Friday, June 25, 2010

ဆရာကြီးပီမိုးနင်း၏အချစ်ရေးသာဒနများ

အချစ်ရေးသာဒနများ


( ၁) ယခုကာလ လင်နှင့်မယား အကွဲမြန်ကြခြင်းသည် အချစ်ချင်း မတူကြသောကြောင့်ပင်ဖြစ်၏။

အကြောင်းမူကား မိန်းမကလည်း နည်းနည်းချစ်၏ ယောက်ျားကလည်း နည်းနည်းချစ်၏။

( ၂) အဖိုးတန်သော မယားကို အ၀တ်ကြောင့်မရပေ၊ အသုံးအစားကြီးကာ ပလွှားသော မယားကိုသာ အ၀တ်နှင့် မြူ ရပေမည်။

( ၃) အချစ်ဆိုသည်မှာ ချစ်ခိုက်သာလျှင်ချစ်၏ မုန်းလျှင်ပစ်၏ တကယ်ရှိသောအရာမဟုတ် ခေတåမျှ ကောင်းကင်၌ ပေါ်သောတိမ်ရုပ်နှင့်တူ၏/

( ၄) အချစ်ကြောင့် သောကမီးတောက်ခြင်းသည် အပို ရူးမိုက်ခြင်း ဖြစ်လေသည်။

( ၅) အမြဲတုံးလျက်မသွေးဘဲထက်သောဓါးသည် လင်ကိုနိုင်သော မိန်းမ၏လျှာဖြစ်လေသည်။

( ၆) မိန်းမပီသသော မိန်းကလေးသည် အ၀တ်၌လည်းကောင်း အပြောအဆို၌လည်းကောင်း အကြံအစည်၌လည်းကောင်း ပလွှားဝင့်ဝါခြင်း မရှိအပ်ပေ။

( ၇) ယောက်ျားတစ်ယောက် ချွဲချွဲပစ်ပစ် ပြောသည့်အခါ ယုံလွယ်ကြသည်မှာ မိမိတို့ကိုယ်ကို အထင်ကြီးကြခြင်း ကြောင့်ဖြစ်လေသည်။

( ၈) မိန်းမတို့၏ အဖိုးတန်ခြင်းသည် အကျင့်ကောင်းခြင်း စိတ်ကောင်းခြင်း၌သာ တည်သည်။

( ၉) မိန်းမများ၌ အကြီးဆုံးသောရန်သူသည် ယုံတတ်သောစိတ်ဖြစ်သည်။

(၁၀) အချစ်သည် ဆိတ်ကွယ်ရာ၌ ကိလေသာဘက်ကို သာလွန်နီးကပ်တတ်လေသည်။

(၁၁) ချစ်သာချစ်စေ မနစ်စေနှင့်။

မှတ်ချက်။  ။GTU online မှကူးယူဖော်ပြသည်။

2 comments:

The Queen said...

ဟီးဟီး မှန်လိုက်တာနော်

Mon said...

လာရောက်မှတ်သားသွားပါတယ် ဂျစ်မမ..းD