Friday, February 6, 2009

PAY MYANMAR TAX ONLINE စင်္ကာပူတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်သားများ စိန်နန်းတော်တွင် online စံနစ်ဖြင့် ၀င်ငွေခွန်ပေးဆောင်နှိုင်ပါသည်။

မြန်မာနိုင်ငံသား မြန်မာအခွန်ပေးဆောင်ရန်

http://www.myanmarvisaxpress.com/paytax.htm

see Burmese characters, you need Alpha Zawgyi font installed, Click here to install

စင်္ကာပူတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်သားများ စိန်နန်းတော်တွင် online စံနစ်ဖြင့် ၀င်ငွေခွန်ပေးဆောင်နှိုင်ပါသည်။

ယခင် ၀င်ငွေခွန်ပေးဆောင်ခဲ့ဘူးပြီး stay status (PR/Spass/WP) အပြောင်းအလဲမရှိဘဲ မူလနှုံးထားအတိုင်း ပေးဆောင်လိုသည့် မြန်မာနိုင်ငံသားများသည် online စံနစ်ဖြင့် အောက်ပါအတိုင်း ဆောင်ရွက်ပါ။ မှီခိုထောက်ခံစာ လဲ ရယူနှိုင်ပါသည်။

ပထမဆုံးအကြိမ် ၀င်ငွေခွန် စတင်ထမ်းဆောင်မည့်မြန်မာနိုင်ငံသားများ၊ stay status သို့မဟုတ် နှုံးထား အပြောင်းအလဲရှိပါက စိန်နန်းတော်ရုံးသို့ ဆက်သွယ်ဆောင်ရွက်ရပါမည်။
၁. ပေးဆောင်ရမည့် ငွေပမာဏကို တွက်ချက်ပါ Calculate here
၂. ပေးဆောင်ရမည့်ငွေကို အောက်ပါအတိုင်း Internet online ဖြင့် ပေးသွင်းပါ
- Bank to deposit : DBS Bank
- Account Type : DBS Save Plus
- Account Number : 009-0-023716
- Payee Name : [Your Name - Make sure you input] - ဒီမှာပုံစံတူကြည့်နှိုင်ပါသည်...
၃. ဘဏ်တွင် Internet Banking မှပေးသွင်းနှိုင်ပါသည်။ Internet Banking မသုံးတတ်လျှင်တော့ ရုံးကိုလာခဲ့ပါ။
၎. ပေးသွင်းပြီးလျှင်၊ Transaction Reference Receipt ကို scan copy ဆွဲပြီး online လျှောက်လွှာနှင့် အတူ attach လုပ်ပြီး online ပို့ပေးရပါမည်။ Transaction Reference Sample ကို ဒီမှာကြည့်ရှုနှိုင်ပါသည်။
၅. ငွေသွင်းပြီးကြောင်း ဘဏ်စာရင်းတွင် ပေါ်လျှင်၊ SMS လှမ်းပို့ပြီး ငွေရရှိကြောင်း အကြောင်းကြားပါမည်။ မိတ်ဆွေ၏ Mobile phone နံပါတ်ကို မှန်ကန်စွာ ဖြည့်စွက်ပါ။
အခွန်ပြေစာကို စာတိုက်မှ Register ဖြင့်ပို့ပေးပါမည်။ အမြန်လိုအပ်ပါက ရုံးသို့ လာရောက်ယူနှိုင်ပါသည်။
အောက်ပါ scan copy များ အဆင်သင့်ပြင်ထားပါ။
- အခွန်ဆောင်သူ၏ -
- Passport scanned copy (first page, expiry page, pages with Stay status stamps)
- Previous tax payment letter scanned copy
- EP/PR/Spass/WP card scanned copy back and front
- Bank Transaction reference scanned copy
- မှီခိုတို့၏ -
- Passport scanned copy (first page, expiry page, pages with Stay status stamps)
- EP/PR/Spass/WP card scanned copy back and front

အဆင်သင့်ဖြစ်ပြီဆိုလျှင်

အခွန်ဆောင်ရန် ဒီမှာနှိပ်ပါ.....

အခက်အခဲရှိလျှင်၊ 68370967 ကို ဖုံးဆက်လိုက်ပါ...

ကျွန်တော်တို့မြန်မာတွေ အစစ အဆင်ပြေပါစေ လို့ ဆုတောင်းလိုက်ပါတယ်....

No comments: