Thursday, April 23, 2009

ဖတ်ဖူးသမျှဟာသများ (၁)

အားလုံးဖတ်ပြီးသားလို့ ထင်ပါတယ်။
ဒါပေမယ့် ဟာသလေးတွေကို စုစည်းထားချင်လို့ပါ......
၁) အုန်းသီး
တစ်ခါက ချင်းတောင်က ချင်းအမျိုးသားတစ်ဦးဟာ မြစ်ဝကျွန်းပေါ်ဒေသကို ပထမဆုံးအနေနဲ့ အလည်အပတ် ရောက်လာသတဲ့ ။ ချင်းတောင်မှာ အုန်းပင် မရှိလို့ အုန်းသီး တခါမှ မစားဘူးတဲ့ ချင်းအမျိုးသားက အုန်းသီးကို စားကြည့်ပြီး မှတ်ချက်ချလိုက်ပုံက " အောက်ပြည်အောက်ရွာက အုန်းသီးကောင်းတယ်ဆိုလို့ စားကြည့်ပါတယ် ။ အရသာကလဲ ဖန်တွတ်တွတ်နဲ့ အစေ့ကလဲ အကြီးကြီး ".........

၂) ကြက်တူရွှေး
တစ်ခါက လူတစ်ယောက်ဟာ မွေးနေ့မှာ ကြက်တူရွေးတစ်ကောင်ကို လက်ဆောင်ရလိုက်တယ်။ ကြက်တူရွေးက လူစကားတတ်ပေမယ့် ရိုင်းရိုင်းစိုင်းစိုင်းတွေပဲ ပြောတယ်။ပိုင်ရှင်က ကြက်တူရွေးကို လိမ်မာယဉ်ကျေးလာအောင်၊ သိမ်မွေ့လာအောင် သင်ပေးပေမယ့် မထူးခဲ့ဘူး။ ဒေါသထွက်ပြီး ကြက်တူရွေးကို အော်ငေါက်တော့ ကြက်တူရွေးပြန်အော်တာကို သူခံရပြန်တယ်။ ကြာတော့ ရိုင်းစိုင်းတဲ့ ကြက်တူရွေးဒဏ်ကို မခံနိုင်ဘဲ သင်္ခန်းစာပေးဖို့ သူဆုံးဖြတ်လိုက်တယ်။ဒီလိုနဲ့ ကြက်တူရွေးကို လှောင်ချိုင့်ထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ပစ်လိုက်တယ်။ မိနစ်အနည်းငယ် ကြာတော့ ကြက်တူရွေးက အေးခဲလာပြီး အတောင်တဖတ်ဖတ်နဲ့ ရုန်းတော့တယ်။ ပိုင်ရှင်က တအောင့်စောင့်ပြီး ရုန်းသံမကြားမှ တံခါးဖွင့်ပြီး ချမ်းတုန်နေတဲ့ ကြက်တူရွေးကို ထုတ်ပေးလိုက်တယ်။ ကြက်တူရွေးက “အရင်က ကျွန်တော် ရိုင်းစိုင်းခဲ့တာတွေကို ခွင့်လွတ်ပေးပါ။ လိမ်မာယဉ်ကျေးလာအောင် အပြုအမှုနဲ့ စကားတွေကို ကျွန်တော်ပြုပြင်ပါ့မယ်” လို့ ပိုင်ရှင်ကို တောင်းပန်လိုက်တယ်။အရင်က ကြက်တူရွေးကို ခြောက်လိုက်၊ ငေါက်လိုက်သင်ခဲ့သမျှတွေ အသုံးမဝင်ဘဲ ရေခဲသေတ္တာထဲ ခဏလေးထည့်လိုက်တာနဲ့ ပြောင်းလဲသွားတဲ့ ကြက်တူရွေးကို ကြည့်ပြီး ပိုင်ရှင် နားမလည်ခဲ့ဘူး။ သိလိုစိတ်နဲ့ ကြက်တူရွေးကို မေးမယ်ကြံတုန်းမှာ ကြက်တူရွေး မေးလိုက်တာက “ဒါနဲ့ မသိလို့ မေးပါရစေ... ဟို ရေခဲသေတ္တာထဲက အမွေးပြောင်အောင် နှုတ်ထားတဲ့ ကြက်မှာ ဘာအပြစ်ရှိလို့လဲ ဟင်း” ဟူတည်း။

၃) လူသားစား
တစ်ခါက လူသားစားသော လူမျိုးနွယ် အကြီးအကဲ တစ်ဦး လေယာဉ်ပျံစီးလေသည်။
လေယာဉ်မယ်........"ဘာများသုံးဆောင်မလဲရှင်။"
အကြီးအကဲ..........."ခရီးသည်တွေရဲ့ နာမည်စာရင်းကို အရင်ပြစမ်းပါ။"

၎) Recycle
တစ်ခါက ချစ်သူနှစ်ဦး စကားများကြသည်။
မိန်းကလေး " ရှင်ဟာ ဘာမှ အသုံးမကျတဲ့ အမှိုက်ပဲ"
ယောင်္ကျားလေး " အမှိုက်မှန်းသိရက်နဲ့ ဘာလို့ ချစ်ခဲ့လဲ"
မိန်းကလေးမှာ ပိုဒေါသထွက်ပြီး
" ရှင်ဘာသိလို့လဲ ဒါကျွန်မ recycle လုပ်နေတာရှင့်"

၅) ^&!()%^$%!$"*(
ဖခင်..........သားကြီးလာရင် ဘယ်သူ့ကို ယူမလဲ
သား..........ဘွားဘွားက သားကို သိပ်ချစ်တယ်ဆိုတော့....
သားကြီးလာရင် ဘွားဘွားကိုယူမယ်။
ဖခင်.........ဟာ....ဖေဖေ့ မေမေကို သားယူလို့ ဘယ်ရမလဲ။
အဲဒီလို ပြောလို့မရဘူး သား..
သား........ ဒါဆိုရင် ဘာဖြစ်လို့ သား မေမေကိုကျတော့ ဖေဖေယူလို့ရလဲ။

ဖခင်.........^&!()%^$%!$"*(
ဖခင်.......... ကျောင်းကောင်းကောင်းထားပေးတာ စာမကြိုးစားချင်ဘူး။ ဖေဖေ့ တုန်းက ဆင်းရဲလို့ ကျောင်းတက်ချင်တာတောင် မတက်ခဲ့ရဘူး။
သား........... ဖေဖေ....
သားတို့ ဘယ်တော့ ပြန်ဆင်းရဲမှာလဲဟင်....
ဖခင်............&*!^"!%"!^%"!08

၆) သြော်....ပုရိသ...
တစ်ခါက အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ရထားပေါ်တွင် ဆုံကြသည်။
အမျိုးသမီးက အမျိုးသားအား မြူဆွယ်ချင်သောကြောင့် သူမ အလွန်ချမ်းကြောင်း ပြောသည်။
အမျိုးသားက သူ၏စောင်ကို အမျိုးသမီးအား ခြုံစေ သည်။ သူမချမ်းနေသေးကြောင်း ပြောပြန်သည်။
"ဒါဆို ကျွန်တော်ဘယ်လို ကူညီရမလဲ" အမျိုးသားမှာ စိတ်မသက်မသာဖြင့် ပြောသည်။
"ကျွန်မ ငယ်ငယ်ကဆို အမေက သူ့ကိုယ်ငွေ့နဲ့ ကျွန်မကို နွေးစေတယ်"
"ဒီလိုဆို ကျွန်တော် ဘယ်လိုမှ မကူညီနိုင်ပါဘူး ခင်ဗျား..
ကျွန်တော် ရထားပေါ်က ခုန်ချပြီး ခင်ဗျားအမေကို လိုက်ရှာ လို့မှ မဖြစ်နိုင်တာ"

ရ) မေ့မေ့ သင်္ချာ
သမီး။ ။ "အမေ သမီးရဲ့ ကောင်လေးနှစ်ယောက်ကလက်ထပ်ခွင့်ေ တာင်းနေတယ်မေမေ...ဘယ်သူ့ကိုရွေး ရမလဲ မတိပါဝူး မေမေရယ်...။"
အမေ။ ။ " ညဉ်းကလဲ နှစ်ယောက်လေးကို ၊ငါဆို .. ချစ်သူ ၅ ယောက်ထဲကမှ ညီအဖေကိုရွေးခဲ့တာအေ့...
ဒါနဲ့.. သမီးကောင်လေး တွေ ဘာလုပ်တုန်း သမီးရဲ့...."
သမီး။ ။ "ဇီကုန်း ဆိုတဲ့ ကောင်လေးကတော့ company တစ်ခုက ၀န်ထမ်းမေမေရဲ့...
သာယာဆိုတဲ့ တစ်ယောက်ကတော့ သဘောင်္သား မေမေ..."
အမေ။ ။" သြော်... ဒါများသမီးရယ် ဘာစဉ်းစား စရာရှိတုန်းအေ့... သင်္ဘောသားကိုရွေး..... သူတို့သမီးကိုချစ်တာ ၁၅၀၀ ခြင်းညီမျှတောင် ဟိုကဒေါ်လာနဲ့ ချစ်မှာသမီးရဲ့......"

၈) ချစ်လို့ကျီစယ်......
အရူးဆေးရုံ တစ်ခုမှာပါ။
အ၇ူးတစ်ယောက်ဟာ သွေးစွန်းနေတဲ့ ဓါးတစ်ချောင်းကိုင်ပြီး လှည့်ပတ်ပြေးနေတယ်။
ဆရာဝန်တွေက သူ့ကိုဖမ်းပြီး ဘာလို့ ဓါးကြီးကိုင်ပြီး လျှောက်ပြေးနေတာလဲလို့မေးတော့
သူ က“ ကျွန်တော် ကျွန်တော့်ကုတင်ဘေးက ကောင်ကို စနေတာဗျ။
ကျွန်တော် သူအိပ်နေတုန်း သူ့ခေါင်းကို ဖြတ်ပြီး အိမ်သာ ထဲမှာ ၀ှက်ထားတာ။
သူပြန်နှိုးလာရင် ရှာလို့တွေ့တော့မှာ မဟုတ်ဘူး။ ဟီဟီဟီ။ ” တဲ့။

၉) စိတ်ဓါတ်ချ ကိရိယာ
တစ်ခါတုန်းက ..............
စေတန်နတ်ဆိုးဟာ သူ့ရဲက အဖျက်လုပ်ငန်းတွေကို စွန့်လွှတ်တော့မယ်လို့ ဆုံးဖြတ်ပြီးသူ၏လုပ်ငန်းသုံးကိရိယာ တန်ဆာပလာတွေကို ရောင်းချရန်အတွက် ဆိုင်လေးတစ်ဆိုင်ကိုစီစဉ်သည်...။
နတ်ဆိုးသည် ဆိုင်တစ်ဆိုင်ဖွင့်လှစ်ကာ သူ၏ပစ္စည်းကိရိယာများကို လှပစွာ ခင်းကျင်းပြသပြီးပစ္စည်းများအသီးသီး၌ ဈေးနှုန်းတံဆိပ်ကလေးများကပ်ကာ ရောင်းချဖို့ပြသထားသည်..။
စေတန်နတ်ဆိုး ခင်းကျင်းပြသထားသော ပစ္စည်းကိရိယာများမှာ လောဘ ၊ မောဟ ၊ ဒေါသ ၊ အာဃာတ ၊ မစ္ဆရိယ ၊ မာန ၊ ရမ္မက် ၊ တဏှာ စသည်တို့ဖြစ်သည်..။
သို့သော်..ဆိုင်၏ တစ်နေရာတွင်မူ ထူးထူးခြားခြား လည်းမရှိ ၊ ကိုင်တွယ်သူအတွက်လဲ အန္တရယ်ရှိပုံမရသည့် သပ်ပုံသဏ္ဌာန်ပစ္စည်းလေးတစ်ခုကို တွေ့ရ၏ ..။ ၄င်းပစ္စည်း၌ ကပ်ထားသော ဈေးနှုန်းမှာ အခြားပစ္စည်းများထက် အတော်ပင်ကြီးမားနေသည်..။
ထိုပြင် ထိုပစ္စည်းမှာ များစွာလည်းသုံးစြွဲပီးဖြစ်ပုံရသည်..။
“ ဒါက ဘာပစ္စည်းလဲဗျ..။ သူက ဘာကြောင့် သည်လောက်ဈေးကြီးနေရတာလဲ..။ ”
ဈေးဝယ်သူ တစ်ယောက်က စေတန်နတ်ဆိုးအား မေးသည်..။
“ ဟာ...ဒါက စိတ်ဓါတ်ချ ကိရိယာပဲ...။” “ သူက ဘာလို့ ကျန်တာတွေထက် အများကြီးပိုဈေးကြီးနေရတာလဲ..။ ”
ဈေးဝယ်သူက ထပ်မေးသည်..။
“ ဒီကောင်က အရမ်း အစွမ်းထက်တာဗျ..။ လူတစ်ယောက်ရဲ့ သိစိတ်အာရုံထဲကို ကျွန်တော် တခြားကိရိယာတွေနဲ့ ဘယ်လိုမှဝင်လို့နှိုက်လို့ ဖျက်ဆီးလို့ မရတော့ဘူး ဆိုတဲ့ အခါမျိုးဆိုရင် ဒီကိရိယာကို သုံးရတယ်..။ ဒီကောင် အထဲဝင်လို့ရပြီဆိုရင် ကျန်တဲ့ ကိရိယာတွေနဲ့ အားလုံးထည့်ပြီး လှုပ်ရှားခိုင်းလို့ရတော့တာပဲ..။ ”
စေတန်နတ်ဆိုးက ရှင်းပြလေသည်..။

2 comments:

လင်းကြယ်ဖြူ said...

ကောင်းတယ်ဗျာ။တော်တော်စိတ်အပန်းပြေလို့ကျေးဇူးပါခင်ဗျာ
ပျော်ပါစေ

The Queen said...

fantastic !