Friday, November 6, 2009

မြန်မာများအတွက် ပညာဒါန အစီအစဉ်

စင်ကာပူတွင် လာရောက် အလုပ်လုပ်ကိုင်နေသော မြန်မာများ၏ အရည်အချင်း ပိုမို တိုးတက် မြင့်မားလာစေရန် ရည်သန်၍
အောက်ပါ သင်တန်းများကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း အခမဲ့ သင်ကြားပေးမည် ဖြစ်ပါသည်။

ပို့ချမည့် သင်တန်းများ
- English
- Engineering Mathematics and Piping Fundamental Knowledge
- Preparation of Reports / Proper Data Entry and Records

သင်တန်းနေရာ
TMC Education Group (Peninsula Plaza အနီး)
မှတ်ချက်။ ။ သင်တန်းခန်းမ ကို သင်တန်းသားများအား ထပ်မံ ကြေငြာပါမည်။
သင်တန်းကာလ ။ ။ ၁၀ - ၁ - ၂၀၁၀ မှ ၁၂ - ၂ - ၂၀၁၀ ထိ (ရက်သတ္တ ၆ ပတ်)
သင်တန်းရက် ။ ။ တနင်္ဂနွေ နေ့တိုင်း
သင်တန်းချိန်။ ။ နေ့လည် ၂ နာရီ မှ ညနေ ၅ နာရီ ထိ

သင်တန်းဆရာများ
_ English - ဒေါ်ခိုင်ခိုင်အောင် (Oral Examiner Trainer & Coordinator (British Council , Upper Burma.))
_ Reports / Data Entry / Records - ဦးနေမင်းဟိန်း (လက်ထောက်ကထိက (ငြိမ်း) - ရန်ကုန်စက်မှု တက္ကသိုလ်)
_ Engineering Mathematics - ဦးအေးငြိမ်း (လက်ထောက်ကထိက (ငြိမ်း) - ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်)

သင်တန်းတက်ရောက်လိုသူများ ဖုံးနံပါတ် 9098 0057 သို့ -
_ မိမိ၏ အမည်
_ FIN No. သို့မဟုတ် Work Permit No. များကို -
SMS (Message) ပို့ပြီး စာရင်းပေးသွင်းနိုင်ပါသည်။
မှတ်ချက်။ ။ ထို ဖုံးနံပါတ်သို့ ဖုံးမခေါ်ပါနှင့်။ Message ပို့ရန်သာ ဖြစ်ပါသည်။

သင်တန်းတစ်ခုလျှင် လူလေးဆယ် လက်ခံ သင်ကြားပေးမည် ဖြစ်ပြီး Phone Message သို့ ဦးစွာ ၀င်လာသော သူများ အလိုက် ဦးစားပေး တန်းစီကာ နံပါတ် ၄၀ ထက်ကျော်သူများကို သင်တန်း အမှတ်စဉ် (၂) ၊ (၃) စသဖြင့် လက်ခံ သင်ကြားပေးသွားမည် ဖြစ်ပါသည်။
အသေးစိတ် သိလိုသူများ အောက်ပါ e-mail သို့မဟုတ် ဖုံးနံပါတ် သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
e-mail : pyinnyadana@gmail.com
ဖုံးနံပါတ် ။ ၁၅-၁၁-၀၉ မတိုင်မီ
- ဦးအေးငြိမ်း - ၉၇၃၀၃၀၂၇
၁၅-၁၁-၀၉ နောက်ပိုင်း
- ဦးနေမင်းဟိန်း - ၉၂၇၁ ၂၀၈၀၊
- ဦးဌေးဝင်းနိုင် - ၉၃၈၅ ၀၇၇၅၊
- ဒေါ်ခိုင်ခိုင်အောင် - ၉၇၇၁ ၅၈၅၇

No comments: