများနှင့် ရည်းစားဖြစ်သွားလေ့ရှိသည်။

၃၄။ သမီးရည်းစားများသည် သီချင်းဖွင့်ထားသော ပန်းခြံထဲတွင် ပြေးလွှားနေကြလေ့ရှိသည်။

၃၅။ မိန်းကလေးများ အော့အန်ပါက ကိုယ်ဝန်ရှိနေပြီဖြစ်သည်။

၃၆။ ကိုယ်ဝန်ရှိသောမိန်းကလေး ချော်လဲလျှင် ကိုယ်ဝန်ပျက်ကျဖို့ ၉၀% သေချာသည်။

၃၇။ မွေးလာသော ကလေးမှာ ယောက်ျားလေးဖြစ်လျှင် လင်ယောက်ျားမှာ အလွန်ပျော်ရွှင်လေ့ရှိသည်။

၃၈။ မြန်မာမိန်းကလေးများသည် စိတ်ဆိုးလျှင် ပါးရိုက်လေ့ရှိကြသည်။

၃၉။ အသည်းကွဲသူများသည် အလွမ်းသီချင်းများ နားထောင်ပြီး ငိုကြွေးလေ့ရှိကြသည်။

၄၀။ မိန်းကလေးတစ်ယောက်နှင့် ရန်ဖြစ်ပါက အဆိုပါမိန်းကလေးနှင့်ရည်းစားဖြစ်တတ်သည်။

၄၁။ မိန်းကလေးတစ်ယောက်သည် ယောက်ျားလေးတစ်ယောက်အား မကျေနပ်၍ လက်စားခြေလိုလျှင်
သမီးရည်းစားအဖြစ်တွဲလေ့ရှိသည်။

၄၂။ အရက်မူးလာရင် အာလေး လျှာလေးဖြင့် စကားပြောတတ်ပြီး .. ပြောသမျှစကားအများစုမှာ ရန်စကားများသာဖြစ်ကြသည်။

၄၃။ အရက်ဆိုင်အတွင်းရန်ဖြစ်လျှင် များသောအားဖြင့် ရဲလာဖမ်းလေ့မရှိ။

၄၄။ မူးရူးပြီးအိမ်ပြန်လာလျှင် အိမ်ရှိကောင်မလေးများအား မတရားပြုကျင့်တတ်ကြသည်။
ထိုအချိန်တွင် စားပွဲပေါ်မှ ပန်းအိုလဲသွားခြင်း၊ ကျကွဲခြင်း၊ ပန်းပွင့်ကြွေခြင်းများဖြစ်တတ်သည်။

၄၅။ အခန်းတစ်ခန်းအတွင်းမှ ထွက်လာပြီး ပုဆိုးပြင်ဝတ်လျှင် မုဒိန်းကောင်ဖြစ်သည်။
(မူးနေသူဖြစ်ပြီး မျက်နှာတွင် အဆီပြန်နေပါက ၁၀၀% သေချာသည်။)

၄၆။ မတရားပြုကျင့်ခံရသူတိုင်း ကိုယ်ဝန်ရှိလာကြသည်။

၄၇။ သူတို့သည် အများအားဖြင့် တရားစွဲလေ့မရှိကြ။

၄၈။ ကိုယ်ဝန်ဖျက်ချလေ့လဲမရှိသည့်အပြင် ကလေးကို တောရွာတခုခုသို့သွားပြီ ခက်ခဲဆင်းရဲစွာ မွေးလေ့ရှိသည်။

၄၉။ အိမ်များတွင် ချောမောလှပသော အိမ်ဖေါ်ကောင်မလေးများရှိတတ်သည်။

၅၀။ ထိုအိမ်ဖေါ်ကောင်မလေးများသည် အိမ်ရှင်၏ သားများနှင့် ငြိစွန်းသွားတတ်ကြသည်။

၅၁။ ရုပ်ဆိုးသောအိမ်ဖေါ်အား မည်သူမျှ မတရားပြုကျင့်ခြင်းမရှိ။

၅၂။ ခေတ်လူငယ်အများစုသည် Shopping Mall များ၊ Snack Shop များတွင် တချိန်လုံး
အချိန်ဖြုန်းနေတတ်ကြသည်။

၅၃။ အဆိုပါ ဆိုင်များတွင် တွေ့သမျှ ကောင်မလေးများအား မျက်စပစ်ပြခြင်း စသည် စသည်များ စိတ်ကြိုက်လုပ်ခွင့်ရှိသည်။

၅၄။ မိန်းကလေးများ အဖွဲ့လိုက် ခရီးထွက်ပါက ယောက်ျားလေးအဖွဲ့တဖွဲ့နှင့်
လမ်းခရီးမှာ ကြုံတွေ့လေ့ရှိပြီး ချစ်သူရည်းစားဖြစ်သွားလေ့ရှိသည်။

၅၅။ ယောက်ျားလေးမိန်းကလေးအဖွဲ့များတွင် အချောဆုံးတယောက်မှ လွဲပြီး ကျန်သော
သူငယ်ချင်းများမှာ တချိန်လုံး ဟာသလုပ်ပြီး ရီစရာများပြောနေတတ်ကြသည်။

၅၆။ ခေတ်လူငယ်အများစုမှာ မိဘ တစ်ဦး(သို့)နှစ်ဦးစလုံး မရှိတတ်ကြ။ ဦးလေး အဒေါ်များ
သူငယ်ချင်းများဖြင့်သာနေလေ့ရှိကြသည်။

၅၇။ စတိုးဆိုင်ရှိ အရောင်းစာရေးမများအား စိတ်ကြိုက် ရည်းစား စကားပြောခွင့်ရှိသည်။

၅၈။ (အရောင်းတာဝန်ခံ/မန်နေဂျာ/Security) မည်သူကမျှ မတားဆီးကြ၊ အနှောင့်အယှက်မပေးလေ့မရှိကြ။

၅၉။ မည်သူမဆို Taxi ငှားစီးလျှင် မည်သည့်အခါမှ ဈေးမဆစ်ကြ။

၆၀။ အသက်၄၀ကျော် မိန်းမကြီး ၉၀% ခန့်မှာ အတင်းပြောတတ်သူများသာဖြစ်ကြသည်။

၆၁။ ရှုပ်ပွေသော မိန်းမများသည် အချိန်ပြည့် ဖဲရိုက်နေလေ့ရှိသည်။

၆၂။ အိမ်တစ်အိမ်တွင် အဖိုး၊အဖွားများသည် သြဇာအရှိဆုံးလူများ ဖြစ်ကြသည်။

၆၃။ ညအချိန်မတော် လမ်းမပေါ်တွင် သီချင်းအကျယ်ကြီးဆိုပြီး ဂစ်တာတီးနေသူများကို
တရပ်ကွက်လုံးက သည်းညည်းခံကြသည်။

၆၄။ ဂစ်တာတလုံးထဲဖြင့် Drum/Keyboard အသံများထွက်အောင် တီးတတ်ကြသည်။

၆၅။ ကောင်မလေးများသည် အဖေါ်မပါဘဲ ညအချိန်မတော် လူပြတ်သော လမ်းများတွင်
သွားလာလေ့ရှိသည်။

၆၆။ ထိုလမ်းများတွင် အဖေါ်မပါသော ကောင်မလေးအား ဆွဲလားရမ်းလားလုပ်ဖို့
အရက်မူးနေသော လူရမ်းကားများ လူဆိုးများ စောင့်နေတတ်သည်။

၆၇။ ထိုမိန်းကလေးများသည် အများအားဖြင့် အော်ဟစ်အကူအညီတောင်းလေ့မရှိကြ။

၆၈။ ယောက်ျားလေးများသည် တစ်ယောက်တည်းပင်ဖြစ်စေကာမူ ၂ယောက်၃ယောက်မကသော လူဆိုး၊
လူမိုက်များနှင့် ရန်ဖြစ်လေ့ရှိသည်။ ရန်ဖြစ်သည့်အခါများတွင် တိုက်ဆိုင်စွာ ဘောင်းဘီရှည်သာ ၀တ်ထားလေ့ရှိသည်။

၆၉။ ရန်ဖြစ်သည့်အချိန်တွင် လဲကျသွားပါက ရှုံးပြီဖြစ်သည်။

၇၀။ အလွန်ချောမောလှပသော ကောင်မလေးများတွင် ခပ်ပေါပေါခပ်ချာချာ အစ်ကိုတစ်ယောက်
ရှိနေတတ်သည်။


၇၁။ ထိုမိန်းကလေး၏ အဖေသည် သူ၏သားမက်လောင်းအား မည်သည့်အခါမျှ မျက်နှာကျောမတည့်။

၇၂။ နယ်မှ တယောက်တည်းလာနေသော မိန်းကလေးများသည် သိန်းချီပေးရသော
အခန်းများငှားနေတတ်ကြပြီး ဘတ်စ်ကားဖြင့် သွားလာလေ့ရှိသည်။

၇၃။ ဆင်းရဲသား အလုပ်သမားများသည် စုတ်ချာသော (တခါတရံ) စုတ်ပြဲနေသော
အ၀တ်အစားများသာ အမြဲလိုလိုဝတ်ဆင်ကြသည်။

၇၄။ ချမ်းသာသူတို့၏ သားသမီးများသည် ဘွဲ့ရပြီးသည်အထိ အလုပ် လုပ်လေ့မရှိကြ။

၇၅။ အသည်းကွဲသူများသည် မီးရထားလမ်းဘေးတွင် လမ်းလျောက်နေလေ့ရှိသည်။

၇၆။ ပိုက်ဆံချမ်းသာသော လုပ်ငန်းရှင်သူဌေးများသည် ဆင်းရဲပြီးချောမောလှပသော
ကောင်မလေးအား လက်ထပ်ခွင့်ရရန် ယောက်ခမလောင်းများအား ငွေဖြင့် သိမ်းသွင်းတတ်သည်။

၇၇။ အဖြူရောင်ကုတ်အကျီရှည်ဝတ်ထားပြီး နားကျပ်လည်ပင်းတပ်ထားသူတိုင်း ဆရာဝန်များဖြစ်ကြသည်။ (သို့) ဆရာဝန်တိုင်း ဂျူတီကုတ်ဝတ်ပြီး နားကျပ်လည်ပင်းဆွဲထားတတ်ကြသည်။

၇၈။ ခွဲစိတ်ကုသမှုမအောင်မြင်လျှင် ခွဲစိတ်ဆရာဝန်ကြီးသည် ခွဲခန်းအတွင်းမှ ခေါင်းယမ်း၍ (သို့) မျက်နှာပျက်၍ ထွက်လာတတ်သည်။

၇၉။ မင်းသား(သို့) မင်းသမီး၏ အမေများတွင် နှလုံးရောဂါ (သို့) သွေးတိုးရောဂါများရှိတတ်သည်။

၈၀။ တယ်လီဖုန်းမှ သတင်းဆိုးကြားရလျှင် တယ်လီဖုန်းပြောနေရင်းမှ မူးမေ့လဲသွားတတ်သည်။

၈၁။ အလွန်တော်သောမိန်းမများသည် အသုံးမကျသော (သို့) အလွန်မာနကြီးသော ယောက်ျားများကို ကြိုက်နှစ်သက်ကြသည်။

၈၂။ အလွန်ထက်မြက်သော မိန်းမများ၏ အိမ်ထောင်ရေးသည် အဆင်မပြေ။

၈၃။ လူငယ်များ၏ နာမည်အများစုမှာ ခေါ်ရခက်သော တောက်ညင်ကတ်ဖွယ်နာမည်များ ဖြစ်လေ့ရှိသည်။

၈၄။ တခါတရံ မည်သို့မျှ တွေးတောယူဖွယ်မရလောက်သော နာမည်မျိုးရှိသည်။

၈၅။ ထိုတောက်ညင်ကတ်ဖွယ်နာမည်ဆိုးကို မည်သူကမျှ စခြင်းနောက်ခြင်း ပြောင်လှောင်ခြင်းမပြုကြ။

၈၆။ ယောက်ျားနောက် ခိုးရာလိုက်ပြေးသွားသော မိန်းကလေးများသည် မိဘများအား ခိုးရာလိုက်သွားပြီဖြစ်ကြောင်း .. လိုက်မရှာရန် နှင့် ခွင့်လွှတ်စေချင်ကြောင်း .. အစရှိသဖြင့် စာရေးထားတတ်ကြပြီး .. အိပ်ယာပေါ် သို့မဟုတ် အိပ်ယာဘေးက စားပွဲပေါ်တင်ထားလေ့ရှိကြသည်။

၈၇။ ထိုစာအများစုတွင် သမီးမိုက် ဆိုသော စာသား ပါလေ့ရှိသည်။

၈၈။ ယောက်ျားလေးအများစုကတော့ မိဘကို မိန်းမခိုးမည့်ကိစ္စနှင့်ပါတ်သက်ပြီး လုံးဝ အသိပေးလေ့မရှိ။

၈၉။ နှဲသံကြားပါက (နာတာရှည်) မမာမကျန်းဖြစ်နေသူများ သေတတ်သည်။

၉၀။ ယောက်ျားလေးများ၏အခန်းသည် လူမနေသည့်အခန်းကဲ့သို့ အစဉ်အမြဲရှင်းလင်းနေတတ်ပြီး သန့်ရှင်းနေလေ့ရှိသည်။

၉၁။ အိမ်ဖေါ်မိန်းမများ၊ ခြံစောင့်များသည် အိမ်ရှင်၏ သမီးအား မမလေး ဟုသာ ခေါ်လေ့ရှိသည်။

၉၂။ အခုနောက်ပိုင်းတွင် ပေါ့ပေါ့ပါးပါးစကားများကိုပင် လေးနက်အောင် တမင်ကြိုးစား
ဖျစ်ညှစ်ပြောတတ်သော အကျင့်များရှိလာကြသည်။

၉၃။ လူကြားထဲတွင် အိနြေ္ဒပျက်လောက်အောင် တကိုယ်လုံးနှင့် လက်များရမ်းခါလှုပ်ပြီး
စကားပြောတတ်သူများကို .. မထူးခြားသယောင် ဆက်ဆံပြောဆိုတတ်ကြသည်။

၉၄။ လူငယ်များသည် ပူအိုက်သောရာသီမှာပင် အနွေးထည်များဝတ်ဆင်ကြလေ့ရှိသည်။

၉၅။ ကျောင်းသားကျောင်းသူ အများစုမှာ စာကြိုးစားသည်ကို မတွေ့ရ။

၉၆။ ဖယောင်းတိုင်များထွန်းထားလျှင် အလွန်ပင်ရိုမန်တစ်ဖြစ်သည်။

၉၇။ သင်္ကြန်လည်ရာတွင် မည်သူမျှ အရက်မသောက်ကြ။

၉၈။ နိုင်ငံခြားသွားပြီး ပညာသင်လာပါက မြန်မာပြည်တွင် အလွန်အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင် (သို့) ပညာရှင်အဖြစ် ရပ်တည်နိုင်သည်။

၉၉။ ယောက်ျားဖြစ်ပြီး နှုတ်ခမ်းမွှေးမရှိရင် အတုတပ်ထားတတ်ကြတယ်။

၁၀၀။ မြန်မာလူမျိုးများသည် မည်မျှပင် ဒေါသထွက်စေကာမူ ဆဲဆိုခြင်းမပြုကြ။

ကဲ မပါသေးတဲ့ အချက်တွေ ကွန်.မန်. မှာ နံပါတ်စဉ်တပ် ရေးခဲ့ပါဦး။ မရေးခင် သူများရေးထားတာ အရင်ဖတ်ဦးလေ။ တော်ကြာ တူတာတွေ ထပ်ကုန်မယ်နော်။

မြန်မာရုပ်ရှင်လောက ကြီး တိုးတက်ပါစေ။

Source by Royal-Myanmar

PAY MYANMAR TAX ONLINE စင်္ကာပူတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်သားများ စိန်နန်းတော်တွင် online စံနစ်ဖြင့် ၀င်ငွေခွန်ပေးဆောင်နှိုင်ပါသည်။

မြန်မာနိုင်ငံသား မြန်မာအခွန်ပေးဆောင်ရန်

http://www.myanmarvisaxpress.com/paytax.htm

see Burmese characters, you need Alpha Zawgyi font installed, Click here to install

စင်္ကာပူတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်သားများ စိန်နန်းတော်တွင် online စံနစ်ဖြင့် ၀င်ငွေခွန်ပေးဆောင်နှိုင်ပါသည်။

ယခင် ၀င်ငွေခွန်ပေးဆောင်ခဲ့ဘူးပြီး stay status (PR/Spass/WP) အပြောင်းအလဲမရှိဘဲ မူလနှုံးထားအတိုင်း ပေးဆောင်လိုသည့် မြန်မာနိုင်ငံသားများသည် online စံနစ်ဖြင့် အောက်ပါအတိုင်း ဆောင်ရွက်ပါ။ မှီခိုထောက်ခံစာ လဲ ရယူနှိုင်ပါသည်။

ပထမဆုံးအကြိမ် ၀င်ငွေခွန် စတင်ထမ်းဆောင်မည့်မြန်မာနိုင်ငံသားများ၊ stay status သို့မဟုတ် နှုံးထား အပြောင်းအလဲရှိပါက စိန်နန်းတော်ရုံးသို့ ဆက်သွယ်ဆောင်ရွက်ရပါမည်။
၁. ပေးဆောင်ရမည့် ငွေပမာဏကို တွက်ချက်ပါ Calculate here
၂. ပေးဆောင်ရမည့်ငွေကို အောက်ပါအတိုင်း Internet online ဖြင့် ပေးသွင်းပါ
- Bank to deposit : DBS Bank
- Account Type : DBS Save Plus
- Account Number : 009-0-023716
- Payee Name : [Your Name - Make sure you input] - ဒီမှာပုံစံတူကြည့်နှိုင်ပါသည်...
၃. ဘဏ်တွင် Internet Banking မှပေးသွင်းနှိုင်ပါသည်။ Internet Banking မသုံးတတ်လျှင်တော့ ရုံးကိုလာခဲ့ပါ။
၎. ပေးသွင်းပြီးလျှင်၊ Transaction Reference Receipt ကို scan copy ဆွဲပြီး online လျှောက်လွှာနှင့် အတူ attach လုပ်ပြီး online ပို့ပေးရပါမည်။ Transaction Reference Sample ကို ဒီမှာကြည့်ရှုနှိုင်ပါသည်။
၅. ငွေသွင်းပြီးကြောင်း ဘဏ်စာရင်းတွင် ပေါ်လျှင်၊ SMS လှမ်းပို့ပြီး ငွေရရှိကြောင်း အကြောင်းကြားပါမည်။ မိတ်ဆွေ၏ Mobile phone နံပါတ်ကို မှန်ကန်စွာ ဖြည့်စွက်ပါ။
အခွန်ပြေစာကို စာတိုက်မှ Register ဖြင့်ပို့ပေးပါမည်။ အမြန်လိုအပ်ပါက ရုံးသို့ လာရောက်ယူနှိုင်ပါသည်။
အောက်ပါ scan copy များ အဆင်သင့်ပြင်ထားပါ။
- အခွန်ဆောင်သူ၏ -
- Passport scanned copy (first page, expiry page, pages with Stay status stamps)
- Previous tax payment letter scanned copy
- EP/PR/Spass/WP card scanned copy back and front
- Bank Transaction reference scanned copy
- မှီခိုတို့၏ -
- Passport scanned copy (first page, expiry page, pages with Stay status stamps)
- EP/PR/Spass/WP card scanned copy back and front

အဆင်သင့်ဖြစ်ပြီဆိုလျှင်

အခွန်ဆောင်ရန် ဒီမှာနှိပ်ပါ.....

အခက်အခဲရှိလျှင်၊ 68370967 ကို ဖုံးဆက်လိုက်ပါ...

ကျွန်တော်တို့မြန်မာတွေ အစစ အဆင်ပြေပါစေ လို့ ဆုတောင်းလိုက်ပါတယ်....

Thursday, February 5, 2009

အိုဘယ့် ခြင်္သေ့မြို့တော်

"တီ တီ တီ တီ Door Closing"

ကိုလတ်တစ်ယောက် မြို့ပတ် ရထားပေါ်ရောက်ချိန်တွင် လွတ်နေသော ထိုင်ခုံတစ်နေရာစာသို့ ၀င် ထိုင်လိုက်ရင်း လက်ကိုင်ကွန်ပျူတာကို ဖွင့်လို့ အင်တာနက်မှ သတင်းများ၌ ယခုလပိုင်းအတွင်း အမြဲပါနေသော သတင်းတစ်ပုဒ်ကို ဖတ်မိလေ၏။ ထိုသတင်းမှာ စင်္ကာပူနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား ၁၀၀၀ကျော်ခန့်ကို မြန်မာနိုင်ငံ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံရှိ Harddisk ထုတ်လုပ်သော Seagate ကုမ္ပဏီတွင် ခန့်ထားရန် သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ခြင်းပင် ဖြစ်သည်။

ရုံးဆင်းချိန်ဖြစ်သောကြောင့် ရထားပေါ်ရှိ ခုံတိုင်းတွင် လူအပြည့် ပါရှိသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ မတ်တပ်ရပ်၍ စီးနှင်းလိုက်ပါရန်မလိုပါလေ။ အဘယ်ကြောင့်ဆိုသော် မြန်မာ့မြို့ပတ်ရထားကော်မတီ၏ ကျေးဇူးကြောင့် လူတိုင်းသက်တောင့်သက်သာ စီးနှင်း လိုက်ပါနိုင်ရန် ခုံအရေအတွက်နှင့် လူအရေအတွက် ကိုက်ညီသောအချိန်တွင် ရထားတံခါးများသည် သူ့အလိုလို ပိတ်သွားခြင်းကြောင့် ဖြစ်သည်။ သတင်းများကို ဖတ်ပြီး ကြော်ငြာများကို တစ်ချက်ကြည့်လိုက်သည်။ ထုံးစံအတိုင်း ကျန်းမာရေးနှင့်ညီညွတ်သော လယ်ယာလုပ်ငန်း၊ စိုက်ပျိုး မွေးမြူရေးအလုပ်ကြော်ငြာများတွင် မြန်မာနိုင်ငံသားများအတွက်သာဟု ပါရှိပြီး တနေကုန်တနေခန်းမတ်တတ်ရပ်၍ လုပ်ရသော၊ သို့မဟုတ် ထိုင်၍လုပ်ရသော နေ့ဆိုင်းညဆိုင်းရှိသည့် အလုပ်များဖြစ်သည့် စက်ရုံများ၊ ရုံးအလုပ်ကြော်ငြာများတွင်တော့ နိုင်ငံခြားသားများလျှောက်ထားနိုင်သည်ဟု ပါရှိသည်။ နိုင်ငံခြားသားများဆိုရာတွင် ကိုယ်ပိုင်သယံဇာတမထွက်သော၊ မြေနေရာအလွန်ကျဉ်းသော စင်္ကာပူနိုင်ငံမှ စင်္ကာပူလူမျိုးများ ထိပ်ဆုံးမှ ပါရှိ၏။

စင်္ကာပူနိုင်ငံသည် တစ်ချိန်က အရှေ့တောင်အာရှ၊ အာရှမှာပါမက ကမ္ဘာမှာပါ နာမည်ကျော်ကြားခဲ့သော နိုင်ငံတစ်ခုဖြစ်သော်လည်း ကမ္ဘာ့စီးပွားပျက်ကပ်နောက်ပိုင်းတွင် တဖြည်းဖြည်း နာမည်ကျဆင်းလာခဲ့သည်။ ကမ္ဘာ့နိုင်ငံတော်တော်များများသည် ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် ကမောက်ကမတွေဖြစ်ခဲ့ရ၍ ထိုအထဲတွင် အခြေအနေအဆိုးရွားဆုံးဒါဏ်ခံရသည်မှာ စင်္ကာပူနိုင်ငံပင် ဖြစ်လေသည်။ စီးပွားပျက်ကပ်ကြောင့် ချွတ်ချုံကျနေသော နိုင်ငံများသည် မိမိတို့နိုင်ငံသားများအတွက် အရင်ဦးဆုံး စဉ်းစားကြရလေသည်။ အစစအရာရာ ဈေးကြီးလှသော ထိုအချိန်က နိုင်ငံသားများ အလုပ်လက်မဲ့မဖြစ်ရေး၊ အစာရေစာလောက်လောက်ငှငှရှိရေးနှင့် ရေမီး နှစ်ဆယ့်လေးနာရီရရှိရေး ကြိုးပမ်းနေချိန်တွင် မည်သည့်နိုင်ငံကမျှ ပြည်တွင်းထွက် အစားအစာ၊ ရေ၊ မီးစသည်တို့ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းမရှိတော့ပဲ ပြည်တွင်းတွင် စွမ်းအင်လောင်စာရရှိရေးအတွက် ဦးစားပေးစဉ်းစားနေကြသောကြောင့် အစစအရာရာ ပြည်ပနိုင်ငံများကို အားကိုးနေရသော စင်္ကာပူနိုင်ငံသည် အဆုံးရွားဆုံးအနေအထားတစ်ခုသို့ ရောက်ရှိနေလေသည်။

ရန်ကုန်တက္ကသိုလ်မှ နိုင်ငံရေးဘာသာရပ်ဆိုင်ရာပါမောက္ခတစ်ယောက် ရေးသားထုတ်ဝေထားသော ပထမကမ္ဘာမှ တတိယကမ္ဘာသို့၊ "အိုဘယ့် ခြင်္သေ့မြို့တော်"ဆိုသည့် စင်္ကာပူနိုင်ငံအကြောင်းရေးသားထားသော စာအုပ်မှာတော့ စင်္ကာပူနိုင်ငံပျက်သုန်းခြင်းအကြောင်းများကို

(၁) စင်္ကာပူနိုင်ငံ၏ ဖခင်ကြီးဟု လူသိများသော ဘိုးဘိုးလီမရှိတော့သည့် နောက်ပိုင်းတွင် အုပ်ချုပ်ရေးပိုင်း အားနည်းလာခဲ့ပြီး စစ်ဦးစီးချုပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ခြင်းကြောင့် လည်းကောင်း။
(၂) နိုင်ငံသားတိုင်း စစ်ပညာမသင်မနေရဟူသော ဥပဒေနှင့်အတူ စစ်တပ်အတွက် အသုံးပြုသော ငွေကြေးပမာဏမှာ ပညာရေး၊ ကျန်းမာရေးများထက် အဆများစွာသာလွန်နေသောကြောင့် လည်းကောင်း။
(၃) ဘိုးဘိုးလီရှိစဉ်ကတည်းက ကျင့်သုံးလာခဲ့သော အယောင်ဆောင်ပါတီစုံရွေးကောက်ပွဲများနှင့် လူ့အခွင့်အရေး နည်းပါးမှုများကြောင့်လည်းကောင်း။
(၄) နိုင်ငံကောင်းကျိုးအတွက် လိုအပ်သော ပညာတတ်များ အခြားနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်သောအခါဖြစ်ပေါ်လာသော ဦးနှောက်ယိုစီးမှုပြဿနာများကြောင့်လည်းကောင်း။
(၅) ရေ၊ မီး မမှန်သောကြောင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု နည်းပါးလာခြင်းကြောင့်လည်းကောင်း။
(၆) နိုင်ငံသားများ၏ လစာများမှ လစဉ်စုဆောင်းငွေ(CPF)များကိုလည်း ကမ္ဘာ့စီးပွားပျက်ကပ်မှ ပြန်လည်ကယ်တင်နိုင်ရန် ကြိုးစားရင်း စုံးစုံးမြှုပ်သွားခြင်းကြောင့်လည်းကောင်း။
(၇) စစ်အာဏာရှင်စနစ်၏ ဆိုးကျိုးများအဖြစ် နိုင်ငံတကာ၏ ဖိအားပေးပိတ်ဆို့မှုများကြောင့် ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံခဲ့သော Integrated Resort(IR)မှာ အလုပ်မဖြစ်ခြင်းကြောင့်လည်းကောင်း။
စသည့်အချက် ၇ချက်ကို အခြေအမြစ်ကျကျ လေ့လာဆွေးနွေးချက်များနှင့် တင်ပြထား၏။


ထိုအချက်များသာမကပဲ စင်္ကာပူနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာလည်း နောက်ဆုံးဖွင့်လှစ်သော Singapore Flyerကြီး မကြာခဏစက်ချွတ်ယွင်းမှုကြောင့်လည်းကောင်း၊ Sentosa၊ Underwater worldတို့ထက်ကောင်းသော အပန်းဖြေစရာများသည် အရှေ့တောင်အာရှနိုင်ငံတော်တော်များများတွင် တည်ရှိခြင်းကြောင့်လည်းကောင်း၊ ထို့အပြင် ကမ္ဘာလှည့်ခရီးသွားများ၏ အဓိက စိတ်ဝင်စားမှုများမှာ ပိရမစ်များ၊ တရုတ်မဟာတံတိုင်းကြီး၊ အန်ကောဝပ်ကျောင်းတော်၊ မြန်မာနိုင်ငံမှ ပုဂံဘုရားများ၊ ဥရောပမှ ရှေးဟောင်းနန်းတော်များ ဖြစ်သောကြောင့် လည်းကောင်း စသည်တို့ကြောင့် စင်္ကာပူနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည်လည်း အခြေအနေတဖြည်းဖြည်း ဆိုးရွားလာခဲ့၏။

ဤကဲ့သို့ စင်္ကာပူနိုင်ငံ၏အခြေအနေ စတင်ဆိုးရွားချိန်၌ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းစဉ်ကို စတင်ကျင့်သုံးချိန်နှင့် တိုက်ဆိုင်ခဲ့၏။ ထိုအချိန်က မြန်မာနိုင်ငံသည် မည့်သည့်စတော့ရှယ်ယာ ဈေးကွက်တွင်မှ ပါဝင်မှုမရှိခြင်း၊ ကမ္ဘာ့နိုင်ငံတော်တော်များများနှင့် အဆက်အဆံမရှိခြင်းတို့ကြောင့် ကမ္ဘာ့စီးပွားပျက်ကပ်တွင်မပါဝင်ခဲ့ပေ။ သို့သော် ထိုအချက်သည် မြန်မာနိုင်ငံတိုးတက်ပြောင်းလဲရန်အတွက် အဓိကကျသော အချက်မဟုတ်ပေ။ မြန်မာနိုင်ငံပြောင်းလဲခြင်းအတွက် အရေးပါသော အချက်မှာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အခြေချနေထိုင်ကြသော ပညာတတ်မြန်မာနိုင်ငံသားများသည် ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာခဲ့ကြပြီး စစ်မှန်သော ပါတီစုံဒီမိုကရေစီ စနစ်ကို ဖော်ဆောင်နိုင်ခဲ့သောကြောင့်ဖြစ်၏။ ထိုဒီမိုကရေစီစနစ်နှင့်အတူ မြန်မာနိုင်ငံတိုးတက်ပြောင်းလဲရေးအတွက် နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူလူထုသည် တစ်သွေးတည်း၊ တစ်သားတည်း နေ့မအား၊ ညမအားကြိုးစားခဲ့ခြင်းကြောင့်သာ ယခုမြန်မာနိုင်ငံသည် ဤအခြေအနေသို့ ရောက်ရှိနိုင်ခဲ့ခြင်းဖြစ်၏။ ပြန်လည်ရောက်ရှိလာခဲ့သော လူများတွင် ကိုလတ်တို့လို စင်္ကာပူနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကြုံရာကျပန်းလုပ်ကိုင်ခဲ့ကြသော မြန်မာများ၊ နိုင်ငံတကာတက္ကသိုလ်ကြီးများတွင် ပညာများသင်ယူခဲ့သော ပညာတတ်မြန်မာလူငယ်များလည်း ပါဝင်လေသည်။

ကိုလတ်တို့ စင်္ကာပူတွင် ရှိစဉ်က တစ်ရက်ကို စင်္ကာပူဒေါ်လာ ၁၇ဒေါ်လာသာ ရရှိခဲ့သောကြောင့် မြန်မာနိုင်ငံရှိမိသားစုကို ပြန်ပို့ရန် မဆိုထားနှင့် တစ်ကိုယ်ရည်သုံးစွဲရန်တောင် အနိုင်နိုင်ပင်။ ထိုကြားထဲ စင်္ကာပူတွင် အလုပ်လုပ်ရန်အတွက် ပွဲစားခကလည်း လတိုင်းဖြတ်သေးသည်။ ယခုမြန်မာနိုင်ငံရှိပွဲစားများမှာ အလုပ်သမားများထံမှ ပွဲစားခ တစ်ပြားမှမယူပဲ ကုမ္ပဏီများနှင့် နိုင်ငံတော်အစိုးရထံမှ အခကြေးငွေများကိုသာ လက်ခံကြသည်။ ကိုလတ်စင်္ကာပူတွင် နေထိုင်ခဲ့စဉ်က စိတ်အညစ်ဆုံးမှာ သွားရေးလာရေးနှင့် နေထိုင်ရေးပင်ဖြစ်သည်။ သွားရေးလာရေးတွင် အားထားစရာဖြစ်သော SMRTမှာ ရုံးတက်ရုံးဆင်းချိန်တွင် အမြဲပြည့်ကြပ်နေတတ်ပြီး နေထိုင်ရသော HDBအခန်းများမှာလည်း ယခုမြန်မာပြည်တွင်နေထိုင်လျှက်ရှိသော အိမ်နှင့်စာလျှင် အသက်ရှုတော်တော်ကြပ်လေသည်။ ယခုနေထိုင်သော အိမ်မှာ ပေ၅၀ပတ်လည် ခြံဝန်းပေါ်တွင် ၂ထပ်လုံးချင်းတိုက်လေးဖြင့် နေခြင်းဖြစ်၏။

"တီ တီ တီ တီ Next Stop တောင်ဥက္ကလာပ"

တောင်ဥက္ကလာပ ဘူတာရုံသို့ ရောက်သောအချိန်တွင် ရုံးဆင်းချိန်ဖြစ်၍ လူအများနှင့် စည်ကားနေသည်။

"Nasi Lemark, Nasi Lemark နရာချပ်၊ နရာချပ်၊ Mee Poh, Mee Poh Also နရာချပ်၊ နရာချပ်"

အိမ်အပြန်လမ်းပေါ်ရှိ လမ်းဘေးဆိုင်များတွင် ညဖက်ပိုက်ဆံအပိုလေး ရရန် အလုပ်လုပ်နေကြရရှာသော စင်္ကာပူနိုင်ငံမှ တရုတ်လူမျိုးများကို တွေ့ရသည်။ အင်း Nasi Lamark ပူပူ နွေးနွေးလေး၊ အိမ်က သားနဲ့ သမီးအတွက် တစ်ခုခုတော့ ၀ယ်သွားဦးမှပဲ။ "One Nasi Lemark and one Hokkien Mee, take away" ဆိုပြီး အိတ်ကပ်ထဲမှ လေးရာကျပ်ထုတ်ပေးလိုက်သည်။
"ငါတို့ စင်္ကာပူမှာဆိုရင် အစားအသောက်တွေကို ပြည်ပနိုင်ငံတွေကပဲ တင်သွင်းရတော့ ဘယ်မှာ လတ်ဆတ်မှာလဲ။ ဒီမှာကတော့ ကန်စွန်းခင်းထဲကနေ တစ်ခါတည်းခူးပြီး ဟင်းထဲထည့်ချက်တာ။ စင်္ကာပူကို အဓိက စိတ်ကုန်တာကတော့ မီးပျက်တာပဲကွ။ မီးပျက်လို့ ရေကျတော့ ရှိလားဆိုတော့လည်း မရှိဘူး။ အစိုးရကတော့ သုံးပြီးသားရေတွေကို NEWaterဆိုပြီး Recycleအကြိမ်ကြိမ်လုပ်ရင်းနဲ့ နောက်ဆုံး ReNEWaterဆိုပြီးတောင် ဖြစ်နေပြီ။ ငါတို့ကတော့ ရွံ့လို့ မသောက်နိုင်ဘူးဟေ့။ နိုင်ငံတစ်နိုင်ငံမှာ အဓိကလိုအပ်ချက်ဖြစ်တဲ့ ရေ၊ မီးမှ မှန်မှန်ရအောင် မလုပ်ပေးနိုင်တာ အုပ်ချုပ်တဲ့ သောက်အစိုးရကိုပဲ အပြစ်တင်ရမယ်နဲ့တူတယ်။ ပြီးတော့ ဒီမှာက လေကောင်းလေသန့်လည်း ရတယ်။ ငါတို့ နေတဲ့ မှော်ဘီဖက်က အိမ်မျိုး ငါ့ဒီတစ်သက် စင်္ကာပူမှာဆို နေနိုင်မယ်တောင် ထင်တာမဟုတ်ဘူး။ အခုလာမယ့် တရုတ်နှစ်ကူးမှာ စင်္ကာပူကို မပြန်ပဲ ငါ့မိသားစုကို မြန်မာနိုင်ငံခေါ်ပြီး Reunionညစာကို အိမ်နောက်ဖေးက ကွပ်ပြစ်လေးမှာ စားမလားမှတ်တယ်ကွာ"လို့ စင်္ကာပူလူမျိုးတွေ မြန်မာပြည်မှာ နေရတာကြိုက်ကြတယ်ဆိုတဲ့အကြောင်းကို အလုပ်ထဲမှ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ စင်္ကာပူလူမျိုးတစ်ယောက်က ဤကဲ့သို့ ပြောပြသည်။ စင်္ကာပူနိုင်ငံမှ ရွှေ့ပြောင်းလာသော လူအများစုသည် မြန်မာများနေထိုင်သော မြို့ထဲရှိအိမ်များတွင် မနေနိုင်သောကြောင့် မှော်ဘီ၊ ထောက်ကြံ့စသော ရန်ကုန်နှင့် မနီးမဝေးနေရာများတွင် အဓိကနေထိုင်ကြသည်။

အိမ်ပြန်ရောက်တော့ ကိုလတ်၏ သမီးက အပြေးထွက်လာပြီး ကြိုလို့ မိန်းမကတော့ မီးဖိုချောင်တွင် ဟင်းချက်နေရာမှနေ၍ "မောင် ပြန်လာပြီလား၊ အိမ်ရှေ့က သံပရာပင်က သံပရာသီးတစ်လုံးခူးလာခဲ့၊ စားပွဲပေါ်မှာ သကြားနဲ့ ဆားခပ်ထားတဲ့ ရေခဲရေခွက် အဆင်သင့်ပဲ၊ တခါတည်း ညှစ်ပြီး သံပရာရည် အေးအေးလေးသောက်လိုက်"လို့ လှမ်းအော်ဖော်ရသည်။ သံပရာရည် အေးအေးလေး သောက်လိုက်ရင်း အမောဖြေကာ သားကို လှမ်းကြည့်လိုက်တော့ ကိုလတ် စင်္ကာပူတွင် ရိုက်ခဲ့သော ဓါတ်ပုံများကို ကွန်ပျူတာနှင့် ကြည့်နေတာကို တွေ့ရသည်။ စင်္ကာပူမြစ်ဘေးရှိ Merlionရုပ်ကြီးကို နောက်ခံထားပြီး ရိုက်ထားသောပုံ၊ Fullertonဟိုတယ်အရှေ့တွင် ရိုက်ထားသောပုံ၊ Esplanadeလို့ ခေါ်တဲ့ ဒူးရင်းသီးကပွဲရုံကြီးဘေးမှာ ရိုက်ထားတဲ့ပုံတွေ။ Esplanadeဆိုမှ သတိရသည်။ ဟိုတလောက စင်္ကာပူက သူငယ်ချင်းတစ်ယောက်ပို့လိုက်တဲ့ အီးမေးလ်မှာ Esplanadeမှာ လာပြမယ့် ပြပွဲတွေ မရှိတော့လို့ အခု ကပွဲရုံမဟုတ်တော့တဲ့အကြောင်း၊ အဲဒီအောက်မှာ ဒူးရင်းသီး အရောင်းဆိုင်တွေနဲ့ အရမ်းကို စည်ကားနေတဲ့အကြောင်းတွေကို ဖတ်လိုက်ရသည်။ သားနဲ့ သမီးက သူတို့အဖေရုန်းကန်ခဲ့ရတဲ့ စင်္ကာပူဆိုတဲ့ နိုင်ငံကို သွားလည်ချင်ကြသည်။ အင်း . . . ကလေးတွေကို တစ်ခါလောက်တော့ ခေါ်သွားဦးမှ၊ ဒါပေမယ့် ဟိုမှာက ရာသီဥတုကမမှန်၊ နေပူလိုက်၊ မိုးရွာလိုက်နဲ့၊ MRTနဲ့ Busတွေဆိုလည်း အခုနောက်ပိုင်း အဲယားကွန်းမဖွင့်နိုင်တော့ ဒီအတိုင်း အလုံပိတ်ကြီး စီးလို့ ဖြစ်ပါ့မလား၊ ပူစပ်ပူလောင်နဲ့ ဟိုတယ်မှာ မီးပျက်တာတွေ ငါ့ကလေးတွေ ခံနိုင်ပါ့မလား။ အဆိုးဆုံးကတော့ လမ်းဘေးဝဲယာက တချုံးချုံးတချိန်းချိန်းနဲ့ ခုတ်မောင်းနေတဲ့ မီးစက်သံတွေပဲ။ ဆိုပြီး ကလေးတွေအတွက် တွေးပူမိသေးသည်။ အင်း ဘာပဲဖြစ်ဖြစ် စင်္ကာပူကို တစ်ခေါက်လောက်တော့ ပြန်သွားချင်သေးသည်။ ကိုလတ်တို့လို စင်္ကာပူရောက်မြန်မာတွေ တွေ့ဆုံခဲ့ကြသော ပန်နီဇူလားပလာဇာကြီးကို အဓိက ပြန်သွားချင်တာဖြစ်သည်။ အခုအချိန်မှာ မြန်မာဆိုင်များ မရှိတော့ပေ။ ထိုအဆောက်အအုံကြီးကို မြန်မာအစိုးရက ၀ယ်ခဲ့၍ မြန်မာနိုင်ငံသားများ စင်္ကာပူတွင် အလုပ်လုပ်ခဲ့ကြရပုံများကို အမှတ်တရပြသလို့ထားသည်။ အဲဒီအဆောက်အအုံကိုလည်း နာမည်ပြောင်းထားလိုက်ပြီ။ Peninsula Myanmar Museumတဲ့လေ။ ကဲ . . . ။

By Zin Ko Latt

ဖတ်ပြီးပြုံးရုံလေးပြုံးလိုက်ပါ

ဖေဖေ ၊ သားကျောင်းစာကို ကူပါဦး ၊ နိုင်ငံရေးဆိုတာ ဘာလဲတဲ့ "
မောင်ဖြူစင်က သူ့ဖခင်အား အကူအညီတောင်းလိုက်သည်။
ဖခင်က…" အေး သားသားသဘောက်ပေါက်အောင် အတိုချုပ်ရှင်းပြမယ်၊
ဖေဖေက ပိုက်ဆံရှာပြီး အိမ်ယူလာတယ်၊ ဖေဖေ့ကို အရင်းရှင်လို့ ခေါ်နိုင်တယ်။
သားမေမေက ဒီပိုက်ဆံတွေကို စနစ်တကျ စီမီခန့်ခွဲပြီးသုံးစွဲတယ်။
ဒါ့ကြောင့် သားမေမေကို အစိုးရလို့ခေါ်နိုင်တယ်။ ဖေဖေတို့က
သားကိုပြုစုစောင့်ရှောက်တယ်၊ ဒါ့ကြောင့် သားကို ပြည်သူလို့ခေါ်ရမယ်၊
သားရဲ့ ညီလေးကိုကြတော့ အနာဂတ်လို့ခေါ်ရမယ်၊ ရှင်းရဲ့လားသား ဒါဟာ
နိုင်ငံရေးပဲ "
အဲဒီလိုနဲ့ ညလယ်သန်းခေါင်းယံအချိန်တွင် မောင်ဖြူစင်လေးသည်
ကလေးငိုသံကြားသဖြင့် သွားကြည့်ရာ သူ၏ညီလေးမှာ အနှီးထဲတွင်
အညစ်အကြေးများ(ချီး) ပေကျံနေသည်ကို တွေ့ရသည်။
အဲဒါနဲ့ သူဟာ သူ့အဖေ နဲ့ အမေအိမ်ခန်းသို့တခါးဖွင့်ဝင်ကြည့်ရာ
မိခင်တစ်ယောက်တည်း အိပ်မောကျနေသည်ကို တွေ့လိုက်ရတယ်။
ဒါနဲ့ မောင်ဖြူစင်လေးဟာ မိခင်ကိုလှုပ်နိုးသော်လည်း မနိုးသဖြင့်
အိမ်ဖော်မလေးရဲ့ အခန်းကိုဝင်ကြည့်ရာ အိမ်ဖော်နှင့်အတူ ဖက်လျက်အိပ်နေသော
ဖခင်ကိုတွေ့လိုက်ရတယ်။ ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ ဒေါသထွက်ပြီး
အိပ်ခန်းသို့ ပြန်သွားလေသည်။
နောက်တစ်နေ့ နံနက်ကျောင်းသို့ရောက်သည့်အခါမှာ ….
" ဆရာမ ကျနော် နိုင်ငံရေးအကြောင်း နားလည်ပြီလို့ ထင်ပါတယ် "
" မောင်ဖြူစင်ရယ် ၊ တော်လိုက်တဲ့ကလေးလေးကွယ်၊ တစ်တန်းလုံးသိအောင် ရှင်းပြပါကွယ်"
ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ နိုင်ငံရေးအကြောင်းကို ဆရာမနှင့် သူ့အခန်းဖော်
သူငယ်ချင်းစာသင်သားတွေကိုပြောပြလိုက်တာက…။
" အလုပ်သမားလူတန်းစားဟာ အရင်းရှင်နဲ့ ဖောက်ပြန်နေတယ်၊ အစိုးရကတော့ အိပ်နေ
တာပဲ၊ ပြည်သူကို လုံးဝ ပစ်ထားတယ်၊ အနာဂါတ်ဟာလဲ ညစ်ပတ်နံစော်နေတာပဲ "

သင်ဘယ်လိုလူလဲ?

ယဉ်ကျေးသူ--လေမလည်ခင် ' ခွင့်ပြုပါ 'ဟု ပြော ပြီး၊ လေလည် ပြီးသော အခါ 'ဆောရီး'ဟု ပြောတတ်သူ။

မရိုးသားသူ--ကိုယ် ကလေလည်သော်လည်း'ကျွန်တော့ ခွေးလက်ချက်'ဟု လွှဲ ချတတ်သူ။

မိုက်မဲသူ----လေလည် ချင် သော် လည်း မလည် ဘဲ အောင့်ထားသူ။

ဗဟုသုတကြွယ်ဝသူ--ဘယ်အချိန်၊ဘယ်နေရာတွင် လေလည် ရမလဲ သိသူ။

ဒုက္ခရောက်နေသူ--လေလည်ချင်ပါသော်လည်း လေ လည် ရန်ဘယ် လိုမှ ကြိုးစား မရသူ။

လျို့ ဝှက်တတ်သူ--လက်သည် မပေါ် အောင် လေလည် သူ။

ဝါကြွားသူ---လေလည်ခြင်းနှင့်ပတ်သက်၍ အလွန်ဂုဏ်ယူ သူ။

နှိပ်စက်တတ်သူ -လူ များ သောနေရာတို့ တွင် ရွေး၍ လေလည် သူ။

သိပ္ပံ ပညာရှင် --လေမှန် မှန် လည် သော်လည်း လေထုညစ်ညမ်း မှာ ကို စိုးရိမ်သူ။

ရှက်တတ်သူ -- လေလည်ပြီးနောက် မျက်နှာတစ်ခုလုံး နီရဲလာ သူ။

အကြံပိုင်သူ - လေလည် သော်လည်း လေ လည် မှန်း မသိ အောင် အသံကျယ်ကြီး ဖြင့် ရယ် သူ။

အလွန် တုံး ပြီး အသုံး မကျသူ - လေ လည် ပြီး သော အခါ သူ့ ကိုယ် ထဲ တွင် လေ ရော့ သွား ပြီ ထင် ကာ Balance ဖြစ် အောင်အသက် ပြင်းပြင်း ဖြင့် လေ တဝ ကြီး ရှူသူ။

ကပ်စေးနဲသူ -လေအကုန် မလည် ပဲ ချန်ထားသူ။

အတ္တကြီးသူ -ငါ့အီး တယ် မွှေး ပါ လား ဟု ယုံ ကြည် သူ။

သီးသန့်ဆန်သူ - ဆိတ် ကွယ် ရာ သို့ သွား ၍ လေ လည် တတ် သူ။

ရိုးသားသူ - လေ လည် ကြောင်းဝန် ခံ သူ။

အသိ ဥာဏ်ရှိသူ - အသံ ကြား ရုံ ဖြင့် မည် သူ လေ လည် ကြောင်းသိ သူ။

ကံ ဆိုး သူ -- လေ လည် ရန် ကြိုး စား ရာ မှ ကျင် ကြီး ထွက် သွား သူ။

ကဲသင်က ဘယ်လိုလူမျိုးလဲ။ ကွန်.မန်. မှာရေးပေးကျပါဦး။

လမ်းပြကြယ်လေး