Wednesday, November 11, 2009

NP Myanmar Cultural Show


"စင်ကာပူ ရောက် ရွှေမြန်မာများအားလုံး"
မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာပထမ နှုတ်ခွန်းဆက်သ ဂါရ၀ခြွေအပ်ပါတယ်။
နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲ ဖြစ်သော NgeeAnn Polytechnic မှ ရွှေမြန်မာကျောင်းသား၊ ကျောင်းသူများ စုစည်းတင်ဆက်သော "NP Myanmar Cultural Show 2009" ကို ဂုဏ်ယူဝင့်ကြွားစွာ တင်ဆက်ရန် အချိန်အခါ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ သို့အတွက်ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အစစ်အမှန်ကို ထုတ်ဖော်ပြသမယ့် နီအန်းမြန်မာရိုးရာယဉ်ကျေးမှုပွဲတော် ကို လာရောက်ကြည့်ရှု အားပေး ကြပါရန် လေးစားစွာနှင့် ဖိတ်ကြားသမှု ပြုအပ်ပါတယ်။

နှစ်စဉ်တင်ဆက်နေကြ အစီအစဉ်များနှင့်မတူ NP Myanmar ကျောင်းသား၊ ကျောင်းသူတို့ဧ။် စုစည်းမှုအင်အား၊ တောက်ပသော အနုပညာအား တို့နှင့် အတူ ထူးခြားစွာတင်ဆက်ပေးသွားမည့် -
- စုံလင်ရသ တေးသရုပ်ဖော်အကအလှများ
- မြန်မာရိုးရာသံချပ် နှင့် ပြဇာတ်- ရောင်သွေးစုံလင် နီအန်းအငြိမ့်သဘင်
- Black & White Melody Program
- Feel the beatz Performance အစရှိသည့် စိတ်ဝင်စားဖွယ်အစီအစဉ်များ ဖြင့် အောက်ပါအတိုင်း ကျင်းပသွားမည် ဖြစ်ပါတယ်။

နေ့ရက် - ၂၁ ရက်၊ နိုဝင်ဘာလ ၂၀၀၉ ခုနှစ် ( စနေနေ့ )
အချိန် - နေ့လည် ၁ နာရီ မှ ညနေ ၇ နာရီအထိနေရာ
- Victoria Theatre ( City Hall MRT မှ ၅ မိနစ်ခန့်သာ လမ်းလျှောက်သွားနိုင်သည့် နေရာတွင် တည်ရှိပါသည်)

သို့ပါ၍ စိတ်ပါဝင်စား ကြည့်ရှုအားပေးလိုပါလျှင်- Penisula Plaza ရှိ ဧရာဝတီစားသောက်ဆိုင်၊ သပြေနု၊ လင်းလက်၊ Sin-Myanmar ဆိုင်များတွင် လက်မှတ်များ ၀ယ်ယူနိုင်သလို အာကာ - ၈၃၈၈ ၂၇၃၆ချမ်းငြိမ်းစိုး - ၈၁၆၃ ၈၉၄၂နေဦး - ၈၅၀၃ ၉၇၂၃ တို့ထံ ဆက်သွယ်၍ မေးမြန်း မှာယူနိုင်ပါတယ်။ (**** လက်မှတ်များကို Delivery System ဖြင့် လာရောက်ပို့ဆောင်ပေးမည် ဖြစ်ပါသည်။)

***လက်မှတ်ဈေးနှုန်းများမှာ - စင်ကာပူဒေါ်လာ ၁၇ ၊ ၁၅ ၊ ၁၂ တို့ ဖြစ်ကြပါသည်။ ( ပွဲနေ့တွင် ညနေစာဖြင့် တည်ခင်းဧည့်ခင်းမည့်အပြင် လက်မှတ်တစ်စောင် ၀ယ်ယူသူတိုင်း ဧရာဝတီစားသောက်ဆိုင်တွင် ယိုးဒယားသင်္ဘောသီးထောင်းတစ်ပွဲ ကို မေတ္တာလက်ဆောင် အဖြစ်စားသောက်နိုင်မည် ဖြစ်ပါတယ်။ )

မြန်မာ့ရေမြေ၊ မြန်မာ့တောတောင်သဘာဝ၊ မြန်မာ့ယဉ်ကျေးမှု ကို လွမ်းဆွတ်တမ်းတ သတိရနေသူများ အနေဖြင့် ကြည့်ရှုအပန်းဖြေ သင့်သော ရိုးရာယဉ်ကျေးမှုပွဲတောင် ပင် ဖြစ်ပါတယ်။
ပရိသတ်များနှစ်ခြိုက်စေမည့် အစီအစဉ်တင်ဆက်မှုများနှင့် တင်ဆက်ဖျော်ဖြေရန် ကျွန်ုပ်တို့ NgeeAnn Myanmar ကျောင်းသား၊ ကျောင်းသူများမှ စောင့်မျှော်ကြိုဆိုလျှက်-
ကျေးဇူးအထူးတင်စွာဖြင့်-
NP MYANMAR STUDENTS

No comments: