Monday, June 29, 2009

H1N1 Flu (Swine Flu) အကြောင်း တစေ့တစောင်း


ကမ္ဘာ့နိုင်ငံများသို့  ပြန့် နှံ့ နေတဲ့ စိုးရိမ်ဖွယ် ဝက်တုပ်ကွေးရောဂါ (Swine Flu) အကြောင်း သိရှိစေရန် ဖေါ်ပြအပ်ပါတယ်။
(၁) Swine Flu ဆိုတာ ဘာလည်း။
Swine Flu ဟာ ဝက်တွေမှာဖြစ်တ Influenza ဗိုင်းရပ်စ်အမျိုးအစား A H1N1 virus အမျိုးအစားကြောင့်ဖြစ်တဲ့အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာရောဂါ ဖြစ်ပါတယ်။ လူတွေအနေနဲ့  ဝက်တွေကနေ တိုက်ရိုက်ကူးစက်ဖို့ ခဲယှဉ်းပေမယ့် ဒီရောဂါပိုးရထားတဲ့သူကနေတစ်ဆင့် အခြားသူတစ်ဦးကို ကူးစက်နိုင်ပါတယ်။
(၂) Swine Flu ဖြစ်ရင် ဘယ်လို ရောဂါလက္ခဏာတွေ တွေ့ မြင်ရနိုင်ပါသလည်း။
Swine Flu ဖြစ်တဲ့သူမှာ အပူချိန်အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခန္ဒာကိုယ်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ချမ်းတုန်ခြင်း၊ မောပန်းခြင်းတို့ဖြစ်လေ့ရှိပါတယ်။ အချို့သောသူတွေမှာ ဝမ်းလျှောခြင်း၊ အန်ခြင်းတို့လည်း ဖြစ်တတ်ပါတယ်။ စိုးရိမ်ဖို့အနေနဲ့ ကတော့ အဆုတ်ရောင်ခြင်းနဲ့ အသက်ရှူလမ်းကြောင်းပိတ်ဆို့ ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။
(၃) Swine Flu ဟာ ကူးစက်ရောဂါ ဖြစ်ပါသလား။
Swine Flu ဟာ လူတစ်ဦးကနေတစ်ဦးထံ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့်ချောင်းဆိုးခြင်းနှင့် နှာချေခြင်းမှ ကူးစက်နိုင်ပါတယ်။ ထို့ အပြင် Swine Flu ရောဂါရရှိထားသူ၏ မျက်စိ၊ ပါးစပ်၊ နှာခေါင်းနဲ့  တံထွေးများမှာ Swine Flu ဗိုင်းရပ်စ်ပိုး တွယ်ကပ်နေနိုင်တာကြောင့် အဆိုပါနေရာများကို ထိတွေ့မိပါကလည်း ကူးစက်နိုင်ပါတယ်။


(၄) Swine Flu ကို ဘယ်လိုကာကွယ်တားဆီးမလည်း။
ကာကွယ်တားဆီရန် ကြိုတင်ပြုလုပ်ထားသင့်သည်များမှာ အသက်ရှူလမ်းကြောင်းမှ မဝင်ရောက်စေရန် နှာခေါင်းနဲ့ပါးစပ်အား ကာကွယ်ထားပေးသော ပါးစပ်ဖုံး နှာခေါင်းအုပ်များအား ဝတ်ဆင်ထားသင့်ပါတယ်။ လက်အား တစ်ခုခုကိုင်တွယ်ပြီးပါက မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောသန့်ရှင်းရပါမယ်။ ကိုယ်ခန္ဓာကျန်းမာရေး အားကောင်းပြည့်စုံနေစေရန် ဂရုစိုက်ဖို့ လိုပါတယ်။ အိပ်စက်အနားယူချိန်
ပြည့်ပြည့်ဝ၀ရရန် လိုပါတယ်။ စိတ်ဓါတ်ကျဆင်းမှုနဲ့  အားနည်းစေမှုများကို ရှောင်ရှားရန် လိုပါတယ်။ ရေ ဝ၀လင်လင် သောက်သုံးရန် လိုပါတယ်။ အာဟာရပြည့်စုံသော အစားအသောက်များ စားသုံးရန် လိုအပ်ပါတယ်။
(၅) Swine Flu ရရှိထားသူ နေမကောင်းသူများအနေနဲ့  လိုက်နာသင့်တာတွေက ဘာပါလည်း။
မိမိထံမှ Swine Flu ဗိုင်းရပ်စ်ပိုး အခြားသူထံ မကူးစက်စေရန် ကာကွယ်မှု ပြုလုပ်ပေးသင့်ပါတယ်။ မိမိချောင်းဆိုး နှာချေတဲ့အခါမှာ လက်ကိုင်ပုဝါသန့် သန့်(သို့ )စက္ကူတစ်ရှူးများနဲ့  ကာကွယ်ပြီးမှ ချောင်းဆိုးသင့် နှာချေသင့်ပါတယ်။ မိမိရဲ့  မျက်စိ နှာခေါင်း ပါးစပ်တို့ ကို ရောဂါပိုး ကပ်တွယ်နေနိုင်သော လက်ဖြင့် ကိုင်တွယ်ခြင်း မပြုလုပ်သင့်ပါဖူး။ မိမိရဲ့ လက်ကို မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောသန့်စင်ရပါမယ်။ မိမိ ချောင်းဆိုး နှာခြေရာတွင် သုံးသော စွန့် ပစ်ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းသင့်ပါတယ်။
မိမိ နေထိုင်မကောင်းပါက လူအများရှိသော နေရာများ ဖြစ်တဲ့ ဈေး၊ ကျောင်း အလုပ်တို့ ကို သွားရောက်ခြင်းမှ ရှောင်သင့်ပါတယ်။
(၆) ဒီ Swine Flu ဖြစ်သူများအနေနဲ့  ဘယ်လို အခြေအနေမျိုးမှာ ဆရာဝန်နှင့် အမြန်တွေ့ သင့်ပါသလည်း။
Swine Flu ကြောင့် နေမကောင်းဖြစ်ပြီဆိုကတည်းက ဆရာဝန်များ၏ ကုသမှုကို ခံယူသင့်ပါတယ်။ အရေးပေါ်အနေနဲ့  အောက်ဖေါ်ပြပါ လက္ခဏာများကို တွေ့ ရှိရပါက လျင်မြန်စွာ ဆေးရုံဆေးခန်းများသို့  သွားသင့်ပါတယ်။
- အထူးသဖြင့ှ် Swine Flu ဖြစ်နေသူ ကလေးများအနေနဲ့  အသက်ရှူနှုန်း အလွန်ပြင်းထန်လာခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အသားအရေပြာယောင်သမ်းလာခြင်း၊ ရေလုံးဝ မသောက်ခြင်း၊ အိပ်မောကျနေကာ နိုး၍လှုပ်၍ မရခြင်း၊ ချောင်းတအားဆိုးခြင်းနှင့် ကိုယ်ပူချိန်အဖျားကြီးခြင်း။
- Swine Flu ဖြစ်နေသူ လူကြီးများအနေဖြင့် အသက်ရှူခက်ခဲခြင်း၊ အသက်ရှူရာတွင် နာကျင်ခြင်း၊ ရင်ဘတ်နှင့် ဝမ်းဗိုက်တွင် နာကျင်ခြင်း၊
ရုတ်တရက် မူးဝေခြင်း၊ အမြင်ဝေ၀ါးခြင်း၊ အဆက်မပြတ်အန်ခြင်းတို့ဖြစ်ပါက ဆေးရုံဆေးခန်းသို့ အမြန်သွားရောက် ပြသသင့်ပါတယ်။
(၇) Swine Flu ကို ဝက်သားစားခြင်းနှင့် ဝက်မှ ထုတ်လုပ်သော အစားအသောက်များကြောင့် ကူးစက်နိုင်ပါသလား။
ဝက်သားအပါအဝင် မည်သည့်အစားအသောက်ကမှ Swine Flu မကူးစက်နိုင်ပါ။ သို့ သော် Swine Flu ဖြစ်နေသော ဝက်များအား ထိတွေ့ ကိုင်တွယ်ခြင်းကိုမူ ရှောင်ရှားရပါမည်။
(၈) Swine Flu ဖြစ်ရင် မည်သည့်ဆေးဝါးသုံးစွဲသင့်ပါသလည်း။
အမေရိကန်ပြည်ထောင်စု ကူးစက်ရောဂါပြန့်ပွားမှုထိန်းချူပ်ရေးဌာနမှ ကျွမ်းကျင်သူဆရာဝန်များကပြောတာကတော Tamiflu နဲ့ Relenza ဆေးများဟာ Swine Flu ကာကွယ်ကုသဖို့ အတွက် အသုံးပြုနိုင်တယ်လို့  မှတ်ချက်ပေးပါတယ်။
(၉) Swine Flu ဖြစ်တဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလည်း။
ဒီ Swine Flu ရောဂါဖြစ်ပွားသူ - အမေရိကန်ပြည်ထောင်စုမှာ မနေ့ ကထိ စုစုပေါင်း (အယောက် ၂၁၄၄၉) ဦး ၊ သေဆုံးသူ (၈ရ) ဦး- ကနေဒါမှာ (ရ၀၀ရ) ယောက်၊ သေဆုံးသူ (၂၃) ဦး - မက်ဆီကိုမှာ အယောက် (၉၁၁၁) ဦး၊ သေဆုံးသူ (၁၁ရ) ဦး- ထိုင်း (ရရ၄) ဦး - မလေးရှား (၆၈) ဦး - နယူးဇီလန်မှာ (၅၂၀) ဦး - စင်္ကာပူ (၁၀၀၅ ) ဦး - သြစတေးလျ (၃ရ၀၃) ဦး၊ သေဆုံးသူ (၄) ဦး - ဗြိတိန် (၄၂၈၉) ဦး သေဆုံးသူ (၁) ဦး တို့ဖြစ်ပါတယ်။
(၁၀) Swine Flu ပျောက်အောင် ဘာဆေးသောက်ရမလဲ။
ကြက်ဥမှ ထုတ်လုပ်သော ဆေးဝါးဖြင့် ၀က်တုတ်ကွေးရောဂါ ကာကွယ်ဆေးထုတ်လုပ်နိုင်ပြီ။
အသေးစိတ်သိရန်....
ကြက်ဥမှ ထုတ်လုပ်သော ဆေးဝါးဖြင့် ၀က်တုတ်ကွေးရောဂါ H1N1 ရောဂါ ကာကွယ်ဆေးထုတ်လုပ်နိုင်သောကြောင့် အမေရိကန် ကုမ္မဏီငယ်လေး ဒေါ်လာသန်း ၃၅ သန်း ဆုချီးမြင့်ခြင်း ခံရကြောင်း အမေရိကန် ကျန်းမာရေးဝန်ကြီးဌါနက ထုတ်ပြန်ခဲ့သည်။
ယခုအခါ ကမ္ဘာတစ်ဝန်းလုံးက ကပ်ရောဂါအဖြစ် စိုးရိမ်ထိပ်လန့် နေကြသော ၀က်တုတ်ကွေး ရောဂါမှာ မြန်မာပြည်သို့ပါ စတင် ကူးစက်လာပြီး ဖြစ်ကြောင်း ပြည်တွင်းထုတ် သတင်းစာများအရ သိရသည်။ အဆိုပါ တုတ်ကွေးရောဂါကို ကြောက်လန့်ကြသော မြန်မာ ပြည်သူများမှာ ရောဂါ ကူးစက် မခံရစေရန်အတွက် မျက်နှာဖုံးအကာများ အများအပြား ၀ယ်ယူနေမှုကြောင့် ယခင်က မျက်နှာဖုံးတစ်ခုလျင် ကျပ် ၁၅၀ သာ ရှိနေရာမှ ဈေးများ အဆမတန်ထိုးတက်သွားပြီး ယခုအခါ ၀ယ်ယူ၍ပင် မရနိုင်တော့လောက်အောင် ပစ္စည်းများ ပြတ်လတ်သွားပြီ ဖြစ်ကြောင်း မင်္ဂလာဈေးတွင် ယနေ့ စုံစမ်းသိရှိရသည်။ အဆိုပါ ရောဂါအတွက် နောက်ဆုံးရ သတင်းများကို Mutdfan.com အနေဖြင့် အထူးသတင်းအဖြစ် တင်ပြပေးလိုက်ရပါသည်။
"အမေရိကန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌါန၏ ယနေ့ထုတ်ပြန် ကြေငြာချက်အရ အမေရိကန်နိုင်ငံ ကုမ္မဏီငယ်လေးဖြစ်သော Protein Sciences Corporation, သည် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ WHO က သတ်မှတ်ထားသော ၀က်တုတ်ကွေးရောဂါ ဖြစ်သည့် H1N1 တုတ်ကွေးရောဂါကို ကွာကွယ်နိုင်သည့် ဆေးဝါး HTML clipboardFluBlok®,ကို ထုပ်လုပ်နိုင်ခဲ့သည့် အတွက် အမေရိကန်ဒေါ်လာ ၃၅ သန်း ဆုချီးမြှင့်ခံလိုက်ရကြောင်း သိရသည်။ ဆေးဝါး ကုသမှု ပထမအပတ်စဉ် အဖြစ် လူဦးရေ တစ်သိန်းအား လွန်ခဲ့သော သီတင်းပတ်က အဆိုပါ ကာကွယ်ဆေးကို ပေးခဲ့ပြီး ဖြစ်သည်။ ယခုအခါ Protein Sciences Corporation, ၏ စီးပွါးရေး အခြေအနေမှာ အထူးကောင်းမွန်လျက်ရှိနေပြီ ဖြစ်ပြီး လာမည့်နှစ်များအတွင်း အမှာစာပေါင်း ဒေါ်လာသန်း ၂၀၀ ဖိုးအထိ ရှိလာမည် ဖြစ်သည်။
လွန်ခဲ့သော သီးတင်းပတ် အနည်းငယ်က ဆဲလ်ပွါးခြင်း နည်းပညာကို အခြေခံပြီး ထုတ်လုပ်ထားသော ၀က်တုတ်ကွေးရောဂါ H1N1 influenza or ( "swine flu")ကာကွယ်ဆေး ထုတ်ဖေါ် နိုင်ခဲ့ပြီး တိရိစ္ဆာန်များနှင့် စမ်းသပ်ခဲ့ရာတွင် အန္တရာယ်ကင်းမှုနှင့် စမ်းရည်ထက်မြက်မှုတို့တွင် ယုံကြည့်စိတ်ချရသော အနေအထားသို့ ရောက်ရှိခဲ့ပြီ ဖြစ်သောကြောင့် အဆိုပါဆေးကို ယခုအခါ လူသားတို့အတွက် စတင်စမ်းသပ် အသုံးပြုနိုင်ပြီ ဖြစ်သည်။ ဆေးဝါး၏ အလားအလာ ကောင်းမွန်မှုနှင့် ကာကွယ်မှု စွမ်းရည် ပြည့်ဝရေးအတွက် အချိန်တိုအတွင်း ထုတ်လုပ် နိုင်ရေး တို့အတွက်မူ အနည်းငယ်သော ချွင်းချက်များ ရှိနေသေးသည်။ ဆေးဝါးကုန်ကြမ်းအဖြစ် အသုံးပြုသော ကြက်ဥသည် မျိုးပွါးနိုင်သော ကြက်ဥ အမျိုးအစား ဖြစ်ရမည် ဖြစ်သဖြင့် ကုန်ကြမ်းရှားပါးမှု အနည်းငယ် ရှိလာနိုင်သည်။
H1N1 ၀က်တုတ်ကွေး ရောဂါသည် အခြားသော ဗိုင်းရပ်စ်များ၏ လက္ခဏာများနှင့် မတူဘဲ ကင်းခြေများ ကောင်ကဲ့သို့ ဆဲလ်များကို ပျံ့ပွါးကူးစက်ခြင်းဖြစ်ကာ မျိုးစေ့များ ပျံ့ပွါးစေခြင်းဖြင့် ရောဂါလက္ခဏာထင်ရှား လာစေတတ်သော ရောဂါမျိုး ဖြစ်သည်။ ယခုအခါ ဆေးဝါး ထုတ်လုပ်မှုကို သန်း ၅၀ ခန့် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီစဉ် လျက်ရှိကြောင်းလည်း သိရသည်။

Saturday, June 13, 2009

Phuket သို့ အလည်တခေါက်

ခရီးသွားမှတ်တမ်းလေးပါ။ မထင်မှတ်ပဲ Phuketသို့ အလည်တခေါက်ရောက်သွားပါတယ်။ သူများတွေက သာယာတယ်ဆိုတာ ရောက်ဖူးမှပဲ သန္တာကျောက်တန်းတွေနဲ့ Phuket ကမ်းခြေဟာ
တကယ်သာယာတယ်ဆိုတာ သိရတော့တယ်။ အသာယာဆုံးအချိန်ကတော့ နိုဝင်ဘာကနေ ဇန်န၀ါရီလထိ (ပွင့်လင်းရာသီ)ပါ။ နိုင်ငံခြားသားအလာများဆုံးလတွေပေါ့ လူအလာများဆုံးလဆိုသလို ဈေးတွေက ခေါင်ခိုက်နေတာ....ကျွန်မရောက်သွားတဲ့အချိန်က မိုးရာသီအ၀င် ဇွန်လဆန်း (Low Season)ဆိုတော့ ဟိုတယ်....လေယာဉ်တွေက Discounts ပေးပါတယ်။ ခရီးသွားတဲ့လူကလည်း နဲ ဈေးနုန်းလဲချိုတော့ သွားရတာ သက်တောင့်သက်သာ တန်တယ်လို့ ဆိုနိုင်ပါတယ်။
Phuket မှာ ကမ်းခြေတွေအများကြီးပါ. Patong Beach က လူအစည်ဆုံးနဲ့ လူသွားများတဲ့နေရာပါ. Hotel ငှားရင်တော Beachနဲ့ နီးတဲ့နေရာကိုရွေးပါ...မဟုတ်ရင် တုတ်တုတ်ဖိုးကုန်နေအုန်းမယ်..:P
Geography အရပြောရရင်တော့ မြန်မာနိုင်ငံ မြိတ်ကျွန်းစုနားမှာပါ... Phuket နားတ၀ိုက် သာယာသလို ကျွန်မတို့ မြိတ်ကျွန်းစုဟာလည်း သာယာပါတယ်.... ဟီးဟီး Phuket သွားတာစာဖွဲ့နေတာရှက်စရာတောင်ကောင်းနေသေး၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်နိုင်ငံမှာလည်းရှိပြီး တကူးတကသွားနေလို့လေ......အင်း ကျွန်မတို့ နိုင်ငံမှာက Tourist Attraction မရှိသေးတော့ ကမ္ဘာမှာ မကျော်ကြား လူသိမများ. နိုင်ငံခြားဝင်ငွေ မရ....ပြည်သူတွေ အလုပ်မရှိလို့ မဲဆောက်မှတဆင့် Phuket မှာ ရရာ ကြုံရာလာလုပ်နေရပါတယ်... ကောင်းတာတစ်ခုပဲရှိတယ် သဘာဝအလှတရား (Natural Beauty) မပျက်ဆီးသေးလို့ပါ။ .......
ကျေးဇူးတင်ဖို့ပြောရမှာတော့ ကိုစိုင်းထွန်းရဲ့ Phuket ခရီးသွားမှတ်တမ်း (http://www.royal-myanmar.net) ကို Travel Guide သဖွယ်အသုံးပြုပြီး သွားရတာပါ။ အစစအရာရာ အဆင်ပြေ ချောမွေ့တာ သူ့ကျေးဇူးပါ....ဒီကနေ ကျေးဇူးတင်ကြောင်းပြောလိုက်ပြီနော်..

James Bond Island
Patong မြို့လေး
Phuket ဆိပ်ကမ်း
Maya Bay
Maya Bay

Maya Bay
Maya Bay
Phi Phi Island
Phi Phi မော်တော်ဆိပ်

Island near Phuket

Patong Beach

Patong NightLife

Seafood


ခရီးစဉ်အနေနဲ့ အားလုံးကတော့ ထုံးဆံ (Standard) အတိုင်း ညရောက်....ဟိုတယ်သွား.....ညစာ SAVOEY မှာစား (အစားအသောက်ကောင်းပါတယ်...ဈေးလဲချိုပါတယ်) ပြီးတော့ Package ကိုချိတ်..... Package Tour တွေထဲမှာ Phi Phi Island နှင့် James Bond Island က အကျော်ကြားဆုံးပါ. Package တွေက အမျိုးမျိုးပါ..... ဈေးလဲအစားစား... ပြီးတော့ Cruise နှင့် Speed Boat နှစ်မျိုးရှိပါတယ်.....Package ကိုကြည့်ပြီးဈေးဆစ်ပါ....ဈေးပေါရင် နေရာမစုံပါဘူး....ပြီးရင် ရေကူးဝတ်စုံရယ်. မူးရင်သောက့်ဖို့ဆေးရယ် Suncream Protectionရယ် ယူသွားဖို့ မမေ့နဲ့နော်....

PackageTour နဲ့လည်း သွားလို့ရပါတယ်... ဒါမှမဟုတ်.Patong ကမ်းခြေမှာ လိုင်းစီးမလား မော်တော်ဘုတ်စီးမလား... ဒါမှမဟုတ် လေထီးကို မော်တော်ဘုတ်နဲ့ ဆွဲမလား ( beach parachuting) ဈေးနုန်းလား?? နာရီဝက်ကို ဘတ် 1200 ပါ။ ကမ်းခြေမှာ Bed ငှားရင်လဲ ဘတ် 50 ပဲ....လိုင်းစီးရတာတော့ ပျော်စရာကောင်းပါတယ်.. ရေမကူးတတ်တဲ့ကျွန်မတောင် ပျော်မိတယ်.... သူငယ်ချင်းတွေလဲပါလို့ဖြစ်ပါလိမ့်မယ်...

အဲ ၆နာရီဆိုရင်တော့ ကမ်းခြေကဆိုင်တွေ အကုန်သိမ်းပါတယ်. ဒီရေကျချိန်ဆိုတော့....အနရာယ်များလို့.... ပြီးတော့ မော်တော်ဆိုင်ကယ်တို့ ကားတို့ငှားပြီး Phuket မြို့ကိုပတ်လို့ရပါသေးတယ်... မော်တော်ဆိုင်ကယ်က ၂၄နာရီ (၁ ရက်) ကို ဘတ်400 ပါ။ ကားက ၂၄နာရီ (၁ ရက်) ကို ၈၀၀ ကနေ ကားပေါ်မူတည်ပြီး အစားစားရှိပါတယ်.... Tour package အရောင်းဆိုင်၊ Spa ၊ ကားအငှားဆိုင်၊ အကုန် Hotel မှာရပါတယ်...Shopping ထွက်မယ်ဆိုရင်တော့ Phuket မြို့ထဲမှာCentral Festival Phuket Mall ရှိပါတယ်... Patong Beach မှာတော့ Jungceylon Mall ရှိပါတယ်..... Local ထွက်ကုန်နဲ့ သစ်သီးနှံတွေပေါပါတယ်...

တကယ်တမ်း Shopping အတွက်ပဲဆိုရင်တော့ ဘန်ကောက်က အကောင်းဆုံးပါ...Brand တွေလဲ Singaporeထက်ဈေးသက်သာ၊ ပေါချောင်ကောင်းလေးတွေလဲပေါ....လမ်းဘေးဈေးသည်တွေလဲအတော်ပေါတယ်လေ ဟီးဟီး...

နေလည်ကို Tour Package နဲ့ချိတ်....ဆက်ရွေ့လို့ရသေးရင် ညနေဘက် ကမ်းခြေမှာရေကူး လိုင်းစီး......မိုးနဲနဲချုပ်ရင် ညစာစား ပြီးရင် အနှိပ်ခံ ( ၁ နာရီကို ဘတ် 200 ပါ တန်တယ်နော် ဟီး..) အဲယောင်လို့ စားပြီးရင် အနှိပ်ခံလို့ရဘူးလေ... ညနဲနဲမှောင်ရင် Night Lifeရှိရာ Bangla Road ကိုသွား...ဒန့်ဒန့်ဒန့်.....

လူတွေလား အများကြီးပဲ အာမော် (လူဖြူ)တွေပေါ့....ဈေးရောင်းတဲ့သူတွေလား မြန်မာစကားသာပြောလိုက်... အများစုဟာ မြန်မာဝန်ထမ်းတွေများပါတယ်...စားသောက်ဆိုင်.....သစ်သီးဆိုင်.....ထမင်းဆိုင်.....Night Club မှာလူခေါ်တာလဲ မြန်မာတွေပါတယ်ဟီးဟီး.....သောင်းကျန်းမယ်မကျန်နဲ့ကိုကိုတွေ..... မြို့ခံတွေရဲ့ ၈၀%ဟာ AIDS ဖြစ်နေတာပါတဲ့ ဒေသခံတွေပြောတာနော်.....မသိဘူး...

ပြန်မဲ့နေ့မှာတော့ လေဆိပ်ကို ၂နာရီလောက်စောပြီးသွားပါနော်...... လေဆိပ်က Immigration ကစစ်တာတော်တော်ကြာပါတယ်...မြန်မာပြည်အတိုင်းပဲ သိတယ်နော်.... လေယာဉ်ပေါ်ကို ၈မိနစ်အလိုမှ ရောက်တယ်ဆို သဘောပေါက်....

ဘာပဲဖြစ်ဖြစ် အလုပ်ကနေ အနားယူတာဆိုတော့ အကုန်ကောင်းတယ်။ အလုပ်မလုပ်ရရင်ပြီးရော.... ဈေးသက်သာတာရယ်.. လူရှင်းတာရယ်....ခရီးတိုတော့ လူသက်သာတာရယ် အားလုံး ခြုံငုံကြည့်တော့ ပေးရ တဲ့ ပိုက်ဆံ အချိန် လွပ်လပ်မှု အရဆိုရင် Phuket သို့ အလည်သွားခြင်းဟာ လူပင်ပန်းမှုမှသက်သာပြီး စိတ်ပျော်ရွင်မှု ရစေပါတယ်ရှင်.....

Friday, June 12, 2009

ကျွှန်မအမုန်းဆုံးအရာများ


ကျွှန်မမုန်းသောအရာများထဲမှာ ထိပ်ဆုံးမှာပါနေတာက ကျွှန်မရဲ့ အလုပ်ပါ. ဘယ်လောက်မုန်းမုန်း ပစ်လို့မရ....
မချစ်သော်လည်း အောင့်ခါနမ်း...မလုပ်ချင်လည်းလုပ်နေရပါတယ် ရှေ့ရေးနောက်ရေးကတစ်ပူ တစ်ထွာသော ၀မ်းရေးက တမှောင့်
အားရတယ်ကိုမရှိပါဘူး.... တစ်ရက်ရှစ်နာရီ....တစ်ပတ် ငါးရက်....တစ်လ နှစ်ဆယ့်နှစ်ရက် မနားတမ်း ဇယ်ဆက်သလို လုပ်နေရပါတယ်..
ခက်တာက အလုပ်လုပ်မှ ပိုက်ဆံရမှာကိုး ပိုက်ဆံလိုနေသေးသရွေ့ အလုပ်ကမပြတ်... ပိုက်ဆံလိုချင်လေလေ အလုပ်ကိုဖိလုပ်လေလေ...
အလုပ်ကိုဖိလုပ်လေလေ....သူ့ကိုမုန်းလေလေ... အရမ်းမုန်းသောအလုပ်သည် ကျွှန်မတို့ရှာနေသော ပိုက်ဆံကိုဖန်တီးနေသော အရင်းအမြစ်ဖြစ်နေတော့ အမုန်းဆုံးအရာသည် အချစ်ဆုံးအရာဖြစ် သေအတူရှင်မကွာ မခွဲမခွာ.....အင်း......ဒီလိုနဲ့ပဲ သေရက်ကိုစောင့်နေ.....


ဒုတိယအမုန်းဆုံးက ပိုက်ဆံပါ... ပိုက်ဆံကြောင့် ကျွှန်မတို့ ဒုတ္ခရောက်ရ.. ပိုက်ဆံကြောင့်ရင်တွေမောရ ပိုက်ဆံမရှိလို့ မျက်နှာငယ်
သူများလက်ညိုးထိုး ...တခါတလေ ဂုဏ်သိက္ခါနဲ့ပါလဲလိုက်ရတာတွေရှိလာပါတယ်.....
ပိုက်ဆံရှိပြန်တော့လည်း သူများမျက်မုန်းကျိုး ကိုယ်ကိုတိုင်မ ပိုက်ဆံတန်ဖိုးနားမလည်.. ပိုက်ဆံနဲ့ အရာရာကို တန်ဖိုးဖြတ် လူကိုလူလို့မမြင် မလိုအပ်ပဲ သွေးနားထင်ရောက် မမောက်မာသင့်ပဲမောက်မာ တကယ်တော့ လောကမှာ ပိုက်ဆံနဲ့ဝယ်လို့မရတဲ့အရာတွေ အများကြီးပါ။
ပိုက်ဆံကြောင့်ပဲ မောင်နှမအချင်းချင်းသွေးကွဲရ (အမွေလုတာ....:P)၊ သူငယ်ချင်း အချင်းချင်းရန်ဖြစ် (ပိုက်ဆံချီးပြီးပြန်မပေးတာ....)
လင်မယားအချင်းချင်းခိုက်ရန်ပွား (ပိုက်ဆံအကုန်မအပ်လို့...:O)၊ ဓမြတိုက် လူသတ် (ငွေလိုချင်လို့) စသဖြင့် ......ဆိုးကျိုးတွေ........
ယခုချိန်အထိလဲ ပညာရှင်တွေကိုယ်တိုင် ပိုက်ဆံတီထွင်လိုက်ချင်းဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုပိုဖြစ်စေနိုင်တယ်လို့ လက်ခံယုံကြည်ဆဲပါ။ ဘာသာရေးအရကြည့်ရင်လည်း ပိုက်ဆံဟာ လောဘ၊ ဒေါသ၊မောဟ အမိုက်မှောင်ထဲကို မဆင်းဆင်းအောင်ဖျားယောင်းသွေးဆောင်နေပါတယ်...အမှန်ကိုမမြင်တော့ တရားမရ တရားမရတော နိဗန် မ၀င်.....
နိဗန် မရောက်ရတဲ့အဓိကတရားခံက ပိုက်ဆံ (ရလေ လိုလေ အိုတစေ) ပါ။


တတိယအမုန်းဆုံးက ကျွှန်မသေဌေးပါ .....ကျွှန်မကိုပဲခိုင်း ကျွှန်မကိုပဲဆူ ကျွှန်မက ကျွှန်မတို့ ဌာနမှာ ပါလေရာ ငပိပါ...တခါတလေ အရမ်းဝမ်းနည်းမိတယ် ကိုယ့်ကိုကိုယ်ပဲအပြစ်တင်ရမှာလား ဒီလို ကျွှန်ဖြစ်လာအောင် ဖန်တီးပေးတဲ့စစ်အစိုးရကိုပဲ အပြစ်တင်ရမှာလား????
ကျွှန်မကိုမတရားခိုင်းသော ကျွှန်မသေဌေးကို မုန်းရမလား.... အင်း.....အမုန်းဆုံးလူက ကျွှန်မကို အလုပ်ခန့်လိုက်သောသူ၊ သူများ Complain တက်တိုင်းလည်း ကာကွယ်ပေးတတ်သူ၊ လစာတိုးပေးဖို့ ၀န်မလေးတတ်သူ.. ကျွှန်မကို မလုပ်မဖြုတ်သူ (စိတ်ရှည်စွာ ညင်းပန်းနှိပ်စက်သူ :V) ....
ဒါပေမယ့် ကျွှန်မရင်ထဲမှာတော့ "အလုပ်နှင့် သေဌေး၊ သေဌေးနှင့် အလုပ်" ကို အမုန်းဆုံးပဲ ဘာကြောင့်အမုန်းဆုံးအရာတွေက ဘ၀ကိုအဆင်ပြေချောမွေ့ အောင်ပန့်ပိုးပေးနေသော ဘ၀မှာအရေးပါသောအရာများဖြစ်နေရပါသတုန်း??????
ဘ၀နဲ့ ဆန္ဒ ထပ်တူကျနိုင်ပါစေလို့ဆုတောင်းရင်း.......

Wednesday, June 3, 2009

မဟာဗုဒ္ဓ၀င်(ဘုရား)ဖြစ်စဉ် (သို့မဟုတ်) Buddha's Biography

ဘုရားသိဖို့လို
ဗုဒ္ဓဘာသာဝင်တို့ရဲ့ တရားဓမ္မဆိုင်ရား အရင်းအကျဆုံး လမ်းညွှန်ဆရာဟာ ဘုရားပဲဖြစ်တယ်။ ဘုရားဟာ လောကအား လွတ်လပ်မှုကို ဖော်ထုတ်ပေးခဲ့တယ်။ လွတ်လပ်မှုကို လိုလားကြတဲ့ ဗုဒ္ဓဘာသာဝင်များဟာ ဘုရားရဲ့ ဖော်ထုတ်ချက်တွေကို ဆည်းကပ်ကြရတယ်။ လွတ်လပ်မှုဖော်ထုတ်ချက်များဟာ ဆည်းကပ်သူများနှင့် အချိန်ကာလ နေရာဒေသနှင့် ဟောပြောသူ လူမျိုးအားဖြင့် အများကြီး ခြားခဲ့ပြီဖြစ်လို့ ဖော်ထုတ်ချက်ကို နားလည်နိုင်ရန် အတော်အတန်အထိ ပြည့်စုံအောင် လေ့လာရဖို့ရှိတယ်။ ဘုရားသက်ရှိထင်ရှားရှိစဉ်က တရားမြင်မှ သူ့ကိုမြင်မယ်လို့ ပြောခဲ့တယ်။ ဘုရား မရှိတာကြာပြီဖြစ်တဲ့ အခုအချိန်မှာ တရားသိဖို့က အခက်ဖြစ်နေခဲ့ပြီ။ တရားကို မှန်းကြည့်ပြီး သိနေခဲ့ရပြီ။ ဒီတော့ ဘုရားကိုလည်း မှန်းကြည့်ပြီးမှပဲ သိနေခဲ့ရပြီ။

ဘုရားပုံမှုန်ဝါးဝါး
ဒါကြောင့် ဘုရားပုံဟာ မှုန်ဝါးပြီး အမှားမှားအယွင်းယွင်း အချွတ်ချွတ် အချော်ချော်တွေ ဖြစ်ခဲ့ရပြီ ဖြစ်တယ်။ ဘုရားက ခေါင်းပေါ်မှာလည်းဆံထုံးကြီးနဲ့။ တချို့ဘုရားကျတော့ ဥသျှောင်တွေ၊ စလွယ်တွေ၊ လက်ကျပ်တွေ၊ ခါးစီးတွေ ၀တ်ထားလို့။ ဘုရားကိုယ်က ရောင်ခြည်တန်းတွေလည်း တ၀င်းဝင်း တလျှပ်လျှပ် ထွက်နေတယ်။ မြေလျှိုးမိုးပျံတွေလည်း ဘုရားကလုပ်လို့ရနေတယ်။ ဘုရား အရပ်အမောင်းကလည်း ဆယ့်ရှစ်တောင် ရှိတဲ့အထိဖြစ်တယ်။ ဘုရားဟာ တန်ခိုးမပြရဘူးဆိုတဲ့ သူချမှတ်တဲ့ စည်းကမ်းကို သူမလိုက်နာဘဲ တန်ခိုးပြပြီး နတ်ပြည်လည်းတက်အဘိဓမ္မာလည်း ဟောခဲ့တဲ့အထိ ရှိနေပြီ။ ဘုရားဟာ သတ္တ၀ါတွေကို ချွတ်လွှတ်ဖို့ရန် ခွေးတွေ၊၀က်တွေ၊နွားတွေလည်း ဖြစ်ခဲ့ဖူးတယ်။ သူတောင်းစား၊ အလုပ်သမား၊ မင်း၊ အမတ်တွေအဖြစ် တပြောင်းတပြန် ပြုလုပ်နေသူ ဖြစ်တယ်။ ဒီလို အစစတွေ ပေါင်းလိုက်ရင် ဘုရားဟာ သူသိဖူးတာနဲ့ ဆက်စပ်မရရင် ဘာသိလို့ ရမှာလဲ။

တရားမှုန်လို့ဘုရားမှုန်
ဘုရားဆီမှာ လူ့အသိနဲ့ ဆက်စပ်မရတာတွေ ရှိနေတယ်လို့ သိကြတာဟာ လူတွေတရားမှာ မှုန်ဝါးရာက ဖြစ်လာတဲ့ မှုန်ဝါးတဲ့ ဘုရားပုံတွေပဲဖြစ်တယ်။ ဒီနေ့တော့ ဒီပုံတွေက လူတွေကို လွှမ်းမိုးနေကြပြီ။ မှုန်ဝါးဝါး ဘုရားပုံတွေဟာ တရားလေ့လာသူတွေကို တရားအမှန်သိဖို့ရာ အနှောင့်အယှက်တွေ ဖြစ်စေလိမ့်မယ်။ မှုန်ဝါ၀ါး ဘုရားရဲ့ ဟောကြားချက်ဟာ မှုန်ဝါးဝါးတရားပဲဖြစ်နေမှာပဲ။ မှုန်ဝါးဝါးတရားက လူတွေကို လွတ်လပ်ရာဆီ ဘယ်လိုသယ်မှာလဲ။

တရားပြောဖို့ဘုရားမှန်လို
ဒါကြောင့်လူတွေလွတ်လပ်ဖို့အတွက် တရားကိုပြောရမှာ ဖြစ်ပေမယ့် မှုန်မှုန်ဝါးဝါး တရားပြောလို့မဖြစ်ဘူး။ မှုန်မှုန်ဝါးဝါး တရားမပြောရင် လူတွေသိနေကြတဲ့ မှုန်ဝါးဝါးဘုရားက ကန့်ကွက်လိမ့်မယ်။ ဒါကြောင့် ဘုရားမပြောခင် မှုန်မှုန်ဝါးဝါး မဟုတ်တဲ့ဘုရားကို လက်ဦး ပြောရမှာဖြစ်တယ်။

ဘုရားဆိုတဲ့ဝေါဟာရ
ဘုရားအကြောင်းပြောတဲ့အခါမှာ ဘုရားဆိုတဲ့ အခေါ်ကစပြီး ပြောရမယ်။ ဘုရားကို ဘုရားလို့ခေါ်တာဟာ မြန်မာတွေက ခေါ်တာပဲ။ ကျန်တဲ့ ဗုဒ္ဓဘာသာတွေက ဘုရားကို ဘုရားလို့ ဘယ်သူကမှ မခေါ်ကြဘူး။ ပါဠိအဘိဓာန်မှာ လာတဲ့ ဘုရားရဲ့ ပရိယာယ်တွေထဲမှာ ဘုရားဆိုတာ မပါပါဘူး။ ဗမာတွေဟာ ရှေးအခါက ဘုရင်တွေကို ဘုရားလို့ ခေါ်ခဲ့ကြတဲ့ပုံ ရှိတယ်။အဓိပ္ပာယ်ကတော့ ခေါင်းဆောင်ရှေ့သွား ဖြစ်သူလို့ ရမှာပါ။ ဘုရင်ဟာ သူတို့ရဲ့ ရှေ့သွားခေါင်းဆောင်ဆိုတော့ ဘုရင်ကို ဘုရား ခေါ်တာဟာ မသင့်မြတ်တာ မဟုတ်ဘူး။ ဘုရားဟာ ဘုရင်တွေရဲ့ ရှေ့သွားခေါင်းဆောင်ပင်ဖြစ်တာကြောင့် ဘုရားကိုလည်း ဘုရားလို့ပဲ ခေါ်တော့တာပေါ့။

ဒီဝေါဟာရဟာ ဟိန္ဒူတွေဆီကရကြတာထင်ပါတယ်။ ပုဂံကျောက်စာတွေထဲမှာ ဘုရားကို ဒီနေ့အသံနဲ့ ခေါ်တာ မဟုတ်ဘူး ။ ပုရှားလို့ခေါ်တယ်။ ပုရုရှက ပြောင်းလာတဲ့ စကား ဖြစ်တယ်။ ပုရှဟာ ပုရိသနှင့် အနက်တူသဒ္ဒါပဲ။ ပုရှက ဘုရားဖြစ်လာတယ်။ ဘုရားလက်ထက်က ဘုရားဝေါဟာရ ဘုရားလက်ထက်ကတော့ ဘုရားကို ရဟန်းတွေက သတ္ထာတို့ ဘဂ၀ါတို့နဲ့ ခေါ်ကြပုံရှိတယ်။ သာသနာပက ပုဂ္ဂိုလ်တွေကတော့ သမဏာဂေါတမလို့ခေါ်ကြတယ်။ ဒီနေ့ ကမ္ဘာအနှံ့ နှိင်ငံတကာကတော့ ဗုဒ္ဓတို့ သကျမုနိတို့ ခေါ်ကြတယ်လို့ သိရတယ်။ ဘုရားဧ။်ဇါတ်တော်အကြောင်းကို အကျယ်ရေးထားတာကို အောက်ပါ လင့်(ခ်)များမှာ ၀င်ရောက်ကြည့် ရှုနိုင်ပါတယ်ရှင်



အကျဉ်းအားဖြင့်
၁။ မဟာသက္ကရာဇ် ၆၇-ခု၊ ၀ါဆိုလပြည့်၊- ကြာသာပတေးနေ့ မိုးသောင်ယံတွင် သီရိမာယာဒေ၀ီ မိဖုရားကြီး၏၀မ်းကြာတိုက်သို့ မြတ်သော ဆင်ဖြူတော်သည် လက်ယာရစ်ပြီး နောင်လက်ယာနံပါးမှဝင်ရောင်ပြီး အိမ်မက်မြင်တော်မူ ရ်ျ အလောင်းတော်သိဒ္ဒတ္ထမင်းသား ပဋိသန္ဓေနေတော်မူသည်။












၂။ မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ် (ကပိလ၀တ်ပြည်နှင့် ဒေ၀ဒဟပြည် အကြား) အင်ကြင်တောတွင် ဖွားမြင်တော်မူသည်။

၃။ မဟာသက္ကရာဇ် ၉၇-ခု၊၀ါဆိုလပြည့် တနင်္လာနေ့တွင် အလောင်းတော်မင်းသားသည် နိမိတ်ကြီး ၄-ပါး (သူအို၊ သူနာ၊ သူသေ၊ ရဟန်း) ကိုမြင်တော်မူရ်ျ တောထွက်ရန် အဓိဠာန် တော်မူသည်။












၎။ မဟာသက္ကရာဇ် ၁၀၃-ခု၊ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၊ မိုးသောင်ယံ တွင် အာသ၀ကဥာဏ်ကို ရတော်မူလျက် ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။












၅။ မဟာသက္ကရာဇ် ၁၀၃-ခု၊ ၀ါဆိုလပြည့်၊စနေနေ့တွင် အလုပ်အကျွေး ပဉ္စ၀ဂ္ဂီ(၅-ဦးအဖွဲ့)ငါးဦးရှိရာ မိဂဒါဝုန်တောသို့ဝင်ပြီး ဓမ္မစကြာတရားဟောတော်မူသည်။












၆။ မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့် အင်္ဂါနေ့၊ သက်တော် (၈၀)၊ ၀ါတော် (၄၅) တွင်
အိန္ဒိယနိုင်ငံ၊ ကုသိနာရုံ) အတွင်း ရဟန်းများ စုံညီစေရ်ျ ကစိ မ၀စနနောက်ဆုံး စကားမိန့်ကြားတော်မူပြီး အင်ကြင်းတောတွင် ပရိနိဗ္ဗာန်ပြုတော်မူသည်။












၇။ မဟာသက္ကရာဇ် ၁၄၈- ခု။ ကဆုန်လဆုတ် ၁၂-ရက်၊ ) သောနေ့တွင် အလောင်းတော် တေဇောဓာတ်သင့်တော်မူသည်။

ဗုဒ္ဓ (၁)
ဗုဒ္ဓ (၂)
ဗုဒ္ဓ (၃)
ဗုဒ္ဓ (၄)
ဗုဒ္ဓ (၅)
ဗုဒ္ဓ (၆)
ဗုဒ္ဓ (ရ)
ဗုဒ္ဓ (၈)
ဗုဒ္ဓ (၉)
ဗုဒ္ဓ (၁၀)
ဗုဒ္ဓ (၁၁)
ဗုဒ္ဓ (၁၂)

Monday, June 1, 2009

ဖတ်ဖူးသမျှဟာသများ (၄)

(၁)သက်သေ
အတန်းထဲတွင် ဖြစ်သည်၊ဆရာမက မေးသည်။
"ငါးလိပ်ကျောက်ဟာ ဘာဖြစ်လို့ ပြားပြားကြီး ဖြစ်နေရသလဲ"
ပီတာလေး လက်ညှိုးထောင်ပြီး ဖြေသည်။
"ဝေလငါးနဲ့ တူတူ အိပ်လို့ပါ"
"ပီတာ မင်း အခုချက်ချင်း အခန်းထဲက ထွက်သွားစမ်း"
က်ျသို့ အမိန့်ပေးပြီး ဆရာမက ဆက်မေးသည်။
"ကျောက်ပုဇွန်တွေရဲ့ မျက်လုံးတွေ ဘာဖြစ်လို့ ပြူးထွက်နေရသလဲ၊ ဘယ်သူ သိကြသလဲကွယ်"
ပီတာလေး နောက်လှည့်ပြီး အော်ပြောသည်။
"ဒါတွေ အားလုံး သူမြင်လိုက်လို့"

(၂)တူတယ်
“မင်းတို့မိန်းမတွေဟာငွေနဲ့သိပ်တူတာငွေဆိုတာ မလိုချင်တာမရှိဘူး”
“ငွေရှိလာပြီဆိုလဲထပ်လိုချင်တာပဲမိန်းမလည်းယူပြီးထပ်ထပ်လိုချင်တာပဲ “
“ဒါဖြင့်ထပ်ယူလေ “
“ဘေးထွက်ဆိုးကြိုးအနေနဲ့ယောက်က္ခမတွေများမှာကြောင့်ပေါ့ကွာ”

(၃)ကိုလူလည်ရဲ့ အိမ်မက် အဆုံးပိုင်း
ဧည့်သည်များရှေ့တွင် လူတစ်ဦးက အခြား တစ်ဦးကို ပြက်ရယ်ပြုရန် ရည်ရွယ်ချက်ဖြင့်.......
“ တလောက ငါ အိမ်မက် မက်တယ်ကွ။ အိမ်မက်ထဲမှာ မင်းနဲ့ငါနဲ့ အတောင်ပံတွေ ပေါက်ပြီး ထပျံကျတယ်။ ဒါပေမယ့် ဝေးဝေးကို မပျံနိုင်ဘဲ မြေပေါ်ကို ပြန်ကျလာတယ်။ အဲဒီအချိန်မှာ ငါက ပျားရည်တွေ အပြည့် ရှိတဲ့တွင်းထဲကို ကျပြီးတော့၊ မင်းကတော့ အညစ်အကြေးတွေ ရှိတဲ့ တွင်းကြီးထဲကို ကျသွားတယ်တဲ့ကွာ..... ”
အဲလိုနဲ့ ဟာသဥာဏ်ရှိတဲ့ ကိုလူလည်ကလဲ ပြန်ပြောတာပေါ့.......
“ အံ့သြစရာ ကောင်းလိုက်တာကွာ၊ ငါလဲ အဲဒီ အိမ်မက်ကို အဲဒီ အတိုင်းမက်တယ်ကွ။ ဒါပေမယ့် ငါက ရှေ့ဆက်ပြီး ဆုံးတဲ့ အထိ မက်ခဲ့သေးတာ ”
“ ဘာတွေ ဆက်ပြီး မက်ခဲ့လို့လဲကွ ”
“ ငါတို့တွေ တွင်းအသီးသီးကနေ ပြန်ထွက်လာပြီးတဲ့နောက် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် လျှာနဲ့ လျက်ကြတယ်လေ ”
....... .......

(၄)ဖြစ်ချင်တာက......... ....
ဆရာမက ကလေးတွေအား “ ကြီးလာရင် ဘာဖြစ်သလဲ...ပုံဆွဲပြပါ ” ဟု ခိုင်းလေသည်။ ကလေးတစ်ယောက်က လေယဉ်မူးပုံ ဆွဲသည်။ အခြား တစ်ယောက်က ရဲသားပုံ ဆွဲသည်။ တစ်ယောက်ကတော့ မျက်လှည့်ဆရာပုံ ဆွဲသည်။ အဲ မိန်းကလေး တစ်ယောက်ကတော့ လက်နှိပ်စက် စာရေးမပုံ ဆွဲသည်။ ကောင်မလေး တစ်ယောက်တော့ ဘာမှ မဆွဲ......။ သူ့ စာရွက် လွတ်နေသည်။ ထို့ကြောင့် ဆရာမက.......“ သမီး ဘာဖြစ်လို့ ဘာမှ မဆွဲတာလည်း ကွယ် ”
“ ဘာမှ မဖြစ်ပါဘူး ဆရာမ ”
“ ဒါဆို ဘာလို့ ပုံမဆွဲတာလဲကွယ် ”
“ သမီး လက်ထပ်ချင်တယ် ဆရာမ။ အဲဒါ ဘယ်လိုဆွဲရမှန်း မသိလို့ပါ ”

(၅) တခါက ၁ရနှစ်သမီးရှင်ရဲ့အမေ တယောက်ဟာ သူ့သမီး တခြားယောင်္ကျားလေးနဲ့ချိန်းတွေ့ပြီး ကိုယ်ဝန်ရှိလာမှာစိုးရိမ်လို့
မိသားစှုဆရာဝန်နဲ့ သွားပြတယ် တဲ့ ဆရာဝန်က ယခုခေတ်ကလေးတွေက အတင်းအကြပ်ပြောရင် မရဘူး ဒါကြောင့် ချောမော့ပြီး ကိုယ်ဝန်ရှိမလာအောင် ကွန်ဒုံးဆောင်ထားခိုင်းလို့ အကြံပေးပါတယ်
တနေ့သောညနေခင်းမှာတော့ သူ့သမီးဟာ ချစ်သူနဲ့ချိန်းတွေ့ဖို့ပြင်နေပါတယ်
ဒါကိုသူ့အမေကသိတော့ သေချာရှငးပြပြီး ကွန်ဒုံးဆောင်ဖို့ပေးလိုက်ပါတယ်
အဲဒီအချိန်မှာ သမီးက သူ့အမေကိုဖက်ပြီး
ပြန်ပြောပါတယ် “အိုးအမေရယ် သမီးကို ကိုယ်ဝန်ရှိမှာပူ
စရာမလိုပါဘူး… သမီးက နှင်းနှင်းနဲ့ပဲချိန်းတွေ့မှာပါ”

(၆)ပိန်နည်း
အလွန်ဝသော အမျိုးသမီးလူနာက ဆရာဝန်ကို ပြောသည်။
"ဒေါက်တာ.....ပိန်ဖို့အတွက် ဘာလေ့ကျင့်ခန်းလုပ်ရင် ကောင်းမလဲ ဟင်"
"ခေါင်းကို ဘယ်စောင်းလိုက်၊ ညာစောင်းလိုက် လုပ်ပေးပါ။"
"တစ်နေ့ ဘယ်နှစ်ကြိမ် လုပ်ရမလဲ"
"ခင်ဗျားကို အစာစားဖို့ ဖိတ်ခေါ်တဲ့ အခါတိုင်း"

(ရ) အိုင်ယာလန်တစ်ဦးက ခရီးသွားကုမ္ပဏီတစ်ခုကို ဖုန်းလှမ်းဆက်တယ်
“ကျွန်တော်လေယာဉ်နဲ့ အင်္ဂလန်သွားမလို့ပါ။ လေယာဉ်ဘယ်လောက်ကြာစီးရမလဲ?”
ကုမ္ပဏီဝန်ထမ်းက လေယာဉ်ခရီးစဉ်ဇယားမှာ စစ်ဆေးဖို့ ခဏစောင့်ပါ Just a second Mr.လို့ ပြောလိုက်တယ်။ ဒါကို အိုင်ယာလန်သားက ၀မ်းသာအားရ ကျေးဇူးပဲလို့ပြောပြီး ဖုန်းချသွားခဲ့တယ်။

(၈)ခွေးစကား
တယ်လီဖုန်းသံ မြည်လာသည်။ ခွေးမှလွဲ၍ အိမ်ထဲတွင် မည်သူမှ မရှိချေ.....
တယ်လီဖုန်းကို ခွေး ကောက်ကိုင်လိုက်သည်။
"၀ုတ်"
အခုစကားပြောနေတာ ဘယ်သူလဲ
"၀ုတ်"
"စကားကို သဲသဲကွဲကွဲ ပြောစမ်းပါ"
"သေသေချာချာ နားထောင်၊ ၀တစ်ချောင်းငင် တသက် ၀ုတ်၊ ၀ုတ် ၀ုတ်"

(၉) အိုင်ယာလန်တစ်ဦးက အင်္ဂလန်ကို အလည်အပတ်သွားခဲ့တယ်။ အဆင့်မြင့်ဟိုတယ်တစ်ခုမှာ တည်းဖို့စီစဉ်ခဲ့တယ်။ အားလုံးစီစဉ်ပြီး ဟိုတယ်ဝန်ထမ်းက တည်းခိုမယ့်အခန်းကို လိုက်ပြခဲ့တယ်။ အဲဒီမှာ အိုင်ယာလန်သား ဒေါသတကြီး အော်ဟစ်တော့တယ်။
“ဘာဖြစ်လို့ ကျွန်တော့်ကို ဒီလိုအခန်းကျဉ်းထဲမှာ တည်းခိုင်းရတာလဲ? အိုင်ယာလန်က လာတယ်ဆိုပြီး အထင်သေးနေတာလား?”
“ဟာ.. မဟုတ်ပါဘူး.. မဟုတ်ပါဘူး.. ကျွန်တော်အထင်မသေးပါဘူး။ ဒါ ဓာတ်လှေကားပါ”
ဟိုတယ်ဝန်ထမ်းက အမြန်ရှင်းပြရရှာတယ်။

(၁၀) နားမထိုင်းဘူး

"ဒေါက်တာ ကျွန်တော် နှားစေးနေတယ် ခင်ဗျ..."
"ဒီလောက်အော်ပြောစရာ မလိုဘူး၊ ကျွန်တော် နားမပင်းဘူး၊ နားလည်းလား"
"ကိုင်း.....ကိုက်တဲ့ သွား.ဘယ်သွားလဲ ပြော"

(၁၁)မှတ်မိလိုက်ပုံက
လူတစ်ဦးအား တိုက်ပြီးမောင်းပြေးသွားသော ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာသို့
ယာဉ်ထိန်းရဲတစ်ဦး
ရောက်ရှိလာပြီး အနီးရှိကလေးငယ်များအား အောက်ပါအတိုင်း မေးလေသည်။
ယာဉ်ထိန်းရဲ ။ ။ ယာဉ်တိုက်မှုဖြစ်တော့ မင်းတို့ဒီနေရာမှာ ရှိနေလား။
ကလေးငယ် ။ ။ ဟုတ်ကဲ့။ ကျွန်တော်တို့ရှိနေပါတယ်။
ယာဉ်ထိန်းရဲ ။ ။ ယာဉ်တိုက်တာမင်းတို့ တွေ့မှာပေါ့။
ကလေးငယ် ။ ။ ကျွန်တော်တို့ မြင်လိုက်ပါတယ်။
ယာဉ်ထိန်းရဲ ။ ။ ဒါဆိုရင် မောင်းပြေးသွားတဲ့ ကားနံပါတ်ကို မှတ်မိလား။
ကလေးငယ် ။ ။ ဟုတ်ကဲ့ မှတ်မိပါတယ်။
ယာဉ်ထိန်းရဲ ။ ။ ဒါဆိုရင် အဲဒီကားနံပါတ်ကို ပြောပြပါဦး။
ကလေးငယ် ။ ။ ဂါလန် ၁၅၀၀။
ယာဉ်ထိန်းရဲ ။ ။ ဟေ..................။

ရှင်သန်နေအုန်းမဲ့ ပန်းတပွင့်.....(သို့မဟုတ်) ငြိမ်းချမ်းရေးမိခင်

ကျွန်မဘလောက်လေးဟာကျွန်မစိတ်ကူး ကျွန်မအိမ်မက် ကျွန်မရဲ့မှတ်တမ်းသဖွယ် ရောက်တတ်ရာရာ စုစည်းထားတာပါ.... ဒီဆောင်းပါးလေးက ၀တ္ထုဆိုလဲဟုတ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအကျဉ်း ဆိုလဲဟုတ် ကျွန်မရဲ့မှတ်တမ်းဆိုလဲ မမှားပါဘူး Forward email ကရတာပါ. ဒေါ်စု အကြောင်းကို ၀တ္ထုဆန်ဆန်ရေးဖွဲ့ထားတဲ့အတွက် ဖတ်လို့လဲကောင်း ၀မ်းလဲနည်းရပါတယ်....


ကျေးငှက်သံလေးတွေ စိုးစီစိုးစီနဲ့ အရုဏ်ဦးက စတင်အသက်ဝင်လာခဲ့ပြီ
ငါ့မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ဟလို့ မျက်နှာကြက်ကို မော့ကြည့်မိတယ်.
ဩော်…
ဒီနေ့ ငါ့မွေးနေ့ပဲလေ…

ငါဘာလုပ်ရင်ကောင်းမလဲ
ငါ့ဘေးနားမှာ ငါ့ကို ချစ်တဲ့ငါ့ဖေဖေမရှိတော့တာလည်း ကြာပါပြီ.
ငါ့ကို သွန်သင်ဆုံးမပေးတတ်တဲ ငါ့မေမေမျက်ကွယ်ပြုသွားခဲ့တာလည်း

၁၉ နှစ်တောင် ရှိရော့ပေါ့
ငါ့ကို အနစ်နာခံ အလိုလိုက်တတ်တဲ့ ငါ့ခင်ပွန်းလည်း မရှိရှာတော့ဘူး
ငါသိပ်ချစ်တဲ့ ငါ့သားနှစ်ယောက်လည်း ငါနဲ့ ဝေးကွာခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး.
ငါ့မွေးနေ့မှာ ငါ့ရဲ့အရင်းနှီးဆုံးသွေးသားရင်းချာတွေကို ငါ့နားမှာ
ရှိစေချင်လိုက်တာ
ငါလည်း သွေးနဲ့ကိုယ်သားနဲ့ကိုယ်ပဲလေ.
ငါ့စိတ်ဓာတ်ကိုမာကျောတည်ငြိမ်အောင် ထိန်းကျောင်းပြုပြင်ခဲ့ပေမယ့်လည်း
အခွင့်သာရင်တော့
ငါ့သားလေးနှစ်ယောက်ကို ငါ့နားမှာ ရှိစေချင်လိုက်တာ.
အမေ့ရင်တွေနာလိုက်တာ သားတို့ရယ်…
ဘယ်တော့များမှ အခွင့်သာမှာလည်းဟင်…
တကယ်တော့ ဒီလိုနေ့မျိုးဟာ လူတစ်ယောက်အတွက် အထိမ်းအမှတ်နေ့တစ်ခုပါ.
လူတိုင်းဟာ သူတို့မွေးနေ့ကို တန်ဖိုးထားအမှတ်ရနေပြီး အထူးတလည်ကျင်းပတတ်ကြတာပဲ
ငါလည်း ငါ့မွေးနေ့ပေါင်းများစွာကို ကျင်းပခဲ့ဖူးတာပေါ့.
အိန္ဒိယမှာ ငါချစ်တဲ့ ငါ့မေမေနဲ့အတူတူ
အောက်စဖို့မှာ ငါချစ်တဲ့ ငါ့သူငယ်ချင်းတွေနဲ့အတူတူ
အမေရိကန်မှာ ငါ့ရဲ့ ချစ်သူငယ်ချင်း မသန်းအိတို့နဲ့အတူတူ
ဘူတန်မှာ ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ
အင်္ဂလန်မှာ ငါချစ်တဲ့ ငါ့မိသားစုနဲ့အတူတူ

အို….
ငါသိပ်လွမ်းတယ်သိလား…
ဒါတွေကို မဖြစ်နိုင်ပေမယ့်လည်း ငါတမ်းတမိနေတာ ၀န်ခံပါရစေ…

ငါ့ရဲ့ဘ၀ဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်လျှမ်းခဲ့တာပါ.
ငါ့ကိုမွေးပြီး နှစ်နှစ်အကြာမှာပဲ ငါသိပ်ချစ်တဲ့ ငါ့ဖေဖေကို မလိုသူတွေက
လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်.
အဲဒီ့နေ့က ရုံးကားကြီးတစ်စင်း အိမ်ရှေ့ကို ထိုးရပ်လာလို့
မေမေ့ကို လူတစ်ယောက်က အပြေးလာခေါ်လို့
မေမေ ဆံပင်ဖရိုဖရဲနဲ့ ပြေးလိုက်သွားလို့
ငါ့နဲ့ ငါ့အစ်ကိုတွေကို အိမ်မှာထားခဲ့လို့
အိမ်မှာ လူတွေများလာလို့
အို…
ဘာတွေမှန်းတော့ ငါမသိခဲ့ဘူး
ငါ့ကို ထွေးဖက်ထားတဲ့ ငါတို့အိမ်ဖော်မကြီးမှာလည်း မျက်ရည်တွေဝဲနေလို့ပါလား
ငါဘာမှနားမလည်ခဲ့ဘူး
အဲဒီ့နေ့က ငါတစ်ခုကိုတော့ မှတ်မိနေတယ်.
ညနေခင်းပြန်လာရင် ငါ့ကို အမြဲနမ်းရှုပ်ကျီစယ်တတ်တဲ့
ငါချစ်တဲ့ ငါ့ဖေဖေ
အဲဒီ့နေ့က ပြန်မလာခဲ့ဘူး
မျှော်လိုက်ရတာ ဖေဖေရယ်..

နောက်ရက်တွေမှာ ငါတို့အိမ်မှာ လူတွေစည်ကားနေတယ်.
ငါတို့ မောင်နှမသုံးယောက်ကို မေမေက ထွေးဖက်ထားလို့ သူ့အနားမှာ နေနေစေတယ်.
လာတဲ့လူတိုင်းက မေမေ့ကို စကားတွေလာပြောကြတယ်.
အမျိုးသမီးကြီးတွေက မေမေ့ကို လာပြီး အားပေးကြတယ်.
ငါတို့ မောင်နှမ သုံးယောက်ကို ကြည့်နေတဲ့ မျက်ဝန်းတွေမှာ
ကရုဏာငွေ့တွေ ယှက်သန်းနေခဲ့တယ်
ငါသိပ်တော့ မမှတ်မိခဲ့ပါဘူး
ငါသိတာတော့ အဲဒီ့နေ့က ဖေဖေ့ကို ငါသိပ်လွမ်းနေခဲ့တယ်…
ဖေဖေရယ်..
ဘာလို့ သမီးတို့ကို ထားခဲ့တာလဲဟင်…
ဖေဖေပျောက်ဆုံးသွားတဲ့ သမီးတို့ အိမ်ကြီးမှာ ခြောက်ကပ်သွားတာပဲ.
သမီးတို့ရှေ့မှာ တည်ငြိမ်စွာနေတတ်ပေမယ့် ညအိပ်ရင် သမီးတို့ မသိအောင်
ကြိတ်ငိုနေတဲ့ မေ့မေ့ရဲ့ ရှိုက်သံတွေက သမီးရဲ့ ညပေါင်းများစွာကို
လွှမ်းမိုးနေခဲ့တယ်
ဖေဖေ တကယ်ပြန်မလာခဲ့တော့ဘူးနော်…

၁၉၆၀ ခုနှစ်

မေမေ့လက်ထဲမှာ ရုံးစာအိတ်ကြီးတစ်ခုကိုင်ထားတယ်.
အိမ်ကလူတွေကို ပစ္စည်းတွေလိုက်သိမ်းခိုင်းနေတာလည်း ငါမှတ်မိတယ်.
ဘာလုပ်နေကြတာလဲ မေမေရယ်လို့ မေးတော့
မေမေက တည်ငြိမ်တဲ့မျက်ဝန်းတွေနဲ့ငါ့ကို ငုံ့ကြည့်ပြီး ချိုမြတဲ့လေသံလေးနဲ့
ပြောတယ်.
ငါ့ခေါင်းလေးပေါ်မှာ မေမေက သူ့လက်ကလေးကိုတင်ထားလို့ပေါ့

မေမေတို့ပြောင်းရတော့မယ် သမီးလေး..
ဘယ်ကိုလဲဟင်..
နယူးဒေလီကို
ဘယ်မှာလဲဟင်
နိုင်ငံခြားမှာပေါ့ သမီးလေးရဲ့
မေမေက ဘာသွားလုပ်မှာလဲဟင်
ဩော်. မေမေ့ကို သံအမတ်ကြီးခန့်လိုက်တယ်. မေမေအဲဒီ့မှာ သွားနေရမှာ. သမီးတို့လည်း
လိုက်ခဲ့ရမှာလေ.
သံအမတ်ကြီးဆိုတာ ဘာလဲဟင် မေမေ.
ဟင်းဟင်းဟင်း…
ငါ့သမီးလေးက သိပ်အမေးအမြန်းထူတာပဲ. သံအမတ်ကြီးဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ
အကြားမှာ အဆင်ပြေအောင် စကားတွေ ပြောပေးတဲ့ လူကြီးပေါ့. ခုဆို မေမေက
အဲဒီ့နိုင်ငံကြီးနဲ့ ခုသမီးနေနေတဲ့ မြန်မာပြည်ကြီး အဆင်ပြေအောင် စကားတွေ
သွားပြောပေးရမှာလေ.

ဘာစကားတွေ ပြောရမှာလဲဟင် မေမေ.
သမီးလေးကြီးတော့ သိလာမှာပေါ့ကွယ်. ခုလောလောဆယ် သမီးချစ်တဲ့ သူငယ်ချင်းတွေကို
လိုက်နှုတ်ဆက်လိုက်ဦးနော်. မနက်ဖြန်ညကျရင် မေမေ့သားသမီးလေးတွေနဲ့
သူငယ်ချင်းလေးတွေ နှုတ်ဆက်ပွဲလေးလုပ်ပေးမယ်နော်. သမီးလေးကြိုက်တဲ့ မုန့်တွေ
ဝယ်ထားပေးမယ်.

ငါ့မျက်နှာမှာ အပြုံးပန်းလေးတွေ ဝေဖြာလို့ ငါချစ်တဲ့ မေမေရဲ့ ရင်ခွင်ထဲကို
ပြေးဝင်ခဲ့တယ်.
မေမေက သိပ်တော်တာပဲနော်.
ငါ့လို အရွယ်လေးကို နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းလင်းပြောပြခဲ့တယ်
မေမေ့ကို ခုချိန်ထိ သမီးသတိရနေတုန်းပါပဲ မေမေရယ်…
မေမေသွန်သင်ပေးခဲ့တဲ့၊ ချမှတ်ပေးခဲ့တဲ့ စည်းကမ်းတွေ၊ လူမှုကျင့်ဝတ်တွေကို
စံနမူနာထားလို့
သမီးရဲ့ ဘ၀ခရီးတလျှောက်မှာ အောင်ပွဲတွေ အလီလီ ဆွတ်ခူးနိုင်ခဲ့ပါတယ်လေ…

၁၉၆၄ ခုနှစ်

ငါပျော်လိုက်တာ…
အောက်စဖို့တက္ကသိုလ်ကို ငါဝင်ခွင့်ရတယ်.
ကျောင်းဝင်ခွင့်စာရွက်လေးကို ကိုင်လို့ မေမေ့ဆီကို ငါပြေးသွားခဲ့တယ်.
မေမေက ငါ့ကို ဆီးကြိုပွေ့ဖက်လို့ ငါ့ပါးပြင်ပေါ်မှာ အနမ်းလေးတွေ ခြွေခဲ့တယ်.
I'm proud of you, honey! လို့
ငါ့မျက်နှာကို ရွှမ်းရွှမ်းစားစား စိုက်ကြည့်ရင်း ပြောလိုက်တဲ့
မေမေ့မျက်ဝန်းတွေကို ငါမက်မောလိုက်တာ…
မေမေက စကားတွေ အများကြီး မပြောခဲ့ပါဘူး.
ဒါပေမယ့် မေမေငါ့အတွက် သိပ်ကို ဂုဏ်ယူပျော်ရွှင်နေခဲ့တယ်ဆိုတာ ငါသိနေတယ်.
အဲဒီ့ညက ငါတို့အိမ်မှာ ပါတီလုပ်ခဲ့ကြတယ်.
အမှတ်တရဓာတ်ပုံတွေ ရိုက်လို့
သီချင်းတွေကို တစ်ယောက်တစ်ပေါက် သီဆိုကြလို့
ဓာတ်ပြားတစ်ချပ်ကိုဖွင့်ပြီး အတူတူကခုန်ကြလို့
ပြန်တွေးလိုက်တိုင်း ကြည်နူးစရာပုံရိပ်လေးတွေ ထင်ကျန်နေဆဲပါပဲလေ…

အောက်စဖို့တက္ကသိုလ်ကိုတက်ဖို့ ငါထွက်ခဲ့ရပြီ
လေဆိပ်ကို မေမေနဲ့ ငါ့သူငယ်ချင်းတွေက လိုက်ပို့တယ်.
Departure Gate ထဲမ၀င်မီ မေမေက ငါ့ကို တင်းတင်းကြပ်ကြပ်ဖက်နမ်းပြီး
စကားတစ်ခွန်းပြောတယ်.
I believe in you! တဲ့.
ငါကြက်သီးတွေတောင်ထသွားခဲ့တယ်.
မေမေ၀မ်းနည်းနေတာ ငါသိတယ်.
ဒါပေမယ့် မေမေမငိုခဲ့ဘူး
လေယာဉ်ပေါ်မှာ ငါငိုနေခဲ့မိတယ်.
ငါဝမ်းနည်းလို့တော့ မဟုတ်ခဲ့ဘူး
ငါ့ကိုယုံကြည်တဲ့ ငါချစ်တဲ့ ငါ့မေမေအတွက်
ဝင်ခွင့်သိပ်ခက်ခဲတဲ့ ဒီတက္ကသိုလ်ကို ငါဝင်ခွင့်ရခဲ့တဲ့အတွက်
ဖတဆိုးသမီးတစ်ယောက်ဖြစ်ပေမယ့် အများနဲ့မတူအောင် ကြိုးစားခဲ့တဲ့
ငါ့ဘ၀ရဲ့ အောင်မြင်မှုပထမခြေလှမ်းသစ်အတွက်
ငါဂုဏ်ယူနေလို့ပါ
ငါပျော်နေလို့ပါ
ငါပီတိဖြစ်နေလို့ပါ

တက္ကသိုလ်မှာ ငါအကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်
ငါ့ရဲ့ Host Parents တွေက Lord Gore-Booth တို့မိသားစုပဲ.
သူက ငါတို့မြန်မာပြည်မှာ သံအမတ်ကြီးလာလုပ်သွားဖူးတယ်
သူ့အိမ်မှာပဲ ငါ့ရဲ့ အနာဂတ်ခင်ပွန်းလောင်း မိုက်ကယ့်ကို စတွေ့ပြီး
ရင်းနှီးခဲ့ရတယ်.
သူက တိဗက်လူမျိုးတွေအကြောင်းလေ့လာနေတဲ့ ကျောင်းသားတစ်ယောက်ပဲလေ.
တည်ငြိမ်ရင့်ကျက်တဲ့ အတွေးအခေါ်တွေကို ပိုင်ဆိုင်တဲ့ ထက်မြက်တဲ့
ယောင်္ကျားကောင်းတစ်ယောက်ပါပဲ…

၁၉၆၉ ခုနှစ်

နယူးယောက်မြို့ကို ငါထွက်လာခဲ့တယ်.
ဘွဲ့လွန်သင်တန်းတက်ဖို့ပေါ့
မသန်းအိတို့အိမ်မှာ ငါနေခဲ့တယ်.
သူက ကုလသမဂ္ဂမှာ အလုပ်လုပ်နေတာလေ
အဲဒီ့အချိန်တုန်းက ဦးသန့်က အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်နေတယ်.
ငါ့နိုင်ငံသားတွေအတွက် ဂုဏ်ယူလိုက်ရတာ
မသန်းအိက ငါ့ကို အလုပ်လျှောက်ဖို့တိုက်တွန်းတာနဲ့ လျှောက်လွှာတင်ခဲ့တယ်
ငါအလုပ်ရခဲ့တယ်.
Administrative and Budgetary Questions မှာ Assistant Secretary အဖြစ်နဲ့ပေါ့.
ကျောင်းတက်နေတာကို ငါခဏနားပြီးတော့ အလုပ်ကို အချိန်ပြည့်လုပ်ခဲ့တယ်
မဟုတ်ရင် ဘယ်အရာကိုမှ အာရုံစိုက်နိုင်မှာ မဟုတ်ဘူးလေ.
ညနေရုံးဆင်းချိန်တွေနဲ့ စနေ၊ တနင်္ဂနွေတွေမှာ ဆေးရုံတစ်ခုမှာ Volunteer
ဝင်လုပ်ခဲ့တယ်
ဆင်းရဲတဲ့ လူနာတွေကို စာဖတ်ရာမှာ ကူညီနိုင်ဖို့နဲ့ အဖော်အဖြစ် နေပေးဖို့ပေါ့
ငါ့အချိန်တွေ ကျပ်တည်းခဲ့ပေမယ့် အဲဒီ့လူနာတွေအတွက် ရအောင်အချိန်ပေးခဲ့တယ်.
ငါ့ရဲ့တန်ဖိုးတွေက ဘာလဲဆိုတာကို တစ်ချိန်တည်းမှာ ငါတွေ့ရှိခဲ့တယ်.
နယူးယောက်မှာ နေခဲ့ရတဲ့ အချိန်က ၂ နှစ်ထဲရယ်ပါ.
ဒါပေမယ့် ငါအများကြီး ရင့်ကျက်ပြောင်းလဲခဲ့တယ်..

၁၉၇၂ ခုနှစ်

မိုက်နဲ့ ငါလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်.
သူနဲ့အတူတူ ဘူတန်ကိုထွက်ခွာခဲ့တယ်.
မိုက်က ဘူတန်ဘုရင်မိသားစုဝင်တွေကို စာသင်ပေးနေတဲ့အချိန်မှာ
ငါကတော့ တော်ဝင်နိုင်ငံခြားရေးရာဌာနမှာ
Research Officer အဖြစ်ဝင်လုပ်ခဲ့တယ်.
ဟိမ၀န္တာတောင်ပြာတန်းကြီးတွေရဲ့ အရိပ်အောက်မှာ
ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ ငါမြတ်နိုးတဲ့ အများအကျိုးပြုလုပ်ငန်းတွေကို
လုပ်ဆောင်ခွင့်ရခဲ့တယ်.
အဲဒီ့ အချိန်တွေကို ငါအမြဲတမ်းသတိရနေမှာပါ…

မိုက်ကိုတော့ ငါလက်မထပ်ခင်က prenuptial agreement တစ်ခုတောင်းခဲ့တယ်.
ငါ့ကို ငါ့တိုင်းပြည်က လိုအပ်လာရင် အချိန်မရွေး သွားရောက်ကူညီခွင့်ပြုပါလို့..
သူက ငါ့ကို နားလည်မှုရှိတဲ့အပြုံးနဲ့ ခေါင်းညိတ်ပြခဲ့တယ်လေ.
ငါ့ကို သိပ်နားလည်မှုရှိတဲ့သူကို ငါ့ဘ၀ရဲ့ ခင်ပွန်းလောင်းအဖြစ်ရွေးချယ်ခဲ့တာ
ငါ့ရဲ့ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပဲ မဟုတ်ဘူးလား
မေမေ့ကိုတော့ ငါတိုင်ပင်ခဲ့ပါသေးတယ်
မေမေကတော့ ထုံးစံအတိုင်းပဲပေါ့
I trust you… တဲ့
တကယ်တော့ ဒီနေ့အချိန်အထိ ငါ့စိတ်ဓာတ်တွေ မြဲမြဲခိုင်မာစွာနဲ့
ငါ့ရဲ့ အဖျက်အင်အားစုတွေကို ကြံ့ကြံ့ခံနေနိုင်သေးတာ
ငါ့နှလုံးအိမ်ထဲကို လောင်းချခဲ့တဲ့ မေမေ့ရဲ့ သံမဏိစိတ်ဓာတ်တွေကြောင့်ပဲလေ…
ငါဘယ်တော့မှ ဦးကျိုးသွားမှာ မဟုတ်ဘူး…


၁၉၇၃ ခုနှစ်

အင်္ဂလန်ကို ငါပြန်လာခဲ့တယ်.
ငါ့ဘ၀မှာ ဘာနဲ့မှမတူတဲ့ ခံစားမှုတစ်ရပ်ကို ငါခံစားလိုက်ရတယ်သိလား
အဲလက်စ်ကို ငါမွေးခဲ့တယ်.

ငါမိခင်တစ်ယောက်ဖြစ်ခဲ့ပြီပဲ..
အဲဒီ့နေ့က မေမေနဲ့ ငါစကားအကြာကြီးပြောဖြစ်တယ်.
မေမေရယ်လေ.
ငါ့ကို စကားတွေ တတွတ်တွတ်နဲ့ မှာနေလိုက်တာ မပြီးတော့ဘူး
မေမေက ရယ်စရာတွေလည်း ပြောလိုက်သေးတယ်
ငါ့မှာ ရယ်လိုက်ရတာ ချောင်းတောင်သီးတယ်
မိုက်ကငါ့ဘေးနားမှာရှိနေခဲ့တယ်လေ…

၁၉၇၄ ခုနှစ်

မိုက်ကယ်အလုပ်ရတယ်.
အောက်စဖို့တက္ကသိုလ်ရဲ့ တိဗက်ဘာသာစကားဌာနမှာပေါ့

၁၉၇၇ ခုနှစ်

ကင်မ်ကို မွေးတယ်. ငါ့ရဲ့ ဒုတိယသားလေးပေါ့
ခုဆိုငါလည်း ကလေးတွေနဲ့ အိမ်ထောင်ရှင်မကြီးကို လုံးလုံးဖြစ်နေပြီလေ
ဒါပေမယ့် ငါ့ရဲ့ လေ့လာမှုကိုတော့ ငါမလျှော့သေးဘူး
ကလေးတွေကို ပြုစုပျိုးထောင်ရင်းနဲ့ ငါစာတွေရေးဖြစ်ခဲ့တယ်
ဖေဖေ့ရဲ့ အတ္ထုပတ္တိနဲ့ Asian Studies စာတမ်းတစ်ချို့ပေါ့
မိုက်ကိုလည်း သူလေ့လာနေတဲ့ Himalayan Studies တွေနဲ့ ပတ်သက်ပြီး ငါကူညီခဲ့တယ်.

၁၉၈၅ ခုနှစ်

ကျိုတိုတက္ကသိုလ်မှာ Visiting Scholar အနေနဲ့ ဖေဖေ့ရဲ့ ဂျပန်ပြည်မှာ
လုပ်ဆောင်ချက်တွေကို
စာတမ်းပြုစုခဲ့တယ်.
ငါကျေနပ်အားရဂုဏ်ယူမိပါတယ်.
ငါချစ်တဲ့ ငါ့ဖေဖေအတွက် ကျေးဇူးပြန်ဆပ်နိုင်တာ ဒီတစ်နည်းပဲ ရှိတော့လို့ပါ.

၁၉၈၆ ခုနှစ်

ကလေးတွေကို ခေါ်ပြီး ရန်ကုန်ကိုအလည်သွားခဲ့တယ်.
အဖွားဖြစ်သူနဲ့ တွေ့ပေးရအောင်ပေါ့
ရန်ကုန်ကိုရောက်တုန်း ကလေးနှစ်ယောက်လုံးကို သာသနာ့ဘောင်တက်စေခဲ့တယ်
ကြည်နူးလိုက်တာ.
ရေစက်ချနေတဲ့ ငါ့လက်တွေ တုန်နေခဲ့တယ်.
မေမေ့မျက်နှာမှာ အပြုံးတွေ လင်းလက်နေခဲ့တယ်.
ငါ ရဟန်းဒါယိကာမ ဖြစ်ခဲ့ပြီလေ..



၁၉၈၇ ခုနှစ်

ကလေးတွေနဲ့အတူတူ အိန္ဒိယနိုင်ငံ ဆင်းမလားပြည်နယ်ကို သွားခဲ့တယ်
မိုက်က စာတမ်းတွေ ပြုစုနေခဲ့တယ်.
အင်္ဂလန်ကိုလည်း ငါခဏပြန်ခဲ့သေးတယ်.
မေမေ့ကို ဆေးရုံတင်ထားတာကို သွားပြီး စောင့်ရှောက်ဖို့ပေါ့.
စက်တင်ဘာလထဲမှာ ငါတို့မိသားစုတွေအားလုံး အောက်စဖို့ကို ပြန်လာခဲ့ကြတယ်.
ငါ့ရဲ့ Advanced Degree အတွက်
London School of Oriental and African Studies မှာ
စာရင်းပေးခဲ့တယ်

၁၉၈၈ ခုနှစ် မတ် ၃၁

တယ်လီဖုန်းသံမြည်လာခဲ့တယ်.
ခါတိုင်းလိုပဲ ကောက်ကိုင်လိုက်ခဲ့တယ်
ဒါပေမယ့် ကြားလိုက်ရတဲ့ သတင်းကတော့ ခါတိုင်းလို မဟုတ်ခဲ့ဘူး
မေမေလေဖြတ်သွားတယ်တဲ့
နောက်တစ်နေ့မှာပဲ လေယာဉ်နဲ့ ရန်ကုန်ကို ငါထွက်ခွာခဲ့တယ်
ရောက်ရောက်ချင်းပဲ မေမေရှိနေတဲ့ ဆေးရုံကို အပြေးသွားခဲ့တယ်.
မေမေရယ်…
မှတ်တောင်မမှတ်မိတော့ဘူး
မေမေခံစားနေရတဲ့ ဝေဒနာကို ငါလဲယူလို့ရနိုင်မယ်ဆိုရင် ယူပစ်ချင်လိုက်တာ..
ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ မေမေ
ငါ့ကို ကြိုးစားပြုံးပြနေတဲ့မေမေ
တော်တော်ကိုပြောင်းလဲသွားခဲ့တာပဲနော်…

ရန်ကုန်မြို့ကြီးမှာ နိုင်ငံရေးတွေ စတင်ရှုပ်ထွေးနေတယ်.
အမြင်မတော်စရာတွေ၊ စိတ်တိုင်းမကျစရာတွေနဲ့ပြည့်နှက်နေတယ်
၈ ရက် ၈ လ ၁၉၈၈ မှာ တစ်နိုင်ငံလုံး အရေးတော်ပုံ ဆင်နွှဲခဲ့ကြတယ်.
စစ်အာဏာရှင်ရဲ့ သေနတ်သံများကြားမှာ
ရဟန်းရှင်လူပြည်သူအများ သွေးမြေကျခဲ့ရတယ်.
သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူးတဲ့
တစ်နိုင်ငံလုံးကို သေနတ်ကြိမ်းကြိမ်းသွားခဲ့တယ်
ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖသခင်ကိုယ်တော်မှိုင်းရယ်…

စက်တင်ဘာ ၁၈ ရက်
စစ်တပ်က အာဏာသိမ်းလိုက်ပြီတဲ့
ငါဘာလုပ်ရမလဲ
ဒီအချိန်မှာ ဒါတွေကို ငါမသိချင်ယောင်ဆောင်ပြီး အင်္ဂလန်ကို ပြန်သွားမလား
ဒါဆိုရင်တော့ ငါ့မိသားစုနဲ့အတူတူ အသိုက်အမြုံမပျက်
ငြိမ်းငြိမ်းချမ်းချမ်းနေလို့ရတယ်.
ဒါပေမယ့် သေချာတယ်
ငါလိပ်ပြာမလုံဘူး

ငါ့ကိုယ်ထဲမှာ အာဇာနည်သွေးတွေ စီးဆင်းနေတယ်.
သူတို့ကို ငါရှက်တယ်.
ငါမပြန်ဘူး
ငါဒီမှာနေမယ်
ငါ့တိုင်းပြည် ငါ့လူမျိုးအတွက် ငါ့ရဲ့ပေးဆပ်မှု အခန်းကဏ္ဍ စတင်ခဲ့ပြီ
သူတို့ ငါ့ကိုလိုအပ်နေပြီလို့ ငါခံစားရတယ်.
ဟုတ်တယ်
ငိုကြွေးနေတဲ့ ပြည်သူတွေကို ငါမျက်ကွယ်မပြုနိုင်ဘူး
ငါဒီမှာနေမယ်
ငါမပြန်တော့ဘူး
ငါချစ်တဲ့ ငါ့ပြည်သူတွေအတွက်၊ ငါချစ်တဲ့ ငါ့နိုင်ငံတော်အတွက်၊ ငါချစ်တဲ့
ငါ့ဖေဖေအတွက်
ငါမြန်မာပြည်မှာ နေပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖယ်ရှားမယ်.
လူတိုင်းကိုယ့်အခွင့်အရေးကို ကိုယ်လွတ်လပ်စွာဖန်တီးယူနိုင်အောင် ငါကြိုးစားမယ်
ဟုတ်တယ်
ဒါငါပဲ.

NLD ကို စက်တင်ဘာ ၂၄ ရက်နေ့မှာ စတည်ထောင်တယ်.
အထွေထွေအတွင်းရေးမှူးအနေနဲ့ ငါပါဝင်လှုပ်ရှားတယ်
ဂန္ဒီရဲ့ အဟိံသလမ်းစဉ်ကို ငါစွဲမြဲစွာ ယုံကြည်ခဲ့တယ်လေ
ဒါကို ငါအသုံးချခဲ့တယ်
စစ်ဘီလူးရဲ့ မျက်နှာဖုံးကို အကြမ်းမဖက်အနုနည်းနဲ့ ခွာချပြနိုင်ခဲ့တယ်.
ငါ့ကိုအသေတောင်ပစ်သတ်တော့မလို့တဲ့
သေနတ်ပြောင်းတွေနဲ့ ချိန်ထားလိုက်ကြတာ
တည်ငြိမ်စွာနဲ့ သူတို့ဆီကို ဦးတည်ပြီးလှမ်းလျှောက်ခဲ့တယ်

င့ါရင်ထဲက ခိုင်ကျည်တဲ့ သစ္စာတရားနဲ့ ဖြောင့်မှန်တဲ့ မေတ္တာဓာတ်ကို
သူတို့ မလွှမ်းမိုးနိုင်ပါဘူးလေ.
သူတို့ကြားထဲက ဖြတ်လျှောက်သွားတဲ့ ငါ့ကို
လူထုကြီးက
ဟေးးးးးးးးးးးးးးးးးးးးးးး
ဆိုပြီး
တခဲနက်အားပေးလိုက်ကြတာ
ငါ့မှာ ကြက်သီးတွေတောင်ထလို့…

၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်

မေမေဒေါ်ခင်ကြည် အနိစ္စရောက်ခဲ့ပြီ..
ကောင်းရာသုဂတိလားပါစေ မေမေရယ်..
မေမေ့အသက် ၇၆ နှစ်ထိ အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့တဲ့ မေမေ့အတွက်
ကောင်းကင်ဘုံက လက်ကမ်းကြိုဆိုနေမယ်လို့ သမီးခိုင်မာစွာယုံကြည်နေပါတယ်.

၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီ ၂ ရက်
မေမေ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ကြတဲ့ ပြည်သူတွေ မနည်းဘူးမေမေရယ်.
မေမေ့ကို မြင်စေ့ချင်လိုက်တာ.
မေမေ့ကို သဂြိုဟ်တဲ့နေ့မှာပဲ မေမေ့ရုပ်ကလာပ်ရှေ့မှာ သမီးတိုင်တည်သစ္စာပြုခဲ့တယ်
ဖေဖေနဲ့မေမေတို့ဟာ မြန်မာနိုင်ငံတော်ကြီးအတွက် သေသည်အထိ ကောင်းကျိုးသယ်ပိုး
ဆောင်ရွက်ခဲ့ကြတယ်.
ဒီတာဝန်ကို ကျေပြွန်အောင် သမီးဆက်လက်ထမ်းဆောင်ပါ့မယ်
သမီးသေသည်ထိပေါ့…

ငါ့ကိုလိုက်နှောင့်ယှက်နေတဲ့ အတားအဆီးတွေကြားထဲကပဲ ငါတို့ NLD ပါတီ
ရွေးကောက်ပွဲကို ခြွင်းချက်မရှိ အနိုင်ရခဲ့တယ်.
အရှက်မရှိလိုက်ကြတာလေ.
ငါတို့လွှတ်တော်အမတ်တွေကို လိုက်ဖမ်းတယ်
ရွေးကောက်ပွဲရလာဒ်ကို အကျုံးမ၀င်ပါဘူးလို့ ဗြောင်ငြင်းတယ်.
ငါ့ကိုလည်း အကျယ်ချုပ်ချခဲ့တယ်

အဲဒီ့ကတည်းကပဲ ငါ့ကိုပြန်လွှတ်လိုက်၊ အကျယ်ချုပ်ပြန်ချလိုက်နဲ့
နိုင်ငံရေးကစားကွက်တွေ လှည့်ကစားခဲ့တယ်..
ငါ့အပေါ်ရက်စက်လိုက်ကြတာ.
ကိုယ်ချင်းမစာလိုက်ကြတာ
ပြောရက်လိုက်ကြတာ
သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား၊ ရေဒီယိုတွေနဲ့ ငါ့နာမည်ကို ဖျက်ဆီးလိုက်ကြတာ
နိုင်ငံအပေါ်သစ္စာဖောက်သူတဲ့
လူမျိုးခြားနဲ့ အိမ်ထောင်ပြုသူတဲ့
ဒါတွေကို ငါတုံ့ပြန်မနေခဲ့ပါဘူး
ငါလုပ်စရာရှိတာတွေကိုပဲ အေးအေးဆေးဆေး မမှားရအောင် ငါလုပ်ခဲ့တယ်
ဒီလိုအချိန်တွေမှာ ငါ့အနေနဲ့ပိုပြီးတည်ငြိမ်ဖို့လိုတယ်လေ..

ငါ့ကိုနိုဘယ်လ်ဆုပေးတဲ့အကြောင်းကို ရှားရှားပါးပါးတောင်းဆိုထားရတဲ့
ရေဒီယိုအစုတ်လေးတစ်လုံးကတစ်ဆင့် ငါကြားသိခဲ့ရတယ်.
ငါ့သားကြီး အဲလက်စ်က အခမ်းအနားမှာ ငါ့ကိုယ်စား ကျေးဇူးတင်စကားပြောသတဲ့လေ..
မေမေဂုဏ်ယူပါတယ် သားကြီးရယ်…
မေမေ့အတွက်ရတဲ့ ဆုကြေးငွေကို Prospect Burma ဆိုတဲ့ NGO အဖွဲ့ဖွဲ့ပြီး
မြန်မာပြည်က ပညာတော်သင်ကျောင်းသားတွေကို ပံ့ပိုးကူညီနေတာ
ခုချိန်ထိပဲလေ.
မေမေက ကိုယ်ကျိုးရှာသူဟုတ်မဟုတ်ဆိုတာ သားတို့အသိဆုံးပါ
သားတို့ကို ပစ်ထားချင်လို့ ပစ်ထားတာမဟုတ်ရပါဘူး
သားတို့ကို သိပ်ချစ်တာပေါ့
သားတို့နဲ့ အတူတူသိပ်နေချင်တာပေါ့
ဒါပေမယ့်သားတို့ရယ်
သားတို့ကိုချစ်တဲ့အချစ်တွေထက် နိမ့်ကျနွမ်းပါးနေတဲ့ အဖိနှိပ်ခံ ပြည်သူလူထုကို
မေမေပိုချစ်မိတယ်.
ဒါကို သားတို့ခွင့်လွှတ်နားလည်ပေးကြပါနော်…
သားတို့အပေါ် ဂရုမစိုက်မိခဲ့တာတွေကို နောင်ဘ၀ဆိုတာတွေမှာ ပြန်ဆုံတွေ့ခဲ့ရင်
အတိုးချပြီး ပြန်ပေးဆပ်ပါမယ် သားတို့ရယ်…

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်

ရက်စက်လိုက်ကြတာကွယ်
ရက်စက်လိုက်ကြတာ
မြင်ရကြားရတာ ယုံနိုင်စရာတောင်မရှိဘူး
သတ်ဟေ့သတ်ဟ
ချဟေ့ချဟ
ဆိုတဲ့ စစ်ဘီလူးရဲ့ ကြိုးဆွဲရုပ်တွေအောက်မှာ
တိုင်းပြည်ရဲ့ အညွှန့်အဖူးလေးတွေ လွင့်ကြွေခဲ့ရရှာပြီ…
အဲဒီ့ညက ကောင်းကင်ပြာကြီးမှာတောင် သွေးရောင်တွေလွှမ်းနေခဲ့တယ်.
ရင်ထဲမှာ ဆို့နစ်လိုက်တာ ချစ်သားချစ်သမီးတို့ရယ်..
သားတို့သမီးတို့ ကောင်းရာသုဂတိလားနိုင်ကြပါစေ
ဒီလိုအဖြစ်ဆိုးမျိုးကို ဘယ်ဘ၀မှာမှ ထပ်မံ မကြုံတွေ့နိုင်ကြပါစေနဲ့တော့လို့
မေမေစု ဆုတောင်းပေးပါတယ်ကွယ်…
ဒီပဲယင်းရဲ့ အကျည်းတန်ညတစ်ခုပေါ့…

အချိန်တွေလည်း အတော်ကြာခဲ့ပြီလေ.
ပြည်သူလူထုပေါင်းများစွာလည်း အသက်ခန္ဒာစွန့်လွှတ်ခဲ့ရရှာပြီ
ငါ့ကို ပြန်လွှတ်ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်မျှော်နေသူတွေလည်း
နွမ်းလျလှပါပြီ
မျက်စိကိုမှိတ်၊ နားကိုပိတ်ပြီး တရားစီရင်ချင်သူတွေရဲ့ အတ္တများအောက်မှာ
အမှန်တရားက ကမ္ဘာကိုပတ်ဖို့ သူ့ဖိနပ်လေး လိုက်ရှာနေတုန်းပဲ

နွေမိုးဆောင်းပေါင်းများစွာလည်း ငါ့ခြံဝင်းထဲမှာ ကျရောက်ခဲ့ပြီ
ငါ့ပါးပြင်ပေါ်မှာလည်း အရေးအကြောင်းတစ်ချို့ နေရာယူခဲ့ပြီ
ငါ့အသက်လည်း ၆၄ နှစ်ထဲရောက်ခဲ့ပြီ
ငါ့သားတွေလည်း အိမ်ထောင်ရက်သားကျသူကျနဲ့ အခြေကျကုန်ပြီ
ငါ့မှာတော့…
ငါချစ်တဲ့ မြန်မာပြည်သူတွေကတော့…
ငါမြတ်နိုးတဲ့ မြန်မာပြည်ကတော့…
သံတိုင်တွေနောက်မှာ ငိုရှိုက်နေဆဲပဲလေ….

ကုတင်တိုင်ကို လက်နဲ့ကိုင်ပြီး အားယူလို့ ငါထလိုက်တယ်
အပြင်မှာ နေခြည်တွေဖြာနေပြီနော်
ရေဒီယိုထဲက ဆုတောင်းသံတွေ တစ်သဲသဲနဲ့ ၀င်လာမစဲဖြစ်နေတယ်.
ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ..
ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ..
ဒေါ်အောင်ဆန်းစုကြည်… ကျန်းမာပါစေ.. ချမ်းသာပါစေ.. တဲ့..

ကျလုဆဲဆဲ မျက်ရည်တစ်ချို့ကို သိမ်းဆည်းလိုက်ပြီး
အခန်းပြတင်းကိုဖွင့်လိုက်တယ်.
ငါ့ကိုစောင့်ကြည့်နေရတဲ့ ရဲဘော်လေးတစ်ယောက်က ငါ့ကို အလန့်တကြားမော့ကြည့်တယ်.
မကြောက်ပါနဲ့သားရယ်
ငါ့ရဲ့ အေးမြတဲ့ အပြုံးအောက်မှာ ခက်ထန်တဲ့ သေနတ်ပြောင်းဝလေး တိုးလျှိုးလို့
ငါ့ကို ဦးညွှတ်တယ်.
သားစာဆက်ကျက်ပါကွယ်.. စိတ်ကိုအေးအေးသာထားပါ.

ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘယ်တော့မှ ထွက်ပြေးမယ့် မိန်းမစားမဟုတ်ပါဘူး
တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ အရိုးကြေကြေ၊ အရေခမ်းခမ်း အများအကျိုးအတွက်
အသက်နဲ့ ဘ၀ကိုပါ ပေးလှူထားတဲ့ အာဇာနည်မိန်းမပါ.
ဒီသစ္စာစကားမှန်ရင်
ငါချစ်တဲ့
မြန်မာနိုင်ငံတော်ကြီး အမှောင်ကိုဖျောက်လို့ အလင်းနေ့သစ်များကို
ကြိုဆိုနိုင်ပါစေသား…

ငါရှင်သန်နေဦးမှာပါ.
မသေမချင်းပေါ့…

နေရောင်ခြည်ရဲ့နှုတ်ဆက်မှုကို အသာတကြည်ခံယူပြီး
ဘုရားစင်ဖက်ကို လှမ်းလျှောက်ခဲ့တယ်.
အရှင်ဘုရားရဲ့ မေတ္တာကရုဏာတော်အောက်မှာ
ဘုရားတပည့်တော်မ ငြိမ်းချမ်းရပါစေသား…
မြန်မာပြည်သူများ ငြိမ်းချမ်းကြပါစေသား…
ငိုရှိုက်သံများ ကွယ်ပျောက်ပါစေသား…
မတရားမှုများ ဖယ်ခွာနိုင်ပါစေသား…

ကွယ်လွန်သူ ဖေဖေဦးအောင်ဆန်းနှင့် မေမေဒေါ်ခင်ကြည်..
ကျဆုံးလေပြီးသော အာဇာနည်အမျိုးကောင်းသား ရဟန်းရှင်လူများ…
အမျှအမျှအမျှ…..

သာဓု..သာဓု..သာဓု……