Friday, March 20, 2009

ONLINE လူလိမ်နဲ့ ကျွန်မ ( an online lier and me)

Online လူလိမ်တွေ ဘယ်လိုလိမ်တယ်ဆိုတာက ဝေမျှချင်ပါတယ်။ ထီပေါက်တယ်တို့ ၊ အမွေရစရာရှိတယ်တို့ကရိုးနေတော့ နည်းအသစ်ကိုသုံးပြီးလိမ်တာပေါ့။
တကယ်တော့ကျွန်မ သူငယ်ချင်း ရဲ့ အဖြစ်အပျက်လေးပါ။
ဒါကြောင့်မို့ online friend တွေ၊ Chatting တွေ သတိထားဖို့လိုပါတယ်။ ကျွန်မ သူငယ်ချင်း ရဲ့ အလိမ်ခံရခါနီးအဖြစ်အပျက်လေးဟာ Tagged website ကစခဲ့ပါတယ်။ စစချင်း online ကနေ Friend လုပ်ပြီး propose လုပ်ပါတယ်။ ကြိုက်ကြိုက် မကြိုက်ကြိုက် အတင်းလက်ဆောင်ပို့ပေးမယ်လို့ဆိုပါတယ်။ ပထမ ကတည်းက လူအထင်ကြီးအောင်
UK မှာနေတယ် လစာများတဲ့ အလုပ်ကိုလုပ်နေတယ်၊ အရမ်း Lonely ဖြစ်နေတယ်ပေါ့နော်။
ပိုက်ဆံတွေအများကြီးစုမိနေတယ်၊ Life Partner ကိုရှာနေတယ်ပေါ့နော်
တကယ်တော့သူက Malaysia မှာပါ။ Malaysian လူမျိုး ပါ။ British လူမျိုးအဖြစ် လိမ်ပြီး သူ့ရဲ့ Target က မြန်မာတို့ Pilipino, Indonesia တို့ပါ။ မြန်မာကတော့ လက်တည့်စမ်းနေတုန်းထင်တယ်။ နံမည်က Smith Donald တဲ့ Tagged မှာရှာကြည့်လို့ရပါတယ်။ ဖုန်းခေါ်ရင် လဲ Private Phone နဲ့ပဲ ခေါ်ပါတယ်။ ဘယ်တော့မှ UK က Direct Line နဲ့မဟုတ်ပါဘူး။
လက်ဆောင်ပို့မယ်လို့ပြောပြီး အတင်း လိမ်စာတောင်းပါတယ်။ အင်း လိမ်စာရရင်တော့ စပြီး program စဆွဲပါတော့တယ်။ အရင်လက်ဆောင်ပို့လိုက်တယ်လို့ email စပို့ပါတော့တယ်

ဒီလိုပါ။

(Hi My Love,

How are you today,I was busy running around to make my journey and also send the package that I promised .I came on line to get any account details to give you a token but you were off, I called your line several times but couldn't connect. I was mad .

I have sent the package containing a new brand HP product lap top computer,Gold Jewleries,Teddy,Rose Flower and the sum of 5,000 pounds sealed in the same computer pack to enable you settle some of your daily needs as after our Conversations, I can imagine how hard you could be working just alone to make a better life. Just accept this token from me. Since there was no time to contact you any longer for your bank account details to do a bank transaction I had no option than to sealed the money in the same pack with a rose flower right in the same laptop pack.

I sent it to your name and address you gave me (Blk 222, # 15 - 88, Kallang Drive.... , Singapore .........). From my inquiry the package will arrive to its destination 2 days time . Below attached is the picture of the pack containing the items so that you can identify it and the receipt.

Please let me know when you receive the package. Dear you know my heart is open for you .This short moment we have met and chatted together has been an elevation in my life so i willingly decide to share with you . I will always be here for you. I have to go in a hurry now .I will contact you later.

With love from,

Mr.Smith Donald )
အဲ email ပိုပြီး ၁ ရက်လောက်ကြာရင်ဘဲ Courier Service ( Global Express, London, United Kingdom) ဆိုပြီး mails တွေပို့လို့ပို့၊ ဖုန်းတွေဆက်လိုဆက်။ ပြီးတော့ ပို့လိုက်တဲ့ ပစ္စည်းက illegal ငွေတွေပါတဲ့အတွက် SG 1950.000 နဲ့ညီမျှသော ငွေ နဲ့လာရွေးဖို့ ဖုန်းဆက်ပါတယ်။

ကာယကံရှင် နဲ့ Courier Service ဆိုပြီး 2 pary side ကနေ ညှပ်ပြီး ပစ္စည်း အတင်း လာရွေးဖို့ဖိအားပေးပါတော့တယ်။ တကယ်တော့ လူကတဦးတည်းပါ။

တကယ်တော့ကျွန်မ သူငယ်ချင်းက ယုံကြည်နေပါပြီ ဒါပေမယ့် ရွေးစရာ ပိုက်ဆံမရှိတော့ကျွန်မကိုစကားစလာတာ ပေါ့။ ကျွန်မ လည်းအစကတော့ယုံကြည်မိ တယ် သူ့ရည်းစားထင်တာပေါ. Foreigner လဲကောင်းရင်ကြိုက်လိုက်ပေါ့။ ပြီးတော့ လက်ဆောင်ပို့ပေးတယ်ဆိုတော့ပိုတောင်ဝမ်းသာသေးတယ်။ သူ့ကိုလဲ £5000 ရယ် HP Laptop ရယ် လက်ဝတ်လက်စားတွေ ဆိုတော့ရစေချင်တယ်လေ။ အလုပ်မရရင်ပြန်ရမှဆိုတော့ ရတာလေးယူပြီးပြန်ပေါ့... စိတ်ကူး... စိတ်ကူး...

အဲ ကျွန်မကပိုက်ဆံချီးရမှာဆိုတော့ ဟင်း.....မဖြစ်သေးဘူး၊ သူများတိုင်ပင်ရအောင်လည်းရှက်တယ်လေ. ..ဟီး ..... ဒါနဲကြံရာမရ တော့ First Aid လို့ခေါ်ရမလား Internet ထဲရှာကြည့်တော့ ဟီးဟီး Global Express ကရှာမတွေ့ဘူး။.....

နောက်ဆုံးမှာတော့ ကံကောင်းထောက်မှစွာ singapore Forum မှာ အားပါးပါး အကြောင်းအရာက တထပ်တည်းပါ Courier Service အမည်၊ လိမ်တဲ့ နံမည် လိမ်ပုံလိမ်နည်း အကုန်အတူတူပဲ...

ကိုယ်မျက်စိတောင်မယုံချင်ဘူး ကိုယ်ကတကယ်ထင်ထားတာကိုး

အဲနောက်ဆုံးမှာတော့ Internet ရဲ့အကျိုးကျေးဇူးကြောင့်မို့ လူလိမ်ခံရမဲ့ဘေးမှသီသီလေးလွတ်အောင် ကယ်တင်လိုက်နိုင်ပါတယ်။ ကျွန်မလဲပိုက်ဆံမဆုံး၊ အခင်မင်လဲမပျက်တော့ဘူးပေါ့

ဒီတခါပဲ Internet သုံးတာ အကျိုးအရှိ ဆုံးပဲ။ Computer ကြည့်လွန်းလို့ မျက်လုံး ၂ လုံးလဲကန်းတောမယ်။ :D

ရမယ့် Packing လေးကို Attached လုပ်လိုက်ပါတယ်နော်....
Online လူလိမ်ခံရမဲ့ဘေးမှ ကင်းလွတ်ကြပါစေလို့ဆုတောင်းရင်း.........



No comments: