Wednesday, March 11, 2009

မြန်မာအမျိုးသား - စုံတွဲ သဲသောင်ပြင်တွင် လိင် ဆက်ဆံခဲ့မှုကြောင့် ပြစ်ဒါဏ်ချမှတ် ခံရ



မြန်မာအမျိုးသား ဈေးသည် တဦးသည် လူမြင်းကွင်း၌ အမြင်မတော် လိင် ဆက်ဆံမှု ကျူးလွန်ခဲ့ခြင်းကို ဒူဘိုင်း တရားရုံး၌ ငြင်းဆန်လိုက်သည်။

အာရပ် စော်ဘွားများ နိုင်ငံ Jumeirah ကမ်းခြေတွင် ၄င်း၏ လုပ်ဖော်ကိုင်ဖက် အမျိုးသမီး နှင့် လိင် ဆက်ဆံရာ၌ မည်သူမျှ မကြည့်ခဲ့ဟု ရုံးတော်တွင် ငြင်းဆိုသော်လည်း မှတ်တမ်းများအရ ၂၆နှစ် အရွယ် မြန်မာလူမျိုး အရောင်းသမားသည် ကမ်းခြေသောင်ပြင်တွင် မိမိ၏ လုပ်ဖော်ကိုင်ဖက် အသက်(၂၀) အရွယ်ရှိ အမျိုးသမီး အရောင်းသမား တဦးနှင့် လိင် ဆက်ဆံစဉ်တွင် ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့က တရားသူကြီး Adnan Al Farra ရုံးထိုင်သည့် ဒူဘိုင်း အယူခံ ခုံရုံးတွင် အပြစ်ဒါဏ် လျှော့ပေါ့ရေး အတွက် ၄င်းတို့ ၂ဦးမှ အသနားခံစာ တင်လျှောက်ကာ မြန်မာလူမျိုး အရောင်းသမားမှ ရုံးတော်၌ ထုချေရာတွင် ၄င်းသည် အရက်သေစာ သောက်စားပြီးနောက် အမျိုးသမီး အရောင်းသမားနှင့် လိင်ဆက်ဆံခဲ့ပါကြောင်း ဝန်ခံလိုက်ကာ ပြည်သူများ အမြင်တွင် မဖွယ်မရာ ပြုမူခဲ့ခြင်း မဟုတ်ကြောင်း၊ မိမိတို့ နှစ်ဦးကို မည်သူမျှ စောင့်ကြည့်ခြင်း မရှိကြောင်းဖြင့် စောဒက တက်ကာ ရုံးတော်သို့ ထုချေသည်။

အမျိုးသမီး အရောင်းသမားမှ ပြောကြားရာ၌ သူမသည် အမူးလွန်သွားသည့် အတွက် လိင် ဆက်ဆံခဲ့ပါကြောင်း ဝန်ခံလိုက်ကာ အများ အမြင်တွင် တင့်တယ်မှု မရှိအောင် မပြုလုပ်ခဲ့ပါကြောင်း ငြင်းဆိုသည်။ ပြည်သူများ အသုံးပြုသည့် Jumeirah ကမ်းခြေတွင် မတင့်တယ် ပြုလုပ်ခဲ့မှု အတွက် တရားစွဲခြင်းခံရသော အမှုအဖြစ် ရုံးတော်မှ သတ်မှတ်၍ အစောပိုင်းတွင် Dubai တရားရုံးမှ ၄င်းတို့ နှစ်ဦးကို အများအမြင်တွင် မတင့်တယ်ဖွယ်ရာ လိင်ဆက်ဆံခဲ့မှု အတွက် ထောင်ဒါဏ် တနှစ် ချမှတ်ခဲ့ပြီး၊ အရက်သေစာ သုံးစွဲမှုအတွက် နောက်ဆက်တွဲ ထောင်ဒါဏ် တလအဖြစ် ချမှတ် ခဲ့သည်။

အဆိုပါ စုံတွဲသည် မိမိတို့၏ ပြစ်ဒါဏ်များ ကျခံပြီးပါက တိုင်းပြည်မှ နှင်ထုတ်ခြင်းခံရမည် ဖြစ်ကာ အဆိုပါ ကိစ္စရပ်နှင့် ပါတ်သက်၍ အသနားခံစာ တင်သွင်းထားသည်ဟု သိရှိရသည်။

ယခုလို မှုခင်းမှာ အာရပ် စော်ဘွားများ နိုင်ငံအတွင်း ဒုတိယအမှုဖြစ်လာပြီး ပထမအမှုမှာ ယခင်နှစ် နွေရာသီတွင် ဗြိတိသျှ စုံတွဲနှစ်ဦးသည် သောင်ပြင်တွင် အရက်သေစာ သောက်စားပြီး လိင် ဆက်ဆံမှုပြုလုပ်စဉ် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ်(၃)လ ချမှတ် ခံခဲ့ရပြီး တိုင်းပြည်မှ နှင်ထုတ်ခြင်း ခံခဲ့ရသည်။

မြန်မာနျူကလီးယား ဆွေးနွေးပွဲ တက်ရောက်လာသူ တရုတ်ပညာရှင် သေဆုံး ( How Come Chinese Professional for Nuclear Program Suddenly Died at Central Hotel???)

ချင်းမိုင် (မဇ္ဈိမ)။ ။ တရုတ်နိုင်ငံ ပီကင်း တက္ကသိုလ်မှ ပညာရှင်တဦးသည် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ပြုလုပ်သော နျူကလီးယားဌာန ဆွေးနွေးပွဲသို့ တက်ရောက်နေရင်း ရန်ကုန်မြို့ ရှိ စင်ထရယ် ဟိုတယ်တွင် သေဆုံးသွားခဲ့သည်။

မစ္စတာ Zhang Peixin (အသက် ၄၇) သည် အစည်းအဝေးနောက်ဆုံးနေ့မှာပင် ဟိုတယ် အိပ်ခန်းအတွင်း မှောက်လျက် အနေအထားဖြင့် သေဆုံးနေခြင်း ဖြစ်သည်။

Zhang သည် ဖေဖော်ဝါရီ ၂၂ ရက်နေ့က မြန်မာနိုင်ငံသို့ စတင်ရောက်ရှိခဲ့ပြီး ၎င်းပြန်မည့် မတ်လ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် အစည်းအဝေးခန်းသို့ ရောက်လာခြင်းမရှိ၍ ၀န်ကြီးဌာန တာဝန်ရှိသူများနှင် ဟိုတယ်ဒုတိယမန်နေဂျာက အခန်းတံခါးကို ဖွင့်ပြီး ၀င်ရောက်ရာတွင် မှောက်လျက် အနေအထားဖြင့် တွေ့ရှိခဲ့ကြသည်။ ဟိုတယ်၏ အကြောင်းကြားချက်အရ ရဲနှင့် ဆေးဘက်ဆိုင်ရာတို့က ရောက်ရှိစစ်ဆေးရာတွင် သူ၏ခန္ဓာကိုယ်၌ ဒဏ်ရာတစုံတခု မတွေ့ရဘဲ သေဆုံးပြီး ဖြစ်သည်ဟု အတည်ပြုခဲ့ကြသည်။

ရန်ကုန်ဆေးရုံကြီးရှိ မှုခင်းဆရာဝန်များက ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးရာ ပင်မနှလုံးသွေးကြောများကျဉ်းနေသည်ကို တွေ့ရှိခဲ့သည်ဟု ရဲသတင်းရပ်ကွက်က ပြောသည်။

စုံစမ်းစစ်ဆေးသူများ၏ သတင်းရပ်ကွက်အရ အခင်းဖြစ်ပွားချိန်တွင် သေဆုံးသူသည် တဦးတည်းသာ ရှိနေခဲ့သည်ဟု သိရသည်။

သူ၏ဇနီးနှင့် သမီးဖြစ်သူတို့ မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပြီး ရုပ်အလောင်းကို မတ်လ ၆ ရက်နေ့ ၄ နာရီ မိနစ် ၂၀ တွင် ရေဝေးသုသာန်တွင် မီးသဂြိုဟ်၍ ကြွင်းကျန်သော အရိုးပြာကို တရုတ်နိုင်ငံသို့ ပြန်လည်ယူဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။

---------------------------------

ချင်းမိုင် (မဇ္ဈိမ)။ ။ တရုတ်နိုင်ငံ ပီကင်း တက္ကသိုလ်မှ ပညာရှင်တဦးသည် ရန်ကုန်မြို့ ဟိုတယ်တခုတွင် သေဆုံး သွားခဲ့သည်။

မဇ္ဈိမက ယခု သတင်းရေးသားချိန်အထိ အတည်ပြုနိုင်သည်မှာ မစ္စတာ Zhang Peixin (အသက် ၄၇) သည် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနကို အကူအညီပေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး စင်ထရယ် ဟိုတယ်တွင် မတ်လ ၁ ရက်နေ့က သေဆုံးသွားခြင်း ဖြစ်သည်။

ရဲသတင်း ရပ်ကွက်က ပြောကြားရာတွင် သေဆုံးသူသည် ဖေဖော်ဝါရီ ၂၂ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး သွေးတိုးရှိသူ ဖြစ်သည်ဟု ဆိုသည်။ သို့သော် တရုတ်ပြည်သူ့ သမတနိုင်ငံဘက်မှ ရဲ၏ ပမာဏ စစ်ဆေးချက်များအပေါ် သဘောမကျဘဲ ရှိသဖြင့် စုံစမ်းစစ်ဆေးမှု ပြန်လည် ပြုလုပ်လိုသည်ဟု ဆိုသည်။

စင်ထရယ် ဟိုတယ်သည် မြန်မာ့စီးပွားရေး ဦးပိုင် လိမိတက်က ပိုင်ဆိုင်သော ဟိုတယ်တခု ဖြစ်သည်။

Monday, March 9, 2009

မြန်မာအပါအ၀င် ၄၂ နိုင်ငံကို ထိုင်းနိုင်ငံက သုံးလကြာ ဗီဇာကင်းလွတ်ခွင့်ပြု ( 3 months visa free for 42 countires includ MM)



မြန်မာနိုင်ငံသားများ အများဆုံးသွားရောက်လည်ပတ်သော ထိုင်းနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားများအား သုံးလကြာဗီဇာကင်းလွတ်ခွင့်ပြုရာတွင် မြန်မာနိုင်ငံသားများပါ ပါဝင်ကြောင်း ထိုင်းနိုင်ငံခရီးသွားအာဏာပိုင်အဖွဲ့ (TAT) မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံမှလေယာဉ်လက်မှတ်ရောင်းကုမ္ပဏီမှ ထိပ်တန်းအရာရှိတစ်ဦးကပြောသည်။

ဘန်ကောက်မြို့ရှိ လေဆိပ်နှစ်ခုအား အစိုးရဆန့်ကျင်သူများမှ နိုဝင်ဘာလ ၂၅ ရက်တွင် ပိတ်ဆို့ခဲ့ခြင်းနှင့် ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကြောင့် ကျဆင်းသွားသော ထိုင်းခရီးသွားလုပ်ငန်းအား အမြန်ဆုံးပြန် လည်ဦးမော့လာစေရန် ထိုင်းအစိုးရအနေဖြင့် ၂၀၀၉ ခုနှစ် မတ်လ ၅ ရက်မှ ဇွန်လ ၄ ရက်အထိ နိုင်ငံပေါင်း ၄၂ နိုင်ငံ ဗီဇာကြေးကင်းလွတ်ခွင့်ပြုမည်ဟု ထိုင်းနိုင်ငံခရီးသွားအာဏာပိုင်အဖွဲ့မှ ထုတ်ဝေသောသတင်းအရသိရသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့သွားရောက်လည်ပတ်ရာတွင် ဗီဇာကြေးအဖြစ် ကန်ဒေါ်လာ ၃၅ ပေးချေရပြီး ထိုကဲ့သို့ကင်းလွတ်ခွင့်ပြုပေးသည့်အတွက် ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်မည့်သူများ ပိုမိုများပြားလာနိုင်ကြောင်း လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်များက ယူဆကြသည်။

Tuesday, March 3, 2009

NTU မှ Professor ဓါးထိုးခံရ ( SCHOOL HORROR)


စင်ကာပူ NANYANG Technological University မှ Professor Chan Kap Luk (School of Electrical and Electronic Engineering) ဟာ ယနေ.မနက် ၁၀နာရီ ခွဲ အချိန်ခန်.က သူရဲ. ရုံးခန်း ရှိရာ ၆ ထပ်ဆောင်တွင် ဓါးထိုးခံခဲ့ရပါတယ်။ ဓါးနှင့်ထိုးသော သူမှာ ထို Professor Professor Chan Kap Luk ၏ Final year project ကျောင်းသား အင်ဒိုနီးရှား နိုင်ငံသား David Widjaya ဆိုသူဖြစ်ပါတယ်။ Professor ရဲ. နောက်ကျောနဲ. လက်မောင်း တို.တွင် ဓါးဒဏ်ရာ ရခဲ့ပါတယ်။Professor ကို ဓါးနဲ. ထိုးအပြီးမှာ ထို အသက် ၂၁ နှစ်အရွယ် အင်ဒိုနီးရှား နောက်ဆုံးနှစ်ကျောင်းသား ဟာ သူ၏ လက်ကောက်ဝက် ကို ဓါးနဲ. လှီးပြီး School of EEE နဲ. Techno Plaza အကြား ဆက်သွယ်ထားတဲ့ ပေါင်းကူးတံတား လေးထပ် တိုက် အမြင့် ကနေ ခုန်ချ ပြီး မိမိကိုယ်ကို အဆုံးစီရင် သွားတယ်လို. ယူဆရပါတယ်။ကလေး နှစ်ယောက် ရဲ. ဖခင် အသက်၄၅ နှစ်အရွယ် ထို Professor ကို အနီးနားရှိ National University Hospital သို. အရေးပေါ်ပို.ဆောင်ခဲ့ပြီး အသက်အန္တရယ် မစိုးရိမ်ရဟု ဆိုပါတယ်။ Mid term break မှ ပြန်ဖွင့်တဲ. ယနေ. တနင်္လာ နေ.မှာ ယခုလို ကြောက်မက်ဖွယ်ကောင်း တဲ့ အဖြစ်ဆိုး NTU school တွင် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။မူရင်းသတင်း ဒီမှာ ဖတ်ပါ။